Friday, 17 June 2011

"တစ်နာရီခွဲစာ အလွမ်း"

"တစ်နာရီခွဲစာ အလွမ်း"

==============

အိပ်မက်ဆန်ဆန်လွမ်းရေးထက်

အတိတ်/မနက်ဖြန်ကို ဆန်းပေးချင်ခဲ့တဲ့သူ

ငြူကျစ်ကျစ် နင့်မျက်နှာထားမှာ

အပူအသစ်မဖြစ် အချစ်ပွားလို့ 

နှစ်ရှည်လများ မျှော်ကိုးခဲ့ရလေသူ


မုသားဟန်ပန်တွေနဲ့  စခန်းမကဲပဲ

လူသားဆန်ဆန်တော့ လွမ်းရဲတတ်ခဲ့သူ


အရမ်းပဲ ရတက်တွေပူလို့ 

လွမ်းတဲ့ရက်တွေ ထူခဲ့သူ . . .

ရင့် မျက်နှာထားမငြူဆူပဲ

သခင့် သနားတော်မူဖို့ ရယ်


စာမမှီခဲ့ပါ အလွမ်းတေးခြယ်

ကဗျာသီဖွဲ့ ကာ အလှမ်းဝေးတဲ့

တစ်နာရီခွဲစာ ပန်းကလေးရယ် . . .။ ~ ။

မိုးစွတ်နေ

93း0 P.M

6/6/2011

( Mon: )

http://www.moesutnay.blogspot.com/


Share

"ကျွန်တော့်အကြိုက် နံပါတ် 5 "


"ကျွန်တော့်အကြိုက် နံပါတ် 5 "

==================

အော်တာရှပ်တွေကို နှစ်သက်တယ် . . .

ဂျင်းပန်အပြာကို နှစ်သက်တယ် . . .

၂၀ရာစုမော်ဒန်ကဗျာဆရာမောင်ချောနွယ်ကို နှစ်သက်တယ် . . .

နက်စ်ကော်ဖီခါးခါးတစ်ခွက်ကို နှစ်သက်တယ် . . .

စတာတွေ . . . စတာတွေ ထက်

သူမ အပြုံးတစ်ချက်ကို ပိုလို့ နှစ်သက်တဲ့ကောင် . . . ။ ~ ။

♥MOESUTNAY♥

2.6.2011

(tHU:)

1:00 P.M

http://moesutnay.blogspot.com/


Share

"အဖြူရောင်မျက်ဝန်းများဆီ"


"အဖြူရောင်မျက်ဝန်းများဆီ"



ဖြည့်ပေးမှ ပြည့်နိုင်မယ့်

ကွက်လပ်လေးတွေကြား

ကျွန်တော်တို့နာမ်ရုပ်တွေ

အလည်သွားကြတယ် . . .

မညီမျှတဲ့ဘ၀တွေမှာ

ညီ/ညီမလေးတွေကို တွေ့ ရတာ

စိတ်နဲ့ ကိုယ်မမြဲချင်ဘူး . . .

မျက်ဝန်းမှသည် နှလုံးအိမ်ဆီသို့ 

သူတို့ လေးတွေရဲ့ အကြည့်တစ်ချို့ 

ကျွန်တော့်တို့ရင်ကို စို့စေခဲ့တယ် . . .

သနားစရာဘ၀တွေရဲ့ ဒုက္ခ

မနုဿချင်းတူတာတောင်

သူတို့က ပိုလို့ပူနေရရှာတယ် . . .

နေခြည်ထဲမှာ ပွင့်မယ့်အလင်းပန်း

ထမင်းကြမ်းခဲနဲ့ဖြစ်ဖြစ်

ထမင်းရည်ချိုင့်နဲ့ ဖြစ်ဖြစ်

ကျောက်သင်ပုန်းလေးကိုင်

ကျောက်တံလေးနဲ့ ခြစ်ခွင့်ရရင်

မျှော်လင့်ချက်တွေ ၀လင်ပါပြီတဲ့ . . .

ကဲ ... ဒီတော့ဗျာ

ကိုယ့်ဖို့ ၊ သူ့ဖို့နည်းနည်းတွေး

ကလေးဆိုတဲ့ အမြင်နဲ့

အဝေးကို ဖယ်ကျဉ်မထားပါနဲ့ . . .

တကယ်မြင်တတ်ဖို့

မျက်စေ့ကို ဖွင့် ၊ နားကိုစွင့်

ပြီးရင် ........

မျှော်လင့်ခြင်း ပန်းလေးတွေကို

ရေကြည်တစ်ပေါက်ဖြစ်ဖြစ်

သောက်ခွင့်ပေးလိုက်ကြမယ် . . . .။ ~ ။


♥MOESUTNAY♥

13.6.2011

( mON: )

11 : 00 p.m

http://moesutnay.blogspot.com/

မှတ်ချက် ။ ။ www.savetheaged.ning.com ဆိုတဲ့ ကျွန်တော်တို့ ရဲ့  ပရဟိတ online donation group လေးဟာ( 12.6.2011 ) နေ့ က အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကို

ထပ်တစ်ဖန် သွားဖြစ်ခဲ့ပါတယ် ။မျှော်လင့်ချက်သဲ့နေတဲ့ မျက်ဝန်းငယ်လေးတွေကြား အဲ့နေ့  အိမ်အပြန်လမ်းလေးက ကျွန်တော့် ရင်တွင်းခံစားမှုလေးပါ ။

သူတို့ လေးတွေရှိတဲ့နေရာလေးကို သွားရောက်လှူဒါန်းချင်ပါတယ်ဆိုရင်တော့ ~

*အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း*

ဇောတိကလမ်းမကြီး ၊ ၁၂၆ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်တိုင်း ။


Share

Tuesday, 31 May 2011

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၅ )"


ကြယ်စင်ရေ . . .

ချစ်တယ်ဆိုတဲ့ စကားက

နင့်အတွက် အတော်ခက်ခဲသလားဟာ . . .


အချစ်တစ်ခု ဖြစ်ပေါ်ဖို့ အတွက်

အကြောင်းပြချက်ရှိနေမှလား

အခြေအနေတွေ ခိုင်လုံနေမှလား

ဒီတော့မှ . . . အချစ်လို့ 

နင် မှတ်ယူမှာလား . . .


ငါထင်ပါတယ် . . . ကြယ်စင်ရယ်

အချစ်မှာ . . . ခေါင်းစဉ်တွေမလိုဘူး

အချစ်မှာ . . . ဘောင်တွေ / တန်းတွေမလိုဘူး

ချစ်နေဖို့ နဲ့  . . . ချစ်တတ်ဖို့ ပဲ လိုတယ်

ငါလိုကောင် မဆိုးထားပါနဲ့ 

ကမ္ဘာကျော်တွေရဲ့ အဖြစ်ကိုပဲ

ပြန်ဆန်းစစ်ကြည့်ပါလား . . .


တိုက်ပွဲတစ်ရာ အောင်နိုင်ခဲ့တဲ့

စစ်သူကြီးနပိုလီယံက

၆ နှစ်လောက်ကြီးတဲ့ မုဆိုးမဂျိုးဇက်ဖင်းကိုမှ

ဘာကြောင့်များ . . . စွဲလမ်းခဲ့ရတာပါလဲ . . .


ရုရှားက ဧကရီဘုရင်မ ကက်သရင်း

ပိုတမ်ကင်လို လူဘီလူးကြီးကိုမှ

အချစ်ဇာတ်ခင်းခဲ့ခြင်းကကော . . .


ဟန်ဂေရီက ရုဒေါ့ဖ်လည်း

မာရီကို ချစ်လို့ ပဲတဲ့

ရာထူးဂုဏ်ရှိန်တွေ စွန့် ပစ်ရဲခဲ့ . . .


မာယာတွေဗရပွနဲ့ 

ကလီယိုပက်ထရာရဲ့  အသည်းကိုမှ

ပိုင်ဆိုင်ချင်လှတာ ဂျူးလီးယပ်ဆီဇာ . . .



နှလုံးသားကို ငဲ့ကွက်လို့ 

ထီးနန်းကိုတောင်စွန့် ပစ်ဝံ့တာ

အင်္ဂလန်က အက်ဒွက်လည်းပါ . . .


ကမ္ဘာကျော်မှ ချစ်တတ်တာလား

ကမ္ဘာကျော်မှ ချစ်ရမှာလား

သူတို့ နည်းတူစွာ . . . ငါလည်းပဲ ချစ်ခဲ့တယ်ဟာ


တောင်တန်းတွေထက် နင့်ကို ချစ်တယ်

စမ်းချောင်းတွေထက် နင့်ကို ချစ်တယ်

သက်တန့် တွေထက် နင့်ကို ချစ်တယ်

ကြယ်စင်တွေထက် နင့်ကို ချစ်တယ်

လမင်းကြီးထက် နင့်ကို ချစ်တယ်

အရာအားလုံးထက် နင့်ကို ချစ်တယ်

တစ်လောကလုံးထက် နင့်ကို ချစ်တယ်

နင့်ကို ပိုလို့  ချစ်တတ်တယ် . . . ။ ~ ။



♥MOESUTNAY♥


16.3.2011

9 : 20 P.M


http://moesutnay.blogspot.com/


Share

Monday, 23 May 2011

"အပြာရောင်လဲ့လဲ့ဆန်းဒေးတစ်ရက်"


"အပြာရောင်လဲ့လဲ့ဆန်းဒေးတစ်ရက်"

==============================



နှိုးစက်သံက တီ တီ တီ မြည်လို့  . . နံနက် 73း0 နာရီ ဖြစ်နေပြီဆိုတာကို သိနေသော်လည်းရုံးပိတ်ရက်လေးမှာ အအိပ်မက်ချင်တဲ့ ကျွန်တော် , မထဘူးနော်"ဆိုပြီး ပေတေလို့  ဆက် အိပ်နေလိုက်တယ် . . . ။ သိပ်မကြာလိုက်ဘူး . . . နှိုးစက်သံရဲ့ တရဆက် အော်မြည်မှု့ ကြောင့်ချစ်မေမေ အနားရောက်လာပြီး အိပ်ယာပေါ်က ကျွန်တော့်ကို နှိုးလို့ ပါပဲနော် . . . အစွတ် ထ ထ ... ထတော့လေ ~ သွားစရာရှိလို့  နိုးအာင် နှိုးစက်ကြီးပေးထားပြီး ထသေးဘူးလားဟေ ဆိုလို့  . . . အိပ်ချင်စိတ်ကို အတော်သတ် . . . မတ်မတ်လေးရပ်လို့  အိပ်ယာထဲက ထွက်ကာ ~ ရေခန်းချိုးကို ဆက်'ရရှာတော့တယ်ဗျာ ။

အမှန်တော့ ဒီလို ပိတ်ရက်ဆန်းဒေးလေးများဟာ ကျွန်တော့်အဖို့ အင်မတန်တန်ဖိုးရှိလှ ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပတ်တာလုံး အိပ်ရေးမ၀မှု ၊ အလုပ်နှင့်တာဝန်များ၏ ဖိစီးမှုများကို ကောင်းစွာနှစ်ခြိုက် အနားယူအိပ်စက်ရန် အဆင်အပြေဆုံးနဲ့  အခါအခွင့်အသင့်ဆုံးပါပေတည်း ။

သို့ ပေသိ . . . ကျွန်တော်သိသည် ။ ကျွန်တော်သည် . . . Save The Aged ၏ မိသားစုဝင်တစ်ဦးဖြစ်ပါသည် ။ ထို့ကြောင့် Save The Aged ၏ အခြေအနေအရပ်ရပ်အတိုင်းအတွက် ... ကျွန်တော့်မှာလည်း တာဝန်ရှိပါသည် ... " ဒီနေ့ ပိတ်ရက် အားလပ်ရက်မှာ ဘိုးဘွားတွေဆီသွားမယ်ဆိုတဲ့ အသိက ကိုယ်ပိုင်ဆန္ဒတွေကိုချိုးနှိမ်ပြစ်လိုက်ပါတယ် . . . ။ အမှန်တော့ ရိုးသားစွာ ၀န်ခံရရင် ဒီနေ့ ပိတ်ရက်လေးမှာ ရုံးက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကောင်မလေးက မုန့် လိုက်ကျွေးမယ်၊ အပြင်သွားကြမယ်ဟု ချိန်းဆိုထားသော်လည်း . . . ကျွန်တော့်မှာ ဆန္ဒမရှိပါ ။ ကျွန်တော့် အသိမှာ ဒီပိတ်ရက်ဟာ ဘိုးဘွားများဖို့ သာ ဆိုတာက ကြီးစိုးထားပါတော့သည် ။ သူများတကာတွေလို ကျွန်တော်တို့ ရဲ့  ကိုယ်စားမိဘတွေဆီကို စိတ်ကူးပေါက်ရင် ပေါက်သလို ထမသွားနိုင်တဲ့ကျွန်တော့် ဘ၀အခြေအနေမှာ အခုလို ပိတ်ရက်ဟာတော့ ဘိုးဘွားများဖို့ သာ ဖြစ်သင့်တယ်လို့  ကျွန်တော်တွေးထားမိတယ်လေ ။ ဒါကြောင့် . . . သူ့ ရဲ့ ဖိတ်ခေါ်မှု ကို ကျွန်တော် ငြင်းဆိုရင်း အားလပ်ရက်မှာ ကျွန်တော်သွားတတ်တဲ့ ၊ ကျွန်တော်သွားမယ့် နေရာလေးတွေရဲ့  အကြောင်းကို ညက ဖုန်းထဲမှာ တစေ့တစောင်း ပြောပြလိုက်တော့ . . .သူတော်တော် စိတ်ဝင်စားသွားပုံရတယ် ။ မနက် သွားရင် သူ့ ကိုပါ လာခေါ်လေဆိုတဲ့ . . . သူ့ ရဲ့  အပြောကို ကျွန်တော် လှိုက်လှဲစွာကြိုဆိုရင်းအာရုဏ် ကျင်းမယ့် မနက်ခင်းကို ကျွန်တော် အိပ်စက်ခြင်းနဲ့  ဆက်နှင်းခဲ့ပါတော့တယ် ။

ဒီလိုနဲ့  မ၀ တ၀ အိပ်စက်ခြင်းတွေကို ခ၀ါချလို့  အိပ်ရာလေးထက်က ထရင်း ကျွန်တော့်နံနက်ခင်းကို . . . ဒီလိုလေး ကျင်း ခဲ့ပါတယ် ။

ရေမိုးချိုး အ၀တ်အစားလဲ ၊ ဘုရားရှိခိုး လို့  မနက်စာ စားအပြီး နာရီကိုကြည့်လိုက်တော့မနက် 83း0 နာရီ ဖြစ်နေပြီ ။ မြန်မြန်လေး လစ်မှ ဆိုပြီး . . . ဖိနပ်လေးကြိုးချည်လို့  မေမေရေ ဒိုးပြီဗျို့ လို့ ပြောကာ . . . ကျွန်တော် အိမ်ကနေ ဂိုး တော့တာပါပဲဗျာ ။

သူငယ်ချင်းကို သွားခေါ်ရသေးတယ် သူ့ ကိုခေါ်ရတာကလည်း အဆင်ပြေပါတယ် ။

သူနေတာက ဦးချစ်မောင် အိမ်ရာ ဆိုတော့ . . . ဗိုလ်စိန်မှန် အဖွား ဒေါ်နွဲ့ နွဲ့ စမ်း အိမ်နဲ့ နီးသားဗျာ ။

မနက်စာ မစားဖြစ်သေးတဲ့ ကျွန်တော့် သူငယ်ချင်းကို မနက်စာကျွေးပြီး အဖွားအိမ်ကို သွားခဲ့ကြတာပေါ့ဗျာ ။

ဒီနေ့  ကျွန်တော် သွားမယ့် နေရာတွေက ထွေထူးတော့ မဟုတ်ပါဘူး ။ ကျွန်တော်နဲ့  မိသားစုသဖွယ်ဖြစ်ပြီးသား

အဘိုးဦးကြည်ဝင်း ၊ အဘွား ဒေါ်စန်းမြင့် နဲ့  အဘွား ဒေါ်နွဲ့ နွဲ့ စမ်း တို့ ဆီကိုပဲလေ . . .

လမ်း မှာ အဘိုးတို့  အဘွားတို့  စားဖို့ မုန့် ထုပ်များနှင့် ကွေကာအုပ်များ ၊ အဘိုး ရေသောက်ရ အဆင်ပြေစေဖို့ 

ရေဗူးလေး နဲ့  လိုအပ်တာလေးတွေ ၀င်ဝယ်ရင်း သွားခဲ့ကြရာ . . . မနက် 9း 45 မှာ ဗိုလ်စိန်မှန်က

အဖွားဒေါ်နွဲ့ နွဲ့ စမ်းအိမ်ကို ကျွန်တော်တို့  ရောက်ကောပေါ့ဗျာ . . . ။

ဒီ အဖွား အိမ်က ကျွန်တော်နဲ့  သိပ်တော့မစိမ်းလှတော့ပါဘူး။

တစ်ပတ်ကို တစ်ခါမက အားလပ်လို့  အခန့် သင့်လျှင် သင့်သလို သွားသွားနေကျဆိုတော့ . . . ဒီအိမ်လေးမှာတော့

ကျွန်တော်က အိမ်ရှင်သာသာပါပဲလေ ။ အ၀င်အထွက် မစိမ်းတဲ့ အဖွားရဲ့ အိမ်လေးဟာ ကျွန်တော့်အဖို့ တော့

မိသားစု အိမ်လေးပမာပါပဲ ။

အိမ်ရှေ့ ကို ငေးမျှော်ကြည့်နေတဲ့ ဖွားစမ်းကြီး ကျွန်တော့်ကို မြင်တယ်ဆိုတာနဲ့ " ဟေ . . . မိုးစွတ်တို့  လာကြာပါလား "

ဆိုပီးဝမ်းသာ အားရပြောတဲ့ အပြောလေးနဲ့  ဆီးလို့ ကြိုနေတော့တာပါပဲလေ . . . ။ မနက်စာ ဘာစားပြီးပြီလဲအဖွားဆိုတော့

လက်ဘက်ရည်နဲ့ အီကြာကွေးစားထားတယ် လို့ အဖွားကပြောပါတယ် ။ ကျွန်တော် အဖွား အပေါ်မှာ အကြွေးတစ်ခု

ရှိနေပါတယ်ဗျာ ။ထူး ရေခဲမုန့် ဝယ်ကျွေးမယ်ဆိုတာလေ . . . ဒီနေ့ လည်း ကတိပျက်ပြန်ပါပြီ မနက်ခင်းကတည်းက

မိုးကလေးက တဖွဲဖွဲနဲ့ ခပ်အေးအေးလေးဆဲနေလို့  . . . ကျွန်တော် တမင်တကာ မ၀ယ်လာတော့တာပါ ။

အဖွားကို ညာပြောမိတဲ့ ကျွန်တော် . . . မုသားကျူးမှာလည်း ကြောက်လို့  အဖွားကို ဖြောင်းဖြတော့

အဖွားက နားလည်စွာနဲ့  ကျွန်တော့်ကို . . . " အဖွားက မင်းတို့ လာရင်ကို ပြည့်စုံပြီ"လို့ ပြောတယ် . . .

အဖွားရဲ့ အပြောက ကျွန်တော်တို့ ရင်ကို ဟောခနဲ ပျော်ဆင်းသွားကောဗျာ ။ ရင်ထဲ အေး လိုက်တာဗျာ ။

ဒီလိုနဲ့  အလာပ သလာပ လေးတွေ စကားစမြည်တည်ရင်း ၊ အဖိုးကို လွမ်းဆွတ်ရင်း အားငယ်စိတ်ဝင်နေတဲ့အဖွားကို

အားပေးစကားတွေ ဝေမျှလို့  ၊ အားငယ်စိတ်တွေ ဖယ်ချ ရင်း . . . ကျွန်တော်တို့ ဝယ်လာတဲ့ မုန့် တွေနဲ့  ဦးခိုက်လို့ 

အဖွားရေ သွားလိုက်ပါဦးမယ်လို့  . . . ခွင့်ပန်တဲ့ အချိန်မှာ မနက် (11း 00 ) နာရီ ထိုးတော့မှာပေါ့ဗျာ . . .။

ပြန်ခါနီး တစ်ကျော့ပြန် အမှာတမ်းခြွေရင်း . . . အဖွားသတိရသွားပုံက . . .

" မိုးစွတ်ရေ မင်းတို့  အဘိုးရဲ့  ဆေးတွေက လက်ကျန်တွေ ရှိသေးတယ် ။ အဲ့ဒါလေးတွေ ပြန်ယူသွားပြီး ။

အသင်းထဲမှာပဲ အသုံးလိုသလို ပြန်သုံးကြလေ ။ အဖွားက မေ့နေတာကွဲ့ လို့ ပြောရင်း ။ အိပ်ခန်းထဲက

အဘိုးဦးသိန်းရဲ့ လက်ကျန်ဆေးများကို ထုတ်လို့ ပေးပါတော့တယ် ။ ကျွန်တော်လည်း " ဟုတ်ကဲ့ " ဟု

ခေါင်းလေးငြိမ့်ကာ ဆေးထုတ်လေး ပြန်ယူလာပါတော့တယ် ။အဖွားလည်း ဆေးတွေ မှန်မှန်သောက်နော်

ကျွန်တော်တို့  ပြန်တော့မယ်နော်လို့  နှုတ်ဆက်ရင်း အဖွားအိမ်က ထွက်ခွာလို့  နောက်တစ်နေရာကို

ခရီးဆက် လှမ်းလာပါတော့တယ် . . . ။

( ဆီစက်ဝန်း )အဘိုးဦးကြည်ဝင်း အိမ်ကိုရောက်တော့ 11း20 ပေါ့ . . . ၀မ်းသာပါတယ် ။ ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ 

လမ်းမဘက်လေးကို မျက်စိစွင့်လို့  အမြင်အာရုံလေးလွင့်ထားတဲ့ အဘိုး . . . ။ အော် ~ သူ ကျွန်တော်တို့ ကို

တွေ့ သွားရှာပြီ ။ သူ ပြုံးရယ်နေသည် ။ ပျော်သွားပုံရတယ်ဗျ ။ အဘိုးရဲ့  ကိုယ်စိတ်နှလုံး ရွှင်ပြုံးလာပုံလေးကို

မြင်ရတော့ . . . ကျွန်တော့ဘ၀င် ရွှင်ပျတယ်ဗျ ။ အဘိုးက ကျန်းမာရေးလည်း တိုးတက်လာတယ် ။

တီဘီဆေးတွေကိုလည်း ပုံမှန်သောက်တယ် ။ အသင်းက ပေးတဲ့ ဆေးဝါးတွေကိုလည်း နေ့ စဉ်အချိန်မှန်သောက်ပေးလို့ 

အရင်ကနဲ့ မတူဘဲ အဘိုးအခြေအနေတိုးတက်ကောင်းမွန် လာတာကိုတွေ့ ရတာ ၀မ်းသာစရာပါပဲဗျာ ။

အရင်က လက်ကလေး နည်းနည်း ဆုပ်ဖို့  ၊ မ ဖို့ ကို အင်မတန်ခက်ခဲ ၊ နာကျင်နေရှာတဲ့ အဘိုး

အခုတော့ ရေဒီယိုလေးကို ကိုယ်တိုင် လက်နဲ့ ကိုင်မ ၊ နားထောင်ပြလို့  . . . အို ~ ဟန်ကို ကျနေရောပေါ့ဗျာ ။

အဘိုးရေသောက်ရ အဆင်ပြေအောင် ကျွန်တော် ရေဗူးလေးဝယ်လာခဲ့တယ် ။ အဘိုးရေ စမ်းသောက်ကြည့်ဗျာ ဆိုပြီး ။

ရေထည့်ပေးလိုက်တော့ . . . စိတ်ချမ်းသာစွာပဲ အဖုံးလေးကို လှန်ဖွင့်လို့  ပိုက်လေးစုပ်လို့  အခန့် သင့်စွာ သောက်လို့ ရသွားတာကိုတွေ့ ရတယ် ။ အရင်ကဆို . . . အဘိုးအိမ်မှာ အဘိုး၏ဝေယျာဝစ္စတွေကို လုပ်ပေးနေရသောအစ်မက အထည်ချုပ်မှာ အလုပ်သွားဆင်းရင် တစ်နေ့ ခင်းလုံးရေသောက်ချင်ရင်တောင် သူများအကူအညီစောင့်မျှော်နေရတယ် လေ ။ သောက်နေသန့် ဗူးတွေက လက်နှစ်ဘက်လုံးသန်မှာ အဖုံးလှဲ့ ဖွင့် ၊ သောက် ရတာ အဆင်ပြေတာလေ . . . အဲ့တော့ အဘိုးအတွက် မဟန်ပေဘူးလေ ။ဒီတော့ ခုရေဗူးလေးနဲ့ က အခန့် သင့်လို့ နေပီ ။

အဖိုးကလည်း ကျေနပ်စွာပဲပြောတယ် ။" ကျေးဇူးကွာ . . . အခုတော့ ကိုယ့် ဟာကိုယ် ရေသောက်လို့ ရပြီ ။ ငါလည်း သူများ အားမကိုးချင်ဘူးကွ ။ သူများလုပ်ပေးမှ ဖြစ်တဲ့ဘ၀ကြီးမလိုချင်ဘူးကွာ"တဲ့ ။ ကျွန်တော် ကျေနပ်လို့  ပြုံးမိပါသည် :)

ဒီလိုနဲ့  အဘိုးနဲ့  ကျွန်တော်တို့  စကားတွေလည်း ဟိုဟို ဒီဒီ လျှောက်ပြောကြ ။ စကြ ၊ နောက်ကြရင်း

အဘိုးရေ ကျွန်တော်တို့  တစ်ကိုယ်ရည်သန့် ရှင်းရေးလုပ်လိုက်ကြရအောင်ဆိုပြီး ။ ဦးစွာ လက်သည်း ၊ ခြေသည်းတွေ

ညှပ်လှီးပေးပါတော့တယ် . . . ပြီးတော့ မုတ်ဆိတ်မွှေး + နှုတ်ခမ်းမွှေး ပြောင်စင်အောင် ရိတ်သေးတယ် ။

အဲ့မှာ အဘိုးပြောတဲ့ စကားက တော်တော့်ကို သဘောကျဖို့ ကောင်းတယ် ။ အာဟာ . . . " မင်း ရိတ်တာလည်း ရိတ်

အကုန် ပြောင်ရှင်းကုန်ပြီး လှသွားရင်တော့ ဒုက္ခပဲ . . . မင်းတို့ အသင်းက ကလေးတွေလာလို့ ဦးကြည်ဝင်းကို မမှတ်မိရင်

ဘယ်လိုလုပ်မလဲတဲ့ " . . . အော် . . . အဘိုးက ကိုယ်ကျန်းမာမှုအခြေအနေသာတိုး တက်ကောင်းမွန်လာတာ မဟုတ်ဘူး ။

စိတ်အခြေအနေလေးပါ ကောင်းမွန်လာတာလို့ ပြောလို့ ရတယ် . . . အခုလို အဘိုးတို့ က ပြုံးပျော် ရွှင်မြူးနေတော့ ကျွန်တော်တို့ 

လာရကျိုးနပ်တယ် ။ ပြုစုရကျိုးနပ်တယ် ။ စောင့်ရှောက်ရကျိုးနပ်တယ် ။ ဒါဟာ . . . ကျွန်တော်တို့ ရတဲ့ အမြတ်တွေပဲလေ ။

မုတ်ဆိတ်+နှုတ်ခမ်း ရိတ်သိမ်း သန့် စင်ပြီးတော့လည်း မပြီးသေးဘူး . . . ကျွန်တော် လက်စွမ်းပြချင်သေးတာနဲ့ 

အဘိုး ဆံပင်ညှပ်မလားလို့  မေးလိုက်တာ . . . အဘိုးကလည်း မလှချင်ရှာပါဘူး ။ နှစ်ခါ မဖြားယောင်းရဘူး ။ ညှပ်ရင်

ညှပ်ပေးလေ ဆိုလို့  အိမ်ရှေ့ အိမ်က ဘီးနဲ့ ကပ်ကြေးသွားဌားလို့  ( ကျွန်တော် ဆတ္တာသည် ဇာတ်ခင်းလိုက်ပါတော့တယ် ) ။

အလဲ့ . . . ဟိုက်ရှားဘား ... သိပ်တော့မလှချင်ရှာဘူးဗျ ။ ပြောရဆိုရ လွယ်ပဗျာ ။ အလိုက်သင့်လေး နေတတ် တဲ့ အဘိုး ။

အဘိုးရေ ဟိုဘက်လေး နည်းနည်းစောင်း ၊ ဒီဘက်လေး နည်းနည်းစောင်းနဲ့  ။ ကျွန်တော်ညှပ်လို့ လွယ် အနေအထားကျအောင်

အဘိုးက နေပြပေးခဲ့တယ်လေ ။ ခပ်တိုတို ရှင်းရှင်းပဲ . . . အာနိုး ၊ ဗန်ဒိမ်း ၊ ဒွေး ၊ ကျော်ဟိန်း K ( ဆံပင် ) ကို ညှပ်ပေးလိုက်ပါတယ်လေ။

အမှန်တော့ . . . ကျွန်တော်သည် ဆံပင်ညှပ်ဖို့ မပြောနဲ့  တစ်ပါးသူခေါင်းက ဆံပင်ဖြူတစ်ချောင်းကိုတောင် ဖြောင့်အောင်

နုတ်ပေးတတ်တဲ့လူမဟုတ်ပါ ။ ခုကျတော့လည်း သူ့ နည်းနဲ့ သူ့ ဟန် အစပ်အဟပ်ကို တည့်နေပါရောဗျာ . . . ဟီး

ဒီလိုနဲ့  အချိန်လေးလည်း နေမြင့်တော့ အဘိုးကို မုန့် လေးများနဲ့ ကန်တော့ရင်း ကျွန်တော်တို့ ကို ပြန်ခွင့်ပြုဦးလို့ ဆိုကာ . . .

အဘိုးအိမ်မှာ 1 နာရီကျော်ကျော်နေခဲ့ပြီး အဖွားဒေါ်စန်းမြင့်အိမ်ဘက်ကို ဆက်လက်ကူးဖြတ်တော့တာပါပဲ . . .။


အဲ့လိုနဲ့  အဖွားဒေါ်စန်းမြင့်အိမ်ဘက်ကို ဆက်လက် ကူးဖြတ်ခဲ့တာ . . .

အာ ~ ဆိုးပဗျာ ။ လမ်းမှာ မိုးရွာထားတော့ ဗွက်တွေကလည်း ထူပေါ ။ ဒီၾကားထဲ အဖြားအိမ္ဘက္ကို ကူးတဲ့

ဂုံးကျော်တံတားလေးက ကျိုးနေပါရောဗျာ ။( အဖွားအိမ်လေးဘက်က ဘယ်လိုဂုံးကျော်တံတားလေးကနေ

သွားရတယ်ဆိုတာရောက်ဖူးသူတိုင်းတော့ သိကြမှာပါ ) ခုတော့ ဆိုးရောပေါ့ဗျာ ။ ဟိုဘက်လမ်းက ဗွက်တော ၊ ဒီကုံးကျော်တံတားလေးကလှေခါးကျိုးး(( ဘယ်နှယ့် တက်ရမတုန်း ။ ဆိုးပ ... ကုသိုလ် ။ အဲ့တော့ မဖြစ်ချေဘူးဆိုပြီး ။

သူငယ်ချင်းကို ဒီဘက် ခြမ်းမှာ စောင့်ဆိုင်းစေလို့ ကျွန်တော် လှေခါးမရှိတဲ့ ကုံးတစ်ဘက်ကို ကျော်ခွလို့  တက်သွားပါတော့တယ် ။ တစ်ဘက်မှာလည်း ကျန်ခဲ့တဲ့သူက အရေးထဲ ခွေးတွေအ၀ိုင်းခံရလို့ ခွေးကြောက်နေသေးတယ် . . . ဒီလိုလေးတွေ ကျတော့လည်း ရယ်စရာ ၊ မောစရာ . . . ဟာသ စွန့် စားခန်းပမာပေါ့ဗျား)ကျွန်တော် အဖွားအိမ်ပေါ်တက်မယ်ကြံတော့ မှေးပြီး အိပ်ပျော်နေတဲ့

အဖွားကို အိမ်ရှေ့ အ၀လေးက မြင်လိုက်တာနဲ့  အသံမကြားအောင်မနှိုးဘဲ စောင့်နေဦးမှလို့ စဉ်းစားပေမယ့် ~ ဒေ၀ါသိကြားတွေ

မစလို့  အဖွားကို ဘယ်သူက နှိုးလိုက်လည်း မသိး) အဖွား ချက်ချင်း အတိ . . . အိပ်ယာက ထမိတော့တယ် ။ ကျွန်တော်လည်း တွေ့ ရော ၀မ်းသာအားရနဲ့  ။ ရောက်နေတာကြာပြီလား ဘာလို့ အမေ့ကို မနှိုးတာလည်း ဘာလည်း ၊ ညာလည်းနဲ့  ဟိုဟိုဒီဒီ စကားစမြည်ဖောင်ဖွဲ့ နေရင်း ၊ အဖွားရဲ့ ငိုက်မြည်းခြင်းကိုလည်း

ပါးနပ်စွာ နားလည်လို့  . . . ဂုံးတစ်ဘက်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းကိုလည်း အားနာလို့  . . . ကျွန်တော် သွားပါဦးမယ်လို့  အတွေးနဲ့  အဖွားရ . . . ဘာများ အမှာထည့်ချင်သေးလဲဆိုတော့ . . . အဖွား ကောင်းကောင်းအိပ်လို့ မရဘူးကွယ် ။ အဲ့ဒါ အမိုးလေးကိုတော့ ပလက်စတစ်လေးပဲဖြစ်ဖြစ် အမိုးလေးလုံအောင် လာမိုးပေးရင် ကောင်းမယ်ကွယ်လို့ ပြောတော့ . . . ပုတ်သင်ညို ဘာဝ ခေါင်းငြိမ့်ပြလို့  "ဟုတ်ကဲ့" ပါအဖွားရယ်လို့ ပြောရင်း . . . လိုအပ်တာလေးတွေ မှာခဲ့ရင်း ပေါ့

( လိုအပ်တာဆိုလို့  အထွေအထူးတော့ မဟုတ်ပါဘူး။

အဖွား မတည့်တာတွေမစားဖို့ ၊ ဆေးကို နေ့ စဉ် ပုံမှန်သောက်ဖို့ ၊ ဟိုဟိုဒီဒီ အဝေးကြီးတွေ လျှောက်မသွားဖို့ ၊ အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့  ... စတာလေးတွေကို ဆရာကြီးသဏ္ဍန် ဟန်ပန်ကြံလို့း) ပေါ့ ။

အဖွားအိမ်မှာတော့ ကျွန်တော်တို့  ကြာကြာမနေဖြစ်လိုက်ပါဘူး ။ အဘွားအိပ်နေတာဆိုတော့ အနှောက်အယှက် မဖြစ်စေလိုဘူးလေ ။

ဒါနဲ့ ပဲ ကျွန်တော်လည်း လိုအပ်တာလေးတွေပြောခဲ့ပြီး ။ အဖွားရေ သွားပါဦးမည်လို့  ခွင့်ပန်ရင်း . . . တာ့တာပြ နှုတ်ဆက်ရလို့ 

နောက်အပတ်များလည်း လာပါ့မယ်လို့  . . . ကတိပေးကာ စောင့်နေသူ့  သူတို့ လမ်းကို ကျွန်တော် ဘယ်သို့ လှမ်းရမည်လဲ . . .



( မှတ်ချက် ။ ။ ကျွန်တော့်၏ တစ်နေ့ တာ မဖြစ်စလောက်ဖြည့်ဆည်းပေးမှုလေး သည် STA က အစ်ကိုတော် ၊

အစ်မတော်များ၏ လုပ်ရပ်များနှင့်ယှဉ်ရင် ပါမွှားလေးပါ ။ သို့ သော်လည်း . . . ကျွန်တော် ပီတိ တွေကို မျှဝေ စားသုံးပေးစေလိုခြင်းသက်သက်ဖြင့်သာ )



ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာကြပါစေ ။ ချမ်းသာကြပါစေ ။


လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  …

မိုးစွတ်နေ

အမာခံ မန်ဘာ

Sunday ( 15.5.2011 )

11 : 30 p.m.



Share

"အရိုးထည်"


"အရိုးထည်"

========

ကာလာစုံအောင် မတောက်ပရင်နေပါ

ခပ်ရှင်းရှင်းလေးနဲ့ ပဲ

ချုပ်သားခိုင်အောင်ပိုးကုပ်လို့ 

ဘ၀ကို ရှိုးထုတ်လိုက်ချင်ရဲ့  . . . ။ ~ ။

♥MOESUTNAY♥

26.4.2011

(tUE: )

2 : 18 p.m.

Share

"အနန္တမေမေ ၊ ချစ်မေမေ "


"အနန္တမေမေ ၊ ချစ်မေမေ "
==================
မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ ဟာ ကမ္ဘာ့ မေမေများနေ့ တဲ့ လေ မေမေ ~
ကျွန်တော့် အတွက်တော့ နေ့ တိုင်း၊နေ့ တိုင်းဟာ မေမေနေ့ ပါပဲမေမေရယ်...!!!
ကျွန်တော်ကမွေးချင်းတွေထဲမှာ တတိယမြောက်၊အငယ်ဆုံးရဲ့ အထက်ကဆိုတော့
နို့ ညှာလို့ လည်းဆိုလို့ရပါတယ်...။
မေမေနို့ ကိုညှာစို့ ခဲ့ရလို့ လားမသိပါဘူး . . . ။ ချူချာလိုက်တာလွန်ပါရောလေဗျာ . . .
မွေးရာပါလို့ တောင်ဆိုလို့ ရတယ်...။မွေးစကတည်းကပိုးမွေးသလို မေမေကျွန်တော့်ကို
မွေးပေးခဲ့ရတာလေ ။
ဖွားဇာတာကလည်း ဘင်္ဂအညံ့ ဖွားဆိုတော့ဗေဒင်၊ဗေဒယုံကြည်ကြတဲ့ ဆွေမျိုးတွေရဲ့ 
တစ်ယောက်၊တစ်ပေါက်၊အယူအဆတွေကြားထဲကနေမေမေအာရုံမများဘဲ ကျွန်တော့်ကို
ဂရုတစိုက်နဲ့ ပြုစုခဲ့ရတယ်လေ . . . ။
ငယ်ငယ်ကတည်းကိုကလေ...မွေးလချိန် ဒီဇင်ဘာလနားနီးပြီဆိုရင်အသည်းအသန်
ရောဂါတစ်ခုမဟုတ်၊တစ်ခုနဲ့ ထထဖောက်လို့ ကို ဆေးရုံပြေး၊ဆေးခန်းပြေးနဲ့ ကို ဖြစ်ခဲ့ရတယ်လေ . . . ။
မှတ်မိပါသေးတယ်...မေမေရယ်!!! ကျွန်တော် ငါးတန်းကျောင်းသားနှစ်လောက်ကပေါ့ . . .
အူအတက်ပေါက်လို့ ဆေးရုံကိုအမြန်ပြေးခဲ့ရတယ်လေ။အဲ့အချိန်က မေမေ့မှာလည်း A.Oရာထူးတက်စာမေးပွဲဖြေဖို့ ကရှိနေတယ်လေ . . . ။
အစိုးရ၀န်ထမ်းဘ၀တွေမှာ ရိုးသားကြိုးစားပြီး...ရာထူးတက်ဖို့ အတွက် ကြိုးစားကြတာ ၀န်ထမ်းကောင်းတွေအတွက်ပြယုဂ်တစ်ခုပါပဲလေ ။
ကျွန်တော့်မှာ ခွဲစိတ်ကုသမှုခံယူပြီးပေမယ့်လည်း ဆေးရုံမှာ တစ်ပတ်လောက်နေရဦးမယ်ဆိုတဲ့ 
ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်ကြောင့် . . . ကျွန်တော့်မေမေ့ကိုအားနာ၊သနားမိပါတယ် . . . ။
မေမေကတော့ပြတ်သားစွာနဲပဲမနက်ဖြန်ရုံးကိုလည်းမသွားတော့ပါ . . . ။
ရာထူးတက်စာမေးပွဲကိုလည်းဂရုမစိုက်တော့ပါဟု ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပေမယ့်
ကျွန်တော့်မှာမနေနိုင်တော့ပါ . . . ။ ဖေဖေနဲ့ တကွအိမ်သားတွေ
တစ်ယောက်မှမေမေကို ၀င်မစွက်ဖက်ကြပေမယ့် . . . ကျွန်တော်မျက်ရည်လေးဝဲတဲတဲနှင့် . . .
"သွားပါ၊မေမေရယ်...အိမ်ပြန်ပါ...စာလေးကြည့်ပြီး...မနက်ဖြန်ရုံးမှာကောင်းကောင်းဖြေခဲ့လေနော်။
မေမေရာထူးတက်တော့ဖေဖေတို့ မမတို့ လည်း ဂုဏ်တက်တာပေါ့ . . . ။
သားတို့ လည်းဝမ်းသာရတာပေါ့။သားလည်းသက်သာနေပါပြီ။ဖြစ်ပါတယ်မေမေရယ်။သွားပါနော် " လို့ ပြောပေမယ့်လည်း . . .A mother's love perceives no impossibilities !!! ဆိုတဲ့ 
စကားအတိုင်း . . .မေမေဟာ ဘာကိုမှမမြင်တော့ပါဘူး . . . ။

"မသွားပါဘူး၊သားရယ်...မေမေစိတ်မချပါဘူး...
သားဆေးရုံကဆင်းတော့မှ မေမေလည်းအိမ်ပြန်မယ်လေ..." ဟုပြောကာ အဲ့ရက်တွေက မေမေဟာ
ကျွန်တော်နဲ့ အတူတူ အိပ်လည်းအတူတူ ၊ စားလည်းအတူတူ ၊ ထမင်းလည်း မေမေပဲခွံ့ ကျွေး ၊
ရေလည်းမေမေပဲချိုးပေး ... အစစအရာရာ မေမေကိုယ်တိုင် လိုလေသေးမရှိအောင် လုပ်ပေးနှင့်
ကျွန်တော့်မှာ ဆေးရုံသာတက်နေရပါတယ်...ဘာမှမထူးခြားပါဘူး။မေမေ့ ဂရုစိုက်မှု့ ကအရင်ကထက်
ပိုလို့ ရယ် ကျွန်တော့်မှာ ဆေးရုံတက်ရတယ်ဆိုလို့ လည်းရယ် စိတ်အားငယ်စရာရယ်မရှိ . . .
သားသမီးလေးယောက်ကိုမျှဝေပေးတဲ့  မေတ္တာ၊အကြင်နာတွေကို အဲ့အချိန်က
တစ်ယောက်တည်းပဲ ပုံအောကာရနေတော့ပိုလို့ တောင်ပျော်မိပါသေးတယ် . . . ။
ကျွန်တော်စိတ်မကောင်းတာတစ်ခုက...မေမေကကျွန်တော့်အပေါ်စေတနာထားသလောက်ကျွန်တော်က
မေမေ့အတွက် ဂြိုလ်ဆိုးလေးလေ...ကျွန်တော် လေးတန်းကျောင်းသားနှစ်လောက်တုန်းကလည်း ဒီလိုပဲ ...
ကျွန်တော် သူငယ်ချင်းတွေနဲ့ ဆော့ကြရင်း ကားပေါ်ကနေပြုတ်ကျလို့ လက်ကျိုးတော့ ဆေးရုံပြေးလိုက်
ရတယ်လေ...အဲ့နေ့ ကလည်း ကျွန်တော့်ကြောင့် မေမေခုလိုပဲ ရာထူးတက်ဝင်ခွင့်ဖြေဖို့  ပျက်ကွက်ခဲ့ရ
တယ်လေ ... မေမေရယ်...ကျွန်တော့်ကြောင့် မေမေတိုးတက်မှု၊အာင်မြင်မှုတွေ ဆုတ်ယုတ်ရတယ်နော် ...

ကျွန်တော်က မေမေ့အတွက်လူပိုလေးလားဟင်လို့ ပြောလိုက်မိတိုင်း...
မေမေပြန်ပြောပြောတတ်တာတစ်ခုက ...
"မေမေဟာဝန်ထမ်းကောင်း၊အရာရှိကောင်းတစ်ယောက် ဖြစ်ချင်တာထက် သားတို့ ကိုမွေးဖွားပြီးကတည်းကမေမေဟာ မိခင်ကောင်းတစ်ယောက်ပဲပိုလို့ ဖြစ်ချင်တော့တယ်...
ဖြစ်နိုင်ရင် မေမေဟာ သားတို့ ကိုကြက်မကြီးသဖွယ်"၀ပ်"လို့  ထားချင်တယ်"တဲ့ လေ...။
တကယ်ဗျာ..တစ်ခါတစ်ခါမှာ မေမေတွေရဲ့ မေတ္တာတွေ ၊ အကြင်နာတွေ ၊ စေတနာတွေဟာ
ကျွန်တော်တို့ အားနာရ လောက်အောင်မတွေး၊ မထင်ထားတတ်လောက်အောင် လိုနေတဲ့ ကွက်လပ်တွေကိုဖြည့်စွက်ပေးရုံတင်မကပဲ ... ပိုလို့ ကို
ဖြည့်ဆည်းပေးချင်တတ်ကြတယ်လေ... ။ ~ ။


---

International Mother's Day is Second Sunday in May !!!!
8.8.2011 မှာ ကျရောက်မည့် ကမ္ဘာ့ မေမေများနေ့ အမှတ်တရ
လွန်ခဲ့သော 2 နှစ်လောက်ကတည်းက ကျွန်တော့် ဘလော့မှာ တင်ခဲ့ဖူးသော ပို့ စ်အဟောင်းလေးပါ ။
ကိုးလလွယ် ဆယ်လဖွားလို့  လူလားမြောက်အောင် မွေးဖွားသန့် စင်ပေးခဲ့သော
မွေးမေမေနဲ့ တကွ ပုခက်လွှဲသောလက်များ ၊ နို့ တိုက်မိခင်များ ၊ ကမ္ဘာမြေတစ်ခွင်မှ
"အမေ" ဟူသော ဣတ္ထိလိင် များ အားလုံး အားလုံးကို ဦးခိုက်ညွှတ်တွားရင်း
ပျော်ရွှင်ဖွယ်ရာ မေမေများနေ့ ဖြစ်ပါစေလို့  . . . ။



ဆန္ဒမွန်ပြုရင်း . . . ♥ ♥ ♥
♥မိုးစွတ်နေ♥

Share

" အဖြူရောင်လွမ်းချင်း "


" အဖြူရောင်လွမ်းချင်း "

================

အဖြူရောင်ကို မြတ်နိုးပါတယ်ဆိုတဲ့ ကိုကို

အင်္ကျီအဖြူရောင်လေးဝတ်ထားပေမယ့်

ကိုကိုရှက်တယ် . . . မလုံဘူး ညီမလေး

ညီမလေး . . . ပါးပြင်က သနပ်ခါးရနံ့ လေးသင်းနေရင်

ညီမလေး . . . ဆံနွယ်က ခေါင်းလျှော်ပြီးစ ရနံ့ လေးမွှေးနေရင်

ညီမလေး . . . အိပ်ရာနိုးစ အိပ်ချင်မူးတူးပုံစံလေး မြင်နေရရင်

ကိုကို လွမ်းတယ် . . . ညီမလေး

အနီးလေးရှိပေမယ့် . . . တွေးတွေးပြီးလွမ်းမိတယ်

ဘာရယ်မှန်းမသိပေမယ့် . . . ညီမလေးဟာ

ကိုကိုဖို့  . . . ညီမလေးပါ ဆိုတာ

ညီမလေးရေ . . . တစ်ခါတစ်ခါ အလိုမကျရင်

စူပုတ်ပြတဲ့ ညီမလေးနှုတ်ခမ်းဝက

ငြူစူခြင်းဝိသေသလေးတွေကိုမှ

ကိုကိုက သဘောတွေ ကျခဲ့ရတာ . . .

လှိုက်ဖိုအောင်ပြုံးလို့ 

အရယ်တွေဖုံးသွားတဲ့

ညီမလေးရဲ့  ရွှင်ပြုံးခြင်းတွေဟာ

ကိုကို့ အတွက်တော့ . . . ထာဝရ ဓါတ်စာပါ

ညလေညှင်း တိုးတိုးတိုက်ခတ်ရင်တောင်

ကိုကို အလိုမကျဘူး ညီမလေး

ကိုကို လွမ်းမောတဲ့ ညီမလေးရဲ့  ကိုယ်သင်းရနံ့ လေးတွေကို

သူအကုန် သိမ်းပိုက်သွားလေရဲ့  . . .

ကိုကို ဆိုမယ့်သံစဉ်တေးဟာ

ညီမလေးရဲ့  အိပ်ယာဝင်တေးတော့ မဖြစ်ပါရစေနဲ့  . . .

အရည်ကြည်သဲ့လာတဲ့

ကိုကို့ မျက်ဝန်းက ငွေ့ ရည်တစ်ချို့ တစ်ဝက်ကို

ညီမလေး . . . တစ်နေ့ တော့

ဖတ်တတ်ပါစေလေ . . .

မျှော်လင့်ချက် ကမ္ဘာတစ်ခြမ်းကနေ

ညီမလေးကို လွမ်းရတဲ့ညတွေ

လွန်ပါစေတော့လေ . . . ။ ~ ။

♥MOESUTNAY♥

24.4.2011

( sUN: )

11:45 P.M.

Share

"အကျီးတန်ည"


"အကျီးတန်ည"

=========

မှောင်နေလား ၊ မဲနေလား

ကျွန်တော် မသိ . . .

ကြယ်တွေရယ်

ရေဖို့ တောင် အင်အားမရှိခဲ့ဘူး . . .

ဟိုအဝေးက

လလေးတစ်စင်း

အခုအချိန်ဆို

ထင်ထင်လင်းနေရောပေါ့ . . .

ဒီလိုနဲ့ 

ကုတင်ထက်က ကျွန်တော်

သန်းခေါင်ကျင်းမယ့် ညကိုမျှော်လို့ 

ဆေးတစ်ခွက် ပစ်ထည့်ရင်း

အိပ်စက်ခြင်းကို အံတင်းခဲ့ . . . ။ ~ ။

♥MOESUTNAY♥

4.5.2011

( Wed: )

♦♦ အိပ်ဆေးတွေသောက်ပေမယ့် အိပ်စက်ခြင်းကိုမရနိုင်တဲ့ည အမှတ်တရ ♦♦



Share

Wednesday, 20 April 2011

မမရဲ့  28နှစ်ပြည့်မွေးနေ့ အမှတ်တရ



♥hApPy 28th bIrThDaY♥

Share

Tuesday, 19 April 2011

ChitTal @ ILoveYou



*♫.~*♪♥ ကိုယ်ရင်ခုန်သံရပ်မသွားဖို့ အတွက် ~
မင်းရှိမှ ဖြစ်တော့မှာမို့ 
ယုံကြည်ပါ ဒီစကားလေးက ~ အရေးသိပ်ကြီးလို့ 
ဒီရင်ခွင်လက်ဝဲဘက်က ~ နှလုံးသားလေးအဖျားတက်နေပြီမို့ 
ဘယ်လိုပြန်ကယ်တင်ပေးရမလဲ ... မင်းလေးသိဖို့ 
ကမ္ဘာပေါ်မှာရှိသမျှ ~ လူသားတိုင်းအချစ်ကို ရင်ဖွင့်ပြသလို
ရိုးရိုးလေးပေါ့ ... မင်းနားထောင်ကြည့်တော့
အိုင်လပ်ယူ ... အချစ်တွေမင်းယူ
မင်းရင်ထဲမှာ ဘယ်လိုလဲ မတွေးရဲပါဘူး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အို ... ယက်စ်အိုင်ဒူး... ဒူးးး
ကျိမ်ရဲတယ် ဘုရားဆူး
ချစ်တယ် (သို့မဟုတ်) အိုင်လပ်ယူ ..................♫.~*♪♥*

Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၂ )"


"ကျွန်တော်နှင့် အဖြူရောင်လေး ( ၂ )"

======================

မျှော်လင့်ခြင်းတွေကို

တစ်စုံတစ်ရာ ပံ့ပိုးလို့ 

ဘယ်နတ်တန်ခိုးတွေရဲ့ 

အကူအညီနဲ့ များ

သူ နဲ့  ကျွန်တော် နီးလေသလား ... ။ ~ ။

♥MOESUTNAY♥

4.4.2011

( Mon: )

12:00 p.m.


Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၃ )"


"ကျွန်တော်နှင့် အဖြူရောင်လေး ( ၃ )"

=====================

ကန်ရေပြင်က အရိပ်ကလေးရယ်

သွဲ့ သွဲ့ လေးတိုက်တဲ့ လေညှင်းရယ်

ဖွဖွလေးပြုံးတဲ့ နင့်အပြုံးရယ်

ဒါဟာ (ငါ့အဖို့ တော့ )

ကမ္ဘာကျော် ပန်းချီကားတစ်ချပ်လို့

ငါပြောရင် ဘယ်သူ ယုံမလဲ . . . ။ ~ ။

♥MOESUTNAY♥

5.4.2011

( Tue: )

12 : 30 p.m.


Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၁ )"

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၁ )"

=====================



ရေပြင်ကို ခဲလုံးလေးပေါက်တော့

ပလုံ လို့  ကြားရ မ ပေါ့ …

“ဒါဟာ ရေအောက်ကြမ်းပြင်ကို

ထိခတ်လိုက်လို့  ထမြည်တဲ့အသံလေ”

………………………………………..

နင် ပြောရင် ငါယုံမယ် သူငယ်ချင်း

နင်ရယ်ပြီး ငါ့ကို ငတုံးလို့  ပြောပါ

ငါပြုံးရုံလေး ပြုံးပေးပါ့မယ် …

ရေပေါ်ကို ခဲနဲ့ ပေါက်လို့ 

ပလုံမြည်သံကြားတာ

သိပ်မဆန်းလှပေမယ့်

နင်ပြုံးရင် ငါ့စိတ်တွေ လန်းလို့ ပါ …

အရာရာ နားလည်နေရင်တောင်

နင့်ရှေ့ မှာ ငါဖားသူငယ်ပါပဲ

နင်ပြောသမျှ ယုံပြမယ် …

ငါယုံအောင် နင်မပြောပြပါနဲ့ 

နင်ပြုံးရင် ငါသဘောကျလို့ ပါ သူငယ်ချင်း …

ဘယ်အရာတွေကို

ဘယ်လို ဘယ်ဝါ ငါသိသိ

နင့်ရှေ့ မှာ အပလာ ငတိလေးသာသာ

နင်ပြုံးတာ ငါမြင်ချင်လို့ ပါ …

အရာရာကို နားလည်တတ်နေပါစေ

နင့်ရှေ့ မှာ ပညတ်ချက်တစ်ခုထားမယ်လေ

နင်ပြောတဲ့ ငပိန်း ၊ ငတုံး ဆိုတာ

ငါသာ အတည် ဖြစ်နေပါမည်

နင်ပျော်ရင် ငါသဘောကျသည် …

ပြုံးလိုက်ပါ သူငယ်ချင်းရယ်

ရယ်ပြီးပြုံးတဲ့ နင့်အလှကို

ငါ့ဘ၀မှာ ထာဝရ မြင်တွေ့ ပါရစေဟာ …

သူငယ်ချင်းဆိုတဲ့

ခေါင်းစဉ်တစ်ခုအောက်မှာ

ငါ နင့် ကို ချစ် တယ်

ငါ န င့်  ကို ချ စ် တ ယ်

နင့်ကို ငါ ထာဝရ ချစ်သွားပါရစေ … ။ ~ ။



♥MOESUTNAY♥

3.4.2011

( Sun: )

12:30 p.m.


Share

"ခဲမှန်ဖူးတဲ့ ရန်ကုန်သင်္ကြန်"


"ခဲမှန်ဖူးတဲ့ ရန်ကုန်သင်္ကြန်"

=============================

ဟောဒီ့ ကျီးလန့် စာစားမြို့ လေးမှာ

ပွဲတော်တစ်ခုဟာ စည်ကားနေရှာပေါ့ . . .

ခဲထိဖူးတဲ့ စာသူငယ်တွေ

အထိတ်တလန့် နဲ့  စိတ်မသန့် ပေမယ့် . . .

ပျော်ကြတဲ့သူတွေလည်း ပျော်ကြရှာပါလေ

စွတ်စိုလတ်ဆတ်တဲ့ သင်္ကြန်ရနံ့ တွေက

လူငယ်တွေပေါ်ကို စီးကျကြတယ် . . .

ဟန်ကြွကြွမာန်လွှလွှ ဖူးကြပွင့်ကြမယ့်

ပိတောက်ပန်း

ဟောဟိုဘက်မှာ နေခြောက်လှမ်းနေတဲ့

ကလေးတွေ

သင်္ကြန်ရေဘယ်မခမ်း အိမ်မပြန်စတမ်းဆိုတဲ့

အိုဘယ့် "အလန်း" တွေပေါ့ . . .

ပုလင်းတွေမော့ အပျင်းပြေဆော့ကာ

အော့ . . . အတွင်းကြေရင်တော့

ဟော့ . . . အတိနဲ့ 

ရှော့ . . . ရှိမယ်နော်

ပျံသန်းမယ့် နွေဦးမှာ

ပိတောက်တွေမဖူးရင်လည်း နေပါစေ . . .

ဒီသင်္ကြန်ရေ အေးပါစေ . . .

သွေးနဲ့ ဆေးဖို့  ဝေးပါစေ . . . ။ ~ ။

♥MOESUTNAY♥

14.4.2011

( Thu: )

6 :30 p.m.

( သင်္ကြန်အကျနေ့  )

=============================================================

Share

"သူပျော်ဖို့  ကျွန်တော့်အကြောင်း"


"သူပျော်ဖို့  ကျွန်တော့်အကြောင်း"

=====================

တောက်'တစ်ချက် ခေါက်ဖို့ တောင်

သတ္တိနည်းခဲ့တဲ့ကောင် . . .

နှုတ်ခမ်းကိုက်ဖို့ တောင်

အားအင်ချိနဲ့ ခဲ့တဲ့ကောင် . . .

မျက်နှာထားတင်းဖို့ တောင်

သတိမရခဲ့တဲ့ကောင် . . .

သူ့ အပြုံးတစ်ချက်မြင်ရင်

ဘာကိုမှ မငြိုငြင်ချင်တဲ့ကောင် . . .

အသွေးနဲ့ ကို အသားနဲ့ ကို ဆိုပေမယ့်

ကျွန်တော်က သူ ပြုံးနေရင်

ပုဂ္ဂလိက ခံစားချက်တွေကိုမေ့ပျောက်

သူပျော်ဖို့ လောက်ကိုပဲ တွေးတတ်ခဲ့တဲ့ ကောင်ပါ . . . ။ ~ ။

♥MOESUTNAY♥

17.4.2011

( SUN: )

8 : 00 P.M.


Share

"နှုတ်မဆက်နဲ့ ပြန်ဆုံမယ်"


"နှုတ်မဆက်နဲ့ ပြန်ဆုံမယ်"

===============

နှုတ်မဆက်ပါနဲ့ 

နင်နဲ့ ငါကျောခိုင်းသွားတဲ့အခါ

နင်ငါ့ကို လက် ပြန် မပြပါနဲ့  . . .

နင်ငါ့ကိုထားလို့  ဟိုအဝေးကိုထွက်သွားတဲ့တစ်နေ့ 

လက်ငါးချောင်းဖြန့် လို့  "တာ့တာ"ဟေ့လို့  မလုပ်ပါနဲ့  . . .

နာရီ လက်တံ တွေရွေ့ လျားလို့ 

သံပတ်တွေရွေ့ သွားရတဲ့အခါ

နင်ငါ့ကိုမေ့မသွားပါနဲ့  . . .

နာရီ စက္ကန့်  မိနစ် အချိန် ဒီရေ နဲ့ 

ရာသီတွေ လည်ပတ်လို့ 

ငါတို့ တစ်နေ့  ပြန်ဆုံကြတာပေါ့ . . .

နင်သေသေချာချာ ဖတ်သွားရဲ့ လား

ငါ့မျက်ဝန်းက ဘာသာစကား

"ဘယ်တော့မှ ငါ့ကို မေ့မသွားပါနဲ့  ". . .

တစ်နေ့ ပြန်ဆုံမယ်ဆိုတဲ့ စကားထက်

တစ်နေ့ ပြန်ဆုံမယ်ဆိုတာကိုပဲ

ကြားချင်ခဲ့တဲ့ကောင် . . .

နင် ငါ့ကို မနှုတ်ဆက်နဲ့ 

စက်ဝန်းလေးတစ်ပတ်လည်တော့

တစ်နေ့ မှာ ပြန်ဆုံတာပေါ့ . . . ။ ~ ။

♥MOESUTNAY♥

17.4.2011

( SUN: )

10 : 00 A.M.



Share

"ဘာကြောင့်များ"


"ဘာကြောင့်များ"

==========

ကောင်မလေးရယ်

ခရေပန်းလေးတွေ ၊ စပယ်ပန်းလေးတွေ

ပင်မြင့်ကကြွေကျတာကိုတော့

မင်းမြင်သာတယ် ...

မင်းကြောင့်

ကြွေကျခဲ့ရတဲ့ ငါ့နှလုံးသားလေးကိုကျတော့ . . . ???

♥MOESUTNAY♥

Thursday, February 10, 2011 at 7:37pm



Share

"မြတ်မြတ်နိုးနိုးရင်ခုန်သည်"


"မြတ်မြတ်နိုးနိုးရင်ခုန်သည်"

=================

ကိုကြီးရေ ...

တနင်္ဂနွေမိုးတိမ်တွေကို

ကျွန်တော်မော်ကြည့်တယ် ...

သူတို့ တွေ ကျွန်တော့်ကို ပြန်ငုံ့ ကြည့်တယ်

သူတို့ တွေ ဘယ်ကိုပြေးသွားတယ်ဆိုတာ

ကျွန်တော် ကွဲကွဲပြားပြား မြင်လိုက်ရတယ်

တိမ်တွေကြားမှာ စာတန်းထိုးဖို့ 

လွမ်းလိုက်တာဗျ ... သူမ'နာမည်

ခပ်ရေးရေးလေး ရေးမိတယ် . . .

ကျွန်တော်က သူမ'ရှိမယ့်အရပ်ကို

နေထွက်ရာ မျက်နှာလှည့်

သူမကတော့ ကျွန်တော့်ကို စောင်းငဲ့သွားတယ်

မျက်ဝန်းများမှ ဘာသာစကား

ကျွန်တော် စိတ်တွေထွေပြားလို့ 

ကျွန်တော့် အာရုံတွေ ၀ိုးတိုးဝါးတား ဖြစ်ခဲ့တယ် . . .

တိမ်တွေကြားမှာ ရေးခြစ်ခဲ့တဲ့

သူမ နာမည် . . .

လေလည်လို့  ကွယ်သွားမှာစိုးတယ်

ခပ်ရိုးရိုးလေးပဲ မှတ်ထားတယ်

နေ၀င်မိုးချုပ် လွမ်းတတ်သည့် အာရုံပြပုဒ်ထဲတွင်

သူမသည် ဦးဆုံးပင်ဖြစ်လိမ့်မည် . . .

Globalization ကို ကျွန်တော်သိတယ်

ကိုကြီး ...

Telepathy နဲ့  သံလိုက်အိမ်မြှောင်ဆွဲအားတွေကို

ကျွန်တော် နားလည်တယ် ...

သူမ မည်သည့် ဆွဲအားတွေနဲ့ 

မည်မျှ ဖမ်းစားထားသည်ကိုတော့

ကျွန်တော် နားလည်ရခက်သား ...

ကော့ညွှတ်သွယ် နှုတ်ခမ်းပါးလေးတစ်စုံကြောင့်လား

ညှို့ မျက်ဝန်းနက်နက်လေးတွေကြောင့်လား

.....................................

မခို့ တရို့ သူ့ အပြုံးများကြောင့်လား

မည်သည် ... မည်သည် ... များကြောင့်

ကျွန်တော့်ရင်ခုန်သံfrequency တွေ

သူမ'နဲ့ တွေ့ တဲ့အခါ ကြိမ်နှုန်းပိုမြန်

အခြေအနေမဟန် ဖြစ်ရပါရော့လား . . .

newton ၏ third law က action to reaction တဲ့ 

သူမ၏ မည်မျှသော သက်ရောက်အားတွေကြောင့်

ကျွန်တော့်ရင်ကို ဒိန်းဒပ်ဒပ်

တလှပ်လှပ် ခုန်နေရသည် ... ကျွန်တော်မသိ

ကျွန်တော်သူမ'ကို ချစ်မိ

သူမ'အကြောင်းလေး တွေးနေရရင်လည်း

ကျေနပ်၏ ...

သူမ'ပုံရိပ်လေး ငေးနေရရင်လည်း

နေတတ်၏ ...

သူမ'ကို မပိုင်ဆိုင်ရရင်လည်း

ဖြေတတ်၏ ...

ကျွန်တော်မွေးထားတဲ့ အလှမွေးငါးတွေလို

သူမဟာ ကျွန်တော် တယုတယ

အလှထိုင်ကြည့်ရုံမျှသာ

ရင်ခုန်ခဲ့ရတဲ့ ကမ္ဘာ . . .

ရင်ခုန်မှုနဲ့ တည်ဆောက်ထားတဲ့

ကျွန်တော်သိတဲ့အချစ်ဆိုတာ

အိပ်မက်ထဲမှာ ကမ္ဘာတစ်ဘက်ကို အလည်သွား

ကျွန်တော်ဟာ ဒုတိယ ကိုလံဘတ်အလား

သူမ၏ ၀ဲဘတ်ရင်ခွင်မှာ

နယ်မြေသစ် တူးဖော်ချင်တယ် . . . ။ ~ ။


♥MOESUTNAY♥

17.4.2011

( Sun:)



Share

Saturday, 9 April 2011

| ကျစ် |


| ကျစ် |


နင်နဲ့ ငါ

ငါနဲ့ နင်

.

.

.

.

.

.

.

.

.

ကိုယ့်ဟာကိုယ် အသုံးမကျကြတိုင်း

တစ်စုံတစ်ရာကို အပြစ်ဖို့ တယ် ... ။ ~ ။

♥MOESUTNAY♥

2.2.2011

( Wed : )

12:00 a.m.


Share

"ဟေ့အချစ်ဆုံး"



ကျွန်တော် အရမ်းကြိုက်တဲ့
ဗုံဗုံရဲ့ သီချင်းလေး တစ်ပုဒ်ပါ . . .

Share

"မင်းသိလာမယ်"




Share

"အသက်22နှစ်ပြည့်မွေးနေ့ "



ကျွန်တော့်သူငယ်ချင်းပေးတဲ့
အသက်22နှစ်ပြည့်မွေးနေ့ လက်ဆောင် အမှတ်တရလေး


Share

"ရူးသွပ်ခြင်း"



one of my fav songs :))

Share

“၀ဲဘတ်ရင်အုံ၏ အုံကြွလှုံဆော်မှု”


“၀ဲဘတ်ရင်အုံ၏ အုံကြွလှုံဆော်မှု”

=================

ဝင်တစ်ချီ ၊ ထွက်တစ်ချက်နဲ့ 

ဝင်သက် ၊ ထွက်သက်တိုင်းမှာ

နင်ဆိုတဲ့ နာမ၀ိသေနပုဒ်ကို

အာရုံခံကြည့်မိတိုင်း

ပစ္စုပ္ပန်ကော ၊ မနက်ဖြန်ပါ

ပိုပြီးတော့ အဓိပ္ပာယ်ရှိလာတယ်ဟာ …

twenty four seven 24/7 ရဲ့ တစ်နေ့ တာ

လည်ပတ်သမျှမှာ

ရင်ခုန်သံက နွေးနွေးမို့ 

မျှော်လင့်ချက်လေးတွေလည်း

တစ်ဖြည်းဖြည်းနဲ့  အသက်ဝင်လာတယ် …

လောဘကြီးတယ်လို့ ပဲဆိုရင်ဆို

ပိုတယ်လို့ ပဲထင်ရင်ထင်

နင်သာ လိုအပ်မယ်ဆိုရင်

ငါတော့လေ …

နင် လိုအပ်တဲ့ အချိန်

လိုအပ်တဲ့ အခါ

လိုအပ်တဲ့ နေရာမှာ

နင် လိုအပ်တဲ့ အရာလေးပဲ

ဖြစ်ချင်ခဲ့တယ် ကွာ … ။ ~ ။

♥MOESUTNAY♥

31.1.2011(Mon:)

5:00 p.m


Share

" Data Storage "


" Data Storage "


နင်နဲ့ ပက်သက်တဲ့

အကြောင်းအရာတစ်ချို့ ကို

ရင်ဘတ်ထဲမှာ သိမ်းထားတယ် ။

တစ်ချို့ ကို

ဒိုင်ယာရီထဲမှာ သိမ်းထားခဲ့တယ် ။

တစ်ချို့ ကို

စိတ်ကူးထဲမှာ

အပြီးအပိုင် သိမ်းထားလိုက်တယ် ။ ~ ။

♥MOESUTNAY♥

22.1.2011(Sat:)

4 : 00 p.m


Share

" Investment "


" Investment "

============



ဘ၀မှာ အသိတစ်ချို့ ရဖို့ အတွက်

ခွန်အားနဲ့  ရင်းခဲ့ရတယ် ။

ငွေအားနဲ့ ရင်းခဲ့ရတယ် ။

အချိန်များနဲ့  ရင်းခဲ့ရတယ် ။

တစ်ခါတစ်လေ

နှလုံးသားနဲ့ ပါ ရင်းခဲ့ရတယ် ။ ~ ။

♥MOESUTNAY♥

28.1.2011(Fri:)

4:30 p.m

Share

“ သင်္ချာညံ့ခဲ့တဲ့ ငါ ”


“ သင်္ချာညံ့ခဲ့တဲ့ ငါ ”

============

စားလုံးပေါင်းတွေ လွဲမှားလို့ 

သတ်ပုံတွေ ပြောင်းပြန်ဖြစ်ကာ

ဖန်တစ်ရာတေအောင်

ကြက်ခြေတွေ ခြစ်ပစ်ခဲ့တယ် …

ငါညံ့တယ် … မသိဘူး

မရဘူး … နားမလည်ဘူး

ငါမရခဲ့ဘူး … ငါကျရှုံးတယ်

ငါရှုံးတယ် … အရှုံးကြီးရှုံးလို့ 

အပြတ်အသတ် … ကျမှတ် ထွက်ခဲ့တာ

သူမ သတ်မှတ်တဲ့

နှလုံးသား ရင်ခွင် အဖြေလွှာမှာ …

ချစ်ခြင်းတရားဆိုတဲ့

ပုစ္ဆာကို အဖြေထုတ်ဖို့ အတွက်

သင်္ချာပိုင်တဲ့ငါ

ဒီမေးခွန်းမှာ လက်မှိုင်ချခဲ့ရပေါ့ …

ငါစိတ်မပျက်ပါဘူး

ရိုးအီဟောင်းနွမ်းတဲ့ သီအိုရီတွေ

ပုံသေနည်း အသစ်အဆန်းတွေနဲ့ 

ငါ့ရင်ဘတ်ကို ငါပြန်ဖတ်လို့ 

ကျက်မှတ်ထားသမျှ

ငါဖြေပေးခဲ့တယ် …

ကျေးဇူးပြုပြီး

သနားမှတ်လေး ပေးပါလို့ တော့

မတောင်းဆိုခဲ့ပါဘူး

ငါဥာဏ်မှီသလောက်လေး

ကြိုးစားရေးခဲ့ပါတယ် …

နင့်ရဲ့ အဖြေလွှာမှာ

ငါ့နှလုံးသားလေး ငိုရှာတယ်

အောင်မှတ်မရခဲ့ပေမယ့်

အရိုးသားဆုံး

ကြိုးစားခဲ့ပါတယ်တဲ့ …

တကယ်တော့

ငါမအောင်မြင်တဲ့ … ဒီပုစ္ဆာဟာ

နင့်ရင်ဘတ်ထဲမှာ

နဂိုကတည်းက အဖြေရှိပြီးသားပါ … ။ ~ ။

♥MOESUTNAY♥

4.4.2011

( Mon: )

1:21 p.m.


Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၁ )"

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၁ )"

=====================

ရေပြင်ကို ခဲလုံးလေးပေါက်တော့

ပလုံ လို့  ကြားရ မ ပေါ့ …

“ဒါဟာ ရေအောက်ကြမ်းပြင်ကို

ထိခတ်လိုက်လို့  ထမြည်တဲ့အသံလေ”

………………………………………..

နင် ပြောရင် ငါယုံမယ် သူငယ်ချင်း

နင်ရယ်ပြီး ငါ့ကို ငတုံးလို့  ပြောပါ

ငါပြုံးရုံလေး ပြုံးပေးပါ့မယ် …

ရေပေါ်ကို ခဲနဲ့ ပေါက်လို့ 

ပလုံမြည်သံကြားတာ

သိပ်မဆန်းလှပေမယ့်

နင်ပြုံးရင် ငါ့စိတ်တွေ လန်းလို့ ပါ …

အရာရာ နားလည်နေရင်တောင်

နင့်ရှေ့ မှာ ငါဖားသူငယ်ပါပဲ

နင်ပြောသမျှ ယုံပြမယ် …

ငါယုံအောင် နင်မပြောပြပါနဲ့ 

နင်ပြုံးရင် ငါသဘောကျလို့ ပါ သူငယ်ချင်း …

ဘယ်အရာတွေကို

ဘယ်လို ဘယ်ဝါ ငါသိသိ

နင့်ရှေ့ မှာ အပလာ ငတိလေးသာသာ

နင်ပြုံးတာ ငါမြင်ချင်လို့ ပါ …

အရာရာကို နားလည်တတ်နေပါစေ

နင့်ရှေ့ မှာ ပညတ်ချက်တစ်ခုထားမယ်လေ

နင်ပြောတဲ့ ငပိန်း ၊ ငတုံး ဆိုတာ

ငါသာ အတည် ဖြစ်နေပါမည်

နင်ပျော်ရင် ငါသဘောကျသည် …

ပြုံးလိုက်ပါ သူငယ်ချင်းရယ်

ရယ်ပြီးပြုံးတဲ့ နင့်အလှကို

ငါ့ဘ၀မှာ ထာဝရ မြင်တွေ့ ပါရစေဟာ …

သူငယ်ချင်းဆိုတဲ့

ခေါင်းစဉ်တစ်ခုအောက်မှာ

ငါ နင့် ကို ချစ် တယ်

ငါ န င့်  ကို ချ စ် တ ယ်

နင့်ကို ငါ ထာဝရ ချစ်သွားပါရစေ … ။ ~ ။

♥MOESUTNAY♥

3.4.2011

( Sun: )

12:30 p.m.




Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၃ )"


"ကျွန်တော်နှင့် အဖြူရောင်လေး ( ၃ )"

=====================

ကန်ရေပြင်က အရိပ်ကလေးရယ်

သွဲ့ သွဲ့ လေးတိုက်တဲ့ လေညှင်းရယ်

ဖွဖွလေးပြုံးတဲ့ နင့်အပြုံးရယ်

ဒါဟာ (ငါ့အဖို့ တော့ )

ကမ္ဘာကျော် ပန်းချီကားတစ်ချပ်လို့

ငါပြောရင် ဘယ်သူ ယုံမလဲ . . . ။ ~ ။

♥MOESUTNAY♥

5.4.2011

( Tue: )

12 : 30 p.m.


Share