Friday, 18 March 2011

" ကျမှတ် "

" ကျမှတ် "

=======



နင်မဖြေပေးခဲ့တဲ့

ငါ့ရဲ့ မေးခွန်းတွေအတွက်

ငါ့ကွက်လပ်ကို

ငါ့ဟာငါ ...

ကြက်ခြေခတ်ပြစ်ခဲ့တယ် ...

အောင်မှတ်ဖိုးတောင် မပြည့်ခဲ့တဲ့

ငါ့အဖြေလွှာမှာ

တကယ်ဆို

လိုနေတဲ့ ကွက်လပ်က

ဘာဆိုတာ ...

နင်' ကောင်းကောင်း သိမှာပါ ... ။ ~ ။



♥MOESUTNAY♥

6.3.2011

( Sun: )

12:30 p.m.

Share

"သာမာန်လူ"

"သာမာန်လူ"

========



ဇွန်းမတပ်ထားဘူး …



နက်ခ်တိုင် မစည်းထားဘူး …



ဝင်လေနဲ့ ထွက်လေ



စည်းချက်မှန်တယ် ဆိုရုံလေး … ။ ~ ။







♥MOESUTNAY♥

22.2.2011

( Tue: )

1:30 p.m

Share

" နင် "

" နင် "
========


မြတ်နိုးစွာခုံမင်



ရူးသွပ်လို့ စွဲလမ်း



တကယ်ဆို



နင်ဟာ ငါ့ဘ၀ထဲက



ထာဝရအသည်းပန်း ... ။ ။





♥MOESUTNAY♥



Fri, Feb 11, 2011 at 2:12 PM

Share

" ညီမလေး "

" ညီမလေး "

========



ရိုးသားတဲ့အကြည့်တစ်ချက်အောက်

ညီမလေးဆိုတဲ့ခေါင်းစဉ်ပျောက်မှာ

ငါတကယ် ကြောက်ခဲ့မိတယ် …



ထိန်းထားတဲ့ စည်းချက်တွေအလယ်

ယိမ်းပါးမယ့် မင်းအပြုငယ်တွေ

ရှေ့ တိုးဖို့ မကြိုးစားပါနဲ့ ကွယ် … ကလေးရယ်



အနေတွေက နီးစပ်လို့ 

ရင်ခုန်သံတွေ တိုးကပ်လာတာဆိုရင်

တစ်မျိုးတော့ မမှတ်လိုက်ပါနဲ့ 

ကိုယ်ရှောင်နေလိုက်ပါ့မယ် … ကလေးရယ်



သစ်ရွက်ကလေး လေလှုပ်ရင်တောင်

ရင်တွေ တဒုတ်ဒုတ် ခုန်တတ်တဲ့

မင်းတို့ အရွယ်လေး

တကယ်တော့ စိတ်ကစားတယ်ဆိုတာ

ဘ၀အရေးနဲ့ တွေးရင်

ခဏလေးပါ … ကလေးရယ်



အသွင်တွေလည်း မရိုင်းစေဘဲ

ရင်ခွင်မှာ ဒီအတိုင်းလေးအမြဲ

ဆက်ချစ်ပေးဖို့ ရာ

တကယ်တော့ နင်ကလေးဟာ

မေမေမမွေးဘဲ

ဘုရားပေးတဲ့ … ညီမလေးပါပဲ … ။ ~ ။



♥MOESUTNAY♥

(( ကဗျာဟောင်းလေးတစ်ပုဒ်ပါ။ ))

528 တွေ တိမ်းစောင်းပြီး 1500 အသွင်ပြောင်းချင်တဲ့
ညီမလေးတစ်ချို့ ဖို့ ပါ ...

Share

" စူးစမ်းလိုမှု "

" စူးစမ်းလိုမှု "
============

နပိုလီယံအကြောင်းကို



ငါစာအုပ်တွေ ဖတ်လို့ 



သိခဲ့ရတယ် ...



နင့်ရင်ခွင် ၀ဲဘတ်လေး အကြောင်းကိုကော



ဘယ် လိုင်ဘရီ မှာ



ငါ ရှာဖတ်ရမလဲ ... ။ ~ ။



♥MOESUTNAY♥

20.2.2011

( Sun:)

9:00 p.m

Share

" စားကြွင်း "

" စားကြွင်း "
===========

နင့်နင့်စူးစူး



ပြင်းပြင်းရှရှ



နှလုံးသားထဲက



တောင့်တခဲ့ရ ... နင်'မှနင်' ။ ~ ။





♥MOESUTNAY♥

13.2.2011

မနက် 2 နာရီ 10 မိနစ်

Share

" ရှင်သန်ချိန်အလွမ်း "

" ရှင်သန်ချိန်အလွမ်း "

=============





ဖြေးဖြေးချင်းရှုရှိုက်လိုက်တဲ့



အသက်ရှုသံတွေကြားမှာ



မင်းကို လွမ်းတဲ့ ကာရန်တွေပါသွားတယ် ... ။ ~ ။







♥MOESUTNAY♥

19.2.2011

( Sat )

11 : 30 p.m

Share

"ရောင်းတန်းမဖြစ်ခဲ့လေသော …"

"ရောင်းတန်းမဖြစ်ခဲ့လေသော …"

=================



ဖတ်လို့ မကောင်းတဲ့ ငါ့ဒိုင်ယာရီတွေကို

နင်တော့ နှစ်သက်ချင်မှ နင်သက်မှာ

ဒါတွေဟာ နင်ကြိုက်တဲ့

ပေါ့စိမ့်တစ်ခွက်လောက်တောင်

နင့်အပေါ် ဆွဲဆောင်အား ကောင်းနိုင်ပါ့မလား …



နင်နဲ့ ပက်သက်လာရင်

ရင်ထဲမှာ ပြင်းပြင်းပြပြခံစားရပေမယ့်

တဂိုးရဲ့  အနုအလှတွေလောက်

ငါ့ခံစားချက်တွေ နင့်အပေါ်မှာ နုရွမပြနိုင်ခဲ့ဘူး …



လူယဉ်ကျေးမှုကို သိပ်နားမလည်တဲ့ကောင်ပါ …

ဂရုစိုက် နားလည်ခြင်း နဲ့ 

အဖိုးရှိ တန်ဖိုးသိခြင်းဆိုတာကို

ကွဲကွဲပြားပြား နားမလည်တတ်တဲ့ကောင်အတွက်

ဈေးနှုန်းဆိုတာ … ရယ်ဟားချက် တစ်ခုလို ဖြစ်လာတယ် …



တကယ်ဆို ငါက …

တားမြစ်နယ်မြေ မ၀င်ရဆိုတဲ့

ဆိုင်းဘုတ်ကြီးတွေ့ ရက်နဲ့ 

နှုန်းမြင့်တင်ပြီး ဂီယာထိုးဝင်ချင်ခဲ့တဲ့ကောင်ပါ …



ကန့် သတ်ချက်ဆိုတဲ့နေရာ

တားမြစ်ချက်ဆိုတဲ့အရာ

တစ်ခါတစ်ခါမှာ

သိသိကြီးနဲ့ 

ကျော် … ခွ … တိုး … ထွက် … ချင်ခဲ့မိတယ် …



လူမြင်သူမြင် ဘယ်တော့မှ

ထုတ်ပြခွင့်မရခဲ့တဲ့ ငါ့နှလုံးသားထဲက ချစ်ခြင်းတရားတွေ

နင်တစ်ယောက် သိရုံ သက်သက်ပါ

Not For Sale !!!



ပန်းဝင်စောသွားတဲ့

ငါတို့ မာနတရားတွေအတွက်ပေါ့…

………………………………………

………………………………………

တစ်ချိန်ချိန်မှာများ

နင် နားလည်ပေးတတ်ခဲ့ရင်

ငါ့ ချစ်ခြင်းတွေ

ခုထိ ဈေးဘန်းမတင်ရသေးဘူး … ။ ~ ။



♥MOESUTNAY♥

15.2.2011

( Tue: )

4:32 PM

Share

" သုညဖြစ်သွားတဲ့ ငါ့မာနလေး "

" သုညဖြစ်သွားတဲ့ ငါ့မာနလေး "

==================





ဆန္ဒနဲ့ ဘ၀ကြားက

အရောင်ဆိုးထားတဲ့

စက္ကူပါးလေးတွေရဲ့ 

လွှမ်းမိုးအားက

မင်းနဲ့ ငါ့ကြားမှာ သိပ်ကြီးမားလာတယ် …



ငွေဆိုတာ ဒုတိယ ဘုရားသခင်ပါလို့ 

မင်းမေမေက လက်ခံထားတော့ကွာ

ငါကပြုံးရုံလေး ပြုံးပြပေးမယ်ဟ ...



အလှအသွင်မထူးခြားတဲ့

ဘ၀ရှင် လူတန်းစားမို့ 

မင်းတို့ တွေပြောတဲ့

ဂုဏ်ဓနကြားမှာ

ငါလို သုညသမားက

ပိုင်ဆိုင်တာဆိုလို့ 

ကဗျာစာရွက်ပါးလေးတွေပါကွာ …



မင်းကလေးက

အခြေမကြီးတတ်ပေမယ့်

မြေကြီးပေါ်တောင် မရပ်ခဲ့ရသူဆိုတော့

ဖေကြီးရဲ့ အသက်

မေကြီးရဲ့ အသက်

အဲ့တော့ ... ရွှေထီးနဲ့ ပဲ အပ်စပ်မှာပေါ့ ...



မင်းကဂရုမထားပေမယ့်

မင်းပိုင်ဆိုင်ထားတဲ့

Diamond Card , Silver Card နဲ့ 

ဂဏန်းခြောက်လုံးအထက် Cheque လက်မှတ်တွေက

ငါ့အိတ်ကပ်ထဲက

ရာတန်လေးတစ်ချို့ ကို

သိုဝှက်စွာ သရော်ပြနေကြပြန်တယ်ကွ ...



မင်းဖေဖေလို ပရော်ဖက်ဆာ မဟုတ်တဲ့

ငါလို အညတရ ကဗျာဆရာက

ခပ်မွဲမွဲ လူငနဲ မို့ 

ဆန္ဒဆိုတာကို ထိန်းချုပ်

ဘ၀ဆိုတာကို show ထုတ်ဖို့ 

အချစ်ဆိုတာကို မိုးချုပ်နေလို့  မဖြစ်တော့တာပါ ...



ဘ၀ဆိုတာ

စာရွက်လှလှလေးပေါ်

စာရေးချရသလို ...

စာလုံးလှဖို့  မလွယ်ကြလေတော့

ဖြစ်ချင်တာကို ဘေးဖယ်တွေးလို့ 

ဖြစ်သင့်တာကို ရွေးချယ်ကြေးဆိုရင်

ကောင်မလေးရေ

မင်းနံနက်ခင်းတွေ ရောင်နီလင်းဖို့ 

ငါ့ညလေး အိုလိုက်ပါရစေဟာ ...



တကယ်ဆို ...

ကြယ်တွေရေသောက်ဆင်းတဲ့ညမှာ

ငါ့မာနလေး ခြုံခိုလိုက်ရတာ

မင်းကတော့ …

သိနိုင်ပါ့မလားကွာ … ။ ~ ။







♥ MOESUTNAY ♥



Saturday, January 29, 2011 at 3:06am

Share

" ကျရှုံးခြင်း "

" ကျရှုံးခြင်း "

=========





ရင့်ကျက်မှုအိနြေ္ဒတွေလွှမ်းခြုံထားတဲ့

အဖြူရောင်လေးရေ

စစ်ကြောငြာသံ မထုတ်

ခရာမမှုတ်ပဲနဲ့ ကို ...



အလံဖြူပြပြီး

ဒူးထောက်လိုက်ရတာ

ငါ့ အင်ပါယာတစ်ခုလုံး

မင်းမျက်ဝန်းအောက်သို့  ... ။ ~ ။







♥MOESUTNAY♥

25.2.2011

( Fri: )

3:0 p.m.

Share

"ငါဟာ … ပျော့ညံ့ခဲ့တယ် "

"ငါဟာ … ပျော့ညံ့ခဲ့တယ် "

===================







ငါဘယ်တော့မှ မငိုတော့ဘူးဟာ

ဖြစ်နိုင်ရင် နင်နဲ့ ပက်သက်သမျှ အကြောင်းအရာတွေအားလုံးကို

ငါ့ရင်ဘတ်ထဲကနေ ဆွဲထုတ်

မေ့ပြစ်ဖို့ အတွက် ငါကြိုးစားလိုက်တော့မယ် …



ငါ နင့်ကြောင့် ခဏခဏ ငိုခဲ့ရတယ်

နင်နဲ့ ပက်သက်လာရင်

ငါဟာ ငါ့ကိုယ်ငါ

ပျော့ညံ့မှန်းမသိ ပျော့ညံ့တတ်လာတယ် …



ငါမှတ်မိပါတယ်ဟာ

"မျက်ရည်ဆိုတာ ပျော့ညံခြင်းရဲ့ သင်္ကေတ " ဖြစ်ရင်

ငါ့မှာတော့လေ

နင်နဲ့ တွေ့ စကတည်းက ပျော့ညံခဲ့ရတာခုထိပါပဲ

သူငယ်ချင်းရယ် …



နင်နေမကောင်းဘူးတဲ့

နေမကောင်းလို့ ဝမ်းနည်းတယ်လို့ ပြောတဲ့

နင့်ရဲ့ စကားသံတွေကို ကြားရင်

အခြား တစ်ဘက်ခြမ်းကနေ

ငါ့မျက်ရည်တွေက အလိုလိုစီးဆင်းလာခဲ့တယ် …

ငါပျော့ညံ့တတ်တယ် …



နောက်တစ်ခေါက်

နင့်မှာ H1N1 suspect လို့ ငါ့ကိုလာပြောတယ်

မိဝေး၊ဖဝေး တစ်နယ်တစ်ကျေးက

နင့်ကို အားပေးနေရင်း ငါ ... ငါ့မျက်ရည်တွေ

ဘယ်လို ဘယ်လို စီးကျမှန်းမသိ

စီးဆင်းလာပြန်တယ်

ငါပျော့ညံ့ခဲ့ပြန်ရောဟာ …



နင်ငိုတယ် …. နင်ငိုတော့

ငါအွန်လိုင်းပေါ်ကနေ

ဖြေသိမ့်လိုက် သီချင်းလေး ဆိုပြခဲ့တယ်

အွန်လိုင်းပေါ်က နင့်မျက်ရည်တွေကို

သုတ်ပေးမယ်လို့ ပြောတဲ့ငါ

ငါ့ပါးပေါ်ကို မျက်ဝန်းအိမ်က အရည်ကြည်တွေ စီးကျတဲ့အထိ

ငါပျော့ညံ့တတ်ခဲ့မိတယ် …



ငါနင့်ကို သိပ်ချစ်ခဲ့တယ်

သူငယ်ချင်းရယ်

နင့်အနားမှာ နင့်ချစ်သူနဲ့ 

ငါ့အနားမှာ ငါ့ရည်းစားနဲ့ 

ဘယ်လို ၊ ဘယ်ဝါ မပြတ်သားတတ်ခဲ့တဲ့ငါ

ငါပျော့ညံ့ခဲ့မိပြန်တယ်ဟာ …



ဖြစ်ချင်တာတွေ ကြိုးစားဖို့ 

ငါ့စိတ်ငါ ပြတ်သားတော့

နင့်အနားမှာ ချစ်သူရှိနေပြန်ပြီတဲ့

သူငယ်ချင်းရယ်

ငါပျော့ညံ့ခဲ့ပါတယ် …



ငါ့အခန်းထဲမှာ ပရင့်ထုတ်သိမ်းထားခဲ့တဲ့

နင်နဲ့ ငါ့ရဲ့ ချက်လစ်(chat history)လေးတွေ

နင်အတွက် ၀ယ်ဝယ်စုထားတဲ့

Monthly present လေးတွေ

သတိတရနဲ့ ထုတ်ကြည့်မိတိုင်း

ငါ့မျက်ရည်တွေဝဲခဲ့တယ် …

"နင်ဟာ ငါမပိုင်တဲ့ သူများရည်စား " တဲ့လား



နင့်ရင်ခွင်ရဲ့ တစ်ထောင့်တစ်နေရာကို

ပိုင်ဆိုင်နိုင်ခွင့်မရှိခဲ့ရင်တောင်

နင်နဲ့ အဝေးကြီးမှာ မနေချင်တဲ့ငါ

နင်နဲ့ နီးသထက် နီးဖို့  ကြိုးစားခဲ့အခါ

နားလည်မှုလေးတွေတိမ်းစောင်း

တစ်ခါတစ်ခါ ငါ့အပြောအဆိုတွေလည်း

ဖောင်း (foul) ခဲ့တယ်ဟာ …



ငါလေ နင့်ကို မမြင်ဖူး မတွေ့ ဖူးစဉ်ကတည်းက

Hello ဆိုတဲ့ အသံလေးတွေ

Something wrong ဆိုတဲ့ အသံလေးတွေနဲ့ 

ရင်ခုန်ရင်း စွဲလန်းခဲ့တာပါဟာ …



ငါက အပြောအဆိုမာတယ်ဟ …

လူတကာကို အရောတ၀င်မနေတတ်တဲ့ငါက

နင်နဲ့ တွေ့ တဲ့အခါ

ပျော့ပျောင်းတတ်လာတယ် …

နူးညံ့ရုံတင်မဟုတ်ပါဘူး …

ငါဟာ ပျော့ညံ့ခဲ့ရတဲ့ကောင်ပါ … သူငယ်ချင်းရာ



ဂဏန်းခြောက်လုံးအထက်

ဝင်ငွေတွေကောင်းအောင်

ငါရှာနိုင်ခဲ့တယ် …

နင့်ကို ချစ်တဲ့ကောင်က

ဘယ်လိုဘယ်ဝါဆိုတာ

လူကြားထဲ နင်ချပြောရဲအောင်

ငါကြိုးစားပြခဲ့တယ် …

နင့်ရည်းစားနဲ့ နင် ~ အဆင်မပြေဖြစ်တိုင်း

စိုးပိုင်ရဲ့ "အနီးဆုံးလူ"သီချင်းကိုဆိုပြခဲ့တယ်

ငါက ကောက်ရိုးပုံစောင့်ခဲ့တာမဟုတ်ပါဘူး … သူငယ်ချင်းရယ်

မခူးထိုက်လို့  အလှငေးကာ

နင်တစ်ယောက်ပျော်နေရှာတာလေးကြည့်ပြီး

ကျေနပ်နေမိတဲ့

ခပ်ညံ့ညံ့ကောင် တစ်ယာက်ပါလေ …



နင့်မျက်ဝန်းနက်က

မိုးလေ၀သကိုဖတ်တိုင်း

ငါ့ကောင်းကင်မှာ လေနီကြမ်းခဲ့တယ်ဟာ …

ငါဟာ တကယ် ပျော့ညံ့တတ်တာပါ … ။ ~ ။





♥MOESUTNAY♥

15.2.2011

( Tue: )

11:30 a.m.

Share

" စံပယ်ပွင့်ချိန် "

" စံပယ်ပွင့်ချိန် "

===========



စံပယ်တွေပွင့်တိုင်း

နင့်ကို လွမ်းတယ် ...

နင့်အတွက် စိုက်တဲ့

စံပယ်ပန်းလေးတွေ

အစီအရီ ပွင့်နေကြပြီ ...

ငါစိုက်တဲ့ စံပယ်တွေ

ပွင့်လန်းနေတော့

သူတို့ ငါ့ကို သရော်ကြပေါ့

"ရည်ရွယ်သူ ... သူ့ ကေသာက

မင်းဖို့ များ ဟုတ်မတဲ့ကွာ" ... !!!





♥MOESUTNAY♥

13.3.2011

( Sun: )

1 : 30 a.m.

Share

" စာအိတ်မဲ့ ဖိတ်စာ "

" စာအိတ်မဲ့ ဖိတ်စာ "

==============



မျှော်လင့်ချက်တွေကို ဒိုင်ယာရီထဲ

အစီအရီ ချရေးမိတဲ့နေ့  …

ဆန္ဒနဲ့ ဘ၀ကို တစ်ထပ်တည်းကျအောင်

ညှိနေရသေးသရွေ့  …

နေနဲ့ ည ဆိုတာ

ကမ္ဘာလည်ပတ်လို့ သာ ပြောင်းလဲသွားတယ် …



ငါ့စိတ်တွေက ဒီအတိုင်းပဲ

ငါ့ခံစားချက်တွေက အရင်အတိုင်းပဲ …

မိုးပေါ်ကို မော့ကြည်လိုက်မိတယ် …

ဝိုင်းစက်စက်လမင်းကြီးရယ် …

ကြယ်တွေရယ်

မျှော်လင့်ခြင်း စိတ်ကူးတွေရယ် …



ဟား …

တစ်နေ့ နေ့ ရောက်ရင်ဆိုတဲ့ အတွေးနဲ့ 

ငါ့အိပ်မက်လေးတွေ ပိုးမွေးသလို

ပျိုးပေးထားခဲ့တယ် …



နင်သိလို့ နေပါစေဟာ …

တကယ်ကို ဖြားယောင်းသွေးဆောင်မှုအတိကင်းတဲ့

ငါ့ရင်ခုန်ခြင်းတွေ နင်ရှိတဲ့အရပ်ကို

ခရီးထွက်ခဲ့တယ် …



စိတ်ကူးထဲမှာ ပျော်စရာကွာ

ပြာလဲ့လဲ့ကောင်းကင်ကြီးရယ်

နင်ရယ် ငါရယ်

သက်တံတွေရယ်

ပင်လယ်ကြီးရယ်

အရာအားလုံးက ပီပီပြင်ပြင်နဲ့  စမတ်ကျနေတယ် …



တစ်ပြားမှ မပေးရဘဲ

အခမဲ့စီးလို့ ရတဲ့ စိတ်ကူးယဉ်ကြီးထဲမှာ

နင်နဲ့ ဆိုတာ ~~~ အခါခါပါ …



နှလုံးသားဝါဒီသမားမှာ

စကားလုံးအသာချီနေဖို့ မတတ်လို့ 

ငါ့မျက်ဝန်းနက်တွေကသာ

မင်း ဖတ် ၊ မှတ် သွားပါတော့ …



နေမထွက်သေးတဲ့ ငါ့ညတွေအဖို့ 

နင်သနားလို့ စာနာတတ်မယ်ဆိုရင်

အကြင်နာ တစ်ပွင့်လောက်

ခြွေလွင့်ခဲ့ပါဟာ …



နင်မြင်တတ်ရင်ပေါ့

၂၁ ရာစု ချာတိတ်တစ်ယောက်ရဲ့  ရင်ဘတ်ကို

မင်းနှလုံးသားနဲ့ သာ

ဝင်ဖတ်သွားပါတော့ကွာ … ။ ~ ။



♥MOESUTNAY♥

8.3.2011

( Tue: )

11 : 45 p.m.

Share

" ကြယ်စုံည "

" ကြယ်စုံည "

=========



ကြယ်တွေစုံတယ် ...

နင့်အပြုံးလေး မြင်လိုက်ရရင်ကို

ငါ့ကောင်းကင်မှာ ကြယ်တွေစုံတယ် ...

အဲ့လိုမျိုး ...

ကောင်းကင်ကို မျှော်ငေးရင်း

နင့်အပြုံးလေး မြင်ခွင့်ပေးပါ ...



ကောင်မလေးရယ်

အကာလ ညအခါဝယ်

နင်ကလေး ပြုံးလိုက်စဉ်ကွယ်

ငါ့ကောင်းကင် ကြယ်စုံသွားတယ် ... ။ ~ ။



♥MOESUTNAY♥

13.3.2011

( Sun: )

10 :00 a.m

Share

" ရင်ဘတ်တူသူများ "

ကျွန်တော်တို့ ဟာ

ယဉ်ကျေးမှုတစ်ခုကို

အတူတူ စီးမျောခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

ရင်ခုန်သံတွေကို

ကိုးကွယ် ယုံကြည်ခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

အယူအဆတွေ ညီမျှလို့ 

နားလည်မှုတွေ ဝေမျှခဲ့ကြတယ် ...



ကျွန်တော်တို့ ဟာ

ယုံကြည်ချက်တွေ ကိုင်ဆုပ်ရင်း

အိပ်မက်တွေကို မွေးထုတ်ခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

ရိုးသားမှုကို မြတ်နိုးလို့ 

အမှန်တရားကို တန်ဖိုးထားတတ်ခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

ခံစားချက်တွေ အသက်သွင်းလို့ 

ကဗျာအလင်းတန်းတွေ ထင်းစေခဲ့တယ် ... ။ ~ ။








♥MOESUTNAY♥

13.3.2011

( Sun: )

1 : 00 p.m.

(( ၀ါသနာတူ ကဗျာချစ်သူ သူငယ်ချင်းများသို့  ))

Share

" ငါ နင့်ကို ချစ်တယ် "

" ငါ နင့်ကို ချစ်တယ် "

==============







ထိထိရှရှ ပြင်းပြင်းပြပြနဲ့ ကို လွမ်းတယ် ...

နင့်ကို ငါ လွမ်းတယ် ...

သွေးချေဥနေတဲ့ နှလုံးသားက

ငတ်မွတ်စွာ တောင့်တနေမိတာ

နင့် နာမည် ...



နင့်နာမည်လေး စာတမ်းထိုးဖို့ 

ကောင်းကင်ကို စီးချင်းတက်ထိုးခဲ့တယ် ...

အနောက်ဘက် မိုးတိမ်တွေ

မျောလွင့်ရင်း ...

အရှေ့ ဘက်ခြမ်းက ငါ့အလွမ်းတွေကိုတောင်

ဝင်တိုက်သွားမှာ စိုးရတယ် ...

ငါ့ရဲ့  တစ်ကိုယ်တော် ကောင်းကင်မှာ

နင်တစ်ယောက်ထဲသာ ထွန်းလင်းပေးပါ ...



ခပ်လွင့်လွင့် တိမ်တိုက်တွေနဲ့ အတူ

အတိတ်တစ်ချို့ စေစားကြည့်တော့

ဒိုင်ယာရီဟောင်းရဲ့  စာမျက်နှာ

နက်စ်ကော်ဖီ တစ်ခွက်

Clorets ပီကေ တစ်တောင့်

အရာအားလုံးကို Data Backup လုပ်ထားခဲ့တယ် ...



ငါ့အလွမ်းတွေက ၀ိုးတ၀ါး

ငါ့အချစ်က သိပ်သည်း

ငါ့ခံစားချက်တွေက မှောင်ရိပ်သန်းခဲ့တယ် ...



အလွမ်းဆိုတာ

ဆေးဖြစ်၊၀ါးဖြစ်မှီဝဲလို့ မကောင်းတဲ့

ဓါတ်စာဆိုတာ ~ ငါအစောကတည်းက

သိပါတယ်ဟာ ...



ဒါပေမယ့် ...

နင့်အပြုံးတစ်ချက်နဲ့ တင်

တစ်နေ့ ကို ထမင်း သုံးနပ် ၀ နေခဲ့တဲ့

ငါလိုကောင်က

နင့်အကြောင်းတွေချည်းပဲ

တစ်နေကုန်ထိုင်တွေးလို့ 

ခပ်ရေးရေး ဖော်ကြည့်မိတာ ...

မျက်လုံးဝိုင်းလေး

စူတူတူ နှုတ်ခမ်းတစ်စုံ

ဂျစ်ဆတ်ဆတ် အပြုအမူတို့ 

..................................

နမိတ်ပုံ ထင်ဟပ်တော့

အရာအားလုံးက

အချိုးကျစွာ လှပနေတယ်ဟာ ...



ပြီးတော့ ~ နင့်နာမည်

အရာရာအားလုံးကို

ရှိတ် ( Shake ) လုပ်လိုက်တော့

ငါ့ဝဲဘတ်ရင်အုံက

တဒိတ်ဒိတ် ဖြစ်လာပေါ့ ...



ငါ နင့်ကို ချစ်နေတာလား

ငါ နင့်ကို ချစ်မိတာလား

ငါ နင့်ကို ချစ်သွားတာလား

ငါ့ရင်ဘတ် အသာဖိလို့ 

ငါ့ကိုယ်ငါ ပြန်မေးမိတယ် ...



သေချာပါတယ် ...

ဒီကောင် ... ငစွတ်

ချစ်ခဲ့တယ် ...



ငါ့စိတ်ထဲမှာ

ငါ့နာမည် ပျောက်တဲ့အထိ

နင့်ကိုငါ ချစ်ခဲ့မိတယ် ... ။ ~ ။







♥MOESUTNAY♥

7.3.2011

( Mon: )

1 : 30 a.m.

Share

Thursday, 17 March 2011

" နှလုံးသား၌ ဖြစ်တည်တဲ့ ချစ်ခြင်း ( ၃ ) "

" နှလုံးသား၌ ဖြစ်တည်တဲ့ ချစ်ခြင်း ( ၃ ) "

=======================

သူငယ်ချင်းအောင်မြင်ကတော့ ပြောတယ် …

ချစ်မိသူက အရှုံး

တစ်ဖက်သက်ချစ်သူက ဆတ်စလူးကိုခါရော တဲ့

အာဟ … ဒါဆို ငါနင့်ကို ချစ်တယ်

ရှုံးပြီပဲပေါ့ … အရှုံးကြီးရှုံးပါစေတော့ …



ကြယ်စင်ရယ်

ငါရှုံးရမှာကို မကြောက်ပါဘူး

မကြောက်တတ်လို့ လည်း

ရှုံးတော့မယ်ဆိုတာသိသိကြီးနဲ့ 

ရည်းစားရှိနေတဲ့ နင့်ကိုမှ

ရဲရဲကြီး ငါချစ်ခဲ့တာလေ …



ပိုင်ရှင်ရှိပြီးသား လူကို

ရင်မခုန်ရဘူးလို့  ဘယ်ဥပဒေကမှ

မတားမြစ်ထားလို့  … ငါ့ခံစားချက်တွေ

လွတ်လပ်စွာ မသမာ ခဲ့တာလေ …



နင့်ကို ချစ်တဲ့ စိတ်တစ်ခုနဲ့ 

အရာရာကို ရင်ဆိုင်နိုင်ဖို့ 

ငါ့မှာ သတ္တိတွေရှိခဲ့တယ် …



ကြယ်စင်ရယ်

ငါက ‘ငတေ’ တစ်ကောင်ပါ

ပေတေတေ ၊ ထူကပ်ကပ်နဲ့ 

ရင်ခုန်သံကို တွယ်ကပ်နေခဲ့တဲ့ကောင်

နင်ငါ့ကို အာပလာကောင်လို့ တော့ မပြောပါနဲ့ ဟာ

ငါ နင့်ဖို့  ကမ္ဘာငယ်တစ်ခု ဖန်ဆင်းထားတယ်ဟ

ငါ့ကမ္ဘာငယ်ထဲမှာ …

နင်ရယ် … ငါရယ်

ငါဆိုစပ်တဲ့ တေးကဗျာတွေနဲ့ 

နင်လိုအပ်မယ့် တစ်ခြားအရာတွေပေါ့

လှမ်းလာပါလို့  မခေါ်ရက်ပေမယ့်

ဆန္ဒပါ … ကြယ်စင်ရယ်

နင်ကလေး စိတ်ခိုင်ရင်

အပြီးအပိုင်လည်း ဖြစ်ပါတယ် …



ငါက နင့်ရဲ့ ဂြိုလ်ကောင်လေးလို့ တော့ မပြောနဲ့ ဟာ

တစ်ဖက်သက်ဆန်စွာ စီးမျောခဲ့တဲ့

ငါ့ရင်ခုန်သံတွေရဲ့  စိတ်ကူးယဉ်ကမ္ဘာငယ်က

နှလုံးသားရဲ့  အလိုတော်ကျပါပဲ …



ရင်မခုန်တတ်တဲ့ နှလုံးသားထက်စာရင်

အသက်ရှုရပ်နေတဲ့ အသဲနှလုံးကမှ ပိုလို့ ကောင်းဦးမယ် လို့ 

မှတ်ထင်ထားတဲ့ကောင်လေ



ဒီလိုနဲ့ ပဲ

တောက်တစ်ချက် ခေါက်မိတယ်

ကံတရားကို လက်ညှိုးထိုးပြီး

နှုတ်ခမ်းကိုက် မျက်မှောင်ကျုတ်တယ် …



(( ဟားဟား … လောကကြီးကို ဟားတိုက်ရယ်ပစ်ချင်တယ် … ))



21ရာစု လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်မှာ

အဆင်မပြေမှုတွေ သိပ်များနေတာကို

ဘယ်နတ်ဘုရားကမှ မစီမံပေးကြတော့ဘူးလား …



ကြယ်စင်ရယ်

နင်က ငါ့ကောင်းကင်မှာ

ထွန်းလင်းနေတဲ့ ကြယ်လေးတစ်စင်းလေ

ငါက ငေးကြည့်ရုံနဲ့ 

ပြီးပြည့်စုံနေခဲ့တာ

ဘယ်လောက် ကျေနပ်ဖို့ ကောင်းလိုက်သလဲဟာ …



ဟိုး … ခပ်ဝေးဝေးက

ကြယ်ကလေးရေ

ဒါလေးပါပဲ …

ငါ နင့်ကို သိပ်ချစ်တယ်ဆိုတာ

နင် သိစေချင်ရုံလေး … ။ ~ ။



♥MOESUTNAY♥

16.3.2011

( Wed: )

3 : 00 p.m.


Share

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၁ )"

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၁ )"
===========================

ကြယ်စင်ရေ ...

အချစ်ဆိုတာ သူ့ ဟာနဲ့ သူ

အဓိပ္ပာယ်ရှိနေနိုင်ပေမယ့်

ဖွင့်ဆိုဖို့  နက်နဲတဲ့အရာဆိုတာ

နင်နဲ့ တွေ့ တဲ့အခါ ...

ငါ ကောင်းကောင်း နားလည်သွားတယ်ဟာ ...



နင့်ကို စချစ်မိတုန်းက

ငါ ချစ်တဲ့စိတ်နဲ့ အရယူ ချင်ခဲ့တယ် ...



နင့်ကို ငါချစ်မိတော့

ပိုင်ဆိုင်ဖို့ အတွက်

ငါ ကြိုးစားချင်ခဲ့တယ် ...



ငါချစ်တဲ့နင်

ငါ့ကို မုန်းသွားမှာကြောက်တော့

နင့်အတွက်ဆို

ဘာကြီးဖြစ်ဖြစ် ငါပေးဆပ်ချင်ခဲ့တယ် ...



နင်ပျော်နေရင် ငါဝမ်းသာလို့ 

အချစ်ဆိုတာ စွန့် လွှတ်ရရင်တောင်

ကျေနပ်စရာလို့  ငါမှတ်ထင်လာတယ် ...



ငါချစ်ခဲ့မိတယ် ...

နင့်နင့်စူးစူး

ရင်ထဲရူးလောက်အောင်ကို ချစ်ခဲ့ဖူးတယ် ...

ငါတကယ်ချစ်တတ်လာခဲ့တယ်

ဒါပေမယ့် အဲ့အချစ်ကို ...

ငါနားလည်ပြီထင်လို့ 

ပြဇာတ်တင်မယ်လုပ်တော့

" စွန့် လွှတ်ရုံသာ " ဖြစ်ရမည်ဟု

ဇာတ်ညွှန်းဆရာက စာတန်းထိုးချသွားတယ် ...



ဘယ်သူကျေနပ်မလဲဟာ

ကိုယ့်ချစ်တဲ့သူကို

ကိုယ်မပိုင်ဆိုင်ချင်တာ

ဘယ်သူရှိမလဲ ...



စိတ်ထင်ရာတွေးပြီး

ကံတရားကို အပြစ်ဖို့ တော့

လူ့ ညံ့ လို့ ဆိုချင်ဆို

ငါတော့လေ ...

တစ်ခါတစ်ခါ ကံကြမ္မာကိုစိတ်နာတယ်

နင်နဲ့ ပက်သက်ရင် မျက်နှာမှမပေးခဲ့တာ ...



တစ်ချို့ တွေပြောပြောနေတဲ့

အချစ် ... အချစ်ဆိုတာ

စကားအဖြစ်သာလွယ်တာပါ

တကယ်တမ်း ချစ်ကြည့်ရင်

ထင်သလောက် သိပ်မနိတ်ပါဘူးဟာ ...



တကယ်ဆို ငါလိုကောင်က

ငါ့အသည်းက မာပါတယ်ဟာ

တော်ရုံတန်ရုံလောက်နဲ့ တော့

ငါ့အမြင်အာရုံမှ ရင်မခုန်ခဲ့ဖူးဘူး ... လို့ 

ကိုယ့်ကိုယ်ကို သံကောင်းဟစ်နေကာမှ

ဘယ်လိုဘယ်လိုက

နင်နဲ့ အတွေ့ မှာ ထုံမူးသွားလည်း မသိဘူးရယ် ...



အသဲကွဲတဲ့အရသာက ဘယ်လိုဘယ်ဝါဆိုတာ

သူများတကာအပေါ် လူတွင်ကျယ်လုပ်ခဲ့တဲ့ငါ

ငါ့အလှည့်ကျတော့ ... ကွဲဖို့ မပြောနဲ့ 

နည်းနည်းလေးတောင် အထိခံဘူး ...

ငါ့ရင်ဘတ်က နင်နဲ့ တွေ့ တော့

sensitive ဖြစ်တတ်လာပြီဟာ ...



ငါ့ဘ၀ရဲ့ စာမျက်နှာတွေထဲမှာ

နင်နဲ့ ပက်သက်တဲ့ အိပ်မက်လေးတွေကလည်း

တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ 

ကြီးစိုးကာ နေရာယူခဲ့ကြဖူးတယ် ...



ငါ့ညတွေရဲ့ 

အခါမလပ် မက်မက်နေတဲ့ အိပ်မက်တွေမှာ

နင့်က ငါ့ရဲ့  အိပ်ဖန်စောင့်နတ်သမီးလည်းဖြစ်ခဲ့ဖူးတယ် ...



အိပ်မက်ဆိုတာ ...

အာရုဏ်ကျင်းလို့  မိုးလင်းရင်

ပျောက်ကွယ်သွားတတ်တယ်ဆိုပေမယ့်

တစ်ချို့ အိပ်မက်တွေကတော့

ဘ၀တစ်လျှောက်မှာ

တောက်လျှောက် မက်နေခဲ့တဲ့အရာမျိုးပါ ...



ငါမပြောခဲ့ရဖူးဘူး ...

နင့်မျက်ဝန်းကိုကြည့်ပြီးတော့

နင်ဟာဒီကမ္ဘာမြေပေါ်က ငါအချစ်ဆုံး

သူစိမ်းလူသားပါလို့  ...



ငါမမေးခဲ့ရဖူးဘူး ...

နင့်နှုတ်ဖျားက စကားတွေကို နားစွင့်လို့ 

နင်ချစ်ခဲ့တဲ့သူထဲမှာ ငါပါခဲ့လေသလားလို့  ...



ငါမသိလိုက်ရပါဘူး ...

နင်ဘယ်အချိန်က ငါ့ကို ချစ်လို့ 

ဘယ်အချိန်မှာ ငါ့ကို ပစ်ခဲ့တာလဲဆိုတာ ...



ငါသိလိုက်ပါတယ် ...

နင်နဲ့ ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာ

နင်ငါ့ကို မချစ်နိုင်တော့ဘူးဆိုတာ ...



နင်နဲ့ ဝေးမယ့်အကြောင်းအရာတွေကို

စဉ်းစားမိတိုင်း ... ငါငိုချင်လာတယ်ဟာ

အဲ့လို ဖြစ်လို့  ငါဟာ ပျော့ညံ့တတ်တဲ့ကောင်လို့ တော့

နင်အပြစ်မတင်ပါနဲ့ ဟာ ...

ခက်ထန်ရိုင်းစိုင်းတဲ့ လူ့ အန္ဓတွေတောင်

အချစ်နဲ့ တွေ့ ရင်

ပျော့ပျောင်းနူးညံ့သွားတတ်သေးတာပဲ ...

ငါလိုကောင်က ဘာမို့ လို့ လဲနော် ...



တစ်ခါတစ်ခါ ...

တစ်စုံတစ်ရာ ထိုးနှက်ချက် ပြင်းထန်ပုံများ

နင်နဲ့ ဝေးရမယ်ဆိုတာလေး တွေးမိရုံပါ

ရင်ထဲက စကားလုံးတွေကို စောင့်ရင်း

ကောင်းကင်က ကြယ်လေးတွေ

တဖြုတ်ဖြုတ်ကြွေလို့ 

ငါ့ဆီမှာ ...

ကြယ်ရောင်ရော ... လရောင်ရော

ပျောက်ခဲ့လေရောဟာ ... ။ ~ ။





♥MOESUTNAY♥

12.2.2011

10 :30 p.m.

Share

" နှလုံးသား၌ ဖြစ်တည်တဲ့ ချစ်ခြင်း ( ၂ ) "

ကြယ်စင်ရယ်

ကျေးဇူးပြု၍ နားလည်ပေးပါ

ဒီကောင့် … ရင်ခုန်သံတွေ ရိုးသားစွာ

ဘောင်ကျော်ခဲ့ဖူးတယ် …

ကွယ်ဝှက်ထားတဲ့ ငါ့နှလုံးသားက

ပွင့်လင်းတဲ့ နင့်ဟန်ပန်တွေကြား

ဖုံးမရ ၊ ဖိမရ ပြိုကျခဲ့ရဖူးတယ် …



ကြယ်စင်ရယ်

ကျေးဇူးပြု၍ ငဲ့ကြည့်ပေးပါ

ဒီကောင့် … အပြုအမူတွေ ဖြူစင်စွာနဲ့ 

လိမ်ညာနေပြဖူးတယ် …

မြိုသိပ်ထားတဲ့ ငါ့ခံစားချက်က

ထက်မြက်တဲ့ နင့်တွေးခေါ်မှုတွေကြား

နူးညံ့စွာ အရှုံးပေးသွားရတယ် …



ကြယ်စင်ရယ်

ကျေးဇူးပြု၍ ခံစားပေးပါ

ဒီကောင့် … အကြင်နာတွေ မုသားမဲ့

နင်တစ်ယောက်အတွက်ပဲ ဘက်လိုက်ခဲ့ဖူးတယ် …

မျှော်လင့်ထားတဲ့ ငါ့အိပ်မက်တွေက

ပြတ်သားတဲ့ နင့်ဆုံးဖြတ်မှုကြား

ငြိမ်သက်စွာ အိပ်မောကျသွားတယ် …



တစ်သက်လုံး ထိန်းချုပ်ကာ

နှုတ်ဆိတ်လိုက်မယ့် စကားတစ်ခွန်း

ရေစီးအသွင်သာ ပြောင်းလဲနိုင်ရင်တော့လား

ငါ့နှလုံးသားထဲက အရိုးခံမြစ်တစ်စင်း

နင့်ရင်ကို … ထာဝရ စီးဆင်းခွင့်ပြုပါ … ။ ~ ။



♥MOESUTNAY♥

16.3.2011

( Wed: )

12 : 30 a.m.

Share

Thursday, 11 November 2010

ကောင်မလေး=ဇာတ်ထုပ် , ကျွန်တော်=စက်ရုပ်

မရင့်ကျက်သေးတဲ့

ဦးနှောက်ဆဲလ်တစ်ချို့ 

ရူးသွပ်ချင်နေတဲ့ 

နှလုံးသားတစ်စုံတို့ နဲ့ 

သူ့ ရင်ခွင်တံခါးကို

ဒေါက် - ဒေါက် - ဒေါက်ခေါက်လို့  ...

ကျွန်တော်ဝင်ရောက်ခဲ့တယ် ...။



အခုမှချစ်တတ်တဲ့ 

အသစ်စက်စက်ရင်ဘတ်မဟုတ်တော့

သူ့ က ကျွန်တော့်ကိုလှောင်ချင်တယ်...

ပြောင် လို ပြောင်

နောက် လို နောက်

ခဏ ခဏပေါ့ ...

ဒါပေမယ့်...

ကျွန်တော်ကသူ့ ကိုယ် ချစ်ရတယ်...။



သူပျင်းလို့ တမ်းတမယ့်

အဖော်မဲ့ညတွေဆို

ကျွန်တော်က သူသံပတ်ပေးရာ

ကပြဖျော်ဖြေပေးတဲ့  စက်ရုပ်ကလေး ...

သူအလိုမကျလို့  အော်ထုတ်တော့လည်း

ကျွန်တော်က ဟိုးဝေးဝေးမှာနေပေးချင်ခဲ့တယ် ...။



ဘယ်လောက်များတောင်ဖြစ်ရလဲဆို

ကျွန်တော်က သူ့ အတွက်

အထီးကျန်အမှောင်ညတွေ အလင်းပေးမယ့်

အဖြေဖျော်ခံ လတစ်စင်း ...

သူပျင်းလို့  ကျူးရင့်ချင်ရင်

လွမ်းတေးနုနု

(မူပိုင်ခွင့်ပြု၊မပြုကတော့ - သူ့ ဆန္ဒပါ...)

ချစ်သူကိုပျော်ရွှင်စေချင်နေခဲ့တာ

စေညွှန်ရာမပါတဲ့ ရင်ထဲက Auto စေတနာပါ ...



ကျွန်တော့်မှာများ...တစ်မတ်ဖိုးလောက်ရှိရင်

သူ့ ဖို့  တစ်ကျပ်ဖိုးလောက်ခွဲပေးချင်ခဲ့တယ်...

သူ လေ ... သူ

ကျွန်တော့် ရဲ့ ... သူ

အိပ်မက်တွေကိုပိုင်စိုး

မနက်ဖြန်တွေကိုတောင်ရိုက်ချိုးနိုင်တဲ့ သူ ...

တကယ်တော့ ...

" သူက ကျွန်တော့်ဘ၀ ဖြစ်ခွင့်ရခဲ့ပေမယ့်

ကျွန်တော်ကသူ့ ဘ၀ မဖြစ်ခဲ့ရပါဘူး " ...



လားရာမတူတဲ့ မျဉ်းဖြောင့်နှစ်ကြောင်း

တစ်နေရာတည်း ထိစပ်ဆုံမှတ်နိုင်ဖို့ 

မဖြစ်နိုင်တာ သိပေမယ့် ...

ကျွန်တော်က သူ့ ကို မျှော်လင့်ချင်ခဲ့တယ် ...



အမှန်အတိုင်းပြောရရင်...

ကျွန်တော်'က ...

သူအလိုကျ ကပြအပါးတော်စေရတဲ့ 

အဖြည့်ခံ စက်ရုပ်လေးဘ၀...



သူ'ဆိုတဲ့  ကောင်မလေးကတော့

တစ်ခန်းရပ်တွေနဲ့ ရှုပ်

အကွက်ဆန်းလေးတွေလုပ်တတ်တဲ့ 

ခပ်ဆန်းဆန်း ဇာတ်ထုပ်မျှပါ ...။ ။



♥MOESUTNAY♥

Share

ကံသေကံမ တွက်ဆလို့မရ

အသုံးမ၀င်တိုင်း အမှိုက်တော့ မဟုတ်ပါဘူး ...



ဈေးပေါတိုင်း တန်ဖိုးမရှိတာ မဟုတ်ပါဘူး ...



လွယ်လွယ်ရတိုင်း အဖိုးမတန်တာ မဟုတ်ပါဘူး ...



စွန့် ပစ်တိုင်းလည်း မလိုချင်လို့ တော့ မဟုတ်ပါဘူး ...



အ၀တ်စုတ်တိုင်းလည်း သူတောင်းစား မဟုတ်ပါဘူး ...



တော်နေကြတိုင်းလည်း လူကောင်းရယ်လို့ မဟုတ်ပါဘူး ...



လက်မှတ်တွေကပ်ထားတိုင်းလည်း တကယ်တတ်ကြတာ မဟုတ်ပါဘူး ...



ပေါ့ပေါ့နေတိုင်းလည်း ပျက်ဆီးနေတာ မဟုတ်ပါဘူး ...



ရိုးသားသူတိုင်းလည်း လူကောင်းရယ်တော့ မဟုတ်ပါဘူး ...



အဆင့်အတန်းမြင့်သူတိုင်းလည်း ကိုယ်ကျင့်တရားကောင်းတာ မဟုတ်ပါဘူး ...



နုံချာသူတိုင်းလည်း အဆင့်အတန်းနိမ့်ကြတာ မဟုတ်ပါဘူး ...



ကြိုးစားသူတိုင်းလည်း အောင်မြင်ကြတာ မဟုတ်ပါဘူး ...



ရှူံးနိမ့်သူတွေတိုင်းလည်း ညံ့ဖျင်းကြတာ မဟုတ်ပါဘူး ...



တွေးတတ်သူတိုင်းလည်း ရင့်ကျက်ကြတာ မဟုတ်ပါဘူး ...



ရင့်ကျက်သူတိုင်းလည်း တွေးတတ်ကြတာ မဟုတ်ပါဘူး ...



ဘာမှမလုပ်ရင် ဘာမှမဖြစ်တတ်လို့ 



ဘာမှမဖြစ်တိုင်းလည်း ဘာမှမလုပ်ဘူးမထင်ပါနဲ့  ...



ဘာဆိုဘာမှ သေချာရေရာမှု့ မရှိတဲ့  ဒီလောကကြီးထဲမှာ

"ဒါ"မှ"ဒါ"ဆိုပြီး အစွဲသုံးနေရင်တော့

ထာဝရ ငါ"ဆိုသည် အမြဲရှူံးနေတော့မှာပါလား ....???



♥MOESUTNAY♥

Share

အံခွက်

ငါ့အလွမ်း...ငါ'ပျိုး

ငါ့မျက်ရည်...ငါ'ပြန်ချိုးခဲ့ရတဲ့နေ့တွေနဲ့

တွေ့နေလျက်နဲ့ ကန်းထားရတဲ့

ငါ့မျက်လုံးတွေကို

ခဏတဖြုတ် ပြန်အသုံးချရင်း

နင့်ကို ...

မေ့မရဘူးလို့ ပြောခွင့်ပြုပါ …



လွန်ကျူးမိတဲ့သံယောဇဉ် ဆိုတာ

ရင်ဘတ် စုတ်ပြတ်ပြီးကျန်ခဲ့မှ

နားရည်လည်ခဲ့ရတာပါကွာ …



နောက်လှည့်ပြန်ဖို့တောင်

အခွင့်မရှိခဲ့တဲ့ ဖွဲမီးပါ

ရင်ထဲ တစစနဲ့လောင်ရင်း

ပြာ'ဖြစ်ကျန်ရစ်တာတောင်

လူ သူမြင်အောင် ချစ်ခွင့်မရခဲ့ဘူးနော် …



ငါ့ဘ၀မြေနိမ့်မှာ

ဥပေက္ခာလှံတွေ စိုက်ကြဲမသွားပါနဲ့

တကယ်ဆို … ငါဟာလည်း

နင်(သခင်) တွဲထူမယ့် လက်တစ်ဖက်ကိုမှ

အားကိုးမျှော်လင့်နေတဲ့

ကုသမင်းရဲ့ အဖြစ်လိုပါပဲ …



အချစ်ဆိုတဲ့ ခေါင်းစဉ်ကို

ရှေ့ တန်းလည်း မတင်ချင်ပေမယ့်

တစ်နေ့နေ့ရဲ့ တစ်ကွေ့ကွေ့မှာ

အိပ်ငိုက်နေတဲ့ ငါ့နှလုံးသားဟာ

နင့်ရဲ့  ချစ်ခြင်းမေတ္တာအစွန်အဖျားနဲ့ 

ထိခတ်လှုပ်နိုးခွင့်ရခဲ့မယ်ဆို

ကန်းနေရတဲ့ ငါ့မျက်လုံးကို

အလွမ်းတွေနဲ့ ဆက်မငိုတော့ဘူး …



♥MOESUTNAY♥

October 16 , 2010

( Saturday )

3 : 00 a.m.


Share

ဒါ … "ကဗျာ"

ဒါ … "ကဗျာ"

16 October 2010 at 19:20
ရင်ထဲမှာ မပစ်ပယ်ပဲ ဖြစ်တည်တတ်တာ
"ခံစားချက်"

အံထွက်လို့  အသက်သွင်းမိတာ
"ကဗျာ"

'ဟာကွာ မဖတ်ဘူး' အမြဲငြင်းသွားတာ
"သူငယ်ချင်း"

တကယ်…မင်း 'မဆိုးဘူး' အားပေးရှာတာ
"ဆရာ"

မပျက်မကွက် 'မှတ်ချက်'ရေးတတ်တာ
"ညီမလေး"

ကျွန်တော်tag-tag /မ tag-tag ~ လာလာဖတ်တာက
ဟို" မမ "

ဝါသနာချင်းတူလို့  ~  နားလည်ပေးတာ
"ကောင်မလေး"

ခဏခဏလို  သတ်ပုံပြန်စစ်နေရတာ
"အချစ်"

ဘယ်သူပစ်ပစ်၊မပစ်ပစ် ကျွန်တော်သိပ်ချစ်တာ
"ရင်ထဲမှာ" … ။      ။

♥MOESUTNAY♥
October 16 , 2010
( Saturday )
5:00 p.m.

" နင်ဟာ "

" နင်ဟာ "
by အလွမ်းမဲ့တမ်းချင်း on Tuesday, 19 October 2010 at 11:35

နင်ဟာ … ငါ့ ကောင်းကင်ထဲက နေတစ်စင်းဖြစ်တယ် ….



နင်ဟာ … ငါ့ ဝေဟင်ထဲက သက်တံရောင်စဉ်ဖြစ်တယ် …



နင်ဟာ … ငါ့ မြေပြင်ပေါ်က မဟာတံတိုင်းကြီးဖြစ်တယ် …



နင်ဟာ … ငါ့ မြေထုပေါ်က ရတနာသိုက်လဲ ဖြစ်တယ် …



နင်ဟာ … ငါ့ ရေပြင်ပေါ်က မီးပြတိုက်လဲ ဖြစ်တယ် …



နင်ဟာ … ငါ့ ရေထုထဲက ရေသူမလဲ ဖြစ်တယ် …



အို… ဘယ်လိုကို ဖြစ်ဖြစ် ~



နင်ဟာ … ငါ တစ်ဖတ်သတ် ရူးသွပ်စွဲလမ်းနေရတဲ့



ကောင်မလေးပဲ ဖြစ်တယ် …



♥MOESUTNAY♥

19.5.2010

2:00 a.m

Share

" နှလုံးသားရဲ့ ရင်ဖွင့်လွှာ "

အမှတ်တမဲ့နဲ့



တစ်ခဏ မျက်ဝန်းတစ်စ



အသည်းနှလုံးကို လာရှ



မေးခွန်းတွေတောင် ဖြေမရ



'Love Poem'တွေလဲ ရေးတတ်စ …



မျက်မှန်လေးနဲ့  မင်း Style က



ငါ့အိပ်မက်တွေကို ပိုင်စိုးခဲ့တယ် …



ကတ္တီပါ ဖိနပ်လေးနဲ့  မင်းခြေရာက



ငါ့အသဲနှလုံးမှာ ထင်ကျန်ခဲ့တယ် …



ဆူးရှရှ မင်းအကြည့်တွေက



ငါ့အိပ်ပျက်ညတွေမှာ ကဗျာတွေဖြစ်လာခဲ့တယ် …



ရှည်လျားလှတဲ့ မင်းဆံနွယ်တွေက



ငါ့နှလုံးသားကို ချည်နှောင်စေခဲ့တယ် …



ငါဖန်ဆင်းလိုက်ပြီ…



ငါ့ကဗျာနဲ့ အတူ



အချစ်နဲ့ ဖြစ်တည်သော



နှလုံးသား ပရပိုဒ် တစ်စောင်



မင်းဆီအရောက် ပေးပို့ လိုက်မယ်



ကောင်မလေးရေ …



ငါ့နှလုံးသားထက်မှာ



မင်းအတွက်ခံစားရသမျှကို



ကျောက်စာတစ်ချပ်အသွင်



စာဖွဲ့ စီထားချင်တယ် …



♥MOESUTNAY♥



p.s = > လောင်း...လောင်းအဂိုးက ကဗျာအဟောင်းအနွမ်းလေးပါ ။

ပထမနှစ်ကျောင်းသားဘ၀က သူငယ်ချင်းတွေနဲ့  စာအုပ်ထုတ်ဖို့ 

လုပ်ကြတုန်းက … ကဗျာလေးပါ ။

Share

“ရူးသွပ်ခြင်း”

နင်မဖိတ်ခေါ်ဘဲ

ဝင်ရောက်လာမိတာ

ငါ့အမှားဆိုရင်လည်း

ကျေးဇူးပြုပြီး

ဒါ’ကိုလာမတားပါနဲ့ 

ငါ’ဆက်မှားနေပါရစေတော့ …



မသေချာမရေရာတဲ့ အနာဂတ်ကို

ရင်နာနာနဲ့ မလွမ်းချင်ဘူးလို့ နင်ပြောတော့

အင်းပေါ့…ငါ့’ရင်ဘတ်ကြီးက သေနေပြီကိုး

နာလို့ နာမှန်းတောင် မသိရတော့ပါဘူး

လွမ်းနေရရုံနဲ့ တင် ငါကျေနပ်ချင်ခဲ့တာလေ …



နင်သတ္တိမရှိလိုက်တာနော် Impossible ဆိုတာ

နပိုလီယံရဲ့  အဘိဓါန်မှာ မရှိဘူးဆိုတော့

“ငါ’…ပျော့ညံ့ သူပဲဖြစ်ပါရစေတော့” တဲ့လေ …



သူငယ်ချင်းတွေကတော့ မြှောက်ပေးပါရဲ့ 

auto proxy နဲ့ မရရင် ဘန်းကျော်ပြီးဝင်တဲ့

ငယ်ငယ်ကတည်းကိုက ဆန္ဒမပါတဲ့ အဓမ္မဆိုရင်

ငါ…လုံးဝမလိုချင်ခဲ့တာပါ …



လွမ်းရုံသက်သက်လို့ ပဲပြောပြော

ရူးရုံသက်သက်လို့ ပဲလှောင်လှောင်

တကယ်တော့ ငါဆိုတဲ့ကောင်က

နင့်ကိုယ်ချစ်နေရတယ်ဆိုတဲ့ အသိနဲ့ တင်

ငါ့မနက်ဖြန်တွေ အလှဆင်ချင်နေခဲ့တာလေ …



နင့်အတွက်သာ ငါဟာလိုအပ်ရင်လေ

လျှံထွက်သွားတဲ့အရာတွေကိုတောင် ပြန်ဖျက်ထားလို့ ရချင်တဲ့

Correction Pen ကောင်းတစ်ချောင်း

နင်မလိုအပ်လို့  ဂျောင်း ဆိုရင်လည်း

ငါကနေတတ်စွာ ကျေနပ်သွားမှာပါ …



နင့်ကိုယ်လွမ်းလို့ 

တစ်ခါတစ်ခါစိတ်ပြေလက်ပျောက်

ကဗျာရေးပါတယ် ...

ဘာတွေးတွေး နင်ပဲဖြစ်နေတော့ ခက်သား

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဟာ

ငါ့ကဗျာတွေအတွက်

စာသာတွေ တိုးတိုးလာအောင်

ခံစားမှု့ တွေအမျိုးမျိုး ပေးစွမ်းလို့ လေ …



ကဲ …သိပါစေတော့လား

ဟိုး…မဝေးလွန်းလှတဲ့ တစ်နေရာက

ငါ… ချစ်ရတဲ့ ပါးကွက်ကျားမလေးရေ

ပုံမှန်အသက်ရှင်နေထိုင်လိုမှု့ တစ်ခုအတွက်

(ဘယ်လိုဥပါယ်တံမျဉ်မှမပါတဲ့ )

ဟောဒီ့ ကဗျာတစ်စနဲ့ ပဲ

နင့်ကိုယ်ငါ ဖြားယောင်းပါရစေတော့ကွာ … ။ ။



♥MOESUTNAY♥

22.6.2010

Share

ကောင်မလေးရေ ~ တွေးပေးပါ…

နင့်ကို ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းပြောလိုက်မိတာနဲ့ ပဲအရာရာအလျော့ ပေးသည်းခံ ၊

အလိုလိုက်ကာ ခေါင်းငြိမ့်ရတော့မယ်ဆိုရင်တော့ ဘယ်သဘာဝကျမလဲဟာ …



ငါလည်းလူသားပဲဟ … တစ်ခါတစ်ခါ…..ငါ့စိတ်ခံစားချက်နဲ့ ငါလေ

ရင်ခုန်သံတွေနီးစပ်လို့ သာ ငါတို့ တွေချစ်သူဖြစ်ကြတာပဲ …

တစ်ခါတစ်လေတော့လည်း… နင်ဖြူနေပေမယ့်လည်း

ငါက မဲချင်မဲမှာပေါ့ဟာ ။



နင့်ကို ချစ်လား၊ချစ်လားလို့ ခဏခဏ မမေးပါနဲ့ ... နင်နဲ့ ငါကြားမှာ

ဒီလိုစကားတွေပဲ ခဏခဏပြောနေလို့  အဲ့ဒါဘ၀ကြီးမှ မဟုတ်တာ …

လိုအပ်ရင်ငါပြောမယ် … အကြောင်းတိုက်ဆိုင်ရင်...နင်လည်း ရင်'ပြန်ခုန်ပေးပါ …



အချိန်ရှိတိုင်း … ချစ်ကြောင်း ၊ လွမ်းကြောင်း ထိုင်ပြောနေလို့ 

အရာရာမပြီးမြောက်ဘူးလေ … နင့်မျက်နှာ ငါထိုင်ကြည့်နေလို့ 

ထမင်းတွေဖြစ်မလာသလို ၊ ငါ့မျက်နှာ နင်ထိုင်ကြည့်နေလို့ လဲ

နင်ဗိုက်မ၀နိုင်ပါဘူး … အချစ်နဲ့ ဘ၀က ခြားတယ်ဆိုတာကို

ငါနားလည်ထားသလို နင်လည်းသဘောပေါက်ရင်

ငါ့ကို အလုပ်ကြိုးစားလွန်းတဲ့ကောင် ဆိုပြီး မခနဲ့ ပါနဲ့  … ။



အလှအပကြိုက်တာ နင်တို့ မိန်းကလေးသဘာဝဆိုတာ ငါနားလည်ပါတယ်။

ဒါပေမယ့် တော်ရုံတန်ရုံပဲမက်ပါဟာ … အလှအပကို ကိုးကွယ်လွန်းအားကြီးရင်

မှားတတ်လွန်းလို့ ငါပြောတာပါ ။( ဥပမာ - ဒီလ ဆံပင်ဖြောင့်ပေးပါ ။

နောက်လ ဆံပင်ကောက်ချင်တာ…) အဲ့လိုခဏခဏမပူဆာပါနဲ့ …

ငါကပ်စေးနဲလို့ ပြောတာမဟုတ်ပါဘူး … ပြင်လွန်းရင် ၊ ဖင်ချွန်းတတ်သလို …

လုပ်ချင်တာတွေစိတ်ရှိအတိုင်း လျှောက်လုပ်ရင် ဘေးဖြစ်ကုန်မယ်လေ …။



နင်တစ်ခုခုလိုချင်ရင် ၊ ဖြစ်ချင်ရင် ငါ့ကိုယ်ပြောပါ ။ ငါအတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါ့မယ်။

နင်မပြောပဲ ကျိတ်မှိတ်နေပြီးတော့မှ တစ်ယောက်ထဲအလိုမကျဖြစ်နေရင်တော့

ငါလည်းဘာမှမတတ်နိုင်သလို နင်နဲ့ ငါကြားမှာ မလိုလားတာတွေဖြစ်လာနိုင်ပါတယ် …။

ငါ့ကို နင် … အစ်ကိုတစ်ယောက်လို တိုင်ပင်ပါ ။အဖေတစ်ယောက်လို အားကိုးလို့ ၊

သူငယ်ချင်းတစ်ယောက်လို ခင်တွယ်ကာ ၊ ချစ်သူ တစ်ယောက်လို တန်ဖိုးထားချစ်ခင်ပေးပါ ။

နင့်အပေါ်မှာ ငါ အကောင်းဆုံးလူသားတစ်ယောက်အဖြစ် ရှိနေပေးပါ့မယ် …။



နင်နဲ့ ငါအပြင်သွားကြတိုင်း … ဟိုဟာဝတ်ပါ၊ဒီဟာဝတ်ပါလို့ မစီမံပါနဲ့ …

နင့်အမြင်မှာ နင်နှစ်သက်ပေမယ့် … ငါနဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်မှာလေ …

ငါ့စတိုင်... ငါ့ဒီဇိုင်းနဲ့  ငါနေတတ်သလိုပဲနေပါရစေလေ …



လမ်းဘေးဆိုင်တွေတွေ့ တိုင်း … အားရပါးရ၀င်ထိုင်မစားပါနဲ့ …

နင်ကြိုက်လို့ နင်စားတာကို … တားမရလို့ ငါမတားတော့ပါဘူး …

ဒါပေမယ့်…ငါ့ကိုလည်း ချစ်ရင်စားဆိုတဲ့ စကားမျိုးနဲ့ မချုပ်ကိုင်ပါနဲ့ …။



နင်ထမင်းဟင်းမချက်တတ်တာကို ၊ ငါမဝေဖန်ပါဘူး ၊ အပြစ်လည်းမမြင်ပါဘူး။

ဒါပေမယ့် … နင်ချက်ကျွေးမယ်ဆိုပြီး နင့်အိမ်မှာ ထမင်းဖိတ်ကျွေးကာ

နင့်အမေကို ချက်ခိုင်းတာမျိုးတော့ မလုပ်ပါနဲ့ ။ နင်လည်း ပင်ပန်းသလို

အဲ့လို သရုပ်ဆောင်တာတွေ ငါလဲ မနှစ်မြှို့ ဘူး …။



တစ်နေ့ တစ်ခါ နင့်ဆီဖုန်းဆက်ပါဆိုရင်တော့…ငါဆက်ပေးပါ့မယ်။

ဒါပေမယ့်…နင်လည်းနားလည်ပေးပါ။(ဥပမာ - အလုပ်ရှုပ်နေလို့ မေ့လျော့သွားတာမျိုးတို့ ၊

အလုပ်ကိစ္စနဲ့ မအားလပ်တာမျိုးတို့ ဆိုရင် ) ငါပျက်ကွက်မှု့ အတွက် … ပြန်ဖြေရှင်းပေးရင်

နင်ကလက်ခံပေးပါ ။ (နင်'ဖုန်းဆက်လို့  လွတ်လွတ်လပ်လပ် ၊ အေးအေးဆေးဆေး

စကားပြန်ပြောလို့ မရတဲ့အခြေအနေမျိုးမှာ~ဖုန်းချမိရင်လည်း ငါ့ကို နင်'ပြဿနာမရှာပါနဲ့ )

ဘာကြောင့်ဖြစ်လဲ ၊ ဘာအကြောင်းကြောင့်လဲဆိုတာ … လက်ခံပေးပါ ။



နင့်ကို ငါချစ်လို့  နင်ငါ့အပေါ်ဆိုးနွဲ့ ချင်တာကို ငါနားလည်ပါတယ် …

ဒါပေမယ့် ငါ့မိဘ၊ ငါ့မောင်နှမရှေ့ မှာ ငါ့ကို ပိုင်ကြောင်း ၊ ဆိုင်ကြောင်းပုံစံနဲ့ 

အာဏာ ၊ ပါဝါတွေ သိပ်မပြပါနဲ့ … မွေးထုတ် ထားတဲ့ငါ့မေမေတွေ စိတ်မကောင်းဖြစ်ရမယ် ။

ပြီးတော့ နင်နဲ့ ငါ့ကြားမှာ အဖုအထစ်လေးတွေ ဖြစ်ကုန်မယ် … ။ မဆိုင်တာတွေကို

နင်အတွေးမချော်စေချင်ဘူး ... ။ အမေချစ်သားကို ချစ်ရတာ ဒုက္ခရောက်ရတတ်တယ်လို့ 

သူများတွေပြောတိုင်း နင်နားယောင်ကာ ... ငါ့ကိုယ် လာလာ မထိုးနှက်ပါနဲ့ …

ငါပြောပြမယ်နော် ။ ကိုယ့်အမေ ၊ ကိုယ့်အစ်မ ၊ ကိုယ့်နှမကိုတောင် မချစ်တတ်၊မခင်တတ် ၊

တန်ဖိုးမထားတတ်ရင် … သူများ နှမသားချင်းကို တန်ဖိုးထားစာနာတတ်ဖို့ ဆိုတာ

ဝေးပေါ့ဟာ … ကိုယ်ချင်းစာတရားထားရှိတတ်တယ်ဆိုတာ…ကိုယ့်ကိုယ်နဲ့ ရင်းမှ သူများကို ချင်းနိုင်တာ … ။



လူတိုင်းက ကိုယ့် hobby နဲ့ ကိုယ်ပါလေ ။ ငါ့ ၀ါသနာကို နင်မနှစ်သက်ရင်နေပါ ။

မဝေဖန်ပါနဲ့ .။ငါတို့ အချင်းချင်း အပြန်အလှန် လေးစား ၊ နားလည်မှု့ ထားရှိပေးပါ ။



ငါက နင့်ကို ပိတ်ပင်တားမြစ်မှု့ တွေ သိပ်မလုပ်ချင်ပါဘူး…။ဒါပေမယ့် လိုအပ်လို့ 

အကန့် အသတ်နဲ့ တားမြစ်ခဲ့မိရင်လည်း နင်က လက်ခံပေးပါ ။ (ဥပမာ -

ကလပ်ဆိုတာမျိုးက မကောင်းဘူး ။ မသွားပါနဲ့ လို့ ငါကတားရင် နင်ဘယ်သူနဲ့ 

ဖြစ်ဖြစ်မသွားနဲ့ တော့ပေါ့) တားလို့ မရလို့  နင်သိပ်ရောက်ဖူးချင်သပဆိုရင် …

ငါကိုယ်တိုင် တစ်ခေါက်လိုက်ပို့ မယ် … ။ ဒါပေမယ့် နောက်ထပ်မပူဆာပါနဲ့ တော့ ။



နင်တစ်ခုခု အပြစ်လုပ်ထားရင် နင်ကိုယ်တိုင်ဝန်ခံပါ ။ သူများပြောလို့ သိရတာမျိုး

ငါမလိုချင်ဘူး။( ဥပမာ - သင်တန်းချိန်တွေလစ်ပြီး ၊ ဂိမ်းစင်တာတွေသွားတာတို့  ၊

ရုပ်ရှင်လျှောက်ကြည့်တာတို့ ဆိုရင် ) သူများပြန်ပြောမှ ငါသိရင်

ငါဘာကောင်ဖြစ်သွားမလဲ … နံရံတွေတိုင်းမှာ နားတွေ၊မျက်စိတွေရှိလို့ နင်နေချင်

သလိုတော့မနေလိုက်ပါနဲ့ .။ နင်ဘာလုပ်လုပ် ငါက ဆူပူ အပြစ်မပြောတတ်ပါဘူး .။

ဒါပေမယ့် ငါဘာတွေ ပြောပြော ဆုံးမချင်နေတတ်ခဲ့တာ နင့်ကောင်းဖို့ အတွက်သက်သက်ပါ ။



နောက်ပြီးတော့ … နင်ငါ့ကို သူများတစ်ဦး၊တစ်ယောက်နဲ့  မနှိုင်းယှဉ်ပါနဲ့ ။

လူနဲ့ လူဆိုပေမယ့် … မူချင်းတူချင်မှတူမှာလေ … တစ်ခါတစ်လေမှာ

ငါ romance ဆန်ပေးမယ် ။ တစ်ခါတစ်ခါမှာ လက်တွေ့ ကျကျနေပေးမယ် ။

ငါ့ကို ဘယ်သူနဲ့ မှမယှဉ်ပါနဲ့ ။ဟိုဟာနဲ့ များတစ်ခြားစီတို့ ၊ဒီဟာနဲ့ များကွာပတို့  မလုပ်ပါနဲ့ ။



ငါကအပေါင်းအသင်းတွေကိုခင်တာဟုတ်ပါတယ်…။ဒါ့ထက် နင့်ကို ပိုချစ်လို့ ငါနင့်အနားမှာ

နေနေခဲ့တာပါ။ ငါ့သူငယ်ချင်းတွေရှေ့ မှာ နင် ငါ့ကို အနိုင်မယူပြပါနဲ့ ။ နင့်ကို ငါက

အရမ်းချစ်တယ်ဆိုတာ နင်အဲ့လိုဆိုးပြ ၊ ဂျစ်ပြတာကို သည်းခံနိုင်မှ လူမြင်သာမှာ မဟုတ်ပါဘူး ။

ငါတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တန်ဖိုးထား ၊ နားလည် ၊

ကြင်နာနေရင် သူများတကာတွေပိုပြီးတောင် အားကျဦးမှာပါ…။



ငါ့ကို တယုတယ ၊ ယုယကြင်နာစွာဆက်ဆံတာထက် နွေးထွေးစွာ နားလည်မှုပေးတာကို

ငါပိုလိုချင်တယ် … ငါ့ကိုယ် ဂရုစိုက်ရင် ငါ့မျက်နှာကို ဖတ်တတ်ပါစေ …။

ငါစိတ်ရှုပ်နေရင် … ငါ့အနားလာကာ ဗြစ်တောက် ၊ဗြစ်တောက် ၊ ပေါက်ပေါက်မဖောက်ပါနဲ့ ။

ငါကျောပူတာခံနိုင်ပေမယ့် … နားပူတာလုံးဝမခံနိုင်ဆုံးပါ ။



နင်ငါ့အပေါ်မှာ တစ်ခုခုများအလိုမကျတာရှိရင်၊ချက်ချင်းပြောပါ။ ပွင့်လင်းစွာပြောပါ။မကောက်ပါနဲ့ ။

မချိတ်ပါနဲ့ ။ နင့်စိတ်ထဲဘာဖြစ်နေတယ်ဆိုတာ … ရုတ်တရက် ငါဘယ်လိုလုပ်သိမှာလဲ …

( ငါအဲ့လိုမသိနိုင်ဖြစ်တဲ့အခါမှာ နင်ငါ့ကို ထပ်ပြီး စိတ်ဆိုးဦးမယ် ) ဒါကြောင့် နင်တစ်ခုခုကြောင့်

မကျေမနပ်ဖြစ်လာရရင် ချက်ချင်းပြောပြပါ ။ ငါလည်း ချက်ချင်း ချော့မော့ပါ့မယ် … ။



နင်လည်း နင့်သူငယ်ချင်းတွေနဲ့ သွားစရာလာစရာရှိလို့  … ငါကိုခေါ်ဖို့  မသင့်တဲ့နေရာတွေဆို

သွားပါ ။ ငါနားလည်ပေးပါတယ် ။ ငါ့မှာလည်း နင့်လိုပဲ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ တော့

ဟိုဟိုဒီဒီသွားသွားလာလာလုပ်ချင်ပါသေးတယ်…။

မဟုတ်ရင် ငါလည်း စော်တစ်ယောက်ရှိတာနဲ့  အပေါင်းအသင်းမဲ့တဲ့ကောင်မဖြစ်ချင်ဘူး…။



နားလည်မှု့ ကို အခြေထားကာ … စာနာ ၊ကြင်နာခြင်းတွေ ဘေးနှစ်ဘက်ရံပြီး

နွေးထွေးမှုတွေ ဗဟိုထားရင်တော့ ငါတို့ မေတ္တာတရားတွေ ပိုလို့  ထုထည်ကြီးမားလာမှာသေချာပါတယ်ကွာ…။



♥MOESUTNAY♥

8.11.2010

( Monday )

3:00 p.m.

Share

"အလွမ်းညဒဏ်ရာရဲ့ ဘာမှန်းမသိတဲ့ ကဗျာ"

အိပ်မရတဲ့တစ်စုံတစ်ရာညတစ်ချို့ 

အေးစက်စက်ကော်ဖီတစ်ခွက်

ဖင်စီခံနားနီးနေတဲ့ စီးကရက်တိုတစ်လိပ်

တိတ်တဆိတ် မြှိုသိပ်ခဲ့တဲ့ရင်ခုန်သံ

နားဆင်သူမရှိတဲ့  လေပေါ်ဝဲ သံစဉ်တစ်ချို့ 

အို ... အို ... ဘယ်သူ နှစ်မြှို့ မြှို့ ၊မမြှို့ မြှို့ 

ငါချစ်လို့ ဆိုတဲ့အသိနဲ့ ...

ရင်ထဲမှာ ထိနေခဲ့တာကြာပါပြီဟာ ...





ငါ့မြင်း ၊ ငါစိုင်းခဲ့တာပဲ

ခုမှတော့ စစ်ကိုင်းရောက်ရောက်

မြင်းခြံရောက်ရောက်ပေါ့ ...

ကိုယ့်အထင်နဲ့ ကိုယ်

ခုတင်ရွှေနန်းခဲ့တာ

ခုမှတော့ ~ လွမ်းမနေတော့ဘူး ...





ဟေ့ဒီမှာ ... ကောင်မလေးရေ

အဖြူရောင်ဆိုတဲ့စည်းကိုချိုး

ငါဆိုတဲ့ကောင်က မီးဆိုလည်းတိုးရဲတယ်နော် ...

ဒီဘောင်ကိုကျော်မလာနဲ့ လို့ 

နင်ရဲ့ ဘက်ကစည်းခြားမလို့ လား

ကဲ ... ငါ့လုပ်ရပ် ပြစ်ဒဏ်သင့်ရင်တော့

ရော့  ... ဒီမှာ လက်ထိပ်

မင်းခတ်လိုက်ပါတော့

ငါ့လက်နှစ်ဘက် တင်မကဘူး ...

ဖြစ်နိုင်ရင် ...

နင့်အပြုံးတွေ ၊ နင့်အသံတွေ

နင့်နဲ့ ပက်သက်တဲ့ အာရုံခံပုဒ်တွေ

မြင်ရ ၊ ကြားရ ... တွေ့ ရတိုင်း

ရင်ခုန်တတ်လွန်းနေတဲ့ 

ဟောဒီထဲက ... ခပ်ဒူဒူ

ဝဲဘတ်ရင်အုံတစ်စုံကိုပါ

နင်လက်ထိပ်နဲ့  အသေနှိပ် ပစ်လိုက်ပါတော့ ...





စတန့် ထွင်တယ်လို့ တော့မထင်ပါနဲ့ ဗျာ ...

စိတ်ကူးထဲရှိတာပြောရရင်

သူများနဲ့ မတူအောင် ...

ငါ့ heart အတွက် logo အပ်မယ်

designer ကတော့ ငါ

model ကတော့ နင်လုပ်ပေး

အိုကေတယ်ဆိုရင် ~ စရံချပေးမယ်

ရော့  ကလေးမ 1500 ...





တောင်းဆိုခွင့်ရရင် ပါမစ်တင်ချင်တယ်

လမ်းတံတား ၀န်ကြီးရေ ~

ကျွန်တော့်ကို မချစ်တဲ့  သူ့ နှလုံးသားနဲ့ 

သူ့ ကို ချစ်တဲ့ ကျွန်တော့်နှလုံးသားကြား

တံတားလေး တစ်စင်းလောက် ထိုးပေးပါလား ...

တရားဝင် ဖြတ်သန်းသွားလာခွင့်ရချင်လို့  ...





တကယ်ဆို ... ကောင်မလေးရေ

နင်ဂရုပြုမှုလေးတစ်ချက်ရဖို့ 

စောင့်နေခဲ့တဲ့ငါ့ဘ၀နေ့ ရက်ရှည်တွေဟာ

ဘာနဲ့ အလားသဏ္ဍန်တူလဲဆိုရင်ကွာ

တက်တစ်ချက် ၊ ပြတ်တစ်ချက် ဖြစ်နေတဲ့

မြန်မာနက်ပမာ ~ နင့်ကို မှ

မျှော်လင့်သူငါ့ရင်မှာဖြင့်

လစဉ်ဘီလ်လေးမပျက်မကွက်သွင်းလို့ 

မင်းသတင်းကို အမြဲတမ်း နားစွင့်ခဲ့ရတာ

နင်ကတော့ သိနိုင်ရှာပါ့မလား ဟာ ...



အိပ်မရတာတွေများလာပြန်တော့

ငူတစ်ချီ ၊ ငေါင်တစ်လှည့်နဲ့ 

ကြောင်စီစီ ဖြစ်ရတဲ့ ညတွေမှာ

ကိုယ့်ကိုယ်ကိုယ်တောင်

ထင်မှတ်လို့ မှားတယ်

အပမိနေသလား ... ပယောဂလား

သေချာတာကတော့ ... နင်ကလေးပြုစားထားတာပါ



ကဲ ... အခန်းမီးကိုပိတ်

မျက်လုံးစုံမှိတ် ...

အိပ် . အိပ် ... အိပ် တော့မယ်ဂျာ

အော်...ဘာမှန်းမသိပဲရေးလာခဲ့တာ

ဘာလိုလိုနဲ့ အဆုံးသတ်ဦးမယ် ...

ခင်ဗျားသိအောင် ...

တစ်လုံးလောက်တော့ မှတ်ထားပါ

လန်းဖို့ လည်းရေးတာမဟုတ်

ဆန်းဖို့ လည်းရေးတာမဟုတ်

ကျုပ်'သူ့ ကို လွမ်းလို့ ကို ရေးတာ အဟုတ် !!!





♥MOESUTNAY♥

10.11.2010

( Wed: )

11:00 p.m

Share

ကျွန်တော်=ကဗျာ (သို့ ) ခွဲမရတဲ့ ဘဝ

ဝါသနာဆိုးပ ကဗျာဆရာပိုးထလို့ 

စာလွှာတွေမရိုးမရွဖွဲ့ ချင်တဲ့ မေမေ့သား ...



ကျွန်တော်ရေးတဲ့  ကဗျာတစ်ပုဒ်

ကျွန်တော့်အတွက်

ထမင်းတစ်ထုပ်ဖြစ်ချင်မှဖြစ်မယ်

ဒါပေမယ့် ကျွန်တော် ချစ်တယ် မေမေ ...



ကဗျာဆရာ နာမ်ပုဒ်ဟာ

လူဖြစ်မယ့် အလုပ်မဟုတ်ဘူးလို့ 

တစ်ချို့ ကနှာခေါင်းရှုံကြတယ် မေမေ ...



မဂ္ဂဇင်းဝင် စာမူကြေးလေးဟာ

အမေပေးတဲ့  မုန့် ဖိုးထက်

ကျွန်တော်ရှာတဲ့  ၀င်ငွေထက်

ဘာမှမပြောပလောက်ပေမယ့်

ကျွန်တော် မြတ်နိုးတယ် မေမေ ...



ကိုယ့်ထမင်းကိုယ်စားလို့ 

လောကကြီးအကြောင်း ကဲ့ရဲ့ ချင်သူတစ်ချို့ က

ကျွန်တော်တို့ ကို မနှစ်မြို့ ကြဘူး မေမေ ...



ကျွန်တော်က ကဗျာတွေကို ချစ်သလို

ကဗျာတွေကိုလည်း မပစ်နိုင်ဘူး … မေမေ



ကျွန်တော့်ဘ၀ဟာ ရေခဲတုံး တစ်တုံးဆိုရင်

ကဗျာဆရာအဖြစ်နဲ့ ~

ကျွန်တော်ပျော်ပျော်ကြီး

အပျော်ခံ' ရစ်တော့မယ် မေမေ .... ။ ~ ။

♥MOESUTNAY♥

Share

***********************************************************************

Monday, 10 May 2010

ကမ္ဘာ့ မေမေများနေ့ အမှတ်တရ မူဗွီကလစ်လေး

ကမ္ဘာ့ မေမေများနေ့ အမှတ်တရ ...
ချစ်တဲ့မေမေအတွက် . . . ♥ ♥ ♥





Share