Sunday, 3 November 2013

"ကလေးအတွေး"

"ကလေးအတွေး"

27 September 2010 at 14:08
ကျွန်တော်ဟာ~သူ့ ဘေးနားက
ကြည့်နေရုံသက်သက်လေးပါ ...

ပုံမှန်ရှင်သန်နေတဲ့
ကျွန်တော့်အသိတရားကို
သူ့ ဖို့  (ငယ်) ထားမိတယ် ...

သာမန်ဖြစ်တည်နေတဲ့
ကျွန်တော့်အသက်အရွယ်ကိုလည်း
သူ့ အတွက်ဆို ...
ထက်ဝက်(ဖယ်)ထားချင်ပြန်တယ် ...

သူ့ မျက်စိရှေ့ ၊ မျက်လွှာအောက်မှာ
ကျွန်တော်ဟာ ...
ကလေးပေါက်စနတစ်ယောက်ပေါ့
သူ့ အလိုရ ၊ သဘောတော်ကျရအောင်
ကျွန်တော်က~နေပြချင်ခဲ့တယ်လေ ...

တကယ်ဆို ~ သူက
ဟိုးဝေးဝေးက လမင်းလေး
ကျွန်တော်က မျှော်ရင်းငေးနေတဲ့
ကလေးလေးလိုပါပဲ ...

တစ်နေ့ နေ့ ၊တစ်ချိန်ချိန်မှာ
လမင်းလေးပြုတ်ကျကာ
ကြွေလာလေမလားလို့ 
ရူးမိုက်စွာ ... မျှော်လင့်ခဲ့ဖူးတယ်လေ ...

တကယ့်~တကယ်တော့
အစွဲအလန်းကြီးစွာနဲ့ 
ရူးသွပ်တတ်ခဲ့တဲ့~ကျွန်တော်ဟာ
ဟိုး...ကောင်းကင်ကြီးထဲက
လမင်းလေးကိုလေ
မြင်နေရင် ~ ပျော်ရလို့ 
တွေ့ နေရင် ~ ကျေနပ်ကာ
ငေးနေရုံသက်သက်နဲ့ ...
အိပ်မက်တွေမက်တတ်ခဲ့သူပါဗျာ ~ ။ ... ။

♥MOESUTNAY♥
Friday
September10,2010
2:00 p.m.


 

"မီးနဲ့ ဝေးစေ...ပိုးဖလံရေ"

"မီးနဲ့ ဝေးစေ...ပိုးဖလံရေ"

27 September 2010 at 14:36
ဆုတောင်းများမှားခဲ့လား မှတ်ရတယ်
ဖြစ်ချင်တာနဲ့ ဖြစ်နေတာက
တေ့တေ့လေးရယ် လွဲနေလိုက်တာ ...

ကကြိုးကကြောင်နဲ့ အပေါက်အလမ်းမတည့်ခဲ့သမျှ
ကျွန်တော့်ကောက်ကြောင်းတွေကို
တစ်ချက်လောက်တော့ ပြန်စီရဦးမယ်ဗျာ ...

သူလိုကိုယ်လိုနဲ့ နေလာလိုက်တာ
ဆန္ဒနဲ့ ဘ၀ကြားက ဖြစ်တည်နေခြင်းကို
ရှင်သန်နေထိုင်မှု့ လို့ ဆိုထားမိတယ် ...

လရေးနှစ်ချောင်းငင်(လူ)
လူကတော့(လူ)ပဲ
အသံထွက်ပုံချင်းတူပေမယ့်
အနက်တွေကွဲနေပြန်ပါရောလား ...

ဒီလိုနဲ့ ပဲ ...(၃၁)ဘုံအတွင်းမှာ
လူးလိမ့်ကာ ကျင်လည်နေရင်း
ကြိုးလျှောက်တာ ကြိမ်ရေများလာလို့ 
တစ်ခါတစ်ခါ တကယ်(ပမ်း)တယ်ဗျို့  ...

လူတစ်ချို့ သိပ်လုပ်တတ်ပ
အပေါ်ယံ သကာလောင်းလို့ 
ရင်ထဲမှာတော့ ဟောင်းလောင်း
မာယာတွေ ဗလပွနဲ့ 
အပြုံးတွေ စီသကြတာ ...

ကိုယ့်ရှိမှကိုယ့်ဟာ
သူ့ ရှိတော့ သူ့ ဟာ
ဘာမနာလိုစရာရှိလဲ
မုဒိတာ မပွားဘဲ
ဣဿာတွေများနေလိုက်တာ
ဒီဘ၀ကြီး ခဏရတာပါဗျ
နောက်တစ်ဘက်ကမ်းကို
အပူတွေနဲ့ မတက်လှမ်းချင်စမ်းပါနဲ့ ဗျာ ... ။ ။

♥MOESUTNAY♥

11thJuly2010
( Sundy )
2:00 p.m.

 

"အချစ်သို့ ရှူံးနိမ့်ခြင်း"

"အချစ်သို့ ရှူံးနိမ့်ခြင်း"

27 September 2010 at 14:52
ဖြစ်နိုင်မယ်ဆိုရင်
ဘ၀မှာ... တစ်ကြိမ်၊တစ်ခါလောက်တော့
မိုက်မိုက်မဲမဲရူးသွပ်ခွင့်ကိုရလိုက်ချင်ပါသေး ...

မြင်နိုင်မယ်ဆိုရင်
ရင်ကိုခွဲလို့ အသဲကိုပြချင်တယှ်ု
ငါ့ဝဲဘတ်ရင်အုံထက်က
နင့်ကိုယ်ပွား ပုံရိပ်ယောင်လေးကိုလေ ...

ကြားနိုင်မယ်ဆိုရင်
မိုင်ကုန်ဟစ်လို့ အသေကျုံးအော်ချင်ပါသေး
ပဲ့တင်ထွက်မတတ်  တရဆက်ရွတ်ဖတ်နေတဲ့
ငါ့နှုတ်ဖျားထက်က
နင့်နာမည်လှလှလေးအား ...

သို့ ပေမယ့်လည်း
ကောင်မလေးရယ်
ဘ၀ဆိုတဲ့စကားလုံးကို
နှုတ်ဖျားကထုတ်ဖတ်ကြည့်တိုင်း
ထိန်းချုပ်ခြင်းအသိအောက်မှာ
ဘယ်ဘတ်ရင်တစ်ခြမ်းက
အောင့်(အောင့်)တက်လာတယ် ...

တမ်းတသူ အကျွန်ုပ်ဘက်မှာ
မျှော်လင့်စောင့်စားနေယုံသက်သက်ထက်သာ
ဘာများပိုလို့  ကျွန်တော်တတ်သာမလဲဗျာ ...

သေချာတာတစ်ခုကတော့
လူတစ်ယောက်ကို စချစ်မိပြီဆိုကတည်းကိုက
အရာရာ အကုန်လုံး ...
autoရှုံးသွားတယ်ဆိုတာ
ဘယ်သူက နားလည်နိုင်မှာလဲဗျာ... ။ ။

♥MOESUTNAY♥
 24thMay2010
2:30 a.m.


 

"ရင်ဘတ်ထဲက သံစဉ်"

"ရင်ဘတ်ထဲက သံစဉ်"

27 September 2010 at 14:54

အိပ်မက်မက်နေတယ်လို့ 
သိလိုက်ရရင်တောင်မှ
မနိုးတမ်းအိပ်ချင်နေတာက
မင်းရဲ့ နှလုံးသားထဲမှာပါကွာ ...

အချစ်နဲ့ ဘ၀က~ တကယ်တော့
ခြားလှတယ်ဆိုတာ
ငါနားလည်ပါတယ်
ကောင်မလေးရယ် ...

အမှတ်တမဲ့နဲ့ ...
ငါ့ရင်ဘတ်ကိုတံခါးခေါက်လို့ 
ရင်ခုန်ခြင်းအိပ်မက်ရှည်တွေနဲ့ 
တိတ်တဆိတ်ထိုးဖောက်ကာ
နင်'၀င်ရောက်လာလေရဲ့  ...

ကျေးဇူးပြုပြီး...
လှုပ်နှိုးဖို့ တော့~မကြိုးစားပါနဲ့ တော့
နင်'ပေးခဲ့တဲ့အိပ်မက်ရှည်တွေနဲ့ 
ငါ'ဒီမှာ...တော်တော့်ကို အသားကျနေပါပြီ ...

အိပ်မက်ဆိုတာ...
ကြိုးပျက်နေတဲ့ပတ္တလားဟောင်းတစ်လုံးမို့ 
သံစဉ်ထွက်အောင်တီးခတ်ပေးဆိုရင်
နရီမပီ၊စည်းဝါးမညီဘဲ
သံစဉ်မကျနလို့ ၊ပနံတင့်ချင်မှတင့်မယ်နော် ...

ဒါပေမယ့်လည်း
ကြိုးသွားစုံလင်နေတဲ့...
ပတ္တလားကောင်းတစ်လုံးကိုပင်
အတီးမတတ်တဲ့သူ(ထ)ပြီးတီးခတ်ရင်
စည်းဝါးမညီ၊ကာရံမကိုက်လို့ 
သံစဉ်ပီသချင်မှ ပီသမယ်လေ ...

တစ်ချို့ တစ်ချို့ တွေမှာ
အားနည်းချက်ကွက်လပ်လေးတွေနဲ့ 
အတတ်နိုင်ဆုံးကြိုးစားလို့ ရယ်
အဖြစ်နိုင်ဆုံး ဖြည့်ဆည်းကြည့်ကြတဲ့အခါ

တစ်ခါတစ်ရံမှာ ...
ကြိုးပျက်နေတဲ့ ပတ္တလားသံဟာ
ပိုလို့  ချိုမြတတ်ပါတယ်ကွာ ... ။ ။

♥MOESUTNAY♥

11thJuly2010
( Sunday )
5:30 p.m.


 

"ကြိုးလျော့သံ"

"ကြိုးလျော့သံ "

27 September 2010 at 15:06

နှုတ်ချိုလျှိုတစ်ပါးတွေ
မုသားမပါ၊လင်္ကာမချော...
ဘာတွေ ... ညာတွေ၊ ... မလုပ်တတ်ပဲ
စိတ်အရှိတိုင်း...ဘွင်းဘွင်း
ဟန်ဆောင်ခြင်းကင်းကင်းနဲ့ 
ဂျစ်ဆတ်ဆတ်ပြောတတ်တဲ့ ငါ့စရိုက်ဆိုးတွေက
နင်နဲ့ တွေ့ တဲ့အခါ ~နူးညံ့ တတ်လာတယ်ဟာ ...


နင် အထင်ကြီးတဲ့
လူတည်ကြည်ကြီးတစ်ယောက်မဖြစ်ခဲ့လို့ လည်း
တစ်ခါတစ်ခါ ~ ငါ့ကိုယ်ငါ အားမရပါဘူးဟာ ...

နင်မနှစ်သက်တတ်တဲ့
ရူးတူးတူးပေါတောတောစရိုက်တွေကလည်း
ပျော်ပျော်နေတတ်တဲ့ငါ့ဆီမှာ
အလိုလိုထင်ဟပ်နေတာ ~ ဘယ်နှယ့်လုပ်ရမလဲဟာ ...

နင်ပြောပြောနေတတ်တဲ့
ရင့်ကျက်မှု့ ဆိုတဲ့စကားက
ပေါ့ပေါ့နေတတ်တဲ့ ငါနဲ့  နင့်အကြား
မိုးနဲ့ မြေအလား ~ ခြားနားလွန်းပါတယ်ဟာ ...

ငါ့နှလုံးသားလေးပြုံးဖို့ ရာ
သူများအသဲကွဲရမှာဆိုရင်တော့
နေပါစေတော့ကွာ
ငါ့ဘ၀နဲ့ ငါ့ဇာတာ ရှိပါစေတော့ဟာ

တကယ်ဆို
ခဏတာရတဲ့ပျော်ရွှင်မှု့ ကို ပုံရိပ်ဖမ်း
ငါဆိုတဲ့ကောင်က ... ရေပေါ်ကဂဏန်းလိုပါပဲ
ရေတက်တုန်းခဏ .... ကမ်းပေါ်ကပ်ရရှာတာလေ ...

အကယ်၍
ကံကြမ္မာမျက်နှာသာပေးလို့ 
နောက်ဘ၀ဆိုတာရှိခဲ့သေးရင်
အချစ်ဆိုတာလေးကို
နင်နဲ့ တော့ ကြုံလိုက်ချင်သေးတယ်ဟာ ... ။ ။

♥MOESUTNAY♥
September 2,2010
(Thursday)
7:00 p.m.


 

"ရုန်းရင်း၊ကန်ရင်း...သူငယ်ချင်း"

"ရုန်းရင်း၊ကန်ရင်း...သူငယ်ချင်း"

27 September 2010 at 14:58

"Life is a struggle"ကွ
ရုန်းရင်း၊ကန်ရင်းပေါ့...သူငယ်ချင်းရယ်
ဘ၀ဆိုတာ...တိုက်ပွဲတဲ့
မနိုင်ရင်တော့ ရှုံးမှာပဲ
လဲရင်ပြန်ထ ... ဒါ'ဘ၀ကွ

ဘ၀ဆိုတာ
Director မလိုဘူး၊Producerမလိုဘူး
Actor / Actress အဖြစ်နဲ့ 
မင်းကိုယ်တိုင် လောကဇာတ်ခုံပြစင်ပေါ်မှာ
တင်ဆက်ဖျော်ဖြေကပြခွင့်ရမယ်လေ …
ဒါပေမယ့်…မှားသွားရင်တော့လား
ပြန်ပြင်ဖို့ အခွင့်အရေး (သူ့ )မှာမပေးဘူး …

အခမဲ့ချလို့ ပေးထားတဲ့ Canvas တစ်ချပ်မှာ
လိုရာပုံဖော်လို့ စိတ်ကြိုက်ပန်းချီရေးခြစ်လို့ ရတယ်
သို့ သော်လည်း…အမှားပြင်ဆင်ချက်နဲ့ 
နောက်ကြောင်းတွေပြန်ဖြည့်စွက်တဲ့အကွက် လုံးဝခွင့်မပြုပါ …

Domain Name ၀ယ်စရာမလိုတဲ့
Free Web-Page တစ်ခုမှာ
ငါတို့ ကြိုက်တဲ့ Platform ကနေ၊စိတ်ကြိုက်Programming Languageနဲ့ 
ရေးဆွဲကာပုံဖော်ပြလို့ ရတယ်
ချွင်းချက်…တင်ပြတဲ့ forumတွေ blogတွေမမှားစေနဲ့ ပေါ့ဗျာ
သူကပြန်ပြင်ခွင့်မရှိလို့ ပါ ...

ဒီလိုနဲ့ ပဲ
မေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ
ရုန်းရင်း၊ကန်ရင်းနဲ့ လှုပ်ရှားနေရတာ
Game ပွဲတစ်ပွဲအလားပမာ
Win (or) Game over တစ်ခုခုတော့
ငါတို့ တွေ သေချာပေါက်ရမှာပါ ....

လှုပ်ရှားမှု့ ဟာရပ်တန့် သွားရင်
ဘ၀တွေလည်း (တန့် ) သွားနိုင်တယ်ကွ ....

လူ့ ပြည်ထဲခြေမနင်းခင်
မေမေ့ဝမ်းထဲသန္ဓေတည်စ
ဟိုး...လူ့ ဘ၀ကြီးရဲ့ အစကတည်းကိုက
ငါတို့ တွေ ရုန်းကန်ခဲ့လိုက်ရတာ ...

လှုပ်ရှားမှု့ သာမပါကြည့်ပါလား
မေမေ့ဝမ်းအတွင်းထဲ ရေမွှာတွေ မွှမ်းလို့ ပဲ
ငါတို့ တွေ လူ့ လောကကြီးပေါ်
ခြေဆင်းလို့  မြေနင်းခွင့်ရပါ့မလားနော် ....

လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ
အူဝဲလို့ မြည်တမ်းကာ ကမ္ဘာမြေကြီးထဲကို
လည်လည်တစ်ခေါက် ရောက်လာလိုက်တာ .....~

ဟူးးးးး ခန္ဓာတွေ မချုပ်ငြိမ်းလို့ 
မနက်ဖန်တွေ မသိမ်းခင်အထိတော့
(နောက်တစ်နေ့  မကူးခင်အထိပေါ့)
လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ ရုန်းကန်သွားရဦးမှာပါလား . . . ။ ။

"Life is time between womb & tomb! "

♥MOESUTNAY♥
 11.7.2010(Sun)
7:20p.m.


 

'ကျွန်တော့်ကို မချစ်သော ကျွန်တော်၏ချစ်သူ'

'ကျွန်တော့်ကို မချစ်သော ကျွန်တော်၏ချစ်သူ'

27 September 2010 at 15:13

ရင်ထဲမှာ ဖြစ်တည်တာက
သံယောဇဉ်
အမှန်ပြောရင် စိတ်မနောအသွင်မှာ
နက်နက်နဲနဲချစ်မိတာက 'နင်' ...

လူထဲကလူ အတူတူမို့ 
လူတကာသတ်မှတ်ထားသလို
(တစ်)ပြီးရင်၊(နှစ်)လာမယ်ထင်လို့ 
နင်ငါ့အပေါ် ...
ချစ်ပြီးရင်း၊ ချစ်လာမယ်မှတ်တာ
အော် ... တကယ်ဆို အချစ်ဟာ ...
သိပ်နီးခြင်း၊ကပ်ခြင်းနဲ့ လည်း ဆိုင်မှမဆိုင်တာပဲနော် ...

ဆန္ဒနဲ့ ဘ၀တစ်ထပ်တည်းမကျတတ်တာ
လောကသဘာဝပါတဲ့  ...
ဖြစ်ချင်တာထက် ၊ ဖြစ်သင့်တာကို ရွေးချယ်ကြေးမို့ 
ခံစားချက်ကိုဘေးဖယ်
ဘ၀ဆိုတာကိုတွေးမယ်ဆိုရင်
ကဲ...ကောင်မလေးရေ~
နင်ငါ့ကိုယ်မချစ်ချင်ရင်လည်း
ငါ'အပြစ်မမြင်တော့ပါဘူးလေ ...

နင်သာလက်ခံမယ်ဆိုရင်
ရင်ခုန်မှု့ တွေနဲ့ ထပ်တူ
မျှော်လင့်ချက်တွေကိုအသက်သွင်းလို့ 
ငါ့မနက်ခင်းတွေ နင့်ထံပါး ... အပ်နှင်းပါရစေသား ...

သေချာတာတစ်ခုကတော့
ငါရင်ခုန်ရတဲ့ နင့်မှာ
ဖြူစင်တဲ့သဏ္ဍန်နဲ့ 
ပွင့်လင်းတဲ့ဟန်ပန်တွေရယ်
ချိုသာတဲ့အပြုံးနဲ့  ရိုးသားတဲ့မျက်လုံးတွေရှိနေလို့ များ
ငါနင့်ကိုယ် ချစ်မိသွားတာလား ...

တစ်ခါတစ်ခါ နင်'စိုးမိုးအားကြီးပုံများ
ရင်ဘတ်ထဲက အသံကို Dictionary လှန်တာ
အနက်မပြန်နိုင်တဲ့ ညတွေတောင်ရှိတယ်ဟာ ...

ဖြစ်နိုင်လျှင် နင်'ဟာ
မြန်မာသဒ္ဒါထဲက နာမ်ပုဒ်တစ်ခုသာဆိုရင်
အများနှင့်မသက်ဆိုင်ဘဲ
ငါတစ်ယောက်ထဲသာပိုင်သည့်
တစ်ဦးဆိုင်နာမ်ဖြစ်ရပါစေသား ...

ကျေးဇူးပြုပြီး
တစ်ချက်လောက်တော့ပြုံးပေးပါကွာ  
(ဆြာတာရာမင်းဝေ...ပြောသလို
အချစ်မှာ မျှော်လင့်ချက်လိုတယ်တဲ့)
ငါလည်းပဲ... မျှော်လင့်ချက်ခပ်ငွေ့ ငွေ့ လေးနဲ့ 
မနက်ဖြန်တွေ ဆက်ရွေ့ နေချင်သေးလို့ လေ ...

♥MOESUTNAY♥
August 08,2010
(Sunday)
2:00 p.m


 

" ချစ်ခြင်း၏စည်းတစ်ဖက်၌အချစ်ရှိသည်။ "

" ချစ်ခြင်း၏စည်းတစ်ဖက်၌အချစ်ရှိသည်။ "


27 September 2010 at 15:36

နင့်ရဲ့ အဝေးမှာ မနေတတ်တဲ့ငါနဲ့ 
ငါရဲ့ အနီးမှာ မရှိချင်တဲ့ နင့်ရဲ့ 
မျှော်လင့်ချက်မဲ့ ဆက်ဆံမှုတွေကြား
ဘာလိုလိုနဲ့ 
မနက်ဖြန်ဆိုတာ ~ ရှားသွားခဲ့ရပြီ ...

ခြားထားမှန်းသိရက်နဲ့ 
အဲဒီစည်းတစ်ဖက်ထဲကိုတိုး
နင့်ကို မြတ်နိုးတယ်လို့ 
ဆိုလိုက်တိုင်း ...
ရင်ဘတ်တစ်ခုလုံးအလွမ်းတွေမှိုင်းထ
ငါဟာ...သ၀န်တိုစိတ်တွေနဲ့ 
ရိုင်းပျလာတတ်ခဲ့ပြီ ...

တကယ်ဆို
နင်မဖတ်တတ်ခဲ့တဲ့
ငါ့ရင်ဘတ်ထဲက~ဗျည်းအက္ခရာဟာ
အတ္တဆန်ခြင်း ၊ သ၀န်တိုခြင်း
မနာလိုခြင်း ၊ သဘောထားသေးသိမ်ခြင်းတွေနဲ့ 
ခြယ်မှုန်းခဲ့ရတာတော့ ~ မဟုတ်ပါဘူးကွာ ...

အချစ်ရဲ့ အဓိပ္ပာယ်ကို
နားလည်တတ်ဖို့ ရာ
အခုမှ ... ငါဟာ
သင်ပုန်းကြီးဖတ်စာ ~ ဖတ်နေတုန်းပါ ...

တကယ်တော့ .... _______ ရေ
သံယောဇဉ်ကြိုးကို
မြတ်နိုးစွာနှောင်ဖွဲ့ တိုးလို့ 
တိတ်တခိုးချည်ငင်ခဲ့တာ
နင့်တစ်ယောက် ~ ပျော်ရွှင်စေဖို့ 
ဖြည့်ဆည်းပေးချင်ယုံသက်သက်ပါကွာ ....

♥MOESUTNAY♥
September 26 ,2010
( Sunday )
2:00 a.m

 

" နေ၀င်ချိန် "

" နေ၀င်ချိန် "

29 September 2010 at 10:27

ဘယ်လိုပင်ဝေးဝေး
ဝေးနေပါစေလေ ...

ရေ၊မြေတွေခြားလို့ 
တံတိုင်းတွေကာရံထားပါစေ ...

နားလည်မှု့ တွေပွားကာ
နွေးထွေးမှု့ တွေများလာသောအခါ

သူ နဲ့  ကျွန်တော် ဟာ ...

အဝေးကြီးဝေးလည်း
ရင်ဘတ်ချင်းစည်းလို့ 
တကယ်ဆို ...
နီးနီးလေးရယ်~မှတ်ခဲ့ရတယ် ...

နားလည်မှု့ တွေဝေးလို့ 
ဂရုစိုက်မှု့ တွေ~ သွေးအေးလာသောအခါ
သူနဲ့  ကျွန်တော်ဟာ
သူစိမ်းများပမာ
auto ဖြစ်သွားကြတယ်ဗျာ ...

♥MOESUTNAY♥
 Tuesday
September14,2010
2:30 p.m.

 

'ကြင်နာချင်ရုံသက်သက်ပါ'

'ကြင်နာချင်ရုံသက်သက်ပါ'

29 September 2010 at 10:29

ကောင်မလေးရယ် ...
နင့်ဆီမှာ ...
အဆင်မပြေမှု့ တွေ~ကြုံရတဲ့အချိန်
နင့်ရင်မှာ ...
ခါးသီးမှု့ တွေကြုံရတဲ့အချိန်
နင့်နံဘေးမှာ ...
တစ်ခုခု လိုအပ်တဲ့အချိန်
အားပေးဖော် အကူတော်လေးအဖြစ်
နင့်အပါး ... ငါ'အခစားဝင်ပါရစေဟာ ...

နင်'စိတ်ညစ်တဲ့အချိန်တွေတိုင်း
နင်'အားငယ်ရတဲ့အချိန်တွေတိုင်း
နင်'ကြေကွဲရတဲ့အချိန်တွေတိုင်း
ထွေးပွေ့ဖို့ ရာ ... ငါ့လက်ဖ၀ါးအစုံအား
နင့်ပုခုံးထက် ~ ခိုနားခွင့်ပြုပါဟာ ...

တစ်စုံတစ်ရာကြောင့် နင်'၀မ်းနည်းရတဲ့အခါ
နင်'နာကျင်ရတဲ့အခါ နင်'ခံစားရတဲ့အခါ
ကျေးဇူးပြုပြီး ... ငါ့ကိုယ်
နင့်အနားမှာ ခဏလောက်နေခွင့်ပေးပါဟာ
နင့်အမောတွေကို ~ ငါဖြေသိမ့်ပေးချင်လို့ ပါ ...

နင်' ပျော်မြူးနေခဲ့ရင်
နင်' ကြည်နူးနေခဲ့ရင်
နင်' အောင်မြင်နေခဲ့ရင်
နင်' ပျော်ရွှင်နေခဲ့ရင် ...
ငါ့ကိုယ် နင်' မေ့ချင် မေ့ထားလိုက်ပါဟာ

နင်သတိယလို့  တမ်းတမိရင်တော့
ငါဆိုတဲ့ကောင်ဟာ~နင့်အတွက်
ဟိုသီချင်းလေးလိုပဲပေါ့  
♫အရင်လိုပါပဲ ... အရင်အတိုင်းပဲ ♫

♥MOESUTNAY♥
August 08,2010
(Sunday)
11:00 A.M

 

"လွမ်းရုံဖြင့်သာ"

"လွမ်းရုံဖြင့်သာ"

29 September 2010 at 10:51

"ခံစားချက်နဲ့ စကားလုံးတွေဟာ
ပြောင်းပြန်အချိုးကျတယ်"တဲ့ 
ရင်ဘတ်ကြီး ပြည့်သိပ်လာလို့ 
စကားလုံးတွေအန်မထွက်တော့တာပါ ...

မသိကျိုးကျွံ့ ပျက်ရယ်ပြုနေတဲ့ 
နင့်စကားလုံးတွေရဲ့ 
အနက်နဲ့  သီအိုရီကို
ငါ့နှလုံးသားက ပိုက်စိပ်တိုက် ရှာချင်နေခဲ့တယ် ...

နိုးတစ်ဝက်အိပ်မက်တွေနဲ့ 
ရှတတ နှလုံးသားတစ်စုံက
ခပ်မွမွလေး လွမ်းချင်နေခဲ့တာ
ဘာဖြစ်လို့ များလဲ  မသိပါဘူးကွာ ...

ပုံပြင်ဆန်ဆန် ရူးသွပ်တတ်လို့ ပဲလား
ရိုးသားစွာ လျှို့ ဝှက်တတ်ချင်ခဲ့လို့ လား
ငါ့ကိုယ်ငါ မကွဲပြားသေးပေမယ့်
ဆိတ်ဆိတ်နေခြင်းဟာ
ဝန်ခံခြင်းတစ်မျိုးဆိုရင်
နင့်ကိုယ်ငါချစ်ကြောင်း
ဘာမှမပြောဘဲ (ငြိမ်ပြီးတော့) နေပါရစေတော့လား ....

အလွမ်းတွေ ဗလပွနဲ့ 
ဟောဒီ ရင်ဘတ်ကြီးထဲမှာ
နင်ဆိုနင်မှ တမ်းတနေတာ
ငါ့ရင်ခုန်သံတွေ ရှင်းသန့် ကြောင်း
ငါ့အလွမ်းတွေ ရိုးသားကြောင်း
ဆယ်သက်၊ဆယ်ကမ္ဘာ ကျိမ်ပြောရဲပါတယ် ...

ကဗျာတစ်ပုဒ် ပန်းတစ်ဆုပ်လောက်နဲ့ မှ
အချစ်ကို show ထုတ်ပြလို့ မရတဲ့ 
ဒီခေတ်ကြီးထဲမှာ ...
လူဖြစ်ရတဲ့ ငါက
ကဗျာသီဖွဲ့ ကာ ပေးကူလို့ 
တစ်နာရီခွဲစာ ဝေးသူသို့  ~~~~~~~~~~~~

♥MOESUTNAY♥


 

"ကံသေကံမတွက်ဆလို့ မရ"

"ကံသေကံမတွက်ဆလို့ မရ"

29 September 2010 at 10:42

အသုံးမ၀င်တိုင်း အမှိုက်တော့ မဟုတ်ပါဘူး ...

ဈေးပေါတိုင်း တန်ဖိုးမရှိတာ မဟုတ်ပါဘူး ...

လွယ်လွယ်ရတိုင်း အဖိုးမတန်တာ မဟုတ်ပါဘူး ...

စွန့် ပစ်တိုင်းလည်း မလိုချင်လို့ တော့ မဟုတ်ပါဘူး ...

အ၀တ်စုတ်တိုင်းလည်း သူတောင်းစား မဟုတ်ပါဘူး ...

တော်နေကြတိုင်းလည်း လူကောင်းရယ်လို့ မဟုတ်ပါဘူး ...

လက်မှတ်တွေကပ်ထားတိုင်းလည်း တကယ်တတ်ကြတာ မဟုတ်ပါဘူး ...

ပေါ့ပေါ့နေတိုင်းလည်း ပျက်ဆီးနေတာ မဟုတ်ပါဘူး ...

ရိုးသားသူတိုင်းလည်း လူကောင်းရယ်တော့ မဟုတ်ပါဘူး ...

အဆင့်အတန်းမြင့်သူတိုင်းလည်း ကိုယ်ကျင့်တရားကောင်းတာ မဟုတ်ပါဘူး ...

နုံချာသူတိုင်းလည်း အဆင့်အတန်းနိမ့်ကြတာ မဟုတ်ပါဘူး ...

ကြိုးစားသူတိုင်းလည်း အောင်မြင်ကြတာ မဟုတ်ပါဘူး ...

ရှူံးနိမ့်သူတွေတိုင်းလည်း ညံ့ဖျင်းကြတာ မဟုတ်ပါဘူး ...

တွေးတတ်သူတိုင်းလည်း ရင့်ကျက်ကြတာ မဟုတ်ပါဘူး ...

ရင့်ကျက်သူတိုင်းလည်း တွေးတတ်ကြတာ မဟုတ်ပါဘူး ...

ဘာမှမလုပ်ရင် ဘာမှမဖြစ်တတ်လို့ 

ဘာမှမဖြစ်တိုင်းလည်း ဘာမှမလုပ်ဘူးမထင်ပါနဲ့  ...

ဘာဆိုဘာမှ သေချာရေရာမှု့ မရှိတဲ့  ဒီလောကကြီးထဲမှာ
"ဒါ"မှ"ဒါ"ဆိုပြီး အစွဲသုံးနေရင်တော့
ထာဝရ ငါ"ဆိုသည် အမြဲရှူံးနေတော့မှာပါလား ....???

♥MOESUTNAY♥


 

သူလို <----> ကိုယ်လို

သူလို <----> ကိုယ်လို

29 September 2010 at 10:52
*ကျေနပ်တာတော့
မဟုတ်ပေမယ့်
နေတတ်အောင်တော့ ~ နေခဲ့မိပါရဲ့ ... ။

တစ်စုံတစ်ရာကို ...ကျေးဇူးတင်မိခဲ့တယ်
တစ်စုံတစ်ရာကို ...နာကျည်းချင်မိခဲ့တယ်
တစ်စုံတစ်ရာကို ... အပြစ်တင်မိခဲ့တယ်
တစ်စုံတစ်ရာကို ... မုန်းချင်မိခဲ့တယ် ..... ။

ဒါပေမယ့် ...
အဲ့ တစ်စုံတစ်ရာ ကို
ဘာရယ်မှန်း ... ငါမသိခဲ့ဘူး ... ။

* တစ်ခါတစ်ခါ တွေးပြီးပြုံးမိတယ် ..။
< HTML > = MSN + Kgmalay

* အွန်လိုင်းပေါ်မယ်... စာတက်ရေးမယ် ။
Globalization ~ Telepathy
Idle : Not working
Chatting : Q Q
Invisible : Stealthily
moesutnay.co.cc : error
Ŧ Finished : Absolutely

ဘယ်လိုနာမ၀ိသေသနတွေ ရှေ့ ကပ်မလဲ ...
ဘယ်လိုဂုဏ်ပုဒ်တွေ တပ်မက်မလဲ ...
ဘယ်လိုတွေ မှတ်ချက်ပေးမလဲ ...
Plz , D N D ! ကျွန်တော်မတွေးတော့ဘူး ...

*အတိတ်ကို ကျွန်တော်ပြန်ဝင်စားတော့
ချစ်သူက ... (အမုန်း)
မိတ်ဆွေက ... (ဒေါသ)
အသိုင်းအ၀ိုင်းက ... (ဥပေက္ခာ)
လောက က ... (ဗလာ)
I don't worry about it !
ဘာပဲဖြစ်ဖြစ် အားလုံးကို
" မင်္ဂလာပါ " .......................။ ။

♥MOESUTNAY♥

 

"နင်သိဖို့ ရာ"

"နင်သိဖို့ ရာ"

29 September 2010 at 11:56

ငါသိပါတယ် ...
ကောင်မလေးရယ်
ကံစက်ဝိုင်း ဖယ်ခွာပြေးလို့ 
တစ်နေ့ နေ့ မှာ ဝေးရမယ်ဆိုတာကိုလေ ...

ငါသိပါတယ် ...
ကောင်မလေးရယ်
ပလီပလာ တီတာစကားနဲ့ 
အဖြူရောင်လို့  ခေါင်းစဉ်တွေမှားတပ်
ငါကိုယ်တိုင်က တရားပျက်ခဲ့တာလေ ...

ငါသိပါတယ် ...
ကောင်မလေးရယ်
ပြုံးရုံသာပြုံးပြတတ်တဲ့ 
မင်းမျက်ဝန်းနက်တွေထဲက အဓိပ္ပာယ်ကို
ငါစိတ်မှန်းနဲ့ လွမ်းပါရစေတော့လေ ...

ငါသိပါတယ် ...
ကောင်မလေးရယ်
စစ်မှန်တဲ့ ချစ်ခြင်းတရားဟာ
ဒွန်းစန္ဒားလို လက်ဖြန့် တောင်းလို့ 
ချစ်ပါ' ချစ်ပါ' အော်နေလို့ မှ မရတာလေ ....

တကယ်ပါ ....
ကောင်မလေးရယ်
နှလုံးသားကို အဆိပ်ခပ်
ရင်ခုန်သံတွေ အိပ်မက်မက်လို့ ကောင်းနေတုန်း
အလွမ်းတွေတွေးပြီး ငါကျန်ရစ်လည်း
ငါလေ...နင့်ပဲ ချစ်တယ် ...

♥MOESUTNAY♥


 

"အဟောင်းတွေကို~အစုတ်မလုပ်ချင်ဘူး"

"အဟောင်းတွေကို~အစုတ်မလုပ်ချင်ဘူး"

2 October 2010 at 17:54

နင်'လက်ခုတ်တီးတိုင်း
အပြေးလေးလာရအောင်
ငါ'ဆိုက်ကားဆရာ မဟုတ်ဘူး ...

နင်'လက်လှမ်းပြတားလို့ 
ရပ်တန့် သွားရအောင်လည်း
ငါ' TAXI ကား မဟုတ်ဘူး ...

နင်'လာပါအုံး လုပ်တိုင်း
ပြန်လှည့်လာရအောင်လည်း
ငါ'ပဲပြုတ်သည် မဟုတ်ဘူး ...

နင်'အကူအညီလိုတိုင်း
သတိရတတ်ရအောင်လည်း
ငါ'က 199 မဟုတ်ဘူး ...

နင်'သိလိုသမျှမေးတာကို
ပြန်ဖြေကြားရအောင်လည်း
ငါ' Inquiry က ၀န်ထမ်းမဟုတ်ဘူး ...

နင်'လိုအပ်လို့ ပါလို့ သနားခံတိုင်း
ကူညီပေးဖို့ ရာ
ငါ'က ကယ်တင်ခြင်းတပ် ဖွင့်ထားတာလည်း မဟုတ်ဘူး ...

နင်'ခိုနားချင် ခိုနား
စိတ်မလိုတော့ ပြန်ထွက်သွားရအောင်
ငါ'ကို ဇရပ်ပျက်များ မှတ်နေလား ...

နင်'သိအောင်
တစ်ခွန်းထဲပြောမယ် ...
နင်'လက်ခါပြလို့ 
ဟိုးဝေးဝေး ... ပြေးထွက်သွားကတည်းက
ခုဆို... ငါ့ဟာနဲ့ ငါ
တော်တော်လေး ~ ခရီးပေါက်နေပြီ ...

ခြံခုန်ဖူးတဲ့ နွားတစ်ကောင်
ခြံလုံအောင် ပြန်လာတာဆိုရင်တောင်
ငါ့ခြံထဲကကောက်ရိုးတွေအတွက်
ငါကိုယ်တိုင် မီးပုံရှို့ ပြစ်လိုက်မယ် ... ။ ။

♥MOESUTNAY♥
September 2,2010
(Thursday)
9:00 a.m.


 

server error ???

server error ???

29 September 2010 at 12:34

နင့်ရင်ဘတ်ကို
ငါ ping ခေါက်တော့
ပြန်လာတဲ့  respond က
request timed out တဲ့ 

server ငြိနေသလားလို့ 
proxy ကျော်တော့
network connection is failed တဲ့ ကွာ ...

ငါ့ရင်ခွင်ကနေ ...
နင့်နှလုံးသား server ကို
heart to heart ဆုံချင်လို့ 
domain name နဲ့  hosting ထောင်မယ်
access denied ပဲလား...

ဟား ... ငါဘယ်လို  ထပ် try ရမလဲ !!!!

♥MOESUTNAY♥


 

"ကောင်မလေး(သို့ ) ချစ်ရသူ"

"ကောင်မလေး(သို့ ) ချစ်ရသူ"

29 September 2010 at 20:42

ကောင်မလေးရေ...
ကမ္ဘာကြီးက တဖြေးဖြေးပူနွေးလာကာ
အိုဇုန်းလွှာကြီးလည်း ပေါက်ထွက်လာပြီတဲ့ 

တစ်ချို့ နိုင်ငံတွေမှာ စစ်မက်တွေဖြစ်ပွားကာ
တစ်ချို့ အရပ်တွေမှာက ရေရှားကုန်ကြပြီ
တစ်ချို့ လူတွေက 2012 ကိုကြောက်လို့ suicide လုပ်ကုန်ကာ
တစ်ချို့ တော့ အပူလှိုင်းဒဏ်သင့်ကုန်ကြပြီ ....

ကမ္ဘာကြီးအရေးက ...
ငါတို့ နဲ့ မဆိုင်ဘူးလို့  မပြောချင်ပေမယ့်လည်းကွာ
တွေဝေကာ မစဉ်းစားပါနဲ့ လား ကောင်မလေးရယ်...

ကမ္ဘာမပြိုခင်လေး
ခရမ်းလွန်တွေမထိခင်လေး
စစ်ဘေးထဲ မပါခင်လေး
ရေဘေးဒုက္ခမသင့်ခင်လေး
2012 နဲ့ မကြုံခင်လေး
အပူဒဏ်တွေမခံရခင်လေး

မနက်ဖြန်ဆိုတာ မသေချာတာမို့ 
ကာလလေးတွေ တိုလွန်းလို့ ပါဟာ
မင်းငါ့ကိုယ် မြန်မြန်ချစ်လိုက်ပါတော့ကွာ .... ။ ။

♥MOESUTNAY♥
 May 21, 2010
(  Friday )
2:22 PM


 

"ကွန်ပြူတာမဟုတ်ဘူး~မေ့နိုင်ဖို့ မလွယ်ဘူး"

"ကွန်ပြူတာမဟုတ်ဘူး~မေ့နိုင်ဖို့ မလွယ်ဘူး"

4 October 2010 at 18:57

ပြောရက်လိုက်တာ

ကောင်မလေးရယ်

မေ့လိုက်ပါတော့တဲ့လားကွယ် ...

မင်းပြောတော့ ~ အလွယ်လေးပါ

အသက်မဲ့တဲ့ Computer တစ်လုံးပမာ

Install ချင်တိုင်း Install

Delete ချင်တိုင်း Delete ရအောင်

Machine မှ မဟုတ်ဘဲကွ

လူ ဟ လူ 

အသွေးနဲ့ အသားနဲ့ ဗျ ... ။ ~ ။

♥MOESUTNAY♥

 

"မင်း'ပြစ်ခွင်းတဲ့  အမုန်းမြစ်တစ်စင်း"

"မင်း'ပြစ်ခွင်းတဲ့  အမုန်းမြစ်တစ်စင်း"

4 October 2010 at 12:14

ပေးဆပ်ခြင်းရဲ့
အတိမ်အနက်ကို
ခံစားနားလည်တတ်ရင်
စွန့် လွှတ်ဖို့ စကား
မင်း'...မပြောပါနဲ့ လား ???

အပျော်သက်သက်
ကျီစားခဲ့ရင်တောင်မှ
အထိအတွေ့ လေးတွေက
ဘ၀မှာ...မမေ့နိုင်စရာပါ ...။

သတ်မှတ်ချက်နဲ့ 
ရင်ခုန်သံကို
နာရီတွေ၊သီအိုရီတွေနဲ့ 
ထိန်းချုပ်နေတာ
မင်း'...ခံစားနိုင်ပေမယ့်
ငါ'...အရမ်းကြေကွဲရတယ်...။

မင်း'...ဆန္ဒအရ
ငါ့'...အသဲကို မသနား
ငါ့'...ဘ၀ကို ကစားတဲ့အထိတော့
မတုံ့ ပြန်သင့်ပါဘူးကွာ ... ။

ကောင်မလေးရယ်
ငါ'...တမ်းတခဲ့တာ
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ
ဒါပေမယ့်လည်း
မင်း'...ပေးခဲ့တာ
စစ်ခင်းမယ့်မြစ်တစ်စင်းပါလား ... ???

သြော်...
ပိုင်ဆိုင်နိုင်ခွင့်မရှိတော့ပေမယ့်
မင်း'... ပြစ်ခွင်းလိုက်တဲ့ 
အမုန်းမြစ်တစ်စင်းဟာ
ငါ့'...ရင်ထဲမှာထာဝရ စီးဆင်းသွားရပါပြီကွာ ....။       ။

♥MOESUTNAY♥


 

"သောက်မြင်ကတ်လောက်အောင်~ချစ်ဖို့ ကောင်း"

"သောက်မြင်ကတ်လောက်အောင်~ချစ်ဖို့ ကောင်း"

2 October 2010 at 18:04



ခေါင်းငုံလို့ 
ငြိမ်နေတတ်တော့
ငပိန်းလို့ ဆို ...

ပြောရကျပ်
ဆိုရခက်တော့
ငဒူတဲ့ မှတ် ...


အားမလို၊အားမရ
ဖြစ်လေတော့
အောင်ကျူကျူ ဗျ ...

သည်းခံလို့ 
လိုက်လျောဖန်များ
ခပ်အအထင်ပြန်လေသလား ...

ပြုသမျှ
နုပြလေတော့
ငအူ၊ငန တဲ့ ကွာ ...

ကျွန်တော်စွေကြည့်သည်
စောင်းကြည့်၊ငဲ့ ကြည့်
လှည့်အကြည့်မှာ
ဆုပ်မိသောလက်များ
ထိုးဖို့ ရွယ် ၊ ဟန်အပြင်
မခို့ တရို့ သူ့ အပြုံးများအကြား
ကျွန်တော့်နှလုံးသား ... ခွေညွှတ်သွားပြီ .... ။ ။


♥MOESUTNAY♥
August 26,2010
(Thursday)
4 : 30 p.m

 

"နောက်ကောက်ကြီး"

"နောက်ကောက်ကြီး"

30 September 2010 at 14:50

မင်းနဲ့ တွေ့ တော့
ရင်ခုန်ပေါ့
အဲ့ဒါ "အချစ် "ဖြစ်ကရော့  ... ။

အချိန်တိုင်းမှာ
မြင်ချင်တော့
အဲ့ဒါ "အချစ် "ဖြစ်မှာပေါ့  ... ။

မင်းအကြောင်းသိတော့
ဆွေးရပေါ့
ငါ့ အချစ် "နောက်ကျ" ဖြစ်ခဲ့ရော့ ... ။       ။

♥MOESUTNAY♥

 

"အလွမ်းဇယားမဖတ်သာ"

"အလွမ်းဇယားမဖတ်သာ"

30 September 2010 at 14:30

ဒီမယ်...ကလေးမ 
"နဖူးကချွေး၊ခြေမကျဖူးရဲ့ လား"လို့ မေးရင် ...
"ဘ၀ဆိုတာကြမ်းသတဲ့လား" ကိုကို ' လို့ 
နင်'ဆိုချင်ဆိုမယ် ...

သိပ်အများကြီးမတွေးနဲ့ 
ခပ်ပါးပါးလေးမြင်ပေးကြည့်
နင်လေးသိရအောင်
အိတ်ကပ်ထဲ အကြွေနှစ်ရာဆောင်လို့ 
မြို့ ထဲတစ်ပတ်ထွက်ဖို့ 
ဘတ်စ်ကားပတ်ကာ' ... ' စီးကြည့်ပါလား ???

နင်' မြင်မယ့် ... အခြေခံဘ၀အနေတွေ
တစ်ဝမ်းတစ်ခါးစာအတွက်
လေနေပူပူမှာ လမ်းများထွက်နေကြရတယ် ...

ခုနှစ်ဆောင်တိုက်ခန်း twenty four seven
မီးအမြဲလင်းပြလို့ 
ဇိမ်ကျကာ အပူဝေးနေတဲ့
နင်ကလေးတို့ ရဲ့ ဟိုတစ်ဘက်မှာက
မနက်ဖြန်တွေဆက်ဖို့ ရာ
နေရောင်၊လရောင်ကိုသာ
အားထားကာတမ်းတနေကြရတဲ့
အခြေခံဘ၀ပေါ်ကလူတန်းစားတွေရဲ့ ဘဝ
ဘာများကွာဟကာ ခြားနားပါသလဲလို့ 
နင်တွေးကာမမေးစမ်းပါနဲ့ ကွယ် ...

နေအရိပ်ကိုခိုလို့ ရယ်
ရွှေစိတ်တော်မညိုရလေအောင်
အမေသိပ်ဆိုတဲ့  တေးတစ်ပုဒ်အောက်မှာ
ချွေးသုတ်စရာဝေး ၊ အပူအပင်အေးနေခဲ့တဲ့ 
နင့်ဘ၀လှလှလေးဟာ
ရွှေထုပ်နဲ့ မြပုဝါပမာ

တကယ်တော့ ...
အနေစုတ်ပျက်တဲ့ ငါ့ဘ၀ဗလာထဲ
အခြေလုပ်ကာ နင်ဝင်လာမှာစိုးတာကြောင့်
တိုးတိတ်စွာကြိတ်မှိတ်
ငါ့ရင်ကိုယ် တိတ်တဆိတ်ပိတ်ကားချကာ
အိပ်ခဲ့ရတာ ... ကြာပါပြီကွာ ...       ။       ။

♥MOESUTNAY♥


 

"ဒုတိယအသက်အတွက်~တယုတယဖတ်စာ"

"ဒုတိယအသက်အတွက်~တယုတယဖတ်စာ"

30 September 2010 at 10:31
နင်...
သိုဝှက်တယ်နော်
နင်...
သိပ်လျှို့ ဝှက်တာပဲ
နင်...
နေတတ်လိုက်တာ
နင်...
အရမ်းပြတ်သားတတ်ပ
နင်ဟာ
ခန့် မှန်းရခက်တဲ့ ကောင်မလေးဖြစ်လို့ များ
ငါနင့်ကိုယ် သိပ်ချစ်မိတာလား...???

နင်...ကျိတ်မှိတ်နိုင်တယ်
ဘာမှမဖြစ်သလို
နင်...ဟန်ဆောင်တယ်

ငါခံစားရရင် နင်မျှဝေယူကာ
နင်ကြေကွဲတော့ငါဘာမှမတတ်သာခဲ့ဘူး...
အသက်နဲ့ မမျှတဲ့ နင့်ရင့်ကျက်မှု့ တွေက
တစ်ခါတစ်ခါ
သွေးပျက်မတက်ငါ့ကိုယ်
အတွေးနက်စေခဲ့တယ် ...

နင်နဲ့ ငါ့ရဲ့ ဘ၀က
တကယ်တော့ ခြားလှပါတယ်ဟာ ...

တစ်ခါတစ်ခါ
စိတ်ကူးကြည့်ယုံလောက်ပဲကောင်းတာမို့ 
ငါ့အတွေးတစ်ချို့ 
လက်တွေ့ ကိုကြာကြာပေးဖို့ မဆွေးရဲခဲ့ဘူး ...

တစ်ခါတစ်ခါ ကံကြမ္မာကိုတောင်ကြံဖန်ကာ
ကျေးဇူးတင်ပါသေးတယ်
နင်နဲ့ လာဆုံးဆည်းပေးလို့ လေ ...

နင်ဟာ ငါမပိုင်တဲ့ 
ငါ့ရဲ့  ဒုတိယအသက်လို့ ပြောတော့
နင် ရယ်ချင်ရယ်မှာပေါ့ ...

တစ်ချို့ အရာတွေမှာ
လူတစ်ယောက်အတွက်
အသေးအဖွဲအဖြစ်အပျက်တွေဟာ
တစ်ခြားလူအတွက်အရေးကြီးခွင်ကျယ်ဖြစ်တတ်တာ
နင် ~ မသိလို့ ပါလား ....

ငါကနင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုပင်
sensitive ဖြစ်ချင်ခဲ့တာ
ပြင်လို့ မရတဲ့  ငါ့အမူတစ်ခုပါ ...

လူတစ်ယောက်ဟာ~မျှော်လင့်မိရင်
မျှော်လင့်မိသလောက်ပြန်ရတတ်တယ်ဆိုပေမယ့်
နင်ဟာ ငါမျှော်လင့်လို့ မရတဲ့ဘဝ
စိတ်ကူးနဲ့ ဘ၀ ခြားနားနေခဲ့ရတာ ~

တကယ်တော့ ... နင်နဲ့ ငါဟာ
၃ နဲ့ ၎ လို ကျောချင်းကပ်လို့ 
နှလုံးသားချင်းအပ်နိုင်ပေမယ့်
ဘယ်တော့မှ နီးစပ်ဖို့ မဖြစ်နိုင်တဲ့ ဘ၀တွေဆိုတာ
ငါသိလိုက်ပါတယ်ဟာ ~

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ
ပေးဆပ်ခြင်း ၊ ဖြည့်ဆည်းခြင်း
စွန့် လွှတ်ခြင်း ၊ အနစ်နာခံခြင်း
အနွံ့ တာခံခြင်း ၊ ဂရုစိုက်ခြင်း
နားလည်ခြင်း နဲ့ မြတ်နိုးခြင်းလို့ ငါယုံကြည်တယ်လေ~

မျှော်လင့်ထားတဲ့ ငါ့အိပ်မက်တွေ
အရည်ပျော်ကျလို့ 
လက်တွေ့ မှာမပိုင်ဆိုင်လိုက်ရပေမယ့်
ငါဝမ်းနည်းတာတစ်ခုတည်းပါ ...

ငါလိုချင်တဲ့ အရည်အချင်းတို့ 
နင့်ဆီမှာ ~ အကုန်ရှိနေလို့ ကို
စွန့်လွှတ်ရမယ်ဆိုတဲ့ အသိတစ်ချို့ က
ငါ့ရင်ကို စို့ နင့်လို့ ပေါ့ဟာ ~

ဒါပေမယ့် ... ငါနားလည်လိုက်ပါတယ်လေ
ငါဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းလိုလေ
"မထိုက်တန်သူဆိုတာ  မြတ်နိုးရစမြဲပါပဲ "တဲ့လေ ...

ငါ...အမှန်ကန်ဆုံးပြောပါရစေသား
နင့်ကိုယ်ငါ မြတ်နိုးစွာချစ်မိသွားတာ
မလိမ်ညာရိုးအမှန်ပါကွာ !!!
! _ !

♥MOESUTNAY♥

 Share

"လွမ်းလှပါသည်~ရွှေမြန်မာပြည်"

"လွမ်းလှပါသည်~ရွှေမြန်မာပြည်"

8 October 2010 at 18:24
နေချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
မင်းမဲ့စရိုက်တွေဝေး
ဆူပူမှု့ တွေသာငြိမ်းအေးမယ်ဆိုရင် ...

ပြန်လာချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
အလုပ်အကိုင်၊အခွင့်အလမ်းတွေကောင်း
အုပ်ချုပ်မှု့ တွေပြောင်းမယ်ဆိုရင် ...

လွမ်းလှတာပေါ့
ငါ့တိုင်းပြည်လေးရယ်
မေ့ရင်ခွင်ကိုခွဲ၊မိသားစုနဲ့ တကွဲ
ရေမြေခြား'စလုံး'မှာ ~ ငါတို့ တွေအားငယ်နေရ ...

ဖြစ်ချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
အိမ်နီးချင်းနိုင်ငံများလို
ရေမီးတွေစုံလင်လို့ 
လူနေမှု့ တွေခေတ်မှီ၊ပညာရေးတွေအဆင့်မှီရင် ...

ဆုတောင်းပါတယ်
ငါ့တိုင်းပြည်လေးရယ်
လူသားတိုင်းလူ့ အခွင့်အရေးကိုခံစားကာ
လွတ်လပ်မှု့ ရဲ့ သဘောတရားကိုတန်ဖိုးထားနိုင်ပါစေလို့  ....

အထင်မလွဲပါနဲ့ 
ငါ့တိုင်းပြည်လေးရယ်
ငါတို့ မြေမှာပျော်စရာမရှိလို့ 
ဘော်ဒါငတိတစ်သိုက်
စလုံးကို အခြေစိုက်ရတယ်လို့  ...

ဒါတွေကထားပါတော့လေ
လိုချင်တာရရင်
ပြန်လာရမှာမို့ 
မတိုးတက်တာကိုလည်း အပြစ်မယူတော့ပါ
မဖွံ့ ဖြိုးတာကိုလည်း မငြူစူတော့ပဲ

ဘာပဲဖြစ်ဖြစ်  
အချိန်တန်ရင်  
အိမ်ပြန်ခဲ့ပါမယ် .... ။     ။

♥MOESUTNAY♥
May 19, 2010
5:56 P.m.

 Share

"ကောင်းသေးရဲ့ လား"


"ကောင်းသေးရဲ့ လား"

16 October 2010 at 23:44
ဟေ့လူ
ခင်ဗျားသာ စာနာတတ်ရင်လေ
ဦးနှောက်နဲ့ တွေးလို့ 
နှလုံးသားနဲ့ ရေးကာ ဖြစ်တည်လာတဲ့
ကျုပ်တို့ ရင်ဘတ်ထဲက ကဗျာတစ်ပုဒ်
ဘယ်လောက်တောင် အားထုတ်လိုက်ရသလဲဆိုတာ
ခင်ဗျား နားလည်ရောပေါ့ ~

ဒီမယ် ... ကိုယ့်လူ 
Mouse တစ်ချက်နဲ့  အရာရာကို ပွဲသိမ်းတဲ့ခေတ်မှာ
ကဗျာဆရာဖြစ်သူတွေရဲ့ အားထုတ်မှု့ က
ဘယ်မှာလာ ပြယုဂ်ဖြစ်တော့မှာလဲ ...

ဦးနှောက်မကူ ၊ ဥာဏ်မယူဘဲ Mouse လေးတစ်ချက် Drag ဆွဲလို့ 
Copy လေးPaste လိုက်တာ
သူ့ ကဗျာ ကိုယ့် Post ပြောင်း
သူ့ Forum ကိုယ့်  Blog ဂျောင်း
အော် .... တော်တော်မှ ကောင်းလိုက်တာနော် ~
တစ်ဖက်သား အတွေး
တစ်ဖက်သား အရေး
ငတက်ပြား လက်ငင်းလေးပြေးယူလိုက်တာလေ ~

ကျုပ်သာစီမံပိုင်ခွင့်ရရင်လေ ~
အချစ်ကြောင့်ထီးနန်းကိုစွန့် ဝံတဲ့
အင်္ဂလန်က အက်ဒွက်ရယ်
ဝိုင်တစ်ခွက်လောက်ကိုသာ တန်ခိုးထားတတ်တဲ့
အိုမာခရမ်နဲ့  ...
ရဲရဲကြီး Ctrl+C / Ctrl+V ကို တန်းတန်းစွဲသိပ်ကြိုက်လှတဲ့
ခင်ဗျားတို့ တစ်သိုက်ကိုတော့ ~
ဂင်းနစ်ထဲထည့်လိုက်မိမှာ အမှန်ပဲ ...

♥MOESUTNAY♥
May 19 , 2010



 Share

" ဆေးဘက်ဝင် "

" ဆေးဘက်ဝင် "

19 October 2010 at 10:08
အိပ်ပျော်စားဝင်

ဥာဏ်ရည်ရွှင်အောင်

မင်း'မျက်နှာကို

အခါခါ မြင်ချင်တယ် …

♥MOESUTNAY♥
3.4.2010
12:30 p.m.

 Share

"ခက်ခဲခြင်း"

"ခက်ခဲခြင်း"

31 October 2010 at 00:07
ရိုးရိုးလေးဆိုပေမယ့်

သူ့ မျက်ဝန်းတွေကိုပုံဖော်မိဖို့ 

မရေမရာအသိတွေနဲ့ 

ကျွန်တော် အဖြေရှာကြည့်တာ

အခုဆို ~ အိပ်မရခဲ့တဲ့ညတွေ

အသင်္ချေ၊အသင်္ချာရှိလှပြီ...။

♥MOESUTNAY♥
30.10.2010
( Sat )
11:00 p.m.


 Share

"ရူး"

"ရူး"

6 November 2010 at 17:44
ထာဝရအဖြစ်

ဝါကျအသစ်တွင်

ရင်ခွင်လှိုင်းခတ်

ချစ်သူ့ မျက်နှာ

အသာမော်ဖူး

နေ့ ညများစွာ ရူးဖူးတယ် …

♥MOESUTNAY♥
5.11.2010
( Fri )
12:00 p.m


 Share

X မှား X

X မှား X

5 December 2010 at 23:21
ရိုးရိုးလေးပွင့်လာတဲ့ပန်းက

ဘာဖြစ်လို့ များ

အလွမ်းဖြစ်နေရတာလဲနော် ...

♥MOESUTNAY♥

5.12.2010
(Sunday)
11:20 p.m

 Share

"ဆက်စပ်သီအိုရီ"

"ဆက်စပ်သီအိုရီ"

27 November 2010 at 10:50
နားလည်မှုတွေ


ကြီးထွားလာလေလေ


ပိုင်ဆိုင်လိုစိတ်တွေ


နည်းပါးလာလေလေဗျာ …

♥MOESUTNAY♥

 Share