ချစ်တဲ့မေမေအတွက် . . . ♥ ♥ ♥
Monday, 10 May 2010
Wednesday, 22 July 2009
"အချစ်ဆုံးသူငယ်ချင်းလေးရဲ့ အသက်၂၀ပြည့်မွေးနေ့ လေး"

HAPPY BIRTHDAY MY DEAR EUSILAY !!!
First off let me say, "Happy Birthday eusilay!"
you are sweet twenty now,
Can't use the excuse "I'm a teen," anymore,
But trust me, we'll still come up with plenty.
A friend that is rare
Like a diamond, so genuine
You can’t find anywhere
It was secretly hidden.
I’m wishing you another year
Of laughter, joy and fun,
Surprises, love and happiness,
And when your birthday’s done,
I hope you feel deep in your heart,
As your birthdays come and go,
How very much you mean to me,
More than you can know.
Eusi is like my phone charger, give me energy to answer phone calls ...
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Friday, 3 July 2009
* စာဖွဲ့ မမီ *
မင်း …
လူ့ လောကအလယ် ရပ်တည်ဖို့ အရေး
နေ့ နဲ့ ညအပင်ပန်းခံကာ
ရတက်မအေးရှာဘဲ ပေးဆပ်ခဲ့ရတာ
ဘယ်သူလဲ …
မင်း …
ဘ၀လိုအပ်ချက် ကွက်လပ်မှန်သမျှကို
သိတတ်စွာဖြည့်စွက်ပေးခဲ့တာ
ဘယ်သူလဲ …
မင်း …
အနာဂတ်လမ်း အမှောင်ရိပ်မသန်းဖို့ 
ကြယ်တစ်စင်းပမာ လမ်းပြပေးခဲ့တာ
ဘယ်သူလဲ …
မင်း …
အောင်မြင်မှု့ တွေနဲ့ ကြုံလာတိုင်း
နွေးထွေးခြင်းတွေအပြည့်နဲ
ရင်ခွင်ထဲထွေးပွေ့ ခဲ့တာ
ဘယ်သူလဲ …
မင်း …
လောကဓံမုန်တိုင်း နာကျင်တိုင်းမှာ
အရှူံးကိုဖယ်ခွာလို့  အပြုံးနဲ့ သာကြိုပြီး
အားပေးစေခဲ့တာ
ဘယ်သူလဲ …
ဒီလိုမျိုး …
အတွေးစတွေနဲ့ ဘဝ
ကျောက်စက်ရည်ထက်အေးမြ
အဖွဲ့ အနွဲ့ တွေမရိုးလှတဲ့ 
ဖေဖေရဲ့ မေတ္တာတရားကို
သတိတရနဲ့  သား*ရေးချလိုက်ပြီဗျာ … ။ ။
၂၀၀၉ခုနှစ်၊ဇွန်လ(၂၁)ရက်နေ့ တွင်ကျရောက်သောကမ္ဘာ့ ဖေဖေများနေ့ အမှတ်တရ …
International Father’s Day is Third Sunday in June …
မိုးစွတ်(မေမေ့သွေး)
ဖွဲ့ မမီတဲ့ ဘွဲ့ အမည်ရှင် (သို့ ) ဖေဖေ
ဖေဖေဟာ …
သားတို့ ဘ၀တွေ ကောင်းမွန်ဖို့ အရေး
နာနာရိုက်ပေးတတ်တဲ့
စေတနာ့ အိုးထိန်းသည် လည်းဖြစ်တယ် …
ဖေဖေဟာ …
သားတို့ ဘ၀တွေ အန္တရာယ်မဖြစ်ဖို့ အရေး
ရှေ့ ကနေမားမားရပ်ပေးတတ်တဲ့
အဖြည့်ခံ ကြမ်းတုန်း လည်းဖြစ်တယ် …
ဖေဖေဟာ …
သားတို့ ဘ၀တွေ ချောမွေ့ ဖို့ အရေး
ကျောပေးကာ လမ်းခင်းတတ်တဲ့
အနင်းခံ ကျောက်တုန်း လည်းဖြစ်တယ် …
ဖေဖေဟာ …
သားတို့ ဘ၀တွေအမှောင်ခွင်းဖို့ အရေး
အလင်းပေးကာ လမ်းပြတတ်တဲ့
အကြင်နာ မီးပြတိုက် လည်းဖြစ်တယ် …
ဖေဖေဟာ …
သားတို့ ဘ၀တွေ လှပဖို့ အရေး
စေတနာသန့် သန့် နဲ့ ပေါင်းသင်ရေလောင်းတတ်တဲ့
မေတ္တာရှင် ဥယျာဉ်မှူးကောင်း လည်းဖြစ်တယ် …
အိုဗျာ …
ဖေဖေတွေဟာ
ဘယ်အရာတွေနဲ့ မှကို
တုပခိုင်းနှိုင်းလို့ မရတဲ့
ဖွဲ့ မမီတဲ့ ဘွဲ့ အမည်ရှင်တွေဖြစ်တယ်ဗျာ … ။ ။
၂၀၀၉ခုနှစ်၊ဇွန်လ(၂၁)ရက်နေ့ တွင်ကျရောက်သောကမ္ဘာ့ ဖေဖေများနေ့ အမှတ်တရ …
International Father’s Day is Third Sunday in June …
မိုးစွတ်(မေမေ့သွေး)
Tuesday, 30 June 2009
ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်
သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။
ပညာတတ်၊ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။
သူကသာမန်လူတစ်ယောက်ဖြစ်တယ်။
ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်းစိတ်ဝင်စားနေတာ ကြာပါပြီ။
ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့သူဖိတ်ခေါ်ခဲ့တယ်။
ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို
မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။
ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။
နှစ်ယောက်လုံးရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။
လက်စသတ်ပြီး ထပြန်ဖို့သူမစိတ်လောနေမိတယ်။
စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက်
"ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင်
ဆားထည့်သောက်တဲ့အကျင့်ရှိလို့" လို့ ပြောတော့ သူမ အံ့သြရုံတင်မက
စားပွဲထိုးပါကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက
သူအပေါ် လာစုနေကြတယ်။သူ့မျက်နှာ နီမြန်းသွားတော့တယ်။
စားပွဲထိုးပေးလာတဲ့ ဆားကိုကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း
သောက်နေတယ်။ "ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ" သိချင်စိတ်ကို
မအောင့်နိုင်တဲ့အဆုံး သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။
ပြီးမှ တစ်လုံးချင်း "ကျွန်တော်တို့က ပင်လယ်ဘေးမှာ နေတယ်။
ကျွန်တော်ငယ်ငယ်တုန်က ပင်လယ်ထဲ အမြဲ ရေဆင်းကူးတယ်။
လှိုင်းပုတ်ရင်ခါးသက်သက် ပင်လယ်ရေငန်တွေက ပါးစပ်ထဲဝင်လာရော့။
အခု အိမ်မပြန်ဖြစ်တာကြာပြီဆိုတော့ အိမ်ကိုလွမ်းတိုင်း
ကော်ဖီထဲ ဆားထည့်သောက်မိတယ်။
အိမ်ရဲ့အကွာအဝေးကို ကျွန်တော်နဲ့ နီးအောင် ဆွဲလိုက်သလိုပေါ့"
သူ့စကားက သူမကို ခံစားမိစေခဲ့တယ်။ ဒါဟာ ယောကျာ်းလေးတစ်ယောက်
အိမ်ကိုလွမ်းတယ်လို့ ပြောတာကို သူမ ပထမဆုံး ကြားဖူးခြင်းပါပဲ။
အိမ်ကိုလွမ်းတဲ့ ယောက်ျားလေးက အိမ်ကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုကို
ချစ်မြတ်နိုးတတ်တဲ့လူလို့ သူမထင်ခဲ့မိတယ်။ သူပြောတဲ့မိုင်ပေါင်းများစွာဝေးတဲ့
နေရာလေးတစ်ခုအကြောင်းကို သူမနားထောင်ချင်စိတ်ဖြစ်လာခဲ့တယ်။
အေးစက်စက် သူတို့ရဲ့ စကားဝိုင်းကတဖြေးဖြေးနွေးထွေးလာခဲ့တယ်။
သူတို့စကားတွေ အကြာကြီးပြောဖြစ်ခဲ့သလိုသူမရဲ့ အပြန်ကို သူလိုက်ပို့ခွင့်ရခဲ့တယ်။
အဲဒီနောက်ပိုင်း သူတို့မကြာခဏ ချိန်းတွေ့ဖြစ်ခဲ့တယ်။ သူဟာ သဘောထားကြီးသူ၊
ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ကြောင်း သူမသတိထားမိတယ်။
သူဟာသူမလိုချင်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေတယ်။
သူ့ဖိတ်ခေါ်မှုကိုမလွန်ဆန်ခဲ့မိလို့ အခုလို သူနဲ့သိခွင့်ရခဲ့တဲ့အတွက်လည်းသူမ၀မ်းသာနေမိတယ်။
သူ့ကိုခေါ်ပြီး မြို့အနှံ့ ကော်ဖီဆိုင်မှာ သူတို့ထိုင်ခဲ့ကြတယ်။ ဆိုင်မှာထိုင်တိုင်း "ဆားပေးပါနော်။
ကျွန်မ မိတ်ဆွေကကော်ဖီထဲဆားထည့်သောက်တတ်တဲ့ အကျင့်ရှိလို့ပါ" လို့ သူမတောင်းဆိုတတ်တယ်။
အဲဒီလိုနဲ့ ရာဇ၀င်ပုံပြင်ထဲကလို နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီးညားကြလေသတည်း ဆိုတဲ့အတိုင်း သူတို့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်တဲ့ဘ၀ခရီးကို လျှောက်လှမ်းခဲ့ကြတယ်။
လျှောက်ခဲ့တဲ့ခရီး အနှစ်(၄၀)အကြာမှာသူနာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။
ပုံပြင်က ဒီမျှပါပဲလို့အဆုံးသတ်မယ်ဆဲဆဲ သူထားခဲ့တဲ့ စာတစ်စောင်ကို သူမတွေ့လိုက်တယ်။
သူ မဆုံးခင် သူမအတွက် ရေးထားတဲ့ စာတစ်စောင်ပါ။ စာက ဒီလိုရေးထားပါတယ်။
"နင့်ကိုတောက်လျှောက် လိမ်လာခဲ့တဲ့ ငါ့ကို ခွင့်လွတ်ပေးပါ။ ပထမဆုံးအကြိမ်ငါတို့ ကော်ဖီအတူတူ သောက်ခဲ့ကြတာကို နင်မှတ်မိသေးလား။ အဲဒီတုန်းကငါဘာပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ဘာအတွေးတွေ ရပြီးစားပွဲထိုးကို ဆားယူခိုင်းမိလိုက်သလဲ မသိဘူး။ ကော်ဖီထဲ ဆားထည့်သောက်တဲ့အကျင့် မရှိပေမဲ့ နင့်ကိုငါ လိမ်ညာခဲ့တယ်။ အဲဒီလိမ်ညာခြင်းကိုနင်စိတ်ဝင်စားခဲ့လို့ ဆားထည့်ထားတဲ့ ကော်ဖီကို ဘ၀ထက်ဝက်ဆာလောက်ငါသောက်ခဲ့ရတယ်။ အဖြစ်မှန်ကို ပြောပြဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နင်စိတ်ဆိုးမှာ၊ နင်ငါ့ကိုခွဲသွားမှာငါအရမ်းကြောက်ခဲ့မိတယ်။
အခု ငါသွားရတော့မယ်။ နင်စိတ်ဆိုးမှာကို ငါမကြောက်တော့ဘူး။
သေသွားတဲ့လူကိုအလွယ်တကူ ခွင့်လွတ်ပေးနိုင်မယ် မဟုတ်လား.. ဒီဘ၀မှာ
နင်နဲ့ပေါင်းဖက်ခွင့်ရတာ ငါအတွက် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းပဲ။
နောင်ဘ၀သာရှိမယ်ဆိုရင် နင်နဲ့ငါ ထပ်ဆုံချင်သေးတယ်။ ဒါပေမဲ့ ဆားခတ်ထားတဲ့
ကော်ဖီကိုတော့ ငါမသောက်ချင်တော့ဘူး။ ဆားခတ်ထားတဲ့ ကော်ဖီက
သောက်ရတော်တော်ခက်တယ်ဆိုတာ နင်မသိဘူး မဟုတ်လား...
ဒါပေမဲ့ နင့်ကိုချစ်တဲ့စိတ်နဲ့ ကော်ဖီထဲ ငါဆားထည့်သောက်ခဲ့မိတယ်"
စာကိုဖတ်ပြီး သူမ တုန်လှုပ်သွားခဲ့မိတယ်။ အလိမ်ညာ ခံလိုက်ရပါလားလို့လဲခံစားမိတယ်။
သူ မကြားနိုင်တော့တဲ့ စကားတစ်ခွန်းကို သူမ တိုးတိုးလေးရေရွတ်လိုက်မိတယ်။
" ကျွန်မကို ချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူဒီလိုလိမ်ညာခဲ့တယ်။ ကျွန်မ ကျေနပ်ပါတယ်"
ပြီးပါပြီ
ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ထဲမှာ အချစ်ဘယ်နှစ်စ ပါနေသလဲ... ?
အချစ်ဆိုတာတိုင်းတာချိန်တွယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။
လိမ်ညာခြင်းဆိုတာခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။
တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကိုပျက်သုန်းစေခဲ့တယ်။
တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့ပြီးဆုံးစေခဲ့တယ်။
သင်ကော ဘာတွေလိမ်ညာခဲ့သလဲ.. ဘာတွေအလိမ်ညာခံခဲ့ရဖူးသလဲ..
သူငယ်ချင်းတစ်ခါတစ်လေ.....ကိုယ်ကလိမ်ညာမိတာဟာ

တကယ်ချစ်တတ်လာရင် ....
အကယ်၍ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ။
သူများကသူကိုချစ်ဖို့အခွင့်အေ၇း ပေးလိုက်ပါ....
အကယ်၍ မင်းချစ်သူကမင်းကိုထား သွား၇င်စိတ်လျော့လိုက်ပါ။
တခြားတယောက်ကိုချစ်ဖို့အခွင့်အေ ၇း၇တာပေါ့
တချို့ပစ္စည်းကိုမင်းဘယ်လောက်ကြိုက်ကြိုက်
မင်းအတွက်ဖြစ်ချင်မြှ ဖစ်မှာ
တချို့ပစ္စည်းကိုမင်းကြိုက်နေလည်းစွန့်လွှတ်ချင်စွန့်လွှတ်၇မယ်... .
လူ့ဘ၀မှာအမျိုးမျိုး၇ှိတယ်။
ဒါပေမဲ့သူများကကိုယ့်ကိုထိခိုက် စေနိုင်တယ်...တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ...
တချို့ကျတော့ဘယ်တော့မှ၇လာဒ်ကော င်းမ၇နိုင်ဘူး
လူတယောက်ကိုချစ်ပြီး၇င်ပိုင်ဆို င်ဖို့ဆိုတာမသေချာဘူး...
ဒါပေမဲ့တယောက်ယောက်ကိုပိုင်ဆို င်ပြီး၇င်တော့
ကောင်ကောင်းလေးသူ ကိုပြန်ချစ်ပါ...
ယောက်ကျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ်
မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ် ၇လို့ဖြစ်တယ်
အကယ်ေ၇ွ့ရိုးသားခြင်းဟာထိခိုက် စေနိုင်တယ်ဆိုရင်
မုသားကိုပဲကျွ န်တော်ေ၇ွးချယ်မယ်။
အကယ်ေ၇ွ့မုသားစကားဟာထိခိုက်ေ စမယ်ဆို၇င်
ဆိတ်ဆိတ်နေခြင်းကိုေ ၇ွးချယ်မယ်....။
ဆိတ်ဆိတ်နေခြင်းကထိခိုက်စေမယ်ဆို၇င်
ခွဲခွာခြင်းကိုေ၇ွးချယ်မယ်...။
အကယ်ေ၇ွ့ဆုံးရှုံးခြင်းကိုဒုက္ခလို့ဆို၇င်
မင်းပေးဆပ်၇မှာကိုကြော က်နေသလား...
အကယ်ေ၇ွ့စွဲလမ်းခြင်းကဒုက္ခဆို ၇င်
်မင်းပြီးဆုံးခြင်းကိုေ၇ွးချ ယ်မလား...
: အကယ်ေ၇ွ့၇၇ှိအောင်ကြိုးစားခြင်း ကိုဒုက္ခဆို၇င်
မင်းတယူသန်ဖြစ်ြ ခင်းကိုေ၇ွးချယ်မလား..
အကယ်ေ၇ွ့ခွဲခွာခြင်းဟာဒုက္ခဆို ၇င်မင်းဘယ်သူကို၇င်ဖွင့်မလဲ
ကိစ္စတော်တော်များဟာပြီးသွားမှ၇ှုင်း၇ှင်းလင်းလင်းသိ၇တယ်......
.ကိစ္စတော်တော်များဟာဖြစ်နေချိန် မှာဒုက္ခလို့မခံစားမိဘူး
ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်းဆိုတာ
၁။သူမပျင်းနေချိန်မှာအဖော်ပြုေ ပးပါ
၂။သူမ၀မ်းနည်းချိန်မှာနှစ်သိမ့် ပေးပါ
၃။ယောက်ကျားလေးကတက်ကြွစွာဦးဆော င်ပါ
၎။မိန်းကလေးကိုချိန်းဆိုပြီးအြ ပင်ထွက်လည်ပါ
၅။မိန်းကလေးမှဦးဆောင်ဆောင်၇ွက် မှုမလုပ်ပါစေနဲ့
၆။သူမအားနေ့တိုင်းပျော်၇ွှင်နို င်ပါစေ
၇။ချစ်သူကိုကောင်းကောင်းမွန်မွ န်ဆက်ဆံပါ
၈။ချစ်သူဆန္ဒကိုလိုက်လျောပါ
၉။သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါ စေနဲ့
၁၀။သူမအနိုင်ကျင့်ခံ၇ချိန်မှာချ က်ချင်းသူမကိုကာကွယ်စောင့်ရှော က်ပါ
၁၁။ချစ်သူအကြောင်းကိုကွယ်ဝှက် မထားပါနဲ့
၁၂။ချစ်သူကိုသစ္စာမဖောက်ပါနှင့် ။။
တကယ်ချစ်တတ်လာရင် စစ်မှန်တဲ့ချစ်ခြင်းနဲ့ သင်တကယ်ရေစက်ဆုံလာမှာပါ ...
ဒီစာကိုဖတ်ပြီးတာနဲ့  အထီးကျန်ခံစားမှု့ တွေကိုစွန့် ခွာပြစ်လိုက်ပါ ...။ ။
* fm forward message *
အကယ်၍ မင်းချစ်သူကမင်းကိုထား
တခြားတယောက်ကိုချစ်ဖို့အခွင့်အေ
တချို့ပစ္စည်းကိုမင်းဘယ်လောက်ကြိ
မင်းအတွက်ဖြစ်ချင်မြှ
တချို့ပစ္စည်းကိုမင်းကြိုက်နေလညး
လူ့ဘ၀မှာအမျိုးမျိုး၇ှိတယ်။
ဒါပေမဲ့သူများကကိုယ့်ကိုထိခိုက်
တချို့ကျတော့ဘယ်တော့မှ၇လာဒ်ကော
လူတယောက်ကိုချစ်ပြီး၇င်ပိုင်ဆို
ဒါပေမဲ့တယောက်ယောက်ကိုပိုင်ဆို
ကောင်ကောင်းလေးသူ
ယောက်ကျားလေးတွေငိုတာတကယ်ချစ်လိ
မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ်
အကယ်ေ၇ွ့ရိုးသားခြင်းဟာထိခိုက်
မုသားကိုပဲကျွ
အကယ်ေ၇ွ့မုသားစကားဟာထိခိုက်ေ
ဆိတ်ဆိတ်နေခြင်းကိုေ
ဆိတ်ဆိတ်နေခြင်းကထိခိုက်စေမယ်ဆိ
ခွဲခွာခြင်းကိုေ၇ွးချယ်မယ်...။
အကယ်ေ၇ွ့ဆုံးရှုံးခြင်းကိုဒုက္ခလိ
မင်းပေးဆပ်၇မှာကိုကြော
အကယ်ေ၇ွ့စွဲလမ်းခြင်းကဒုက္ခဆို
်မင်းပြီးဆုံးခြင်းကိုေ၇ွးချ
: အကယ်ေ၇ွ့၇၇ှိအောင်ကြိုးစားခြင်း
မင်းတယူသန်ဖြစ်ြ
အကယ်ေ၇ွ့ခွဲခွာခြင်းဟာဒုက္ခဆို
ကိစ္စတော်တော်များဟာပြီးသွားမှ၇ှ
.ကိစ္စတော်တော်များဟာဖြစ်နေချိန်
ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်းဆိုတာ
၁။သူမပျင်းနေချိန်မှာအဖော်ပြုေ
၂။သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်
၃။ယောက်ကျားလေးကတက်ကြွစွာဦးဆော
၎။မိန်းကလေးကိုချိန်းဆိုပြီးအြ
၅။မိန်းကလေးမှဦးဆောင်ဆောင်၇ွက်
၆။သူမအားနေ့တိုင်းပျော်၇ွှင်နို
၇။ချစ်သူကိုကောင်းကောင်းမွန်မွ
၈။ချစ်သူဆန္ဒကိုလိုက်လျောပါ
၉။သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါ
၁၀။သူမအနိုင်ကျင့်ခံ၇ချိန်မှာချ
၁၁။ချစ်သူအကြောင်းကိုကွယ်ဝှက်
၁၂။ချစ်သူကိုသစ္စာမဖောက်ပါနှင့် ။။
တကယ်ချစ်တတ်လာရင် စစ်မှန်တဲ့ချစ်ခြင်းနဲ့ သင်တကယ်ရေစက်ဆုံလာမှာပါ ...
ဒီစာကိုဖတ်ပြီးတာနဲ့  အထီးကျန်ခံစားမှု့ တွေကိုစွန့် ခွာပြစ်လိုက်ပါ ...။ ။
* fm forward message *
Monday, 15 June 2009
***မှတ်သားပါ.....လိုက်နာပါ
မှတ်သားပါ.....လိုက်နာပါ
အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။ အစဉ်သဖြင့်
ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊ အဲဒါ…ပလပ်စတစ်ပဲ..။ လူမိုက်တွေသာ
အိမ်ထောင်ပြုကြတာ…၊ လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။
ယောကျာ်းတွေဟာ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့…၊ အဲဒါ
မှားတယ်…ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။ ထိုင်ပြီးပျင်းနေမယ့် အစား
အိပ်ပစ်လိုက်ပါ။ ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ ကြွက်တွေနဲ့
လူတွေဟာ နင်လားငါလားပဲ။ လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့
သင့်ကြည့်မှန်ုကို ရိုက်ခွဲပစ်လိုက်ပါတော့…။ အကောင်းဆုံး မိတ်ဆွေတွေတောင်
တစ်ယောက် အသုဘ တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။ ကြွက်ထောင်ချောက်တွေ
ပေါ်လာပေမယ့် ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ…။ တော်လှပါတယ် ဆိုတဲ့
လူတွေက နယူးကလီးယား လက်နက်ကို တီထွင်တယ်တဲ့ ၊ ဘယ်ကြွက်မှ
ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။
**forward message မှဖတ်ရသော စာလေးပါ..နှစ်သက်လို့ ပါ။။

International Mother's Day is Second Sunday in May .

International Mother's Day is
Second Sunday in May .
သူငယ်ချင်းတို့ ရေ =>ဒီလထဲမှာ ကမ္ဘာမေမေများနေ့ ရှိတယ်နော် /သူငယ်ချင်းတို့ လဲမမေ့ကြ နဲ့ ဦးနော် ... ရေခြားမြေခြား တိုင်းတစ်ပါးကိုရောက်နေတယ် ဆိုရင်လည်း ... အဲ့ဒီနေ့ လေးမှာ ကိုယ့်ကိုလူ့ ပြည်သက်ဆင်းဖို့ မွေးထုတ်ပေးခဲ့တဲ့ မေမေတွေကို ဖုန်းလေးတစ်call / message လေးတစ်ကြောင်းလောက်နဲ့ တော့လှမ်းပြီး သတိတရ အရိုအသေပြုသင့်ပါတယ် ... အတူတူမေမေနဲ့ နေထိုင်
နေရတာဆိုရင်တော့ ကိုယ့်မုန့်ဖိုးလေးနဲ့ ပဲဖြစ်ဖြစ်၊ရှိစုမဲ့စုလေးပြဲ
*ချစ်တဲ့ မေမေ*
မင်းလူ့ ပြည်ကိုသက်ဆင်းဖို့ အရေး
မရဏသေတွင်းဘေးကနေ
ခြေတစ်ဖက်ဆင်းပေးခဲ့တာ
ဘယ်သူလဲ ...
မင်းအငိုတိတ်ဖို့ အရေး
ညသန်းခေါင်ယံမှာ
အိပ်ပျက်ကာ တေးချော့မြူပေးခဲ့တာ
ဘယ်သူလဲ ...
မင်းလောကဓံမုန်တိုင်းနာကျင်တိုင်းမှာ
*Hello my dearest fri :
Life is an opportunity, benefit from it.
Life is a beauty, admire it.
Life is a dream, realize it.
Life is a challenge meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy confront it.
Life is an adventure, dare it.
Life is luck, make it.
Life is life, fight for it."
Life is a beauty, admire it.
Life is a dream, realize it.
Life is a challenge meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy confront it.
Life is an adventure, dare it.
Life is luck, make it.
Life is life, fight for it."
*I think life is a sturggle , but we've to over come it !
Don't depress on anything !
Always success & good luck 4 u !
Be happy!
Life is time between birth & dead .
I'll always be u'r friend .I'll never dump fri .
TYPE WITH A KEYBOARD .
SEAL WITH KISSES !
**သင်သာ အကောင်းဆုံး ဖြစ်ပါစေ
သင်သာ အကောင်းဆုံး ဖြစ်ပါစေ
ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။
သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။
သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။
ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။
အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။
ကျွနုပ်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။
ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။
အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲ သေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆို အတတ်နိုင်ဆုံး ကြိုးစားပါ။
သင်ဟာ လမ်းမကြီး မဖြစ်နိုင်လျှင် လူသွားလမ်းလေးတော့ ဖြစ်ပါစေ။
သင်ဟာ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးတော့ ဖြစ်ပါစေ။
အကြီးအသေး အရွယ်အစားကို တွေးပြီး နေမင်းကြီး ဖြစ်မှသာ အောင်မြင်တယ် မယူဆလိုက်ပါနဲ့၊ သူ့အရွယ်အစားနဲ့သူ အရည်အချင်းလဲ မတူပါဘူး၊ ဘာကိုပဲ လုပ်လုပ် အရွယ်အစားကို လိုက်ပြီး အနိုင်အရှုံး ဘယ်လိုမှ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပါ၊ ဘာပဲ ဖြစ်ဖြစ် ဖြစ်သမျှ အခြေအနေမှာ အကောင်ဆုံးဖြစ်အောင် ကြိုးစားဖို့သာ အဓိက ပါပဲ။
ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဖြစ်ပါစေ။
ဒါကြောင့် ကျွန်တော်တို့ ဘ၀မှာ ပူပင်သောက ကင်းဝေးပြီး ငြိမ်းချမ်းစွား အသက်ရှင် နေထိုင်လိုလျှင် အောင်ပါ အချက်တွေကို အမြဲသတိရပြီး ကျင့်ကြံပါလေ။
သူတပါးကို မတုပနှင့်
ကိုယ့်အစွမ်းအစကို တွေ့အောင်ရှာ
အရှိကို အရှိအတိုင်းကြိုးစားပါ။
fm forward mail :)

***အချစ်ဆိုတာ
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။
fm forward mail :)
You will find ur true love
-----------------------------------

You'll be blessed !!
LOVE <>------------------------------
အသဲကွဲ မင်းသားကြီး
Subscribe to:
Posts (Atom)