Friday, 10 February 2012

သူငယ်ချင်းတို့ရဲ့ ဗယ်လင်တိုင်း


မင်းနှုတ်ဖျားက ချစ်ခွန်းတစ်ရာထက်

မင်းအာရုံထဲမှာ သူရှိနေဖို့ပါ . . .


မင်းဝယ်ပေးတဲ့ လက်ဆောင်ပဏ္ဍာထက်

မင်းရင်ထဲက သိတတ်မှုပါ . . .


အချစ်ဆိုတာ ချစ်နေဖို့လည်း လိုသလို

ချစ်တတ်ဖို့လည်းလိုတာမို့


မင်းတကယ်ပဲချစ်တယ်ဆိုရင်

တန်ဖိုး နည်းနည်း ထားကြည့်လိုက်ပါ . . . :)


www.moesutnay.blogspot.com

♥MOESUTNAY♥

Friday, 10 February 2012

8 :00 P.M.

* * * * * * * * * * * * ◘ • ◘ * * * * * * * * * * * *

ခမ်းနားထည်ဝါမှုတွေထက်

ရိုးသားစင်ကြယ်မှုက အဓိကဆိုတာ . . . မင်းသိဖို့ပါကွာ :)


Share

Thursday, 2 February 2012

“စုတ်ပြတ်သွားသော အတွေးတစ်ခု၏ . . .”

“စုတ်ပြတ်သွားသော အတွေးတစ်ခု၏ . . .”



ရင်ထဲမှာ နာကျင်စရာတွေရှိခဲ့ဖူးတယ်ဆိုတာ
ဘယ်သူမှ မမြင်နိုင်အောင် ပြည်ဖုံးကာချထားလို့ရယ် . . .

ကျွန်တော် မျက်ရည်တွေ
လူမသိအောင် အခါခါကြွေခဲ့ဖူးတယ်

နာကျည်းချက်ကြောင့်
ကျတဲ့အခါ . . . ဒဏ်ရာက ရင်ဘတ်မှာ လာလာစိုက်တယ်

ကျွန်တော် ခပ်မိုက်မိုက်နဲ့
ဆဘ်မစ်တ် ဆူစိုက် အကြောင်းတွေးတောရင်း
(တစ်ချို့)ကြယ်တွေ အကြွေစောတာ ဘာကြောင့်လဲ . . . လို့ သက်ပြင်းချ
လူဖြစ်ရတဲ့ဘ၀မှာ မနက်ဖြန်ဆိုတာ ဆက်ဖို့
အတိတ်ရဲ့လက်ကျန်တွေ ခဏဘေးချိတ်ကာ
သံသရာဆိုတာသာ မရှိခဲ့ရင်ဗျာ
အဖန်ငါးရာငါးကမ္ဘာကိုသာ မကြောက်ရရင်
အခု ကျွန်တော် ဘာလုပ်ချင်နေတယ် . . . ကျွန်တော် သိနေတယ် :(

MOESUTNAY

Wednesday, February 01, 2012 at 10:00pm






Share

Wednesday, 1 February 2012

မျက်ရည်ဆိုတာ ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုရင်လည်း ! _ !

http://blogs.warwick.ac.uk/images/spectacle/2007/10/21/cryingboybrunoamadio.jpg?maxWidth=600

ကျွန်တော် ပျော်ပျော်နေတယ်
ဒါပေမယ့် ခံစားတတ်တယ်

ကျွန်တော် ခံနိုင်ရည် အားတင်းထားတယ်
ဒါပေမယ့် ၀မ်းနည်းသွားတယ်

ကျွန်တော် မျက်ရည်ကျတယ်
ဒါပေမယ့် ဘယ်သူမှမသိရဘူး

ကျွန်တော် ငိုဖြစ်သွားတယ်
ဒါပေမယ့် ၀မ်းမနည်းပါဘူး . . .

မျက်ရည်ဆိုတာ ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုရင်လည်း
ကျွန်တော် ငိုမှာပဲ . . .
ဒါဟာ စိတ်ထွက်ပေါက် ပဲ . . .
! _ !
! _ !
! _ !

♥MOESUTNAY♥

Wednesday, February 01, 2012 at 11:01pm ·


Share

Tuesday, 31 January 2012

ဝေးလွင့်တိမ်

အချစ်ဆိုတာ ဘာလဲလို့  မေးရင်

ပျော်ရွှင်ခြင်းလို့ ကျုပ်ရဲရဲကြီးဖြေမယ်

ကျွန်တော်ချစ်တဲ့ ခင်ဗျားမျက်နှာ

တစ်သက်လုံးပျော်နေတာ

မြင်ချင်ရှာတဲ့ကောင်ပါ . . . မကြည်ပြာ


အပြာရောင်တိမ်တိုက်တွေနောက်မှာ

အနီရောင်လေကြမ်းတွေပါမယ်ဆိုတာ

ဟိုအစကတည်းက ကျွန်တော်မတွေးမိခဲ့ဘူးဗျာ


ခင်ဗျားရဲ့ နှုတ်ခမ်းဖူးဖူးလေးကြောင့် ဖြစ်တာ

ခင်ဗျားရဲ့  လက်ဖ၀ါးနုနုလေးကြောင့် ဖြစ်တာ

ခင်ဗျားရဲ့  နှုတ်ခွန်းချိုချိုလေးကြောင့် ဖြစ်တာ

ဒီလိုတွေကြောင့် ဖြစ်တာဆိုရင်

အဲ့အရာကို အချစ်လို့ ခေါင်းစဉ်တပ်

ခင်ဗျားကို ကျုပ် ဒီတစ်သက်ပြောမထွက်ဘူး . . .


ဟန်ဆောင်ကောင်းတဲ့ကောင်က

မျက်ရည်ကျဖို့ ခက်တယ်ဆိုတာ

မကြည်ပြာ သိပါလေသလားဗျာ


ဇလဗေဒနဲ့ မိုးလေ၀သအခြေအနေတွေလိုမျိုး

ခင်ဗျားရဲ့ စိတ်အနေ၊ အရိပ်အခြေပြပုဒ်တွေကို

ကျုပ်ကအမြဲတစေ စောင့်ကြည့်ခဲ့တာပါ . . .


ဒီမယ် မကြည်ပြာ

မေတ္တာတရားဆိုတာ ရောင်းကုန်တစ်ခုမဟုတ်ပါ

ကိုယ်ပေးသလောက် ကိုယ်ပြန်ရမယ်လို့ 

အစကတည်းက ကျုပ်မမျှော်လင့်ခဲ့တာ


ကျွန်တော် နှလုံးသားကို မသနားပေမယ့်

အချစ်ဆိုတာကို နားလည်သွားတဲ့ ခင်ဗျား

ထာဝရ ပျော်ရွှင်ပါစေသား . . . ။ ~ ။



♥MOESUTNAY♥

Thursday, August 11, 2011 at 10:01pm ·

Share

" အမှတ်တရ ... ဆောင်း'ည "

ဒီဇင်ဘာ ( 17 )

PM 6:30

အဲ့ဒီညက ငါ့ကောင်းကင်မှာ

နက္ခတ်တာရာတွေ စုံညီတယ် ...


ဘယ်သူမှ မမြင်နိုင်တဲ့

မျှော်လင့်ချက် အိပ်မက်တွေ

ဘယ်သူမှ မကြားနိုင်တဲ့

ရင်ခုန်သံ တိုးတိုးတွေ

ဘယ်သူမှ မသိပေမယ့်

ဒီဇင်ဘာညလေက

တိုးပင့်လို့ ပေးနေရဲ့  ...


ရှင်းသန့် ထည်ဝါလွန်းတဲ့

အဖြူရောင်လေးရေ ...

ငါ့စိတ်ကူးကမ္ဘာလေးထဲမှာ

* ရွှန်းလဲ့လဲ့ မျက်လုံးဝိုင်းလေး

* စူတူတူ နှုတ်ခမ်းလေးတစ်စုံ

* ချိုမြမြ အပြုံးလေးတစ်စ

* ဂျစ်ဆတ်ဆတ် စတိုင်လေးတွေက

အပြာရောင် ငါ့ညနေခင်းကို

အပိုင်စား သိမ်းချုပ်သွားတယ် ...


PM 7:30

နူးညံ့သိမ်မွေ့ လွန်းတဲ့

လက်ဖ၀ါးတစ်စုံက

ခပ်သွေ့ သွေ့  ညလေညှင်းကို

အံတုလို့  စိန်ခေါ်ခြင်းပဲ ...


PM 8:30

မျှော်လင့်ခဲ့ရတဲ့

အဖြူရောင်လေးရေ ...

ရင်ခုန်ခြင်း အိပ်မက်ရှည်တွေနဲ့ အတူ

မင်းရင်ခွင်လေးထဲမှာ ထာဝရအိပ်စက်ချင်ခဲ့သူပါ ...


PM 9:30

နှုတ်ဆက်အနမ်းတွေကို

သိမ်းဆည်းထားရင်း

မရေးဖြစ်ခဲ့တဲ့ စာတစ်စောင်

မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်း

နှူတ်ဆိတ်ခဲ့တဲ့ ခံစားချက်တစ်စုံ

မင်း'သာ ခံစားတတ်မယ်ဆိုရင်

အဖြူရောင်လေးရေ ...

ငါ' တကယ် သိပ်ချစ်ခဲ့တာပါ ... ။ ~ ။




♥MOESUTNAY♥

17.12.2010

( Fri: ))

12:30 p.m


Share

Monday, 30 January 2012

"တနင်္ဂနွေ စည်းချက်များ"




ဒါဟာ
ကမ္ဘာဦး ဂီတတစ်ပုဒ်လို
နားဝင်ချိုချင်မှ ချိုမယ် . . .


ဒါဟာ

ဗီတိုဗင် (ဘီသိုဗင်) ရဲ့
ကမ္ဘာကျော်တေးသွားလောက်
ခမ်းနားချင်မှ ခမ်းနားမယ် . . .

သေချာတာတစ်ခုကတော့
ငါတို့ရင်ဘတ်တွေရဲ့  ရင်စီးသံ . . .
ကာရန်တွေမှန်ပါတယ်
အသွေးသဏ္ဍန်တွေ မှန်ပါတယ်
စည်းချက်တို့ မြည်သံတိုင်းမှာ
ရင်ခုန်ခြင်းတွေ တစ်သားတည်း
ခံယူချက်တွေ အချိုးကျ
နားလည်မှုတွေ မျှတလို့
ဒါဟာ ~ ဘယ်ရိုးရာမှာမှ
မတွေ့ရှိရသေးတဲ့ ဂီတ

ဒီထဲမှာ ယုံကြည်မှုတွေရှိတယ်
ဒီထဲမှာ ခိုင်မာမှုတွေရှိတယ်
ဒီထဲမှာ ဖြူစင်မှုတွေရှိတယ်
ဒီထဲမှာ ရဲရင့်မှုတွေရှိတယ်


သို့ပေမယ့်
ငါတို့ ဂီတ ရိုးလှပါတယ် . . .
ဒါပေမယ့် . . . ရဲခဲ့တယ်

((( ရိုးရိုးလေးပါပဲ . . . သို့သော်လည်း ရဲတယ် )))





*** STA မှ ကျွန်တော်တို့ရဲ့တနင်္ဂနွေ ရဲဘော်ရဲဘက်များ အားလုံး သို့ . . . :♥


(29.01.2012)
တနင်္ဂနွေနေ့




Share

“ဖြောင့်ချက်”


“ဖြောင့်ချက်”



လူငယ်ဆိုတာ

တစ်ခါတစ်ရံမှာ ပျင်းရိတတ်ပေမယ့်

လုံ့လအားတော့ နိုးကြားတယ်


လူငယ်ဆိုတာ

တစ်ခါတစ်ရံမှာ အတွေးများတတ်ပေမယ့်

ကိုယ့်ကျင့်တရားတော့ ရိုးသားတယ်


လူငယ်ဆိုတာ

တစ်ခါတစ်ရံမှာ အမြင်လွဲမှားတတ်ပေမယ့်

အမှန်တရားတော့ လေးစားတယ်


လူငယ်ဆိုတာ

လွတ်လပ်စွာ ပျော်ပါးတတ်ပေမယ့်

သိက္ခာတရားတော့ တန်ဖိုးထားတယ် . . . ။ ~ ။



www.moesutnay.blogspot.com

♥MOESUTNAY♥

Monday, 15 January 2012

5 :45 P.M.

Share

Friday, 13 January 2012

“မေတ္တာတရားများဖြင့်အုပ်မိုးဖန်ဆင်းထားသောကမ္ဘာငယ်တစ်ခု (သို့) ကျွန်တော့်ဘ၀”


“မေတ္တာတရားများဖြင့်အုပ်မိုးဖန်ဆင်းထားသောကမ္ဘာငယ်တစ်ခု (သို့) ကျွန်တော့်ဘ၀”


ဖွားကြွယ်မွေးလို့
လူဖြစ်လာတဲ့ မေမေက
ကျွန်တော့်ကို ပြန်မွေးခဲ့တယ်လေ . . .

ဒီဇင်ဘာရဲ့  အအေးဓါတ်က
( ၁၇ ) ရက်ညဘက်မှာ မေမေ့ ခန္ဓာထဲ
ပိုလို့ အေးစက်သွားသလိုပဲ . . .

မွေးပြီတဲ့ဗျ . . . အဲ့အချိန်က
ဆောင်းနှင်းတွေက တစ်ဖွေးဖွေး
ညလေက ခပ်အေးအေးတဲ့

မေမေက ရင်မှမွေးရစ်
ကျွန်တော်က ဘင်္ဂဖွားစစ်စစ်
ဘ၀စဖြစ်ကတည်းကိုက ချူချာခဲ့တာ
လူနာသည်ရဲ့  အမေ ဘယ်သူ/ဘယ်မှာလဲဆိုတာ
ကျွန်တော် အကြားခဲ့ရဖူးဆုံးသော မေးခွန်းစကား
လူတစ်ချို့က သနားသလိုလိုနဲ့ 
စောင်းစောင်းငဲ့ငဲ့ ကြည့်တယ်
မေမေက ဘယ်မှမကြည့်ဘူး
မေမေက ဘာမှမသိဘူး
သူသိနေတာတစ်ခုတည်း . . . ဒါက သူ့ ဘ၀ပဲတဲ့

မေမေလက်ဖ၀ါးက
အီဖယ်မျှော်စင်ကြီးကို ဖျောက်ပစ်နိုင်တယ်
မေမေ့ခွန်အားက
ဗာလင်တံတိုင်းကိုလည်း ဖြိုခွင်းနိုင်တယ်
မေမေက
ကျွန်တော်ကစားဖို့ကြယ်လေးတွေပျိုးလို့ပေးတယ် . . .

မေမေမျက်ဝန်းမှာ
ကျွန်တော့်အတွက် ဆာလောင်မှုကင်းတယ်
မေမေ့အပြုံးမှာ
ကျွန်တော့်အတွက် ယုံကြည်မှုထင်းတယ်
မေမေ့ပါးပြင်မှာ
ကျွန်တော့်အတွက် သောကတွေကင်းစင်တယ်

ကျွန်တော့်အာကာတစ်ခွင်မှာ
မေမေပျိုးပေးတဲ့ ကြယ်တွေနဲ့ လင်းနေတယ် . . .
ကျွန်တော်က မေမေ့ရဲ့သား
မေမေက ကျွန်တော့်အတွက် အား
မေမေကိုယ်တိုင်ပဲ ခွန်အားတွေ ပေးသနားခဲ့တယ် . . .

ဒီလိုနဲ့ 
ကျွန်တော့်မှာ နားရည် မလည်တလည်
ဘ၀က ငယ်ငယ်ရွယ်ရွယ်
နေတစ်ခါဝင် ၊ လတစ်ခါထွက်
ကမ္ဘာကို တစ်ခါဖြတ်လို့
နာရီတွေမရပ် ၊ မိနစ်တွေမရပ်
ရာသီတွေ အလီလီကျော်ကာတက်တော့

ဒီဇင်ဘာတွေတောင် ပြောင်းလို့ပေါ့ . . . မေမေရယ်
ကမ္ဘာမြေကလည်း ၀တ္တရားကျေကျေနဲ့ 
ကျွန်တော့်ကို ထမ်းပိုးထားခဲ့တာတွေ
အခုဆို ( 8760)ရက်ကျော် ကြာ ပြီလေ . . . ။ ~ ။


( 17.12.2011 ) မှာ ကျရောက်မယ့် ကျွန်တော့်ရဲ့ မွေးနေ့ အမှတ်တရ . . . မေမေ့အတွက် ဂါရ၀ :)
www.moesutnay.blogspot.com
♥MOESUTNAY♥
Thursday, 15 December 2011
8 :00 P.M.

Share

"သူပြုံးလိုက်တိုင်း ရင်တွေခုန်"


"သူပြုံးလိုက်တိုင်း ရင်တွေခုန်"

ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးတာလေး မြင်ခဲ့ဖူးရုံ


ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးတာလေး မြင်ချင်ခဲ့ရုံ


ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးနေရင် ပျော်ရွှင်တတ်လို့ 


ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးတာတွေ လိုချင်ခဲ့လို့ 


ကွယ်ဝှက်စွာ ပြုံးတဲ့ အပြုံးတွေထဲ

တွယ်ကပ်ကာ ရုန်းဖို့ အားနည်း

တဒင်္ဂကျွန်တော့်အာရုံကို အစဉ်တသ ဖမ်းစားနိုင်ခဲ့စေသလား . . .


ကျွန်တော် သိပ်ချစ်တတ်လာတဲ့အခါ

သူ ပြုံးတဲ့ အပြုံးချက်တိုင်းမှာ ရင်ခုန်တယ် . . .


ကျွန်တော် သိပ်ချစ်တတ်လာတဲ့အခါ

သူ ပြုံးရင်အမြဲ ပျော်ရွှင်တယ်

သူ ပြုံးတာပဲ မြင်ချင်တယ် . . .


ရိုးရိုးလေးပါဗျာ

သူ ပြုံးလိုက်တိုင်း ကျွန်တော်ရင်ထဲ အေးချမ်းလို့သွား

ရိုးရိုးလေး တိုးဝှေ့ လို့ ငင် . . . ။ ~ ။



♥MOESUTNAY♥

20.11.2011 ( Sun: )


Share

Sunday, 11 December 2011

“ဖတ်လို့ မကောင်းတဲ့ ငါ့ကဗျာ”






စကားလုံးတွေ အခါခါ ကြွေလွင့်ခဲ့ပြီးနောက်
မျက်ဝန်းအကြည့်တွေ အကြိမ်ကြိမ် ဆုံဆည်းခဲ့ပြီးနောက်

ဘယ်လောက် ~ ဘယ်လောက်တောင်
ငါ ခံစားခဲ့ရသလဲဆိုတာ

ဒီ စကားလုံးတွေမှာ သက်သေမတည်ဘူး
ဒီ မျက်ဝန်းဝတွေမှာ သက်သေမတည်ဘူး

သက်သေပြစရာဟာ . . .
ငါနဲ့ တကွ ငါပိုင်ဆိုင်တာမှန်သမျှ
နင်’ဆိုတာ ဖြစ်ခဲ့ရုံကလွဲလို့ 
ဒီ့ထက်ဘာမှ မပိုခဲ့ဘူး . . .

တကယ်တော့ အချစ်ဆိုတာ
ပင်လယ်ထဲက လှိုင်းကြက်ခွပ်လေးတွေကို ငေးနေရသလိုမျိုး
ကောင်းကင်ထက်က ကြယ်ပွင့်လေးတွေကို ရေတွက်ရသလိုမျိုး
တွေးနေ ၊ ငေးနေရင်း တစ်စိမ့်စိမ့်နဲ့ ပျော်ဝင် ရင်ထဲမှာအရာထင်ခဲ့တာလား . . .

အိပ်မရညရဲ့  သန်းခေါင်ယံမှာ . . .
ငါ့အလွမ်းတွေကို ကာရံတွေနဲ့စီကာတွဲတော့
ကြယ်စင်တွေတောင် မျက်ရည်ဝဲကြတယ်

လရောင်နဲ့ ပွင့်တဲ့တိမ်တွေလို
အိနြေ္ဒရရ ငါလွမ်းပြချင်ပါရဲ့ 
နင် အသိအမှတ်ပြုတတ်ခဲ့မယ်ဆိုရင်ပေါ့ . . .

ဘ၀မှာ ရင်ခုန်ရုံသက်သက်နဲ့ သာ
ချစ်တတ်ခဲ့တာဆိုရင်
သံယောဇဉ်တွေအခုချိန်ထိ
အမြစ်တွယ်လာမှာ မဟုတ်ဘူးဗျ . . .

ငါက ပျိုးရုံသာပျိုးတတ်
မျှော်လင့်လို့ စောင့်ရကျိုးမနပ်တဲ့ပန်းကိုမှ
လက်လှမ်းလို့  နမ်းချင်သူ . . .

ချုချင်သူပေါပါတယ်ဆိုမှ
ငါက နင်သဘောကျမဖြစ်ခဲ့တဲ့ဘ၀ . . .

"မျှော်လင့်ချက်နဲ့ စောင့်စားခဲ့တာလား"
နင်ပြန်မေးတတ်တဲ့အခါ ချစ်တာလေးတော့ လိုချင်တာပေါ့ဗျာ . . .

ဘ၀ဆိုတာ တဒင်္ဂစိတ်အစဉ်အတွင်း
လိုသလို ပုံသွင်းလို့ 
ဆုတောင်းခြင်းတွေသာ ပြည့်ရင်လေ
ငါက နင့်စိတ်ကြိုက် ၊ ငါ့ဘ၀က နင်
နင့်လိုအင်တွေကို အကုန်အစင်ငါကဖြည့်ပေးနေခဲ့ချင် . . .

ငါအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်
နင်အကြိမ်ကြိမ်လျစ်လျူရှုခဲ့တယ်
နင်ကြားအောင် ငါခဏခဏ အော်ခဲ့ဖူးတယ် . . .

“ချစ်တယ်လို့ တစ်ခွန်းသာပြောလိုက်
တစ်သက်လုံး စိတ်ချမ်းသာရစေမယ်”လို့ 
ခဏခဏ ပြောဖူးတဲ့ ငါ
“နင် ဘာဖြစ်ပြန်ရပြီတုန်း”လို့  ဥပက္ခာပြုတတ်တဲ့နင်
မဆိုင်သလိုနေတတ်တဲ့နင်
ငါရင်မှာ မုန်တိုင်းတွေဆင်ခဲ့ဖူးတာ ခဏခဏ
နင်ကတော့ သိတောင်သိပါ့မလား . . .

နင်စိတ်ညစ်ရင် ငါနေလို့ မပျော်ဘူးဟ
နင့်ကတော့ နင့်ရည်းစားစိတ်ညစ်လို့ မျက်ရည်ကျတယ်
နင့်ကြောင့် ငါငိုရတဲ့ညတွေ . . . နင်နေလို့ ရရဲ့ လားဟင်
ဇွန် ၊ ဇူလိုင် မှာ ရွာတဲ့မိုးမှ နင် သတိထားမိတာတဲ့လား

နင်နဲ့ ပက်သက်လာရင်
ငါ့မျက်ဝန်းမှာလည်း အချိန်အခါမဟုတ် မိုးရွာတတ်တာ
နင်သိဖို့ ကောင်းပါရဲ့ ဟာ . . . ။ ~ ။

♥MOESUTNAY♥
Wednesday, 07 September 2011 at 19:55
Share