Tuesday, 23 December 2008

***စဉ်းစားဖို့ တော့လိုတာပေါ့ ...







လွန်ခဲ့တဲ့ အပတ်က ဘုရားကျောင်းမှာ အဘိုးကြီး နှင့် အဖွားကြီး တို့ရဲ့မင်္ဂလာ အနှစ် ၅၀ ပြည့်အထိန်းအမှတ် အနေနဲ့ ဘုရားကျောင်းမှာကော်ဖီတိုက်ပါတယ်။ သူတို့နှစ်ယောက်လုံး အသက် ၇၅ နှစ်ဆီရှိနေပါပြီ။ဒါပေမယ့် သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာဟာ ပျော်မြူးပြီး နုပျိုနေပါတယ်။တရားဟောဆရာကလည်း သူတို့ကို ကောင်းချီး (ဆုတောင်း)ပေးပါတယ်။ ဆုမတောင်း ခင်မှာ ဘာများ အထွေအထူး ဆုတောင်း လိုချင်လည်းလို့ မေးသောအခါ နှစ်ယောက်လုံးကခုချိန်အထိ အသက်ရှင်နေထိုင်ခွင့် ရတဲ့ အတွက် ဘုရားကိုကျေးဇူးတင်ကြောင်း၊ ပျော်ရွင်စွာနဲ့ နှစ်ပေါင်းများစွာ အချစ်မပျက်ပဲပေါင်းသင်းနိုင်ခဲ့တဲ့ အတွက် ဘုရားကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီးနောင်နှစ်ပေါင်းများစွာ အထိ အတူတူ နေထိုင်သွားနိုင် ဘို့ရန် အတွက်ဆုတောင်းပေးရန် ပြောပါတယ်။ကျွန်မသူတို့ကို ကြည့်ပြီး အရမ်းဝမ်းသာပါတယ်။ ဒီလိုအရမ်းတိုးတက်တဲ့နိုင်ငံ တစ်ခုမှာ အိမ်ထောင်မှု သာယာအောင် ထူထောင်ဘို့ အတွက်အများကြီးခက်ပါတယ်။ ကျွန်မလည်း အဲဒီ ဇနီးမောင်နှံတွေကို ကြည့်ရင်းနဲ့မဆုံးနိုင်တဲ့ အတွေးတွေ ရင်ထဲဝင်လာပါတယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်မဖြေနိုင်သေးတဲ့ မေးခွန်းကိုလည်း ကိုယ့် ကို ကိုယ် အထပ်ထပ်မေးနေ မိပါတယ်။ငါရော လူတစ်ယောက်ကို အဲဒီလောက်အထိ အကြာကြီး ချစ်နိုင်ပါ့မလား။ချစ်တယ်ဆိုတာ အပြောသာလွယ်တာ မိသားစု တစ်စုကို ခုလို နှစ်ပေါင်းများစွာကြာမြင့်လာအောင် ထူထောင်ဘို့ အတွက် တော်တော် ခက်ခဲပါတယ်။ သူဆိုးသမျှကိုခွင့်လွတ်သီးခံ ပြီး နေနိုင်ပါ့မလား ဆိုတဲ့ လားပေါင်းများစွာသောမေးခွန်းတွေနဲ့ မဆုံးနိုင်တော့ပါဘူး။ ကျွန်မဟာ ကိုယ် ကို ကိုယ်သိပ်ချစ်တတ်တဲ့ မိန်းမ တစ်ယောက် ဖြစ်ပါလိမ့်မယ်။ အဖြေမထွက်လာပါဘူး။
နောက်တစ်ခုက ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကြတဲ့ လူတွေကိုကြည့်ပြီး အိမ်ထောင်ပြုဘို့ အတွက် တော်တော်လေးကို ကြောက်လာပါတယ်။ ကျွန်မဖေဖေနဲ့ ခင်မင်တဲ့ အသိ ဦးလေးကြီးနှစ်ယောက်ရှိပါတယ်။ သူတို့ကိုယ်တိုင်ကပညာတတ် ဆရာဝန်တွေပါ။ တစ်ယောက်က မိန်းမ အရမ်းကြောက်ရပြီး၊ကျန်တစ်ယောက်ကတော့ မိန်းမကို အရမ်းနိုင်ပါတယ်။ ဒါပေမယ့်သူတို့နှစ်ဦးလုံးဟာ မိန်းမသိပ်ရှုပ်ပါတယ်။ သူတို့ရဲ့မိန်းမတွေအရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်တစ်ကောင်လိုငြိမ်ပြီးကုတ်နေပါတယ်။ အိမ်ကထွက်ပြီး လမ်းထိပ်မရောက်ခင်မှာပဲထိုကုတ်ထားတဲ့ လက်သည်းလေးထွေ ထွက်လာတဲ့ အပြင် သွားတွေပါ အစွယ်တပြိုင်းပြိုင်း
ထွက်လာပါတော့တယ်။ သူတို့ မိန်းမတွေများ သိပ်သနားဘို့ကောင်းတာပါပဲ။ ကျွန်မကတော့ သူတို့ ယောကျာ်းနှစ်ဦးလုံးရဲ့ အကြောင်းကိုသိထားတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် သူတို့ နှစ်ဦးရဲ့အမျိုးသ္မီးတွေကတော့ အိမ်မှာ သူယောကျာ်းက ထမင်းချက်၊ ဟင်းချက်၊အ၀တ်လျှော်တဲ့ အကြောင်း၊ သူကို ဘာမှလိုလေသေးမရှိအောင် ထားတဲ့ အကြောင်း၊အလှပြင်နေမှ သဘောကျကြောင်း၊ ယောကျာ်း အလုပ်က မပြန်လာခင် အလှပြင်ရကြောင်း၊ပြန်လာလာချင်း လှနေမှ ကျေနပ်ကြောင်း၊ ကြွားလုံးများထုတ်နေပါတော့တယ်။
ကြားထဲက ကျွန်မမှာသာ မျက်နှာဘယ်လိုထားရမှန်းမသိတာပါ။
နောက်တစ်ယောက် ကျပြန်တော့ သူယောကျာ်းက သူကို အရမ်းချစ်ကြောင်း။အိမ်ထောင်သက်ပဲ ၁၀ နှစ်ရှိပြီဖြစ်တာတောင် ခုထိ
သ၀န်ကြောင် နေသေးကြောင်း။အပြင်ကို တစ်ယောက်တည်းပေး မထွက်ကြောင်း။ အ၀တ်အစားကိုလည်း ယောကျာ်းက
ဆင်ပေးတာဖြစ်ကြောင်း။ တကယ်လို့ ယောကျာ်းတစ်ခုခုဖြစ်သွား ခဲ့ရင်တောင်သူဘာမှ လုပ်တတ်တော့မှာမဟုတ်ကြောင်း အားကျမခံ ကြွားလုံးထုတ်နေပါတယ်။ယောကျာ်း မှမရှိလျှင် ဘာမှမလုပ်တတ်တော့ဘူး ဟုပြောနေသော အမျိုးသမီးသည်ဓာတုဗေဒ မေဂျာ ဖြင့် မာစတာ ပြီးခဲ့သော ကျောင်းသူတစ်ဦးဖြစ်သည်။နှမျောလှပါဘိ။ အချိန်ကုန်ခံ၍ ပညာသင်ခဲ့ တော်ခဲ့လည်း နောက်ဆုံးတော့ သူများပေးမှ၊ သူများကြွေးမှ သူများကို အားကိုးမှ အသက်ရှင်နေတော့မည့်လူတစ်ယောက်ဖြစ်နေပါတော့သည်။ အဖြစ်မှန်မှာ သူတို့အမျိုးသား
နှစ်ယောက်လုံး အပြင်မှာ ရှုပ်နိုင်ရန် အတွက် မိန်းမများကို အိမ်ထဲမှအိမ်ပြင် မထွက်တတ်အောင် ကောင်းကောင်း ထရိန်နင် ပေးထားခြင်းဖြစ်ပါသည်။
ထိုကြောင့် စာဖတ်သူများ အိမ်ထောင်မပြုမီ နည်းနည်းစဉ်းစားကြပါ။ ကိုယ်ဘ၀တသက်တာလုံး လက်တွဲရမည့် လက်တွဲဖော်ကို ဘယ်လောက် ယုံကြည်စိတ်ချရပါမည်နည်း။၁၀၀% လား။ ၁၀% လား။ စဉ်းစားကြပါရန် အထူးတိုက်တွန်းပါသည်။

No comments: