မနက်ရောက်တော့
မှောက်နေတဲ့အိုးခွက်ကြား
ညရောက်တော့
ပျောက်နေတဲ့ရယ်သံကြား
''အမေ့''ကိုတအားလွမ်းတယ်...
ပေါက်ခါစအတောင်တစ်လက်နဲ့ 
လျှောက်ပျံတက်နေတုန်း
အမေ့ခံစားချက်နားမလည်တက်ခဲ့ဘူး...
အားငယ်တတ်တဲ့သူကိုမှ
ဘ၀ကထိုးနှက်တော့
့'အမေ့'လက်တစ်စုံမှာ
ပွင့်ဖက်တွေဖူးငုံလို့ ...
သြော်အမေရယ်...
အမေလွတ်ကျခဲ့တဲ့
အမေ့ရဲ့အမြူတေလေးဆွေးမြေ့လို့ 
့ကြေမွနေလည်း
အဲဒီအကြွေစတွေနဲ့ 
ဘ၀တစ်ချို့ အတွက်
ဖာထေးဖို့ ဆက်လက်သုံးမလို့ 
ပြုံးထားပေးပါ ....''အမေ''..............။ ။
International Mother's Day is Second Sunday in May .
(၂၀၀၉ )ခုနှစ်၊မေလ(၉)ရက်နေ့ တွင်ကျရောက်သော
ကမ္ဘာ့ မေမေများနေ့ အတွက် မေမေ့ကိုဂုဏ်ပြုကန်တော့လိုက်ပါသည်။ ။
No comments:
Post a Comment