Friday, 10 February 2012

သူငယ်ချင်းတို့ရဲ့ ဗယ်လင်တိုင်း


မင်းနှုတ်ဖျားက ချစ်ခွန်းတစ်ရာထက်

မင်းအာရုံထဲမှာ သူရှိနေဖို့ပါ . . .


မင်းဝယ်ပေးတဲ့ လက်ဆောင်ပဏ္ဍာထက်

မင်းရင်ထဲက သိတတ်မှုပါ . . .


အချစ်ဆိုတာ ချစ်နေဖို့လည်း လိုသလို

ချစ်တတ်ဖို့လည်းလိုတာမို့


မင်းတကယ်ပဲချစ်တယ်ဆိုရင်

တန်ဖိုး နည်းနည်း ထားကြည့်လိုက်ပါ . . . :)


www.moesutnay.blogspot.com

♥MOESUTNAY♥

Friday, 10 February 2012

8 :00 P.M.

* * * * * * * * * * * * ◘ • ◘ * * * * * * * * * * * *

ခမ်းနားထည်ဝါမှုတွေထက်

ရိုးသားစင်ကြယ်မှုက အဓိကဆိုတာ . . . မင်းသိဖို့ပါကွာ :)


Share

Thursday, 2 February 2012

“စုတ်ပြတ်သွားသော အတွေးတစ်ခု၏ . . .”

“စုတ်ပြတ်သွားသော အတွေးတစ်ခု၏ . . .”



ရင်ထဲမှာ နာကျင်စရာတွေရှိခဲ့ဖူးတယ်ဆိုတာ
ဘယ်သူမှ မမြင်နိုင်အောင် ပြည်ဖုံးကာချထားလို့ရယ် . . .

ကျွန်တော် မျက်ရည်တွေ
လူမသိအောင် အခါခါကြွေခဲ့ဖူးတယ်

နာကျည်းချက်ကြောင့်
ကျတဲ့အခါ . . . ဒဏ်ရာက ရင်ဘတ်မှာ လာလာစိုက်တယ်

ကျွန်တော် ခပ်မိုက်မိုက်နဲ့
ဆဘ်မစ်တ် ဆူစိုက် အကြောင်းတွေးတောရင်း
(တစ်ချို့)ကြယ်တွေ အကြွေစောတာ ဘာကြောင့်လဲ . . . လို့ သက်ပြင်းချ
လူဖြစ်ရတဲ့ဘ၀မှာ မနက်ဖြန်ဆိုတာ ဆက်ဖို့
အတိတ်ရဲ့လက်ကျန်တွေ ခဏဘေးချိတ်ကာ
သံသရာဆိုတာသာ မရှိခဲ့ရင်ဗျာ
အဖန်ငါးရာငါးကမ္ဘာကိုသာ မကြောက်ရရင်
အခု ကျွန်တော် ဘာလုပ်ချင်နေတယ် . . . ကျွန်တော် သိနေတယ် :(

MOESUTNAY

Wednesday, February 01, 2012 at 10:00pm






Share

Wednesday, 1 February 2012

မျက်ရည်ဆိုတာ ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုရင်လည်း ! _ !

http://blogs.warwick.ac.uk/images/spectacle/2007/10/21/cryingboybrunoamadio.jpg?maxWidth=600

ကျွန်တော် ပျော်ပျော်နေတယ်
ဒါပေမယ့် ခံစားတတ်တယ်

ကျွန်တော် ခံနိုင်ရည် အားတင်းထားတယ်
ဒါပေမယ့် ၀မ်းနည်းသွားတယ်

ကျွန်တော် မျက်ရည်ကျတယ်
ဒါပေမယ့် ဘယ်သူမှမသိရဘူး

ကျွန်တော် ငိုဖြစ်သွားတယ်
ဒါပေမယ့် ၀မ်းမနည်းပါဘူး . . .

မျက်ရည်ဆိုတာ ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုရင်လည်း
ကျွန်တော် ငိုမှာပဲ . . .
ဒါဟာ စိတ်ထွက်ပေါက် ပဲ . . .
! _ !
! _ !
! _ !

♥MOESUTNAY♥

Wednesday, February 01, 2012 at 11:01pm ·


Share