စာလွှာတွေမရိုးမရွဖွဲ့ ချင်တဲ့ မေမေ့သား ...
ကျွန်တော်ရေးတဲ့  ကဗျာတစ်ပုဒ်
ကျွန်တော့်အတွက်
ထမင်းတစ်ထုပ်ဖြစ်ချင်မှဖြစ်မယ်
ဒါပေမယ့် ကျွန်တော် ချစ်တယ် မေမေ ...
ကဗျာဆရာ နာမ်ပုဒ်ဟာ
လူဖြစ်မယ့် အလုပ်မဟုတ်ဘူးလို့ 
တစ်ချို့ ကနှာခေါင်းရှုံကြတယ် မေမေ ...
မဂ္ဂဇင်းဝင် စာမူကြေးလေးဟာ
အမေပေးတဲ့  မုန့် ဖိုးထက်
ကျွန်တော်ရှာတဲ့  ၀င်ငွေထက်
ဘာမှမပြောပလောက်ပေမယ့်
ကျွန်တော် မြတ်နိုးတယ် မေမေ ...
ကိုယ့်ထမင်းကိုယ်စားလို့ 
လောကကြီးအကြောင်း ကဲ့ရဲ့ ချင်သူတစ်ချို့ က
ကျွန်တော်တို့ ကို မနှစ်မြို့ ကြဘူး မေမေ ...
ကျွန်တော်က ကဗျာတွေကို ချစ်သလို
ကဗျာတွေကိုလည်း မပစ်နိုင်ဘူး … မေမေ
ကျွန်တော့်ဘ၀ဟာ ရေခဲတုံး တစ်တုံးဆိုရင်
ကဗျာဆရာအဖြစ်နဲ့ ~
ကျွန်တော်ပျော်ပျော်ကြီး
အပျော်ခံ' ရစ်တော့မယ် မေမေ .... ။ ~ ။
♥MOESUTNAY♥

***********************************************************************
No comments:
Post a Comment