"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၁ )"
===========================
ကြယ်စင်ရေ ...
အချစ်ဆိုတာ သူ့ ဟာနဲ့ သူ
အဓိပ္ပာယ်ရှိနေနိုင်ပေမယ့်
ဖွင့်ဆိုဖို့  နက်နဲတဲ့အရာဆိုတာ
နင်နဲ့ တွေ့ တဲ့အခါ ...
ငါ ကောင်းကောင်း နားလည်သွားတယ်ဟာ ...
နင့်ကို စချစ်မိတုန်းက
ငါ ချစ်တဲ့စိတ်နဲ့ အရယူ ချင်ခဲ့တယ် ...
နင့်ကို ငါချစ်မိတော့
ပိုင်ဆိုင်ဖို့ အတွက်
ငါ ကြိုးစားချင်ခဲ့တယ် ...
ငါချစ်တဲ့နင်
ငါ့ကို မုန်းသွားမှာကြောက်တော့
နင့်အတွက်ဆို
ဘာကြီးဖြစ်ဖြစ် ငါပေးဆပ်ချင်ခဲ့တယ် ...
နင်ပျော်နေရင် ငါဝမ်းသာလို့ 
အချစ်ဆိုတာ စွန့် လွှတ်ရရင်တောင်
ကျေနပ်စရာလို့  ငါမှတ်ထင်လာတယ် ...
ငါချစ်ခဲ့မိတယ် ...
နင့်နင့်စူးစူး
ရင်ထဲရူးလောက်အောင်ကို ချစ်ခဲ့ဖူးတယ် ...
ငါတကယ်ချစ်တတ်လာခဲ့တယ်
ဒါပေမယ့် အဲ့အချစ်ကို ...
ငါနားလည်ပြီထင်လို့ 
ပြဇာတ်တင်မယ်လုပ်တော့
" စွန့် လွှတ်ရုံသာ " ဖြစ်ရမည်ဟု
ဇာတ်ညွှန်းဆရာက စာတန်းထိုးချသွားတယ် ...
ဘယ်သူကျေနပ်မလဲဟာ
ကိုယ့်ချစ်တဲ့သူကို
ကိုယ်မပိုင်ဆိုင်ချင်တာ
ဘယ်သူရှိမလဲ ...
စိတ်ထင်ရာတွေးပြီး
ကံတရားကို အပြစ်ဖို့ တော့
လူ့ ညံ့ လို့ ဆိုချင်ဆို
ငါတော့လေ ...
တစ်ခါတစ်ခါ ကံကြမ္မာကိုစိတ်နာတယ်
နင်နဲ့ ပက်သက်ရင် မျက်နှာမှမပေးခဲ့တာ ...
တစ်ချို့ တွေပြောပြောနေတဲ့
အချစ် ... အချစ်ဆိုတာ
စကားအဖြစ်သာလွယ်တာပါ
တကယ်တမ်း ချစ်ကြည့်ရင်
ထင်သလောက် သိပ်မနိတ်ပါဘူးဟာ ...
တကယ်ဆို ငါလိုကောင်က
ငါ့အသည်းက မာပါတယ်ဟာ
တော်ရုံတန်ရုံလောက်နဲ့ တော့
ငါ့အမြင်အာရုံမှ ရင်မခုန်ခဲ့ဖူးဘူး ... လို့ 
ကိုယ့်ကိုယ်ကို သံကောင်းဟစ်နေကာမှ
ဘယ်လိုဘယ်လိုက
နင်နဲ့ အတွေ့ မှာ ထုံမူးသွားလည်း မသိဘူးရယ် ...
အသဲကွဲတဲ့အရသာက ဘယ်လိုဘယ်ဝါဆိုတာ
သူများတကာအပေါ် လူတွင်ကျယ်လုပ်ခဲ့တဲ့ငါ
ငါ့အလှည့်ကျတော့ ... ကွဲဖို့ မပြောနဲ့ 
နည်းနည်းလေးတောင် အထိခံဘူး ...
ငါ့ရင်ဘတ်က နင်နဲ့ တွေ့ တော့
sensitive ဖြစ်တတ်လာပြီဟာ ...
ငါ့ဘ၀ရဲ့ စာမျက်နှာတွေထဲမှာ
နင်နဲ့ ပက်သက်တဲ့ အိပ်မက်လေးတွေကလည်း
တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ 
ကြီးစိုးကာ နေရာယူခဲ့ကြဖူးတယ် ...
ငါ့ညတွေရဲ့ 
အခါမလပ် မက်မက်နေတဲ့ အိပ်မက်တွေမှာ
နင့်က ငါ့ရဲ့  အိပ်ဖန်စောင့်နတ်သမီးလည်းဖြစ်ခဲ့ဖူးတယ် ...
အိပ်မက်ဆိုတာ ...
အာရုဏ်ကျင်းလို့  မိုးလင်းရင်
ပျောက်ကွယ်သွားတတ်တယ်ဆိုပေမယ့်
တစ်ချို့ အိပ်မက်တွေကတော့
ဘ၀တစ်လျှောက်မှာ
တောက်လျှောက် မက်နေခဲ့တဲ့အရာမျိုးပါ ...
ငါမပြောခဲ့ရဖူးဘူး ...
နင့်မျက်ဝန်းကိုကြည့်ပြီးတော့
နင်ဟာဒီကမ္ဘာမြေပေါ်က ငါအချစ်ဆုံး
သူစိမ်းလူသားပါလို့  ...
ငါမမေးခဲ့ရဖူးဘူး ...
နင့်နှုတ်ဖျားက စကားတွေကို နားစွင့်လို့ 
နင်ချစ်ခဲ့တဲ့သူထဲမှာ ငါပါခဲ့လေသလားလို့  ...
ငါမသိလိုက်ရပါဘူး ...
နင်ဘယ်အချိန်က ငါ့ကို ချစ်လို့ 
ဘယ်အချိန်မှာ ငါ့ကို ပစ်ခဲ့တာလဲဆိုတာ ...
ငါသိလိုက်ပါတယ် ...
နင်နဲ့ ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာ
နင်ငါ့ကို မချစ်နိုင်တော့ဘူးဆိုတာ ...
နင်နဲ့ ဝေးမယ့်အကြောင်းအရာတွေကို
စဉ်းစားမိတိုင်း ... ငါငိုချင်လာတယ်ဟာ
အဲ့လို ဖြစ်လို့  ငါဟာ ပျော့ညံ့တတ်တဲ့ကောင်လို့ တော့
နင်အပြစ်မတင်ပါနဲ့ ဟာ ...
ခက်ထန်ရိုင်းစိုင်းတဲ့ လူ့ အန္ဓတွေတောင်
အချစ်နဲ့ တွေ့ ရင်
ပျော့ပျောင်းနူးညံ့သွားတတ်သေးတာပဲ ...
ငါလိုကောင်က ဘာမို့ လို့ လဲနော် ...
တစ်ခါတစ်ခါ ...
တစ်စုံတစ်ရာ ထိုးနှက်ချက် ပြင်းထန်ပုံများ
နင်နဲ့ ဝေးရမယ်ဆိုတာလေး တွေးမိရုံပါ
ရင်ထဲက စကားလုံးတွေကို စောင့်ရင်း
ကောင်းကင်က ကြယ်လေးတွေ
တဖြုတ်ဖြုတ်ကြွေလို့ 
ငါ့ဆီမှာ ...
ကြယ်ရောင်ရော ... လရောင်ရော
ပျောက်ခဲ့လေရောဟာ ... ။ ~ ။
♥MOESUTNAY♥
12.2.2011
10 :30 p.m.
No comments:
Post a Comment