Saturday, 29 November 2008

"ဒိုင်ပွဲရပ် အရှူံး"

ညှို့ မျက်ဝန်းတစ်စုံနဲ့ 
နာမ၀ိသေသနပေါင်းများစွာ

ပိုင်ဆိုင်သော ကောင်မလေးရေ ...

မင်းရဲ့ မျက်ဝန်းတစ်စုံကြောင့်

ငါ့ အတိတ်တွေကို အငွေ့ ဖြစ်သွားချင်တယ်ကွာ ...

ရူးသွပ်ချင်တဲ့ နှလုံသားတစ်စုံနဲ့ 

ရင့်ကျပ်ဖို့ ကြိုးစားနေတဲ့ ဦးနှောက်ဆဲလ်တွေရဲ့ 

လွန်ဆွဲပွဲကြား ...

ငါ့ စိတ်တွေ ...
နှလုံးသားဆီဘက်လိုက်
ဒိုင်ပွဲရပ်လုပ်ချင်ခဲ့တာ
ဖြူစင်တဲ့ အတ္တပါ ...

မင်းမဖြားယောင်းခဲ့ပါဘူး ...

ဒါပေမယ့်
ကောင်မလေးရယ် ...
ငါ့နှလုံးသား မင်း ထံပါးကျဆုံးခဲ့ပါပြီ ... ။

"ဘုံကြိုးပျက်"


နေ၀င်ချိန်တွေပျောက်ဆုံး

လင်းသစ်စ အာရုံဦးတောင်

သန်းခေါင်ယံအတိဖြစ်ခဲ့

ညနေခင်းတွေမလှပခဲ့ရ

ဘာမှန်းမသိတဲ့  2008 april လရဲ့ 

13ရက်နေ့ ည ... ။

**************************************************************************

Friday, 28 November 2008

" ဆန္ဒ "


ၵေမေမက ...
လမင်းကြီးဖြစ်ပြီး ...
ဖေဖေက ...

နေမင်းကြီးသာဆိုရင် ...

ကျွန်တော့် ကောင်းကင်အာကာပြင်မှာ ...
နေအစင်းတစ်ထောင်
ထွန်းတောက်စရာမလိုပါဘူး ...
နေ့ အခါနေမင်းသာလို့ 
ညအချိန် လမင်းထိန်ရင်တော်ပါပြီဗျာ ...

♥MOESUTNAY♥

***************************************************************************************

"ရှိုက်သံ"


ငါး'ကလေးရယ် ...
ငါ ' ကမင်းကိုယ်
မျှားခဲ့တာမဟုတ်ပါဘူး...
မင်း*ကသာ

အစာမရှိတဲ့ကြိုးလေးတစ်ချောင်းမှာ

လာပြီးငြိတွယ်ခဲ့တာပါ ...
မင်း*ပြန်ချင်တယ်ဆိုရင်လဲ
ရေတစ်ပွတ်ကလေးထပြီး
လှုပ်ခတ်သွားခဲ့တဲ့အခိုက် ...

မင်း*မသိလိုက်တာက

ကြိုးလေးတစ်ချောင်းရဲ့ "ရှိုက်သံ" လေ ... ၊၊

*********************************************************************************

" မဖြစ်နိုင်ဘူး "


မာယာများတဲ့
နင့်အပြုံးနဲ့ 
မုသားကြွယ်တဲ့
နင့်စကားလုံးတွေကြား
ငါ*တစ်သတ်လုံး
အရှူံးသမားအဖြစ်မခံနိုင်ဘူး ...

**************************************************************************************

" U R My # 1 "


I'm the one for the world .
But I'll be the world for you .







*****************************************************************************

" ငါ "


ငါ*ကဝေဟင်
နင်*ကလေယာဉ်

ငါ့ရဲ့ ရင်ကြား

နင်*ဖြတ်သွားတော့

ကျန်ရစ်ခဲ့တာ
ငါ*ပဲကွာ ...



****************************************************************************

Thursday, 27 November 2008

" WISH "




IF MY MUM IS A MOON
AND MY DAD IS A SUN;
NO NEED TO BE SHINY
WITH THOUSAND OF SUNS
IN MY SKY .
IT IS ENOUGH FOR ME
TO SUNSHINE IN THE DAYTIME.
AND TO MOONLIT IN THE NIGHTTIME .


♥MOESUTNAY♥

***************************************************************************************

Wednesday, 26 November 2008

" ထါဝရ အတွက် "


ငါ*ဟာ မင်းအတွက်

minor ဖြစ်ပေမယ့်  ...

မင်း*က ငါ့ အတွက်တော့ ...

major ပါပဲ ...

တကယ်ပါ forever ဆိုတာ ...

**************************************************************************

" အချစ်ဆိုတဲ့အရာ "


*******အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်းပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီးကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးကတွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေးဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်းဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်ထပျံလာခဲ့တယ်။မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာအရပ်တန့်ခံလိုက်ရတယ်။လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးကတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်ကသူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲသူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းကခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။

လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?

သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?



fm forward mail :)


******************************************************************************************


*****အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းတော့ မဟုတ်တာ သေချာတယ် ...
ဒါဆိုရင် စွန့် လွှတ်ခြင်းများလား ချစ်သူရယ် ...

ငါကတော့ အချစ် ဆိုတာကို ချစ်နေဖို့  လို့  ပဲထင်ပါတယ် ....
အဲဒီတော့ -စိုင်းစိုင်းရဲ့ လရိပ်ချို သီချင်းလေးထဲကလို ...
နင်*ငါ့အနားမှာရှိသည် ဖြစ်စေ၊ မရှိတော့ ဘူးဖြစ်စေ ငါ*နင့်ကိုယ် ချစ်နေဦးမှာပါပဲ ...

************************************************************************************

Tuesday, 25 November 2008

***ခြားကမ္ဘာ ...


ကောင်မလေးရယ် ...

မင်း*ရင်ခွင်ထဲမှာ...

ငါ*နေထိုင်ခဲ့ဖူးသလို...

ငါ့*ရင်ခွင်ထဲမှာလဲး

မင်း*နေထိုင်ခဲ့ဖူးပါတယ် ...

ဒါပေမယ့်ကွာ...

ကမ္ဘာကြီးတစ်ခုတည်းမှာ ...

ငါတို့ အတူနေထိုင်ကြပေမယ့်...

ကမ္ဘာပေါင်းများစွာဝေးကွာသလို ...

ငါတို့  နှစ်ယောက်ရဲ့ ကြားမှာ ...

ခြားနားသွား ပြီကွာ ...

" စိတ်ကူး "


နင့်ရဲ့ ကောင်းကင်ကြီး မဖြစ်ရရင်လဲး

တိမ်ဖြူလေးတော့ ငါ*ဖြစ်ချင်တယ် ...

နင့်ရဲ့ ရွှေမင်းသားလေးမဖြစ်ရရင်လဲး

အရံလူလေးတော့ ငါ*ဖြစ်ချင်သေးတယ် ...

နင့်ရဲ့ ဘေးနားနေဖို့ မဖြစ်နိုင်ရင်လဲး

အနောက်ကလိုက်လို့  အရိပ်လေးသဖွယ်ငါ*ဖြစ်ချင်တယ် ...

မသေချာတဲ့ဘ၀...

မရေရာတဲ့စိတ်ကူးတွေနဲ့ ...

အရိုးသားဆုံးမျှော်လင့်နေမယ် ...

(မျှော်လင့်ရင်းရူးနေမယ်...)

သက်ဆုံးသည့်တိုင် မင်း*တစ်ယောက်သာပေါ့ ...။

************************************************************************************

" အိပ်စက်ခြင်း "


အိမ်မက်လေးတစ်ခုလို ...

ဖြစ်ခဲ့မယ် ဆိုရင်တောင်မှ ...

နင့် ရင်ခွင်နှလုံးသားလေးထဲမှာ

မနိုးတမ်း အိပ်ပျော်နေချင်ခဲ့သူဟါ ...

ငါ*ပါကွာ ...

***************************************************************************

နော် ...နော် ..နော် ...လို့ 


အကြင်နာ မီးတောက်

ရင်မှာ တီးခေါက်

အစဉ်သာ ငြီးဟောက်လို့  ...

ချစ်ရေ ...ဒီမှာတော့ လာကာ

ချီးမပေါက်နဲ့ ကွာ ...

နော် ...နော် ...နော် ...လို့  ၊၊

♥MOESUTNAY♥

**************************************************************************************

MISSING YOU !


SO NEAR YET SO FAR ::::::::::::::

Monday, 24 November 2008

" ဆွေး "

စမူဆာ ၊ အီကြာကွေးတဲ့  ...
သူမလာ ...

ဒီမှာ ဆွေး ရပြီပေါ့နော် ...




**************************************************************

***U R tHe 1 I luv !


I HAVE EVER MISTAKE 4 CREDULOUS .

ONCE I HAVE EVER LUV TO SOMEONE .

ONCE I HAVE EVER DREAM 4 SOMEONE .

BUT MY HEART R DECLINE IN ONE TIME .



MY HEART IS SEALED 4 U !

♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


**ရူးချင်ပြီနော် ...

ချစ်သူက မုန်း ....
ဖဲက ရှူံး...
နှစ်လုံး မပေါက် ...
စိတ်ကနှောက် ...
အခုတော့ ငါ့မှာ -
ဂေါက်တောက်တောက် ... ♥ ♥ ♥

♥MOESUTNAY♥

***********************************************************

" တဲရော့ "



တနင်္ဂနွေ။
တနင်္ဂနွေသားသမီးများ လွန်ခဲ့သော သုံးလမှ နောက်သုံးလအထိ ခြောက်လအတွင်း အထူး လာဘ်လာဘပွင့်မည်။
အထူးသဖြင့် တနင်္ဂနွေနံပါသောတိုင်းဖြစ်သည့် Eရာဝတီတိုင်းသားများ အိုးသစ်အိမ်သစ်များတွင် အိပ်စက်ရလတ္တံ့။
ဧည့်ခန်း၊ အိပ်ယာနှင့် အိမ်သာသည် တစ်ခုတည်းပင် ဖြစ်လတံ္တ့။ ချို့တဲ့သူများအတွက်လှူချင်သူများ ပေါများလွန်းသဖြင့်လုံခြုံရေးဖြင့်ပင် တားယူရကိန်းရှိသည်။ အလှူမတတ်သူများ အဖမ်းအဆီးပင် ခံရနိုင်သည်။ ကျန်းမာရေးအနေဖြင့် မိုးလေဝသ သတိပေးချက်များကို ဂရုစိုက်နားထောင်ပေးပါက အဆင်ပြေနိုင်သည်။ စီးပွားရေးအနေဖြင့် ချောင်းမြောင်းများထဲတွင် ငါးပက်ခြင်း၊ ဂဏန်းဖမ်းခြင်း၊ မျောပါလာသော ပစ္စည်းများစုဆောင်းခြင်းများ အထူးပင် အကျိုးပေးလတံ္တ့။ အဆိုးများ ပျောက်ကင်းစေရန် ယတြာမှာ မိမိနေသော လမ်းတလျှောက်ရှိအိမ်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် လက်အုပ်ချီရပ်လျက် “ကျန်းမာတော်မူကြပါစ”ဟု မိုးလေဝသ သတင်းကြေညာသူပုံစံဖြင့် လိုက်နှုတ်ဆက်ပါ။
တနင်္လာ။
ကျောင်းဖွင့်ချိန်ဖြစ်သဖြင့် ကျောင်းအုပ်ကြီးများ၊ ကျူရှင်များ၊ ကြိုပို့ယာU်များ ဝင်ငွေကောင်းလတ္တံ့။ ကြက်သား၊
ကြက်သွန်ဈေးများ မကြုံစဖူးတက်သွားပါက ငါး၊ ငရုတ်သီးများ အဝယ်လိုက်လတ္တံ့။ အချစ်ရေးတွင်ဂဂျီဂဂျောင်နိုင်သောလက်တွဲဖော်ရနိုင်သည်။ြ ကိုက်သောသူကို မရနိုင်သေးဘဲ ချိန်ပါဖြစ်နေတတ်သည်။ စီးပွားရေးတွင် ကြံရာမရဖြစ်ပြီးကြက်ဆူပင်စိုက်လိုက်၊ ဂက်စ်ထုတ်ရောင်းလိုက် ဖြစ်နေတတ်သည်။ ကျန်းမာရေးတွင် ငယ်ထိပ်မြွေပေါက်ခံရခြင်း၊ကျားကိုက်ခံရခြင်းစသည့် ထင်မထားသည့် အားနည်းချက်များရှိနေသလို ငှက်ဖျား၊ ကင်ဆာကဲ့သ့ို မပြောပလောက်သည့်ရောဂါသေးများလည်း လာလည်တတ်သည်။ ယတြာအနေဖြင့် ငှက်ပြောပင်အောက်တွင် ဂွေးသီးစားရင်း ခွေးချီးပုံကို
ခြေထောက်ဖြင့် တို့်ကာ “ဂုဏ်ဆိုတာ ကြယ်ကိုခေါ်တာ၊ ကြယ်ကိုသာ ငါလိုသုံးရင် ခမည်းတော်ကြီးက
မေတ္တာချိုတယ်၊”ဆိုပြီး ရွတ်ပါလေ။
အင်္ဂါ။
အင်္ဂါသားသမီးများ စိုးရိမ်စရာ အနေအထားမှ ကျော်လွန်ခြဲ့ ပီဖြစ်သော်လည်း ဆုတ်ယုတ်နေဆဲဖြစ်သည်။
ဆန်ရေစပါးရှားပါးနေနိုင်ပြီး ညအခါ စိတ္တဇဝေဒနာပါ ခံစားရတတ်သည်။ ဆန္ဒပြမှုများငြိမ်သက် သွားနိုင်သော်လည်း စစ်သားများကတော့ ဇဝေဇဝါဖြစ်နေနိုင်သည်။ စီးပွားရေးအနေဖြင့် ဆန်ဆေးရေ ရောင်းခြင်း၊ ဆင်နို့ညှစ်ခြင်း၊
ညကင်းစောင့်ခြင်းများ အထူးပင်ဖြစ်ထွန်းအံ့။ အချစ်ရေးတွင် ဆုပ်လည်းဆူး၊ စားလည်းရူး အနေအထားမျိုးမှ
ဆုပ်လည်းမထူး၊ စားလည်းမထူး အခြေအနေလောက်အထိ တိုးတက်လာနိုင်သည်။ ယတြာအနေဖြင့်
တစ်ပတ်တိတိသွားလေရာကို စည်ပိုင်းကြီးတစ်လုံး ခေါင်းပေါ်ရွက်သွားပါ။
ဗုဒ္ဓဟူး။
ဗုဒ္ဓဟူး အဟုတ်ရူးပြီဟု ပြောရမည်။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊ဝ နှင့်စသော အရာရှိကြီးများ သားသမီးအများအတွက်
ရတက်များကိန်းရှိသည်။ ရန်သူများကို ရဲဘက်စခန်းပို့ထားသည့်တိုင်အောင် ရပ်ကွက်ထဲတွင် ရုတ်ရုတ်သဲသဲ
ဖြစ်တတ်သဖြင့် ရယက တို့ သတိပြုနေသင့်သည်။ ယင်ကောင်လေးများကိုပင် ရင်ခုန်တတ်သော ကောင်မလေးများ
ရွဲသွားနိုင်သည်။ ရိသဲ့သဲ့လာပြောသူများကို ရဲရဲရင့်ရင့် ရက်ရက်စက်စက်တုံ့ပြန်ရန် ရိုးရာသိုင်းများ သင်ထားသင့်သည်။
စီးပွားရေးအနေနှင့် ဝါးကျည်တောက်ရောင်းခြင်း၊ ရေထမ်းခြင်း၊ ယိမ်းကခြင်းများ အကျိုးပေးမည်။ ကျန်းမာရေးအနေဖြင့်
ရင်ခွဲရုံရောက်ကိန်းမှလွဲလျင် အားလုံးကောင်းနေသေးသည်။ ကံတက်စေရန် တခုသော တနင်္လာနေ့တွင်
တရားရုံးတစ်ခုသို့သွားပြီး တရားခံအား “တရားနဲ့သာဖြေပါ။ တရားသူကြီးကနင့်ကို တင်းနေတယ်။ တောင်းပန်လိုက်” ဟု တီးတိုးသွားပြောပါ။
ကြာသပတေး။
မြန်ကာမနှေး ရေခဲတိုက်သို့ရောက်မည်။ အသိဆွေမျိုးသားချင်းများအတွက် လိုက်ပါပို့ဆောင်ခြင်းမျိုးသာ ဖြစ်၍
သိပ်စိတ်ပူစရာ မလိုသော်ငြားလည်း တိုင်အောက်ရောက်နေ၍ တိုင်ပိခြင်း၊ ပုရွက်ဆိတ်ကိုက်ခြင်း စသောအသေးစားထိခိုက်မှုများ ကြုံနိုင်ပါသည်။ ဇာတာစန်းလဂ် အရ စုတ်ရောလာဘ်ပါ ၀င်ချိန်ကြုံခိုက်ဖြစ်၍ မင်္ဂလာဆောင်ရန်လှပချောမောသော သတို့သား/သမီးလောင်းမှာ ငွေထုပ်ပိုက်ကာ အိမ်အရောက် ပေါက်ကိန်းကြုံသော်လည်း ၀ါဝင်သွားသောကြောင့် မင်္ဂလာရက်ရွှေ့ဆိုင်းပြီး စိတ်ရှည်ရှည် စောင့်ရကိန်းကြုံနေမည်။ စီးပွားရေးမှာ ခွက်ခွက်လန်ကုမ္ပဏီတွင် အစုရှယ်ယာဝင်ရင်း ပြုတ်ပြုတ်ပြုန်းကိန်းကြုံခြင်း၊ လေဘေးအတွက် လှူဒါန်းထားသည့်ပစ္စည်းများ (ဥပမာ- ခေါက်ဆွဲခြောက်များ၊ ပုဆိုးများ) ရောင်းဝယ်သိုလှောင်ခြင်းကဲ့သို့ သောအ၀ယ်မှား အရောင်းမထွက်ပဲ
ဆုံးရှုံးရခြင်းများ ဖြစ်နိုင်သဖြင့် အငြိမ်နေကာ ရှိစုမဲ့စုများအား ပေါင်နှံရောင်းချ စားသောက်နေသေးသင့်သော
အချိန်ကာလဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ညအိပ်တိုင်း မျက်စိမှိတ်နေခြင်းမျိုးနှင့် လမ်းလျှောက်လျှင်
ဘယ်တစ်လှမ်းညာတစ်လှမ်း လှမ်းမိခြင်းများမှလွဲ၍ အပယိက ဝေဒနာများကင်းနေအံ့။ ယတြာအနေဖြင့် လမ်း၌တွေ့ သောအချွန်ပါသည့် ခဲတစ်လုံးအား မင်းဖြစ်မင်းခံ၊ ငါဖြစ်လည်းမင်းခံ ဟူ၍ သက်စေ့ရွတ်ကာ အရှိန်ပြင်းပြင်းနှင့် ခြေမမကွဲမချင်းကန်ပါလေ။ အညံ့များပြေသတတ်။
သောကြာ။
သောကြာသားသမီးများ အလုပ်အကိုင်ကောင်းများ ရကိန်းရှိသည်။ ဥပမာ- ထမင်းချက်၊ အ၀တ်လျှော်၊ရေထမ်း။
အလုပ်အကိုင်ရှိပြီးသူများ အမြင့်တက်ကိန်းရှိသည်။ ဥပမာ- အပိုဝင်ငွေအားဖြင့် မန်ကျည်းပင်တက်၍ မန်ကျည်းရွက်နုနုခူးရောင်းခြင်း။ ပစ္စည်းပျောက်ကိန်းကြုံတတ်သဖြင့် အကယ်၍ မန်ကျည်းပင်ပေါ်တက်ခိုက် ချွတ်ထားသော ဖိနပ်အခိုးခံရခြင်းများ၊ ပုံရောင်းသော မန်ကျည်းရွက် နွားစားခံရခြင်းများ၊ ဈေးကောက်မပေးမိ၍ဈေးဗန်းအသိမ်းခံရခြင်းများလည်း ကြုံလတ္တံ့။ ကျန်းမာရေးအညံ့ အနည်းငယ်ရှိ၍ ဗိုက်မအောင့်စေရန် ဗိုက်ဖြုတ်ထားခြင်း၊ ခေါင်းမကိုက်စေရန်ခေါင်းဖြုတ်ထားခြင်းနှင့် ခြေလက်များ ညောင်းနာကိုက်ခဲလျှင် အသင့်သုံးရန်လမ်းကြိတ်စက်ဝယ်သုံးခြင်းမျိုးများဖြင့် ကြိုတင် ကာကွယ်နိုင်ပါသည်။ အချစ်ရေး အိမ်ထောင်ရေးများသာယာစေရန်အလို့ငှာ ပျားရည်ဆမ်းမုန့်ကို တနေ့ ၇ခါ စားပါလေ။ တက်နေသောကံဇာတာကို ထိန်းသိမ်းရန်၊ ပို၍ကံမြင့်စေရန် အိမ်ရှိရေကန်အား နောက်ထပ် မီတာ ၅၀၀ ခန့်အမြင့်သို့ မြှင့်၍ ကံမြှင့်ပါ။
စနေ။
ယခုလအတွက် ကံနိမ့်နေသူများမှာ စနေနံပိုင်ရှင်များပင်ဖြစ်လေသည်။ လမ်းလျှောက်ရင်း ဖိနပ်ပြတ်ခြင်း၊ ဖိနပ်ပြတ်နှင့်ဆက်လျှောက်ရင်းမှ ခွေးချေးနင်းမိခြင်း၊ နင်းမိပြီးမှ ဇီးကိုင်းနင်းပြီး အဆူးစူးခြင်း စသည့်ဥပမာလို
ဆက်တိုက်ဖြစ်နေတတ်သည်။ ဘယ်ဒုက္ခကို အရင်ရှင်းရမှန်းမသိအောင်ပင် များနေတတ်သည်။ ကျန်းမာရေးမှာမူကံဆိုးမှုများကို ခံနိုင်ရည်ရှိရန်အတွက် ဒေါင်ဒေါင်မြည်ကောင်းနေတတ်သည်။ မိုးကြိုးပစ်ခြင်း၊ ဓာတ်လိုက်ခြင်း စသည့်ရုတ်တရက်သေစေနိုင်သည့် ကိန်းများတော့ ခပ်ရေးရးမြင်နေရသည်။ စီးပွါးရေးအနေဖြင့် တီကောင်ကုန်ကူးခြင်း၊ထန်းသီးမုန့်ရောင်းခြင်း၊ နှပ်ချေးညှစ်နည်းသင်တန်းဖွင့်ခြင်းများ အကျိုးပေးနိုင်သည်။ မဖြစ်မနေချေရမည့် ယတြာမှာစနေနေ့၏ အညွန့်နံဖြစ်သော သောကြာနေ့ညတွင် သင်္ချိုင်းသို့သွားပြီး “သရဲသုံးကောင်ရေ - သေေAာင် လာသတ်ကြပါ”ဟု ၁၅ ကြိမ်ရေရွတ်ပါ။

**************


မယုံမရှိနဲ့ နော် အကုန်ထိမှာ ...



fm forward mail :)


******************************************************************************************






" ဟုတ်တယ်ဟုတ် "




ကိုယ့်ချစ်သူကိုတကယ်ချစ်မချစ်သိချင်ရင်စမ်းသပ်ကြည့် ရန် အချက် ၁၂ ချက်

အမှတ်စဉ် ၁၂ ညနက်အထိစကားပြောနေချင်တယ်ပြီးရင်အိပ်ရာထဲဝင်တဲ့ အထိ လဲစိတ်ထဲမှာ ချစ်သူအကြောင်းပဲစဉ်းစားနေမိတယ်။

အမှတ်စဉ် ၁၁ နှစ်ယောက်အတူတူရှိပြီးလျှောက်သွားနေချိန်တွေမှာ လမ်းလျှောက်နှုန်းတွေ သိသိသာသာကို နှေးသွားတယ်။

အမှတ်စဉ် ၁၀ နှစ်ယောက်သားဝေးနေချိန်တွေမှာ စိတ်ထဲမှာဘယ်လိုမှမပျော်ဘူးဖြစ်နေတယ် ။

အမှတ်စဉ် ၉ ကိုယ့်ချစ်သူရဲ့ အသံလေးကိုကြားလိုက်ရမှစိတ်ထဲမယ်ပျော်လာပြီးအလိုလိုပြုံးမိတယ် ။

အမှတ်စဉ် ၈ တယောက်ကိုတယောက်ကြည့်နေချိန်တွေမှာ ဘေးနားကဘယ်သူ့ကိုမှ မမြင်တော့ဘူး။ မျက်လုံးထဲမှာ ချစ်တဲ့ သူတယောက်ထည်းပဲရှိတော့တယ်။

အမှတ်စဉ် ၆ စိတ်အစဉ်တိုင်းစဉ်းစားသမျှ ကိုယ့် ချစ်သူအကြောင်းပဲဖြစ်နေတတ်တယ် ။

အမှတ်စဉ် ၅ ကိုယ့်ချစ်သူကိုတွေ့ လိုက်တာနဲ့ အလိုလိုပြုံးနေမိတယ် ။

အမှတ်စဉ် ၄ သူ့ ကိုတွေ့ ရ ဆုံဖို့ ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ အစဉ်သင့် ပဲ ။

အမှတ်စဉ် ၃ ခုဒီစာကိုဖတ်နေချိန်မှာကို စိတ်ထဲမှာကိုယ်ချစ်တဲ့ သူ့  အကြောင်း ကိုပဲစဉ်းစားနေတယ်။

အမှတ်စဉ် ၂ ဘယ်လောက်များ စိတ်ထဲစဉ်းစားနေလဲဆိုရင် အမှတ်စဉ် ၇ ပါမလာတာတောင်သတိမထားမိတဲ့ အထိပေါ့ ။

အမှတ်စဉ် ၁ဟောကြည့် ................ခုမှ အမှတ်စဉ် ၇ ပါမလာတာကိုသေချာအောင်ပြန်ကြည့်ပြီးကိုယ့် ကိုကိုယ် ကြိတ်ပြီးရီနေပြီဟုတ်?;) ချစ်တိုင်း ညားကြပါစေဗျာ.............


fm forward mail :)


******************************************************************************************





သူက ဟါသလားတော့ မသိဘူး ....ဟါသတွေထဲကဟါသပါ ...


(၁)"ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်" ဟုအမျိုးသမီး တစ်ဦးက အိပ်ရာကုတင်ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအားကုတင်ပေါ်တွင် လှဲလှောင်းစေပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ယောက်ကျားပြန်အလာနှင့် တိုးသည်။"ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ" ဟု မေးရာ ထိုလူက"ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား" ဟု ပြန်ဖြေသည်။
အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသောစကားအချို့သည် သံသယမရှိ ယုံကြည်စေတတ်သည်။
(
၂)တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအားမြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားကသူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်""ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာလို့မှ မဖြစ်နိုင်တာ"
အခြေအနေကို သိနားလည်သော ယောက်ကျားသည် ယောက်ကျားကောင်းဖြစ်ပြီးအခြေအနေကို မသိ နားမလည်သော ယောက်ကျားသည် ယောက်ကျားမြတ်ဖြစ်သည်။
(၃)Franklin Delano Roosevelt အမေရိကန်သမတ္တ မဖြစ်ခင် နေအိမ်တွင်အခိုးခံရဖူးသည်။သူငယ်ချင်းများက အကျိုးအကြောင်း လာရောက်မေးမြန်းကြသည်။ Roosevelt က ထိုသို့ ပြန်ဖြေလေသည်။"လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်.ကျွန်တော်ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာတည်ငြိမ်နေပါတယ်..ဘာဖြစ်လို့လဲဆိုတော့..သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး...ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး....ကျွန်တော် ၀မ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်မဟုတ်လိုပါပဲ"
(၄)Winston Churchill (British Prime Minister 1874-1965) တစ်ခါကဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးကစာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။စင်အောက်တွင် သူ့အား ကန့်ကွက်မည့်သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchillမှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့် ..."ကျွန်တော် စာတစ်စောင် ရလိုက်တယ်... စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်းရေးဖို့မေ့ပြီး သူ့နာမည်ပဲရေးထားတယ်" ဟုပြောသည်။စိတ်မဆိုးသည့်အပြင် ဟာသနှောပြီးတစ်ဖက်လူအား အလိမ္မာနည်းဖြင့်အနိုင်ယူလိုက်ခြင်းဖြစ်သည်။
ဟာသထဲက ဟာသ
အပိုင်း (၁)
တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်ခရီးအတူ သွားကြသည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါထိုပုလင်းကို စောင့်သော နတ်သားတစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကိုတောင်းဆိုစေသည်။
ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်""ဒုတိယ ဆန္ဒကရော"" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်""တတိယ ဆန္ဒကရော""ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကိုပြန်သွားရသည်။
တဖန် ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်""ဒုတိယ ဆန္ဒပြောပါ"" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်""တတိယ ဆန္ဒပြောပါ""ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။
နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် "ကျွန်တော်မျိုး ရေဆာတယ်ရေတစ်ပုလင်းအရင်ပေးပါ""ဒုတိယ ဆန္ဒပြောပါ""ရေနောက်ထပ် တစ်ပုလင်းပေးပါ""တတိယ ဆန္ဒပြောပါ""ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်လုပ်ပေးပါ"
အပိုင်း (၂)
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါးထွက်လာပြန်သည်။ နတ်သားက တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။
အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်သူ့အား အရင် တောင်းဆိုစေသည်။တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။
အပိုင်း (၃)
အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီးတစ်ယောက်စီ ကြိုက်နှစ်သက်ရာဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။
အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"
အပိုင်း (၄)
အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီးသူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲတောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကိုတောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒမပြည့်စေရန် တိုးတိုးပြောသည်။
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကိုနေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံနေတာ မကြည့်ရက်လို့ပါ " ဟူတည်း။
(အီဖေကိုယ် သာ တောင်းဆိုခွင့်ရခဲ့လျှင် တစ်ခုတောင်းဆိုချင်ပါသည်။ပုလင်းများကို recycle လုပ်ပါဟုး)
ကလေးအတွေး
.(၁)ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။သား.....သား "ဒီဟာ" လဲ မတတ်ဘူး။ သား "ဟိုဟာ" လဲ မတတ်ဘူး။ဖခင်.......... ^&(*&!")(!_)£$"
(၂)ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲသား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာရင် ဘွားဘွားကိုယူမယ်။ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြောလို့မရဘူး သား..သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။ဖခင်.........^&!()%^$%!$"*(
(၃)ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲသား........... မသိဘူး ဖေဖေဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။ဖခင်...........&^!*"^!%"$!£")(*)
(၄)"နင့်အမှတ် ဘယ်လောက်ရလဲ""သုည ..နင်ကော""ငါလဲ သုညပဲရတယ်""အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိဘူး"
ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်းသား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။ဖခင်............&*!^"!%"!^%"!08
(၅)ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....ဖခင်............&*!^"!%"!^%"!08
တွေးတွေးပြီး.......ရယ်
.(၁)တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။
အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မကပ်ဘူးလို့ ပြောကြတယ်။အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲစာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
(၂)တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။လုယုက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်အကြီးအကဲ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွလုယုက်သူ......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး
(၃)တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံးဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။
သတင်းထောက်....ဆရာ...ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူးသတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကောဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူးသတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ
(၄)တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။ဆေးရုံရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "အကြီးအကဲ ကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..."ဟု ကောင်းချီးပေးကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော် "ဒီလူနာက ငါ့ကိုမြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။
တွေးတွေးပြီး(ရီ)ရယ်
၁.တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"
၂.တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycleလုပ်နေတာရှင့်"
၃."ကျွန်တော်ဟာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"" ဒါပေါ့ရှင်.... ဘာဖြစ်လို့ ယောင်္ကျားလေးတိုင်းက ဒီမေးခွန်းကို မေးကြသလဲမသိဘူး"
၎.ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"ခခွေး " ၂၄ လုံးကျန်မယ်"ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"ခခွေး " ဘာဖြစ်လို့လဲ"ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"
၅.အသက်(၆၀)ရှိ လင်မယားနှစ်ဦး မွေးနေ့ပွဲ ကျင်းပကြသည်။ နတ်သားတစ်ပါးရောက်လာပြီး လိုရာဆုတောင်းစေသည်။အဘွားအို " တပည့်တော်မ ကမ္ဘာပတ်ချင်ပါတယ်"နတ်သား " တောင်းတဲ့ဆုနဲ့ ပြည့်စေ"အဘွားအိုမှာ တောင်းသောဆုပြည့်သွားသည်။အဘိုးအို " တပည့်တော်ထက် အသက်(၃၀)ငယ်တဲ့ မိန်းကလေးကို အခုအချိန်မှာပွေ့ဖက်ချင်ပါတယ်"နတ်သား "တောင်းတဲ့ဆုနဲ့ပြည့်စေ"အဘိုးအိုမှာ ချက်ချင်း အသက်(၉၀)ဖြစ်သွားသည်။ဆုတောင်းမည်ဆိုလျှင် စကားကို ရှင်းလင်းအောင်ပြောသင့်သည်။
၆.မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)ယမမင်း " ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကိုထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့အသုံးဝင် WINDOWS တွေကိုလည်း ထွင်ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာဆုံးဖြတ်ပေတော့"
Bill - Gates " နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ"ယမမင်း "ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်"သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသောပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့်မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသောတိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါးနေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။Bill - Gates "ကျွန်တော် ငရဲပြည်ပဲ သွားမယ်"ယမမင်း "ကောင်းပြီ"
သို့နှင့် နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူငှေး ငရဲပြည်မှာဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်းငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။
Bill - Gates "ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ"ယမမင်း " အော် အဲတာတွေလား....အဲတာတွေက Screen Saver တွေလေ"

FORWARD MAIL ဖတ်ဖူးတာလေး မျှဝေလိုက်ပါတယ်။

mail ဟက်တာ

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ ၂။ cookies အခိုးခံရတာ၃။ key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာbackground process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကိုဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့်
crack.ms တို့လို password တွေserial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။ နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲpassword မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။
hackerတွေရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ်ကိုယ် hack ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....Site, Company တခု ကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့ တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware, Software, network topology, server OS, etc....... That's social engineering.
ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။
မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။ 1) g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။3) g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။
Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။
တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။ အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။ C:\Windows\System for Windows 95/98/MEC:\Winnt\System32 for Windows NT/2000C:\Windows\System32 for Windows XP and Vistaအဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင်Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။အောက်မှာပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။%ProgramFiles%\KeyLog\Key.exe%ProgramFiles%\KeyLog\Uninstall.exe%ProgramFiles%\KeyLog\msdts.exe%UserProfile%\Desktop\Key.exeဒါက DLL file တွေကို ကစ်ဖို့ ..%ProgramFiles%\KeyLog\Registration.dll%ProgramFiles%\KeyLog\Support.dll%System%\Urncb.dll%System%\Urncbc.dllဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial)
2.0.1.5
အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack ခံခဲ့ရဖူးပါတယ်။
================================================== ==
တကယ်တော့ Gmail password ပဲ hack ခံရမှာကြောက်နေတာလား အခြားဟာတွေကော hack ခံရမှာမကြောက်ကျဘူးလား ဘယ် web site ကိုပဲဖွင့်ဖွင့် Gmail, friendster, zopia, hi5,WAYN အဲဒါတွေဖွင့်တယ် VZO သုံးတယ် ပြီးတော့အမူမဲ့အမှတ်မဲ့ပြန်သွားကြတယ်လေအဲဒီမှာနောက်လူကလာတော့တွေ့ရော သူများအကြောင်းကိုယ့်အကြောင်းစပ်စုချင်တဲ့သူက၀င်မှာပဲလေအဲဒီအခါကျတော့ hack သလိုဖြစ်သွားတာပေါ့နော် တကယ့် hacker ကြီးတော့မတွေ့ဘူးသေးဘူးရှိလဲ ဒီလို Gmail လောက်ကိုလိုက် မhack ဘူးထင်တာပဲလေအကောင်းဆုံးကတော့ ကိုယ်သုံးပြီးရင်သေချာ log out လုပ်ခဲ့လားဆိုတာကိုပြန်စစ်ပေါ့… VZO ကတော့အများဆုံးကျန်တတ်တယ်သတိတော့ထားပေါ့နော်Gmail ကတော့ ဒီတိုင်းပိတ်လိုက်ပြီးပြန်ဖွင့်ရင်တောင် username and password တောင်းပါတယ် လွယ်လွယ်လေးနဲ့ hack လို့်မရပါဘူးကိုယ့်အကောင့်ကို ကိုယ်သေချာ logout လုပ်ခဲ့ပါ အပေါ်ကပြောသလို key logger လိုဟာတွေရှိမရှိစစ်ပေါ့နော်ရှိရင်လဲ ပိတ်ထားလိုက်ပေါ့မပိတ်တတ်ရင် ဆိုင်ရှင်ကို ပိတ်ပေးဖို့ပြောလိုက်ပေါ့ဗျာအဲဒါပိုကောင်းပါမယ်
Hacking လုပ်စရာ Gmail တခုထဲရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့ ပြီးတော့ မြန်မာပြည်က Gmail တော်တော်များများဟာ personal များပါတယ် အဲဒီမေးလ်တွေကို့ hacker တွေက မhack လောက်ပါဘူး ဒီလိုပဲသာမာန် user ထဲကနည်းနည်းပိုတတ်တဲ့သူက ကလိတာဖြစ်မှာပါ ကိုယ့်အကောင့်ကိုသိသွားတာ မခံချင်စရာပေါ့နော် သုံးပြီး ပြန်ကြည့် သတိရှိရင် မခံရနိုင်ပါဘူး


================================================== ==

နောက်တစ်ခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်အကြောင်းပါ၊ သူက စလုံး မှာကျောင်းတက်နေတာ သူရဲ့ Gmail ကို Hack လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကို သူတစ်ယောက်ပဲသုံးတာပါ။ တနေ့ သူ Gtalk မှာ hacker လိုပြောတဲ့ သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း က မင်း hacker ဆိုရင် ငါ့ Gmail ကို ရအောင် hack ဆိုပြီး ပြောလိုက်တယ်။ hacker ကပြောတယ် 24 hr အတွင်း hack ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာကျွန်တော့် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က hacker ကိုပြောလိုက်တယ် မင်းမှာ Gmail ကို hack တဲ့ tools ရှိလိုမင်း hack လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ့ကျောင်း email ကိုပေးပြီး hack လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တစ်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာ ကျွန်တော့်သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။ အဲဒီမှာတင် ကျွန်တော့်သူငယ်ချင်းလည်း hacker ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း hacker ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ hack လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ hacker ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ဖြစ်ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ hacker ရဲ့ Gmail account ကို မေ့သွားကြပါပြီ။ hacker ကလည်း ကျွန်တော့်သူငယ်ချင်းကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White Hacker ဖြစ်မယ့်ပုံပါပဲ။
ခု cyber cafe တွေမှာ hack ခံရတာ ဒီလို hacker မျိုးတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ key logger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။

================================================== ==

ဒါဟာ wifi သုံးတဲ့သူတွေ ခံရတတ်တဲ့ နည်းပဲလို့ တွေးမိပါတယ်။ packet sniffer ဆိုတဲ့ tools တွေရှိပါတယ်။ windows အတွက်နာမည်ကျော်ကတော့
Cain and able ဆိုတာပါပဲ။ Linux ရော Windows မှာပါသုံးနိုင်တာကတော့ wire shark ပါ။ အဲဒီ tools တွေနဲ့ တစ်ဖက်လူ သုံးနေတဲ့ TCP packet တွေကို ကြည့်နိုင်ပါတယ်။ wifi သုံးတဲ့သူဆိုရင်တော့ လေထဲကတင် အနံ့ခံပြီးရှာနိုင်တာပါပဲ။ အဲဒီအခါ ခုနက ကျွန်တော်ပြောခဲ့တဲ့ cookies တွေကို ရသွားပါလိမ့်မယ်။Gtalk ကိုဝင်နေဆဲ cookies ရသွားပြီဆိုရင်တော့ အဲဒါကို import ပြန်လုပ်လိုက်ရုံပဲရှိပါတော့တယ်။ ဒီလိုလုပ်လိုက်တာဖြစ်မှာပါပဲ။

================================================== ==

ဒီနေရာမှာ အများ သတိမထားမိတဲ့ အချက်လေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။Password security အကြောင်းလေးပါ။ Internet ကိုစတင်အသုံးပြုသူတွေဟာ Website အသစ်တွေ့တိုင်း Signup လုပ်၊ သူငယ်ချင်းတွေရဲ့Email တွေကိုပါ ဖိတ်မာန်တက ပြုပြီး signup လုပ်စေပါတယ်။ဆိုကြပါစို့ ကျွန်တော်က မသမာတဲ့ hacker တစ်ယောက်ဆိုပါတော့။ အခုခေတ်မှာ Domain တစ်ခုဝယ်ပြီး forum တစ်ခု Setup လုပ်တာ လွယ်မှလွယ်။ ဒါ့ကြောင့် လူစိတ်ဝင်စားမယ့် နာမည်နဲ့Website တစ်ခုထောင်၊ ပြီးတော့ free software တွေ၊ file download တွေပေးပြီး၊ User တွေကိုattract လုပ်ပါတယ်။ User တွေကလည်း subscribe လုပ်ကြတယ်ပေါ့။ဒီမှာတင်စပါပြီ။ အတွေ့အကြုံနည်းတဲ့ User တွေဟာ မှတ်ရလွယ်တဲ့ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးပါတယ်။ Subscription တွေများတော့ အကုန်မမှတ်နိုင်တော့ဘူး၊ Gmail Account တစ်ခု Password တစ်ခုတည်းနဲ့ Site တိုင်းမှာ Subscribe လုပ်ထားတော့၊ မသမာတဲ့ Hacker ရဲ့ website မှာလည်း ဒီ Gmail နဲ့ပဲ ဒီ Password နဲ့ပဲ၊ Subscribe လုပ်မိရင်၊ မသမာတဲ့ hacker ဟာ Gmail နာမည်နဲ့ Password တွဲရက်ကိုသိသွားပါပြီ။ ( ဒီနေရာမှာ ဆရာသမားများက Encrypt လုပ်ထားရင် ဘယ်လိုမှမသိနိုင်ဘူးပြောကြပါမယ်။ Forum system တွေမှာ password ကို Plain text နဲ့ သိမ်းအောင်လုပ်ရတာမျိုးဟာ ဘာမှမခက်ပါဘူး။ အကယ်၍ Encrypt လုပ်ထားရင်တောင် Algorithm နဲ့ Salt နဲ့သိရင် Password ထဲက တချို့စာလုံးတွေကို ဖော်ပြီး၊ အားလုံးကို မှန်းဆဖို့ဟာ မခက်တော့ပါဘူး။)ကဲ သူကသင့်ရဲ့ Gmail နဲ့ Password ကိုသုံးပြီး သင့်ရဲ့ Gmail ကို အရင် စမ်းကြည့်မယ်။ ပြီးရင် တခြား Forum တွေ Subscription တွေကို Login ၀င်ကြည့်မယ်။ နာမည်တူ နဲ့ တခြား email တွေ ဥပမာ
…………..@gmail.com ဆိုရင် ………….@hotmail.com, ……………@yahoo.com တို့ရှိနိုင်တယ်Password တစ်ခုတည်းကိုပဲသုံးတော့

အဟက်ခံခြင်းကင်းဝေးကြပါစေ ....



fm forward mail :)


******************************************************************************************





ချစ်သူတို့ ရဲ့  အချစ်အကြောင်း

အခုဟာက ရာသီခွင် နဲ့ သူ့တို့ရဲ့အချစ်အကြောင်းတွေပါ ။ ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက ရေးပေးလိုက်ပါတယ် ။ Aries - March 21 - April 20 Taurus - April 21 - May 21 Gemini - May 22 - June 21 Cancer - June 22 - July 22 Leo - July 23 -August 21 Virgo - August 22 - September 23 Libra - September 24 - October 23 Scorpio - October 24 - November 22 Sagittarius - November 23 - December 22 Capricorn - December 23 - January 20 Aquarius - January 21 - February 19 Pisces - February 20- March 20 မိဿအချစ်ဒဿန (ARIES) မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု ဖော်ကျူးထားသည်။ အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။ "အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်" အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။ ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။ နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့် အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန် အမြဲထိန်းသိမ်းကြိုးစားမည်။ မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။ ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။ ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။ ပြိဿအချစ်ဒဿန (TAURUS) ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ ၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။ မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို ပိုင်ဆိုင်သည်။ သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။ အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။ သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။ နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။ ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။ တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။ အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈ နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက် ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု သတ်မှတ်သည်။ ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။ မေထုန် အချစ်ဒဿန (GEMINI) မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်။ ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။ ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ် လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်။ ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင် မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင် သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍ ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက် ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။ ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။ ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့် လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။ ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။ ကရကဋ် အချစ်ဒဿန (CANCER) ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။ အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။ အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ ၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။ မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင် ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။ ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော် မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့် ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။ ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။ မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။ ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။ သိဟ်အချစ်ဒဿန (LEO) သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့ ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။ အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။ ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည် ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။ ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။ အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊ အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။ မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊ ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည် အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။ အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန် ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထားသောများဖြစ်သည်။ ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။ ကန် အချစ်ဒဿန (VIRGO) ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍ ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။ ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။ လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့် ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။ နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့် ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း ဘဝမတူ​သောသူနှင့် ချစ်မည်။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။ အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ဝန်မလေး။တစ်ပါးသူအသည်းခွဲရန် ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။ ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။ ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။ တူရာသီ အချစ်ဒဿန (LIBRA) တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။ ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည် မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍ ချစ်တတ်သည်။ အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။ ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုး​ပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာ​ရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။ ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။ အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို ဥပက္ခာ​ပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍ အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။ ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။ ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။ ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ​၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်​ ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြ​လိမ့်ဦးမည်။ ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှု​အပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။ မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊​ ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည် "ဟူ၍ဖြစ်သည်။ ဗြိစ္ဆာအချစ်ဒဿန (SCORPIO) ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ ပင်နားမလည်​နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့​နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။ ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။ အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။ တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။ မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။ သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။ မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။ ဓနု အချစ်ဒဿန (SAGITTARIUS) ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။ မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိ​သူဟု ဖော်ကျူးထားသည်။ ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင် ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။ ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။ ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။ ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။ တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။ မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။ မကာရ အချစ်ဒဿန (CAPRICORN) မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။ ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌ ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။ နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရ​တတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။ အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက် ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။ မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။ ကုမ်အချစ်ဒဿန (AQUARIUS) ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။ ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ် မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။ အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။ မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။ ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။ ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။ ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။ မိန်အချစ်ဒဿန(PISCES) မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။ နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့် ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။ အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင် တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။ ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။ ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။ ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။ ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင် မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။ ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။ နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။



fm forward mail :)


******************************************************************************************





IF I HAD A WINGS, I WANNA FLY TO YOU !


ONCE , I HAVE EVER LOVED .

ONCE , I HAVE EVER BEATEN MY HEART .

ONCE , I HAVE EVER MISSED .

ONCE , I HAVE EVER SUFFERED .

ONCE , I HAVE EVER HAD BROKEN HEART .

MY HEART STOPPED BEATEN IN ONE TIME !


************************************************************************************