Sunday, 3 November 2013
"နင်သိဖို့ ရာ"
"နင်သိဖို့ ရာ"
29 September 2010 at 11:56
ငါသိပါတယ် ...
ကောင်မလေးရယ်
ကံစက်ဝိုင်း ဖယ်ခွာပြေးလို့ 
တစ်နေ့ နေ့ မှာ ဝေးရမယ်ဆိုတာကိုလေ ...
ငါသိပါတယ် ...
ကောင်မလေးရယ်
ပလီပလာ တီတာစကားနဲ့ 
အဖြူရောင်လို့  ခေါင်းစဉ်တွေမှားတပ်
ငါကိုယ်တိုင်က တရားပျက်ခဲ့တာလေ ...
ငါသိပါတယ် ...
ကောင်မလေးရယ်
ပြုံးရုံသာပြုံးပြတတ်တဲ့ 
မင်းမျက်ဝန်းနက်တွေထဲက အဓိပ္ပာယ်ကို
ငါစိတ်မှန်းနဲ့ လွမ်းပါရစေတော့လေ ...
ငါသိပါတယ် ...
ကောင်မလေးရယ်
စစ်မှန်တဲ့ ချစ်ခြင်းတရားဟာ
ဒွန်းစန္ဒားလို လက်ဖြန့် တောင်းလို့ 
ချစ်ပါ' ချစ်ပါ' အော်နေလို့ မှ မရတာလေ ....
တကယ်ပါ ....
ကောင်မလေးရယ်
နှလုံးသားကို အဆိပ်ခပ်
ရင်ခုန်သံတွေ အိပ်မက်မက်လို့ ကောင်းနေတုန်း
အလွမ်းတွေတွေးပြီး ငါကျန်ရစ်လည်း
ငါလေ...နင့်ပဲ ချစ်တယ် ...
♥MOESUTNAY♥
"အဟောင်းတွေကို~အစုတ်မလုပ်ချင်ဘူး"
"အဟောင်းတွေကို~အစုတ်မလုပ်ချင်ဘူး"
2 October 2010 at 17:54
နင်'လက်ခုတ်တီးတိုင်း
အပြေးလေးလာရအောင်
ငါ'ဆိုက်ကားဆရာ မဟုတ်ဘူး ...
နင်'လက်လှမ်းပြတားလို့ 
ရပ်တန့် သွားရအောင်လည်း
ငါ' TAXI ကား မဟုတ်ဘူး ...
နင်'လာပါအုံး လုပ်တိုင်း
ပြန်လှည့်လာရအောင်လည်း
ငါ'ပဲပြုတ်သည် မဟုတ်ဘူး ...
နင်'အကူအညီလိုတိုင်း
သတိရတတ်ရအောင်လည်း
ငါ'က 199 မဟုတ်ဘူး ...
နင်'သိလိုသမျှမေးတာကို
ပြန်ဖြေကြားရအောင်လည်း
ငါ' Inquiry က ၀န်ထမ်းမဟုတ်ဘူး ...
နင်'လိုအပ်လို့ ပါလို့ သနားခံတိုင်း
ကူညီပေးဖို့ ရာ
ငါ'က ကယ်တင်ခြင်းတပ် ဖွင့်ထားတာလည်း မဟုတ်ဘူး ...
နင်'ခိုနားချင် ခိုနား
စိတ်မလိုတော့ ပြန်ထွက်သွားရအောင်
ငါ'ကို ဇရပ်ပျက်များ မှတ်နေလား ...
နင်'သိအောင်
တစ်ခွန်းထဲပြောမယ် ...
နင်'လက်ခါပြလို့ 
ဟိုးဝေးဝေး ... ပြေးထွက်သွားကတည်းက
ခုဆို... ငါ့ဟာနဲ့ ငါ
တော်တော်လေး ~ ခရီးပေါက်နေပြီ ...
ခြံခုန်ဖူးတဲ့ နွားတစ်ကောင်
ခြံလုံအောင် ပြန်လာတာဆိုရင်တောင်
ငါ့ခြံထဲကကောက်ရိုးတွေအတွက်
ငါကိုယ်တိုင် မီးပုံရှို့ ပြစ်လိုက်မယ် ... ။ ။
♥MOESUTNAY♥
September 2,2010
(Thursday)
9:00 a.m.
server error ???
server error ???
29 September 2010 at 12:34
နင့်ရင်ဘတ်ကို
ငါ ping ခေါက်တော့
ပြန်လာတဲ့  respond က
request timed out တဲ့ 
server ငြိနေသလားလို့ 
proxy ကျော်တော့
network connection is failed တဲ့ ကွာ ...
ငါ့ရင်ခွင်ကနေ ...
နင့်နှလုံးသား server ကို
heart to heart ဆုံချင်လို့ 
domain name နဲ့  hosting ထောင်မယ်
access denied ပဲလား...
ဟား ... ငါဘယ်လို  ထပ် try ရမလဲ !!!!
♥MOESUTNAY♥
"ကောင်မလေး(သို့ ) ချစ်ရသူ"
"ကောင်မလေး(သို့ ) ချစ်ရသူ"
29 September 2010 at 20:42
ကောင်မလေးရေ...
ကမ္ဘာကြီးက တဖြေးဖြေးပူနွေးလာကာ
အိုဇုန်းလွှာကြီးလည်း ပေါက်ထွက်လာပြီတဲ့ 
တစ်ချို့ နိုင်ငံတွေမှာ စစ်မက်တွေဖြစ်ပွားကာ
တစ်ချို့ အရပ်တွေမှာက ရေရှားကုန်ကြပြီ
တစ်ချို့ လူတွေက 2012 ကိုကြောက်လို့ suicide လုပ်ကုန်ကာ
တစ်ချို့ တော့ အပူလှိုင်းဒဏ်သင့်ကုန်ကြပြီ ....
ကမ္ဘာကြီးအရေးက ...
ငါတို့ နဲ့ မဆိုင်ဘူးလို့  မပြောချင်ပေမယ့်လည်းကွာ
တွေဝေကာ မစဉ်းစားပါနဲ့ လား ကောင်မလေးရယ်...
ကမ္ဘာမပြိုခင်လေး
ခရမ်းလွန်တွေမထိခင်လေး
စစ်ဘေးထဲ မပါခင်လေး
ရေဘေးဒုက္ခမသင့်ခင်လေး
2012 နဲ့ မကြုံခင်လေး
အပူဒဏ်တွေမခံရခင်လေး
မနက်ဖြန်ဆိုတာ မသေချာတာမို့ 
ကာလလေးတွေ တိုလွန်းလို့ ပါဟာ
မင်းငါ့ကိုယ် မြန်မြန်ချစ်လိုက်ပါတော့ကွာ .... ။ ။
♥MOESUTNAY♥
 May 21, 2010
(  Friday )
2:22 PM
"ကွန်ပြူတာမဟုတ်ဘူး~မေ့နိုင်ဖို့ မလွယ်ဘူး"
"ကွန်ပြူတာမဟုတ်ဘူး~မေ့နိုင်ဖို့ မလွယ်ဘူး"
4 October 2010 at 18:57
ပြောရက်လိုက်တာ
ကောင်မလေးရယ်
မေ့လိုက်ပါတော့တဲ့လားကွယ် ...
မင်းပြောတော့ ~ အလွယ်လေးပါ
အသက်မဲ့တဲ့ Computer တစ်လုံးပမာ
Install ချင်တိုင်း Install
Delete ချင်တိုင်း Delete ရအောင်
Machine မှ မဟုတ်ဘဲကွ
လူ ဟ လူ 
အသွေးနဲ့ အသားနဲ့ ဗျ ... ။ ~ ။
♥MOESUTNAY♥
"မင်း'ပြစ်ခွင်းတဲ့  အမုန်းမြစ်တစ်စင်း"
"မင်း'ပြစ်ခွင်းတဲ့  အမုန်းမြစ်တစ်စင်း"
4 October 2010 at 12:14
ပေးဆပ်ခြင်းရဲ့
အတိမ်အနက်ကို
ခံစားနားလည်တတ်ရင်
စွန့် လွှတ်ဖို့ စကား
မင်း'...မပြောပါနဲ့ လား ???
အပျော်သက်သက်
ကျီစားခဲ့ရင်တောင်မှ
အထိအတွေ့ လေးတွေက
ဘ၀မှာ...မမေ့နိုင်စရာပါ ...။
သတ်မှတ်ချက်နဲ့ 
ရင်ခုန်သံကို
နာရီတွေ၊သီအိုရီတွေနဲ့ 
ထိန်းချုပ်နေတာ
မင်း'...ခံစားနိုင်ပေမယ့်
ငါ'...အရမ်းကြေကွဲရတယ်...။
မင်း'...ဆန္ဒအရ
ငါ့'...အသဲကို မသနား
ငါ့'...ဘ၀ကို ကစားတဲ့အထိတော့
မတုံ့ ပြန်သင့်ပါဘူးကွာ ... ။
ကောင်မလေးရယ်
ငါ'...တမ်းတခဲ့တာ
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ
ဒါပေမယ့်လည်း
မင်း'...ပေးခဲ့တာ
စစ်ခင်းမယ့်မြစ်တစ်စင်းပါလား ... ???
သြော်...
ပိုင်ဆိုင်နိုင်ခွင့်မရှိတော့ပေမယ့်
မင်း'... ပြစ်ခွင်းလိုက်တဲ့ 
အမုန်းမြစ်တစ်စင်းဟာ
ငါ့'...ရင်ထဲမှာထာဝရ စီးဆင်းသွားရပါပြီကွာ ....။       ။
♥MOESUTNAY♥
"သောက်မြင်ကတ်လောက်အောင်~ချစ်ဖို့ ကောင်း"
"သောက်မြင်ကတ်လောက်အောင်~ချစ်ဖို့ ကောင်း"
2 October 2010 at 18:04
ခေါင်းငုံလို့ 
ငြိမ်နေတတ်တော့
ငပိန်းလို့ ဆို ...
ပြောရကျပ်
ဆိုရခက်တော့
ငဒူတဲ့ မှတ် ...
အားမလို၊အားမရ
ဖြစ်လေတော့
အောင်ကျူကျူ ဗျ ...
သည်းခံလို့ 
လိုက်လျောဖန်များ
ခပ်အအထင်ပြန်လေသလား ...
ပြုသမျှ
နုပြလေတော့
ငအူ၊ငန တဲ့ ကွာ ...
ကျွန်တော်စွေကြည့်သည်
စောင်းကြည့်၊ငဲ့ ကြည့်
လှည့်အကြည့်မှာ
ဆုပ်မိသောလက်များ
ထိုးဖို့ ရွယ် ၊ ဟန်အပြင်
မခို့ တရို့ သူ့ အပြုံးများအကြား
ကျွန်တော့်နှလုံးသား ... ခွေညွှတ်သွားပြီ .... ။ ။
♥MOESUTNAY♥
August 26,2010
(Thursday)
4 : 30 p.m
"နောက်ကောက်ကြီး"
"နောက်ကောက်ကြီး"
30 September 2010 at 14:50
မင်းနဲ့ တွေ့ တော့
ရင်ခုန်ပေါ့
အဲ့ဒါ "အချစ် "ဖြစ်ကရော့  ... ။
အချိန်တိုင်းမှာ
မြင်ချင်တော့
အဲ့ဒါ "အချစ် "ဖြစ်မှာပေါ့  ... ။
မင်းအကြောင်းသိတော့
ဆွေးရပေါ့
ငါ့ အချစ် "နောက်ကျ" ဖြစ်ခဲ့ရော့ ... ။       ။
♥MOESUTNAY♥
"အလွမ်းဇယားမဖတ်သာ"
"အလွမ်းဇယားမဖတ်သာ"
30 September 2010 at 14:30
ဒီမယ်...ကလေးမ 
"နဖူးကချွေး၊ခြေမကျဖူးရဲ့ လား"လို့ မေးရင် ...
"ဘ၀ဆိုတာကြမ်းသတဲ့လား" ကိုကို ' လို့ 
နင်'ဆိုချင်ဆိုမယ် ...
သိပ်အများကြီးမတွေးနဲ့ 
ခပ်ပါးပါးလေးမြင်ပေးကြည့်
နင်လေးသိရအောင်
အိတ်ကပ်ထဲ အကြွေနှစ်ရာဆောင်လို့ 
မြို့ ထဲတစ်ပတ်ထွက်ဖို့ 
ဘတ်စ်ကားပတ်ကာ' ... ' စီးကြည့်ပါလား ???
နင်' မြင်မယ့် ... အခြေခံဘ၀အနေတွေ
တစ်ဝမ်းတစ်ခါးစာအတွက်
လေနေပူပူမှာ လမ်းများထွက်နေကြရတယ် ...
ခုနှစ်ဆောင်တိုက်ခန်း twenty four seven
မီးအမြဲလင်းပြလို့ 
ဇိမ်ကျကာ အပူဝေးနေတဲ့
နင်ကလေးတို့ ရဲ့ ဟိုတစ်ဘက်မှာက
မနက်ဖြန်တွေဆက်ဖို့ ရာ
နေရောင်၊လရောင်ကိုသာ
အားထားကာတမ်းတနေကြရတဲ့
အခြေခံဘ၀ပေါ်ကလူတန်းစားတွေရဲ့ ဘဝ
ဘာများကွာဟကာ ခြားနားပါသလဲလို့ 
နင်တွေးကာမမေးစမ်းပါနဲ့ ကွယ် ...
နေအရိပ်ကိုခိုလို့ ရယ်
ရွှေစိတ်တော်မညိုရလေအောင်
အမေသိပ်ဆိုတဲ့  တေးတစ်ပုဒ်အောက်မှာ
ချွေးသုတ်စရာဝေး ၊ အပူအပင်အေးနေခဲ့တဲ့ 
နင့်ဘ၀လှလှလေးဟာ
ရွှေထုပ်နဲ့ မြပုဝါပမာ
တကယ်တော့ ...
အနေစုတ်ပျက်တဲ့ ငါ့ဘ၀ဗလာထဲ
အခြေလုပ်ကာ နင်ဝင်လာမှာစိုးတာကြောင့်
တိုးတိတ်စွာကြိတ်မှိတ်
ငါ့ရင်ကိုယ် တိတ်တဆိတ်ပိတ်ကားချကာ
အိပ်ခဲ့ရတာ ... ကြာပါပြီကွာ ...       ။       ။
♥MOESUTNAY♥
"ဒုတိယအသက်အတွက်~တယုတယဖတ်စာ"
"ဒုတိယအသက်အတွက်~တယုတယဖတ်စာ"
30 September 2010 at 10:31
နင်...
သိုဝှက်တယ်နော်
နင်...
သိပ်လျှို့ ဝှက်တာပဲ
နင်...
နေတတ်လိုက်တာ
နင်...
အရမ်းပြတ်သားတတ်ပ
နင်ဟာ
ခန့် မှန်းရခက်တဲ့ ကောင်မလေးဖြစ်လို့ များ
ငါနင့်ကိုယ် သိပ်ချစ်မိတာလား...???
နင်...ကျိတ်မှိတ်နိုင်တယ်
ဘာမှမဖြစ်သလို
နင်...ဟန်ဆောင်တယ်
ငါခံစားရရင် နင်မျှဝေယူကာ
နင်ကြေကွဲတော့ငါဘာမှမတတ်သာခဲ့ဘူး...
အသက်နဲ့ မမျှတဲ့ နင့်ရင့်ကျက်မှု့ တွေက
တစ်ခါတစ်ခါ
သွေးပျက်မတက်ငါ့ကိုယ်
အတွေးနက်စေခဲ့တယ် ...
နင်နဲ့ ငါ့ရဲ့ ဘ၀က
တကယ်တော့ ခြားလှပါတယ်ဟာ ...
တစ်ခါတစ်ခါ
စိတ်ကူးကြည့်ယုံလောက်ပဲကောင်းတာမို့ 
ငါ့အတွေးတစ်ချို့ 
လက်တွေ့ ကိုကြာကြာပေးဖို့ မဆွေးရဲခဲ့ဘူး ...
တစ်ခါတစ်ခါ ကံကြမ္မာကိုတောင်ကြံဖန်ကာ
ကျေးဇူးတင်ပါသေးတယ်
နင်နဲ့ လာဆုံးဆည်းပေးလို့ လေ ...
နင်ဟာ ငါမပိုင်တဲ့ 
ငါ့ရဲ့  ဒုတိယအသက်လို့ ပြောတော့
နင် ရယ်ချင်ရယ်မှာပေါ့ ...
တစ်ချို့ အရာတွေမှာ
လူတစ်ယောက်အတွက်
အသေးအဖွဲအဖြစ်အပျက်တွေဟာ
တစ်ခြားလူအတွက်အရေးကြီးခွင်ကျယ်ဖြစ်တတ်တာ
နင် ~ မသိလို့ ပါလား ....
ငါကနင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုပင်
sensitive ဖြစ်ချင်ခဲ့တာ
ပြင်လို့ မရတဲ့  ငါ့အမူတစ်ခုပါ ...
လူတစ်ယောက်ဟာ~မျှော်လင့်မိရင်
မျှော်လင့်မိသလောက်ပြန်ရတတ်တယ်ဆိုပေမယ့်
နင်ဟာ ငါမျှော်လင့်လို့ မရတဲ့ဘဝ
စိတ်ကူးနဲ့ ဘ၀ ခြားနားနေခဲ့ရတာ ~
တကယ်တော့ ... နင်နဲ့ ငါဟာ
၃ နဲ့ ၎ လို ကျောချင်းကပ်လို့ 
နှလုံးသားချင်းအပ်နိုင်ပေမယ့်
ဘယ်တော့မှ နီးစပ်ဖို့ မဖြစ်နိုင်တဲ့ ဘ၀တွေဆိုတာ
ငါသိလိုက်ပါတယ်ဟာ ~
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ
ပေးဆပ်ခြင်း ၊ ဖြည့်ဆည်းခြင်း
စွန့် လွှတ်ခြင်း ၊ အနစ်နာခံခြင်း
အနွံ့ တာခံခြင်း ၊ ဂရုစိုက်ခြင်း
နားလည်ခြင်း နဲ့ မြတ်နိုးခြင်းလို့ ငါယုံကြည်တယ်လေ~
မျှော်လင့်ထားတဲ့ ငါ့အိပ်မက်တွေ
အရည်ပျော်ကျလို့ 
လက်တွေ့ မှာမပိုင်ဆိုင်လိုက်ရပေမယ့်
ငါဝမ်းနည်းတာတစ်ခုတည်းပါ ...
ငါလိုချင်တဲ့ အရည်အချင်းတို့ 
နင့်ဆီမှာ ~ အကုန်ရှိနေလို့ ကို
စွန့်လွှတ်ရမယ်ဆိုတဲ့ အသိတစ်ချို့ က
ငါ့ရင်ကို စို့ နင့်လို့ ပေါ့ဟာ ~
ဒါပေမယ့် ... ငါနားလည်လိုက်ပါတယ်လေ
ငါဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းလိုလေ
"မထိုက်တန်သူဆိုတာ  မြတ်နိုးရစမြဲပါပဲ "တဲ့လေ ...
ငါ...အမှန်ကန်ဆုံးပြောပါရစေသား
နင့်ကိုယ်ငါ မြတ်နိုးစွာချစ်မိသွားတာ
မလိမ်ညာရိုးအမှန်ပါကွာ !!!
! _ !
♥MOESUTNAY♥
 Share
"လွမ်းလှပါသည်~ရွှေမြန်မာပြည်"
"လွမ်းလှပါသည်~ရွှေမြန်မာပြည်"
8 October 2010 at 18:24
နေချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
မင်းမဲ့စရိုက်တွေဝေး
ဆူပူမှု့ တွေသာငြိမ်းအေးမယ်ဆိုရင် ...
ပြန်လာချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
အလုပ်အကိုင်၊အခွင့်အလမ်းတွေကောင်း
အုပ်ချုပ်မှု့ တွေပြောင်းမယ်ဆိုရင် ...
လွမ်းလှတာပေါ့
ငါ့တိုင်းပြည်လေးရယ်
မေ့ရင်ခွင်ကိုခွဲ၊မိသားစုနဲ့ တကွဲ
ရေမြေခြား'စလုံး'မှာ ~ ငါတို့ တွေအားငယ်နေရ ...
ဖြစ်ချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
အိမ်နီးချင်းနိုင်ငံများလို
ရေမီးတွေစုံလင်လို့ 
လူနေမှု့ တွေခေတ်မှီ၊ပညာရေးတွေအဆင့်မှီရင် ...
ဆုတောင်းပါတယ်
ငါ့တိုင်းပြည်လေးရယ်
လူသားတိုင်းလူ့ အခွင့်အရေးကိုခံစားကာ
လွတ်လပ်မှု့ ရဲ့ သဘောတရားကိုတန်ဖိုးထားနိုင်ပါစေလို့  ....
အထင်မလွဲပါနဲ့ 
ငါ့တိုင်းပြည်လေးရယ်
ငါတို့ မြေမှာပျော်စရာမရှိလို့ 
ဘော်ဒါငတိတစ်သိုက်
စလုံးကို အခြေစိုက်ရတယ်လို့  ...
ဒါတွေကထားပါတော့လေ
လိုချင်တာရရင်
ပြန်လာရမှာမို့ 
မတိုးတက်တာကိုလည်း အပြစ်မယူတော့ပါ
မဖွံ့ ဖြိုးတာကိုလည်း မငြူစူတော့ပဲ
ဘာပဲဖြစ်ဖြစ်  
အချိန်တန်ရင်  
အိမ်ပြန်ခဲ့ပါမယ် .... ။     ။
♥MOESUTNAY♥
May 19, 2010
5:56 P.m.
 Share
"ကောင်းသေးရဲ့ လား"
"ကောင်းသေးရဲ့ လား"
16 October 2010 at 23:44
ဟေ့လူ
ခင်ဗျားသာ စာနာတတ်ရင်လေ
ဦးနှောက်နဲ့ တွေးလို့ 
နှလုံးသားနဲ့ ရေးကာ ဖြစ်တည်လာတဲ့
ကျုပ်တို့ ရင်ဘတ်ထဲက ကဗျာတစ်ပုဒ်
ဘယ်လောက်တောင် အားထုတ်လိုက်ရသလဲဆိုတာ
ခင်ဗျား နားလည်ရောပေါ့ ~
ဒီမယ် ... ကိုယ့်လူ 
Mouse တစ်ချက်နဲ့  အရာရာကို ပွဲသိမ်းတဲ့ခေတ်မှာ
ကဗျာဆရာဖြစ်သူတွေရဲ့ အားထုတ်မှု့ က
ဘယ်မှာလာ ပြယုဂ်ဖြစ်တော့မှာလဲ ...
ဦးနှောက်မကူ ၊ ဥာဏ်မယူဘဲ Mouse လေးတစ်ချက် Drag ဆွဲလို့ 
Copy လေးPaste လိုက်တာ
သူ့ ကဗျာ ကိုယ့် Post ပြောင်း
သူ့ Forum ကိုယ့်  Blog ဂျောင်း
အော် .... တော်တော်မှ ကောင်းလိုက်တာနော် ~
တစ်ဖက်သား အတွေး
တစ်ဖက်သား အရေး
ငတက်ပြား လက်ငင်းလေးပြေးယူလိုက်တာလေ ~
ကျုပ်သာစီမံပိုင်ခွင့်ရရင်လေ ~
အချစ်ကြောင့်ထီးနန်းကိုစွန့် ဝံတဲ့
အင်္ဂလန်က အက်ဒွက်ရယ်
ဝိုင်တစ်ခွက်လောက်ကိုသာ တန်ခိုးထားတတ်တဲ့
အိုမာခရမ်နဲ့  ...
ရဲရဲကြီး Ctrl+C / Ctrl+V ကို တန်းတန်းစွဲသိပ်ကြိုက်လှတဲ့
ခင်ဗျားတို့ တစ်သိုက်ကိုတော့ ~
ဂင်းနစ်ထဲထည့်လိုက်မိမှာ အမှန်ပဲ ...
♥MOESUTNAY♥
May 19 , 2010
 Share
" ဆေးဘက်ဝင် "
" ဆေးဘက်ဝင် "
19 October 2010 at 10:08
အိပ်ပျော်စားဝင်
ဥာဏ်ရည်ရွှင်အောင်
မင်း'မျက်နှာကို
အခါခါ မြင်ချင်တယ် …
♥MOESUTNAY♥
3.4.2010
12:30 p.m.
 Share
"ခက်ခဲခြင်း"
"ခက်ခဲခြင်း"
31 October 2010 at 00:07
ရိုးရိုးလေးဆိုပေမယ့်
သူ့ မျက်ဝန်းတွေကိုပုံဖော်မိဖို့ 
မရေမရာအသိတွေနဲ့ 
ကျွန်တော် အဖြေရှာကြည့်တာ
အခုဆို ~ အိပ်မရခဲ့တဲ့ညတွေ
အသင်္ချေ၊အသင်္ချာရှိလှပြီ...။
♥MOESUTNAY♥
30.10.2010
( Sat )
11:00 p.m.
 Share
"ရူး"
"ရူး"
6 November 2010 at 17:44
ထာဝရအဖြစ်
ဝါကျအသစ်တွင်
ရင်ခွင်လှိုင်းခတ်
ချစ်သူ့ မျက်နှာ
အသာမော်ဖူး
နေ့ ညများစွာ ရူးဖူးတယ် …
♥MOESUTNAY♥
5.11.2010
( Fri )
12:00 p.m
 Share
X မှား X
X မှား X
5 December 2010 at 23:21
ရိုးရိုးလေးပွင့်လာတဲ့ပန်းက
ဘာဖြစ်လို့ များ
အလွမ်းဖြစ်နေရတာလဲနော် ...
♥MOESUTNAY♥
5.12.2010
(Sunday)
11:20 p.m
 Share
"ဆက်စပ်သီအိုရီ"
"ဆက်စပ်သီအိုရီ"
27 November 2010 at 10:50
နားလည်မှုတွေ
ကြီးထွားလာလေလေ
ပိုင်ဆိုင်လိုစိတ်တွေ
နည်းပါးလာလေလေဗျာ …
♥MOESUTNAY♥
 Share
" လွန်လေပြီ … အတိတ်ဟောင်းဆီက "
" လွန်လေပြီ … အတိတ်ဟောင်းဆီက "
27 November 2010 at 12:04
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
ဟောဒီ့ ကမ္ဘာမြေကြီးထဲမှာ
ငါဆိုတဲ့ ကောင်တစ်ယောက်
နင့်ကို တမ်းတမ်းတတ
ပြင်းပြင်းရှရှနဲ့ ကို လွမ်းမိနေတာ
နင်ကတော့ သိနိုင့်ပါ့မလားနော် …
နင့်ကို လွမ်းတဲ့ အခိုက်အတန့် မှာ
ဆေးသောက်ဖို့ တောင် မေ့စေခဲ့ပြီး
ငါ့အဖျားတွေ လျော့ နေခဲ့တယ် …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
နင့်ကို လွမ်းတဲ့အကြောင်းကို
နင့်ရင်ခွင်နားကပ်လို့ 
ရင်ကြားအပ်ကာ တိုးတိုးလေးပြောလိုက်ချင်သေးတယ် …
နင့်ကို လွမ်းတဲ့ညမှာ
သောက်နေကျ နက်စ်တစ်ခွက်ဟာ
ငါ့ကို ပိုလို့ ခါးသက်စေခဲ့တယ် …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
အလွမ်းဆိုတဲ့ မီးတောက်က
ငါ့ရင်ကို တစ်ဖြောက်ဖြောက်နဲ့ တောက်လို့ 
အခုဆို … ရင်ဘတ်ကြီး
ဟောင်းလောင်းပေါက် ဖြစ်တော့မယ် …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
တိတ်တဆိတ်ည သန်းခေါင်ယံတွေက
ငါ့ရင်ထဲက အလွမ်းကို ပိုလို့ 
ပီပြင် ၊ ပေါ်လွင်နေပါရောလားဟာ …
နင့်ကို လွမ်းတဲ့နေ့ တွေမှာ
ကြည့်နေကျ Tom & Jerry   တွေတောင်
ငါ့ကို မျက်ရည် ပင်လယ်ဝေစေခဲ့တယ်လေ …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
လွမ်းလို့ သတိရမိတယ်
သတိရတော့ လွမ်းမိတယ်
Desktop ရှေ့ ငုတ်တုတ်ထိုင်နေရက်နဲ့ 
နင့်ပုံရိပ်ကြီး တရေးရေးပြန်မြင်ယောင်လာပြန်တယ် …
" အရမ်းချစ်တာပဲ "တဲ့ …
ကြည်နူးစရာကောင်းလိုက်တာဟာ
အဲ့အချိန်တုန်းကပေါ့
ငါ့ရင်ထဲမှာ မီးတောင်အလုံးတစ်ရာပေါက်ကွဲလို့ 
ရေတံခွန် အသွယ်သွယ် စီးဆင်းသွားသလို
ဝုန်းခနဲ … ဝေါခနဲ … နဲ့ ကို … နေနေရောဟာ
ငါနင့်ကို လွမ်းလိုက်တာလို့ ပြောခဲ့တဲ့အချိန်
နင်ငါ့ကို အရမ်းချစ်တာပဲလို့ ပြန်ပြောတဲ့အချိန်
အဲ့အချိန်က သဏ္ဍန်ရုပ်ကိုသာ ပန်းချီလုပ်မယ်ဆိုရင်လေ
ဗန်ဂိုးလည်း မှီမှာ မဟုတ်ဘူး …
ပီကာဆိုလည်း လက်မှိုင်ချရမှာ သေချာပါတယ် …
အလှဆုံး ဂန္တ၀င်မြောက် ပန်းချီကားတစ်ချပ်
ဖြစ်ခဲ့ဖူုးမှာတော့ သေချာပါတယ်လေ …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
လျှပ်တစ်ပြတ် အတွင်းမှာ
လျှပ်စီးလျပ်သလို ဖြစ်ပျက်သွားတဲ့
ငါတို့ ရဲ့ အချစ်တွေက
ဓါးတောင်ကြီးလည်း ကျော်ဖြတ်နိုင်သလို
မီးပင်လယ်ကိုလည်း ဖြတ်ကူးနိုင်တယ် …
လှလိုက်တာ  … ခင်ပြုံးမွန်ရယ်
လှရက်လိုက်တာ
မရယ်ဘဲပြုံးတတ်တဲ့ နင့်ရဲ့ အလှဟာ
သခင်ဘုရားပေးတဲ့ဆုလာဘ်များ … ခင်ပြုံးမွန်
မိုနာလီဇာ လှတယ်ဆိုတာ သူ့ ခေတ်နဲ့ သူ့ အခါပါ
ကလီယိုပက်ထရာ လှတယ်ဆိုတာ သူ့ ခေတ်နဲ့ သူ့ အခါပါ
ဥမ္မာဒန္တီ  လှတယ်ဆိုတာ သူ့ ခေတ်နဲ့ သူ့ အခါပါ
နင့်ကို မှီလောက်ပါ့မလားနော် …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
တိုးတိုးလေးတိုက်တဲ့ လေညှင်းထဲမှာတောင်
နင့်ကို လွမ်းတဲ့ အငွေ့အသက်လေးတွေ ပါလာပြန်ပါရော
ဇော်ပိုင်နဲ့ ချောစုခင်ဆိုတဲ့
“နှစ်ယောက်တည်းကမ္ဘာ” စာသားလေးကိုညည်းလို့ 
နင့်ပါးလေးကို မွှေးမွှေးပေးခဲ့တာ
အဲ့အချိန်က ငါသိပ်ကဗျာဆန်သွားသလားဟာ …
ငါ နင့်ကို မြတ်နိုးလိုက်တာလို့ ပြောတော့
နင်က အနမ်းတွေနဲ့  ဘာသာပြန်ပေးကာ
H2O မလိုတော့တဲ့ နင့်ကမ္ဘာမှာ
မောင့်အချစ်တွေသာ ရှုရှိုက်ပါရစေတော့ လား …
ဟာ… အဲ့အချိန်မှာ သေရင်တောင် သေလိုက်လို့ ရတယ်နော်
Love Scene က လုံးဝ ဇာတ်ထွဋ်ကို ရောက်သွားတာ …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
ဂရင်းနစ်စံချိန်တင်လောက်အောင်
ငါ့အလွမ်းက တစ်စက္ကန့် ကို
ကမ္ဘာ ( 6 ) ပတ်လောက် ပတ်လို့ ရခဲ့တယ် …
သနပ်ခါးပါးကွက်ပါးပါးလေးရယ်
ပုံတော်ဖိနပ်အထူလေးနဲ့ 
တစ်မူယာဉ်တဲ့ နင့်အသွင်လေးကို
ငါ့မျက်လုံးထဲက ခုထိမေ့ပျောက်ဖို့ ခက်နေသားဟာ ….
အချစ်တွေကို စာလုံးပေါင်းခဲ့ကာမှ
အခုတော့ အလွမ်းတွေ ဖြစ်ရပါရောလား … ခင်ပြုံးမွန်ရယ်
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
နေပူပူ ~ မိုးရွာရွာ
ကမ္ဘာကြီးလည်နေသရွေ့ 
ငါ့အနားမှာနင်
နင့်အနားမှာငါ
အမြဲတမ်းရှိနေချင်သေးတာဆို  …
နင်မငိုပါနဲ့  အချစ်ရယ်
ပုလုံးတစ်လုံး ၊ ရွှဲတစ်လုံးခတဲ့
နင့်မျက်ရည်စတွေက
ငါ့ကမ္ဘာကြီးကို နေ၀င်သွားစေလို့ ပါ …
တစ်ယောက်လက်ကိုတစ်ယောက်တွဲလို့ 
ငါတို့ ဘယ်တော့မှ မခွဲပါဘူးလို့ 
ပြောနေရက်သားက
ကံကြမ္မာရဟတ်ချားက
ငါတို့ ကို လှည့်စားသွားပြန်ပြီ  …
လွမ်းတယ် … ခင်ပြုံးမွန် ရေ
လွမ်းတယ် …
ဇာတ်လမ်းအစ ဟိုကတည်းက
အလွမ်းခန်းသာ သိခဲ့ရရင်
ဒီဇာတ်ကား ငါဝင်မကခဲ့ပါဘူး …
အချစ်ဆိုတာ ဖြစ်ပေါ်လာရင်
အလွမ်းဆိုတာ မပါရလေအောင်
ဘယ်နတ်ဘုရားကများ ဆေးဖော်ပေးနိုင့်ပါ့မလဲနော် …
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့ မောင်
တစ်လောကလုံးကို အုပ်မိုးနိုင်ဖို့ 
မေတ္တာတရားက အကြီးမာဆုံးပါတဲ့လား
နူးညံ့ ခြင်းလေးဖြစ်ဖို့  ~ နှလုံးသားမှာ
အချစ်တစ်ခုတည်းသာ လိုအပ်တာပါဆို …
နင်ပေးခဲ့တဲ့ စာတွေ
နင်ပြောခဲ့တဲ့ စကားတွေ
ငါ့အနားမှာ တရဆက်မရပ်
ငါ့နားမှာ ပဲ့တင်တွေထပ်လို့ 
အော် … အချစ်ရယ်
နင်မရှိတော့တဲ့ … ဟို တစ်ခြားအရပ်မှာ
ငါ့ကမ္ဘာ အိုသွားခဲ့ရပြီ … ။  ~  ။
♥MOESUTNAY♥
27.11.2010
(Saturday)
4:50 a.m.
 Share
"ဖြစ်နိုင်ခဲ"
"ဖြစ်နိုင်ခဲ"
7 December 2010 at 16:57
ဘယ်သူ့ ဘယ်သူမှတော့
စိတ်ကူးထဲတောင်
သချိုင်းကုန်းကိုအလည်မသွားကြပါဘူး...
ရှိတော့ရှိမယ်ဆိုရင်တောင်...
ဒါပေမယ့် ~ ~ ~ ရှားမယ်
♥MOESUTNAY♥
7.12.2010
( Tuesday)
4:50 p.m.
 Share
"မာန်တက်ခဲ့ခြင်း"
"မာန်တက်ခဲ့ခြင်း"
7 December 2010 at 17:34
သူ့ ဖုန်းရဲ့ screen လေးပေါ်မှာ
screen saver အဖြစ်နေရာယူဖူးတယ် ...
သူ့ စာကျက်ချိန်တွေကို အခြောက်တိုက်
ဝင်ရောက်နှောက်ယှက်ဖူးတယ် ...
သူ့ ဘ၀ရဲ့  VIPလို့ 
သက်မှတ်ခြင်းခံခဲ့ရဖူးတယ် ...
(((တစ်ချိန်ကပေါ့)))
ဘာပဲပြောပြော
ပြန်တွေးတိုင်းပျော်တယ် …
ဘာပဲဖြစ်ဖြစ်
ကျေနပ်တယ် …
♥MOESUTNAY♥
07.12.2010
(Tuesday)
5:20 p.m.
 Share
"မဖြစ်မြောက်ရင်"
"မဖြစ်မြောက်ရင်"
8 December 2010 at 09:12
မေမေ"...
ဒီဖိနပ်ကြီးစီးသလောက်
သား'ခရီးမပေါက်ရင်
ဖိနပ်ချွတ်ပဲ လျှောက်တော့မယ် ...
♥MOESUTNAY♥
7.12.2010
(Tuesday)
6:30 p.m
 Share
ချစ်ညီမရေးတဲ့ ကျွန်တော့်အတွက် ကဗျာလေး :)
ဒီဇင်ဘာ 17 သို့ အမှတ်တရ...
16 December 2011 at 23:10
ဒီဇင်ဘာ နှင်းတွေနဲ့အတူ
သက်ဆင်းလာခဲ့တဲ့ သူငယ်ချင်းလေးရေ …
အိပ်မက်တွေကိုအကောင်အထည်ပြဖို့ကြိုးစားတိုင်း
ကျွန်တော်တို့ ရင်ဘတ်ခြင်းနီးခဲ့ဖူးကြောင်း…
ကဗျာတွေအပေါ် တပ်မက်မိတိုင်း
လက်တွဲညီညီ ဖြတ်ခဲ့တဲ့ မှတ်တိုင်တစ်ချို့အကြောင်း
ကန်တော်ကြီးရေပြင်နဲ့ သက်ဆိုင်တဲ့
ငြင်းခုန်ပွဲတစ်ချို့အကြောင်းနဲ့….
ပေါ့စိမ့်တစ်ခွက်စီနဲ့ ပြည့်စုံခဲ့ဖူးတဲ့
အဲ့ဒီခုံပုလေးတွေပေါ်က အတွေးစတွေအကြောင်း
ဟိုးးးးးးး အဝေး တစ်နေရာက
ကြယ်စင်တွေလဲ သက်သေရှိရဲ့
ဒီလိုနဲ့ …….
အတိတ်က အဖြူရောင်စတွေ
ပြန်ပြောင်းကြည့်မိတဲ့အခါ
ငါတို့ရဲ့ မှတ်တိုင်တွေ သုံးနှစ်တိုင်ခဲ့ပြီ။။။။
စိတ်ထားဖြူဖြူနဲ့ ကူညီတတ်တဲ့ သူငယ်ချင်းလေးရေ
ဒီ၂၀၁၁ ခုနှစ်ရဲ့မှတ်တိုင်မှာ
ကိုယ်တိုင်ကိုယ်ကျ ဆုတောင်းပေးခွင့်မရပေမယ့်
ယခင်နှစ်တွေလိုပဲ
ဒီဇင်ဘာနှင်းမြူတွေနဲ့ အတူ …
စိတ်အေးချမ်းသာမှုတွေနဲ့
ဒီမှတ်တိုင်မှ သည် နောင် မှတ်တိုင်များစွာတိုင်အောင် …
ဘ၀ကို သာယာအေးချမ်းစွာ ..လျှောက်လှမ်းသွားနိုင်ပါစေ ….
                                               ချစ်ညီမလေး ချီးပေ..:).။။။
 Share
Saturday, 2 November 2013
" လိုနေတဲ့ကွက်လပ်ကလေး "
" လိုနေတဲ့ကွက်လပ်ကလေး "
7 January 2011 at 11:02
စည်းဆိုတဲ့
စကားလေး တစ်လုံးနဲ့ တင်
ကျွန်တော့် ဆန္ဒတွေကို
မြှိုသိပ်ခဲ့ရတယ် …
သူ့ မျက်ဝန်းလေးတစ်ချက်အောက်
ကျွန်တော့်အိပ်မက်တွေလည်း
ဒူးထောက်ကျခဲ့ဖူးပါတယ် …
စိတ်ကူးနဲ့ ရူးခဲ့တဲ့ညတွေဟာ
တကယ်ကို
ရေလို့ မရဘူးဆိုတာ
သူကတော့ မသိနိုင်လောက်ဘူးဗျာ …
လှည့်ကြည့်ပါဦး
ကောင်မလေးရယ်
ဘယ်ဥတု ၊ ရာသီကိုမှ
မမျှော်ကိုးဘဲ
ငါ့ရင်ထဲ အကန့် အသတ်မဲ့ ဖူးပွင့်နေတဲ့
အလွမ်းပျိုးတစ်ခင်းဟာ
နင် စွန့် မယ့် အကြင်နာလေးသာ
စွတ်စို ခွင့်ရခဲ့ရင်
ငါ့ ဥယျာဉ်လေး စိုပြေပါပြီဟာ …
တကယ်တော့
ကောင်မလေးရယ်
ကျူးမိတဲ့စည်းကိုထိန်း
အဖြူရောင်လေး ယိမ်းမှာကြောက်လို့ 
ငါ့အိပ်မက်တွေ သိမ်းထားခဲ့တာ
နင်ကတော့ သိနိုင်ပါ့မလားဟာ … ။ ~ ။
♥MOESUTNAY♥
19.12.2010
( Sun: )
7:30  a.m.
 Share
"အကယ်ဒမီဆု"
"အကယ်ဒမီဆု"
1 January 2011 at 13:51
2009 - 2010 ရာသီခွင်တစ်ခုလုံးရဲ့ 
ရေပန်းအစားဆုံး
မင်းသမီးအဖြစ်
သူ မဟာ ...
ကျွန်တော့်ဘ၀ပိတ်ကားထပ်မှာ
အကယ်ဒမီရသွားခဲ့တယ်ဗျာ ...  ။ ~ ။
♥MOESUTNAY♥
23.12.2010
( Thu: )
7:00 p.m.
 Share
ကျွန်တော် သိခဲ့သော အပိုင်းအစများ ( or ) feeling 23
ကျွန်တော် သိခဲ့သော အပိုင်းအစများ ( or ) feeling 23
17 December 2010 at 14:51
ခင်ဗျားလက်ခံလို့ 
ကျွန်တော်ဝင်ရောက်ခဲ့ပါတယ် …
ကမ္ဘာမြေကြီးရေ … Hello !
ကျွန်တော်ဘ၀ဟိုးအစ
ပုပ္ဗစရိယာ မိ နှင့် ဖ
ဖေဖေ ( တစ်ခါတစ်ရံမှာ ပဲ့ကိုင်ပေးလို့ )
မေမေ ( တစ်ခါတစ်ရံမှာ ရွက်ထိန်းပေးခဲ့တယ် )
ကျွန်တော့်ဘ၀လှေငယ်လေး
ဟိုးဝေးဝေးကို ရွက်လွှင့်ဖို့ အရေးလေ …
အူဝဲ … အူဝဲကနေ ((( ကလင် … ကလင် ))) ဆီသို့ 
ကျောင်းဝင်းထဲမှာ ပျော်စရာ
က - ကကြီး ၊ ခ -ခကွေး … ဒီလိုရေးတယ်
ကျောင်းသားကဒ် နဲ့ မှတ်ပုံတင်နံပါတ်
ကျွန်တော့်ကို လူလို့ သက်မှတ်လာတယ် …
တစ်စုံတစ်ရာကြောင့်
တစ်စုံတစ်ရာကို ယုံကြည်တတ်လာတယ် …
တစ်စုံတစ်ခုအတွက်
တစ်စုံတစ်ရာကို မျှော်လင့်တတ်လာတယ် …
တစ်စုံတစ်ရာကြောင့်
တစ်စုံတစ်ခုကို မြတ်နိုးတတ်လာတယ် …
တစ်စုံတစ်ခုအတွက်
တစ်စုံတစ်ရာကို ခံစားတတ်လာတယ် …
တစ်စုံတစ်ခုနဲ့  တစ်စုံတစ်ရာကြား
ကျွန်တော်ဟာ …
သူလို < - > ကိုယ်လို လူသား ဖြစ်လာခဲ့တယ် …
* ကမ္ဘာတည်တဲ့သီအိုရီ = သင်္ခါရတရား + စစ်မှန်ခြင်း *
သူလို < - > ကိုယ်လိုနဲ့ ~ ကျွန်တော်
အိပ်မက်နဲ့ လူလုပ်တတ်လာတယ် …
ဖြစ်ချင်တာက တစ်ခါတစ်လေမှာ
ရည်ရွယ်ချက်
ဖြစ်ချင်တာက တစ်ခါတစ်လေမှာ
ခံစားချက်
ဖြစ်ချင်တာက တစ်ခါတစ်လေမှာ
မျှော်လင့်ချက်
တစ်ဖက်သတ် ဖြစ်ချင်ခဲ့တာက ဆန္ဒ
လက်တွေ့ ကျကျရပ်တည်ရမှာက ဘဝ
ဆန္ဒနဲ့ ဘ၀ တစ်ချိုးတည်းကျ
တစ်သားတည်း မမျှတဲ့အခါ
တစ်ခါတစ်ခါ
ကျွန်တော့်ကိုတောင် ကျွန်တော်
တော်တော်သနားတယ်ဗျာ ….
ဖြစ်ချင်တာတွေထက်
ဖြစ်သင့်တာကို ဦးစားပေးလိုက်ရတာ
တစ်ခါတစ်ရံမှာ
မဖြစ်နိုင်လို့ ပါကွာ ..ဆိုတာတွေ
မဖြစ်နိုင်ဘူးဆိုတဲ့တားမြစ်ချက်တွေကို
တစ်ခါတစ်ခါ ချိုးဖောက်ထွက်ချင်တယ် …
ဒီလိုနဲ့ ပဲ …
“တော်ပါပြီ … လုံလောက်ပါပြီ” ဆိုတဲ့ စကားလုံးက
ဘ၀ဇာတ်ထုတ် တစ်ခုလုံးရဲ့ 
ဟစ်’ အဖြစ်ဆုံးစကားအဖြစ် နေရာယူလာခဲ့တယ် …
၂ နှစ်သားအရွယ်မှာ
ဖေကြီး ၊ မေကြီးခေါ်လို့ 
မပီကလာ ၊ တီတီတာတာစကားနဲ့ 
မိဘရဲ့ ချစ်ခြင်းတွေ ခံစားခဲ့ရတယ် ….
၅နှစ်အရွယ် ၊ လူမမယ်မှာ
ဝလုံးလေး လှအောင်ရေးလို့ 
မေမေက မွှေးမွှေးလေး
ပါးပေါ်ပေးခဲ့ဖူးတယ် ….
ဒီလိုနဲ့ … ဖြတ်သန်းခဲ့လိုက်တာ
နွေ ၊ မိုး ၊ ဆောင်း ရာသီ
နာရီ လက်တံတွေ ~ ပြက္ခဒိန်တွေ
အင်္ကျီနဲ့ ဘောင်းဘီ ဆိုဒ်(size)အစုံ
ဝ ဖြစ်လိုက် ~ သုည ဖြစ်လိုက်
ကံကြမ္မာနဲ့ မျှော်လင့်ချက်
ငြိမ်းချမ်းရေးစာချုပ်မချုပ်ခင်အထိ
ဖြတ်ခဲ့လိုက်တာ …………………..
အခု … ကျွန်တော့်အသက် ၂၃ နှစ်
ဖေဖေ ၊ မေမေ …
သား' ၀လုံးကလေး လှအောင်ရေးနေဆဲပါပဲဗျာ … ။ ။
♥MOESUTNAY♥
17.12.2010
( Fri: )
12:30 a.m.
 Share
"ကွယ်ဝှက်ထားတဲ့ ဘာသာစကား"
"ကွယ်ဝှက်ထားတဲ့ ဘာသာစကား"
29 December 2010 at 17:12
စလုံးက လေကိုရှူပြီး
မနက်ဖြန်တွေဆက်နေတဲ့နင်နဲ့ 
ဂျိုးဖြူရေကို ချိုးလို့ 
လူဖြစ်လာရတဲ့ငါ
ငါတို့ နှစ်ယောက်
အွန်လိုင်းမှာတွေ့ ကြတဲ့အခါ …
hello ~ how are you ? အပြင်
အင်္ဂလိပ်လို သိပ်မတတ်တဲ့ငါနဲ့ 
မြန်မာ တိုင်ပင် (typing) မရိုက်တတ်တဲ့ နင်
ငါတို့ နှစ်ယောက် ချက်(chat )ဖို့ ရာတွင် …
ဒို့ နှစ်ယောက် ကြားမှာ
ဘာသာစကားတစ်ခုဆိုတာ
ပေါင်းကူးဖို့ ရာ လိုအပ်လာတော့
တံတိုင်းသဖွယ်ကာလို့ မိုးတဲ့
Language တွေကို ငါဖျက်ချိုးဖို့ 
တံတားလေးလေးတစ်ခု ငါတို့ ထိုးခဲ့တယ် …
ရင်ဘတ်ချင်းနီးကပ်ဖို့ 
Heart Language လေးအကူတောင်းလို့ 
အာရုံချင်းပေါင်းကာ Telepathy တွေကောင်းခဲ့ပါတယ်ဗျာ ... ။ ။
♥MOESUTNAY♥
29.12.2010
( Wed: )
5:30 p.m.
 Share
" သာစေ ၊ မာစေ "
" သာစေ ၊ မာစေ "
7 January 2011 at 09:00
ပန်းတိမ်မတတ်ခင်
ရွှေခိုးသင်သလို
အရွယ်မရောက်ခင်
အစွယ်ပေါက်ချင်တော့
အနေမတတ်လို့ 
အသေကျပ်ခဲ့တာ
အခွင့်ရှိတိုင်း
မျှော်လင့်ခဲ့မိတာ
အခုတော့လည်း
အတော် ... နေသာထိုင်သာရှိပါ၏ ။။။
♥MOESUTNAY♥
7.1.2011
( Fri : )
9:00 a.m.
 Share
" ပင်ကိုယ်စွမ်း "
" ပင်ကိုယ်စွမ်း  "
==========
သူမ ပြုံးလိုက်စဉ် တဒင်္ဂ
ဘာမြေသြဇာမှ မလိုဘဲ
ငါ့ ရင်ထဲ ပန်းတွေ
အလိုလို ပွင့်သွားတယ် ... ။ ~ ။
 ♥MOESUTNAY♥
19.2.2011
( Sat: )
11:20 a.m
 Share
" လူမှန် "
" လူမှန် "
========
ဘယ်သူ့ ကိုမှလည်း စိန်မခေါ်ဘူး
လောကကြီးကိုလည်း အံမတုဘူး
ကိုယ့်ခြေထောက် ကိုယ်ထောက်လို့ 
ကိုယ့်လမ်း ကိုယ်လျှောက်တယ်
တစ်ခါတစ်လေ ...
လမ်းတွေ့ တဲ့ခလုတ်ကန်သင်းအမှိုက်
ကောက်မရှင်းနိုင်ရင်တောင်
အနည်းဆုံးတော့ ကန်ထုတ်လိုက်မိတယ် ... ။ ~ ။
♥MOESUTNAY♥
22.2.2011
(Tue: )
11:30 p.m.
 Share
သူရဲကောင်းတို့ကမ္ဘာ