Friday, 3 July 2009

ဖွဲ့ မမီတဲ့ ဘွဲ့ အမည်ရှင် (သို့ ) ဖေဖေ



ဖေဖေဟာ …
သားတို့ ဘ၀တွေ ကောင်းမွန်ဖို့ အရေး
နာနာရိုက်ပေးတတ်တဲ့
စေတနာ့ အိုးထိန်းသည် လည်းဖြစ်တယ် …

ဖေဖေဟာ …
သားတို့ ဘ၀တွေ အန္တရာယ်မဖြစ်ဖို့ အရေး
ရှေ့ ကနေမားမားရပ်ပေးတတ်တဲ့
အဖြည့်ခံ ကြမ်းတုန်း လည်းဖြစ်တယ် …

ဖေဖေဟာ …
သားတို့ ဘ၀တွေ ချောမွေ့ ဖို့ အရေး
ကျောပေးကာ လမ်းခင်းတတ်တဲ့
အနင်းခံ ကျောက်တုန်း လည်းဖြစ်တယ် …

ဖေဖေဟာ …
သားတို့ ဘ၀တွေအမှောင်ခွင်းဖို့ အရေး
အလင်းပေးကာ လမ်းပြတတ်တဲ့
အကြင်နာ မီးပြတိုက် လည်းဖြစ်တယ် …

ဖေဖေဟာ …
သားတို့ ဘ၀တွေ လှပဖို့ အရေး
စေတနာသန့် သန့် နဲ့ ပေါင်းသင်ရေလောင်းတတ်တဲ့
မေတ္တာရှင် ဥယျာဉ်မှူးကောင်း လည်းဖြစ်တယ် …

အိုဗျာ …
ဖေဖေတွေဟာ
ဘယ်အရာတွေနဲ့ မှကို
တုပခိုင်းနှိုင်းလို့ မရတဲ့
ဖွဲ့ မမီတဲ့ ဘွဲ့ အမည်ရှင်တွေဖြစ်တယ်ဗျာ … ။ ။


၂၀၀၉ခုနှစ်၊ဇွန်လ(၂၁)ရက်နေ့ တွင်ကျရောက်သောကမ္ဘာ့ ဖေဖေများနေ့ အမှတ်တရ …

International Father’s Day is Third Sunday in June …

မိုးစွတ်(မေမေ့သွေး)

Share

No comments: