"အပြာရောင်လဲ့လဲ့ဆန်းဒေးတစ်ရက်"
==============================
နှိုးစက်သံက တီ တီ တီ မြည်လို့  . . နံနက် 73း0 နာရီ ဖြစ်နေပြီဆိုတာကို သိနေသော်လည်းရုံးပိတ်ရက်လေးမှာ အအိပ်မက်ချင်တဲ့ ကျွန်တော် , မထဘူးနော်"ဆိုပြီး ပေတေလို့  ဆက် အိပ်နေလိုက်တယ် . . . ။ သိပ်မကြာလိုက်ဘူး . . . နှိုးစက်သံရဲ့ တရဆက် အော်မြည်မှု့ ကြောင့်ချစ်မေမေ အနားရောက်လာပြီး အိပ်ယာပေါ်က ကျွန်တော့်ကို နှိုးလို့ ပါပဲနော် . . . အစွတ် ထ ထ ... ထတော့လေ ~ သွားစရာရှိလို့  နိုးအာင် နှိုးစက်ကြီးပေးထားပြီး ထသေးဘူးလားဟေ ဆိုလို့  . . . အိပ်ချင်စိတ်ကို အတော်သတ် . . . မတ်မတ်လေးရပ်လို့  အိပ်ယာထဲက ထွက်ကာ ~ ရေခန်းချိုးကို ဆက်'ရရှာတော့တယ်ဗျာ ။
အမှန်တော့ ဒီလို ပိတ်ရက်ဆန်းဒေးလေးများဟာ ကျွန်တော့်အဖို့ အင်မတန်တန်ဖိုးရှိလှ ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပတ်တာလုံး အိပ်ရေးမ၀မှု ၊ အလုပ်နှင့်တာဝန်များ၏ ဖိစီးမှုများကို ကောင်းစွာနှစ်ခြိုက် အနားယူအိပ်စက်ရန် အဆင်အပြေဆုံးနဲ့  အခါအခွင့်အသင့်ဆုံးပါပေတည်း ။
သို့ ပေသိ . . . ကျွန်တော်သိသည် ။ ကျွန်တော်သည် . . . Save The Aged ၏ မိသားစုဝင်တစ်ဦးဖြစ်ပါသည် ။ ထို့ကြောင့် Save The Aged ၏ အခြေအနေအရပ်ရပ်အတိုင်းအတွက် ... ကျွန်တော့်မှာလည်း တာဝန်ရှိပါသည် ... " ဒီနေ့ ပိတ်ရက် အားလပ်ရက်မှာ ဘိုးဘွားတွေဆီသွားမယ်ဆိုတဲ့ အသိက ကိုယ်ပိုင်ဆန္ဒတွေကိုချိုးနှိမ်ပြစ်လိုက်ပါတယ် . . . ။ အမှန်တော့ ရိုးသားစွာ ၀န်ခံရရင် ဒီနေ့ ပိတ်ရက်လေးမှာ ရုံးက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကောင်မလေးက မုန့် လိုက်ကျွေးမယ်၊ အပြင်သွားကြမယ်ဟု ချိန်းဆိုထားသော်လည်း . . . ကျွန်တော့်မှာ ဆန္ဒမရှိပါ ။ ကျွန်တော့် အသိမှာ ဒီပိတ်ရက်ဟာ ဘိုးဘွားများဖို့ သာ ဆိုတာက ကြီးစိုးထားပါတော့သည် ။ သူများတကာတွေလို ကျွန်တော်တို့ ရဲ့  ကိုယ်စားမိဘတွေဆီကို စိတ်ကူးပေါက်ရင် ပေါက်သလို ထမသွားနိုင်တဲ့ကျွန်တော့် ဘ၀အခြေအနေမှာ အခုလို ပိတ်ရက်ဟာတော့ ဘိုးဘွားများဖို့ သာ ဖြစ်သင့်တယ်လို့  ကျွန်တော်တွေးထားမိတယ်လေ ။ ဒါကြောင့် . . . သူ့ ရဲ့ ဖိတ်ခေါ်မှု ကို ကျွန်တော် ငြင်းဆိုရင်း အားလပ်ရက်မှာ ကျွန်တော်သွားတတ်တဲ့ ၊ ကျွန်တော်သွားမယ့် နေရာလေးတွေရဲ့  အကြောင်းကို ညက ဖုန်းထဲမှာ တစေ့တစောင်း ပြောပြလိုက်တော့ . . .သူတော်တော် စိတ်ဝင်စားသွားပုံရတယ် ။ မနက် သွားရင် သူ့ ကိုပါ လာခေါ်လေဆိုတဲ့ . . . သူ့ ရဲ့  အပြောကို ကျွန်တော် လှိုက်လှဲစွာကြိုဆိုရင်းအာရုဏ် ကျင်းမယ့် မနက်ခင်းကို ကျွန်တော် အိပ်စက်ခြင်းနဲ့  ဆက်နှင်းခဲ့ပါတော့တယ် ။
ဒီလိုနဲ့  မ၀ တ၀ အိပ်စက်ခြင်းတွေကို ခ၀ါချလို့  အိပ်ရာလေးထက်က ထရင်း ကျွန်တော့်နံနက်ခင်းကို . . . ဒီလိုလေး ကျင်း ခဲ့ပါတယ် ။
ရေမိုးချိုး အ၀တ်အစားလဲ ၊ ဘုရားရှိခိုး လို့  မနက်စာ စားအပြီး နာရီကိုကြည့်လိုက်တော့မနက် 83း0 နာရီ ဖြစ်နေပြီ ။ မြန်မြန်လေး လစ်မှ ဆိုပြီး . . . ဖိနပ်လေးကြိုးချည်လို့  မေမေရေ ဒိုးပြီဗျို့ လို့ ပြောကာ . . . ကျွန်တော် အိမ်ကနေ ဂိုး တော့တာပါပဲဗျာ ။
သူငယ်ချင်းကို သွားခေါ်ရသေးတယ် သူ့ ကိုခေါ်ရတာကလည်း အဆင်ပြေပါတယ် ။
သူနေတာက ဦးချစ်မောင် အိမ်ရာ ဆိုတော့ . . . ဗိုလ်စိန်မှန် အဖွား ဒေါ်နွဲ့ နွဲ့ စမ်း အိမ်နဲ့ နီးသားဗျာ ။
မနက်စာ မစားဖြစ်သေးတဲ့ ကျွန်တော့် သူငယ်ချင်းကို မနက်စာကျွေးပြီး အဖွားအိမ်ကို သွားခဲ့ကြတာပေါ့ဗျာ ။
ဒီနေ့  ကျွန်တော် သွားမယ့် နေရာတွေက ထွေထူးတော့ မဟုတ်ပါဘူး ။ ကျွန်တော်နဲ့  မိသားစုသဖွယ်ဖြစ်ပြီးသား
အဘိုးဦးကြည်ဝင်း ၊ အဘွား ဒေါ်စန်းမြင့် နဲ့  အဘွား ဒေါ်နွဲ့ နွဲ့ စမ်း တို့ ဆီကိုပဲလေ . . .
လမ်း မှာ အဘိုးတို့  အဘွားတို့  စားဖို့ မုန့် ထုပ်များနှင့် ကွေကာအုပ်များ ၊ အဘိုး ရေသောက်ရ အဆင်ပြေစေဖို့ 
ရေဗူးလေး နဲ့  လိုအပ်တာလေးတွေ ၀င်ဝယ်ရင်း သွားခဲ့ကြရာ . . . မနက် 9း 45 မှာ ဗိုလ်စိန်မှန်က
အဖွားဒေါ်နွဲ့ နွဲ့ စမ်းအိမ်ကို ကျွန်တော်တို့  ရောက်ကောပေါ့ဗျာ . . . ။
ဒီ အဖွား အိမ်က ကျွန်တော်နဲ့  သိပ်တော့မစိမ်းလှတော့ပါဘူး။
တစ်ပတ်ကို တစ်ခါမက အားလပ်လို့  အခန့် သင့်လျှင် သင့်သလို သွားသွားနေကျဆိုတော့ . . . ဒီအိမ်လေးမှာတော့
ကျွန်တော်က အိမ်ရှင်သာသာပါပဲလေ ။ အ၀င်အထွက် မစိမ်းတဲ့ အဖွားရဲ့ အိမ်လေးဟာ ကျွန်တော့်အဖို့ တော့
မိသားစု အိမ်လေးပမာပါပဲ ။
အိမ်ရှေ့ ကို ငေးမျှော်ကြည့်နေတဲ့ ဖွားစမ်းကြီး ကျွန်တော့်ကို မြင်တယ်ဆိုတာနဲ့ " ဟေ . . . မိုးစွတ်တို့  လာကြာပါလား "
ဆိုပီးဝမ်းသာ အားရပြောတဲ့ အပြောလေးနဲ့  ဆီးလို့ ကြိုနေတော့တာပါပဲလေ . . . ။ မနက်စာ ဘာစားပြီးပြီလဲအဖွားဆိုတော့
လက်ဘက်ရည်နဲ့ အီကြာကွေးစားထားတယ် လို့ အဖွားကပြောပါတယ် ။ ကျွန်တော် အဖွား အပေါ်မှာ အကြွေးတစ်ခု
ရှိနေပါတယ်ဗျာ ။ထူး ရေခဲမုန့် ဝယ်ကျွေးမယ်ဆိုတာလေ . . . ဒီနေ့ လည်း ကတိပျက်ပြန်ပါပြီ မနက်ခင်းကတည်းက
မိုးကလေးက တဖွဲဖွဲနဲ့ ခပ်အေးအေးလေးဆဲနေလို့  . . . ကျွန်တော် တမင်တကာ မ၀ယ်လာတော့တာပါ ။
အဖွားကို ညာပြောမိတဲ့ ကျွန်တော် . . . မုသားကျူးမှာလည်း ကြောက်လို့  အဖွားကို ဖြောင်းဖြတော့
အဖွားက နားလည်စွာနဲ့  ကျွန်တော့်ကို . . . " အဖွားက မင်းတို့ လာရင်ကို ပြည့်စုံပြီ"လို့ ပြောတယ် . . .
အဖွားရဲ့ အပြောက ကျွန်တော်တို့ ရင်ကို ဟောခနဲ ပျော်ဆင်းသွားကောဗျာ ။ ရင်ထဲ အေး လိုက်တာဗျာ ။
ဒီလိုနဲ့  အလာပ သလာပ လေးတွေ စကားစမြည်တည်ရင်း ၊ အဖိုးကို လွမ်းဆွတ်ရင်း အားငယ်စိတ်ဝင်နေတဲ့အဖွားကို
အားပေးစကားတွေ ဝေမျှလို့  ၊ အားငယ်စိတ်တွေ ဖယ်ချ ရင်း . . . ကျွန်တော်တို့ ဝယ်လာတဲ့ မုန့် တွေနဲ့  ဦးခိုက်လို့ 
အဖွားရေ သွားလိုက်ပါဦးမယ်လို့  . . . ခွင့်ပန်တဲ့ အချိန်မှာ မနက် (11း 00 ) နာရီ ထိုးတော့မှာပေါ့ဗျာ . . .။
ပြန်ခါနီး တစ်ကျော့ပြန် အမှာတမ်းခြွေရင်း . . . အဖွားသတိရသွားပုံက . . .
" မိုးစွတ်ရေ မင်းတို့  အဘိုးရဲ့  ဆေးတွေက လက်ကျန်တွေ ရှိသေးတယ် ။ အဲ့ဒါလေးတွေ ပြန်ယူသွားပြီး ။
အသင်းထဲမှာပဲ အသုံးလိုသလို ပြန်သုံးကြလေ ။ အဖွားက မေ့နေတာကွဲ့ လို့ ပြောရင်း ။ အိပ်ခန်းထဲက
အဘိုးဦးသိန်းရဲ့ လက်ကျန်ဆေးများကို ထုတ်လို့ ပေးပါတော့တယ် ။ ကျွန်တော်လည်း " ဟုတ်ကဲ့ " ဟု
ခေါင်းလေးငြိမ့်ကာ ဆေးထုတ်လေး ပြန်ယူလာပါတော့တယ် ။အဖွားလည်း ဆေးတွေ မှန်မှန်သောက်နော်
ကျွန်တော်တို့  ပြန်တော့မယ်နော်လို့  နှုတ်ဆက်ရင်း အဖွားအိမ်က ထွက်ခွာလို့  နောက်တစ်နေရာကို
ခရီးဆက် လှမ်းလာပါတော့တယ် . . . ။
( ဆီစက်ဝန်း )အဘိုးဦးကြည်ဝင်း အိမ်ကိုရောက်တော့ 11း20 ပေါ့ . . . ၀မ်းသာပါတယ် ။ ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ 
လမ်းမဘက်လေးကို မျက်စိစွင့်လို့  အမြင်အာရုံလေးလွင့်ထားတဲ့ အဘိုး . . . ။ အော် ~ သူ ကျွန်တော်တို့ ကို
တွေ့ သွားရှာပြီ ။ သူ ပြုံးရယ်နေသည် ။ ပျော်သွားပုံရတယ်ဗျ ။ အဘိုးရဲ့  ကိုယ်စိတ်နှလုံး ရွှင်ပြုံးလာပုံလေးကို
မြင်ရတော့ . . . ကျွန်တော့ဘ၀င် ရွှင်ပျတယ်ဗျ ။ အဘိုးက ကျန်းမာရေးလည်း တိုးတက်လာတယ် ။
တီဘီဆေးတွေကိုလည်း ပုံမှန်သောက်တယ် ။ အသင်းက ပေးတဲ့ ဆေးဝါးတွေကိုလည်း နေ့ စဉ်အချိန်မှန်သောက်ပေးလို့ 
အရင်ကနဲ့ မတူဘဲ အဘိုးအခြေအနေတိုးတက်ကောင်းမွန် လာတာကိုတွေ့ ရတာ ၀မ်းသာစရာပါပဲဗျာ ။
အရင်က လက်ကလေး နည်းနည်း ဆုပ်ဖို့  ၊ မ ဖို့ ကို အင်မတန်ခက်ခဲ ၊ နာကျင်နေရှာတဲ့ အဘိုး
အခုတော့ ရေဒီယိုလေးကို ကိုယ်တိုင် လက်နဲ့ ကိုင်မ ၊ နားထောင်ပြလို့  . . . အို ~ ဟန်ကို ကျနေရောပေါ့ဗျာ ။
အဘိုးရေသောက်ရ အဆင်ပြေအောင် ကျွန်တော် ရေဗူးလေးဝယ်လာခဲ့တယ် ။ အဘိုးရေ စမ်းသောက်ကြည့်ဗျာ ဆိုပြီး ။
ရေထည့်ပေးလိုက်တော့ . . . စိတ်ချမ်းသာစွာပဲ အဖုံးလေးကို လှန်ဖွင့်လို့  ပိုက်လေးစုပ်လို့  အခန့် သင့်စွာ သောက်လို့ ရသွားတာကိုတွေ့ ရတယ် ။ အရင်ကဆို . . . အဘိုးအိမ်မှာ အဘိုး၏ဝေယျာဝစ္စတွေကို လုပ်ပေးနေရသောအစ်မက အထည်ချုပ်မှာ အလုပ်သွားဆင်းရင် တစ်နေ့ ခင်းလုံးရေသောက်ချင်ရင်တောင် သူများအကူအညီစောင့်မျှော်နေရတယ် လေ ။ သောက်နေသန့် ဗူးတွေက လက်နှစ်ဘက်လုံးသန်မှာ အဖုံးလှဲ့ ဖွင့် ၊ သောက် ရတာ အဆင်ပြေတာလေ . . . အဲ့တော့ အဘိုးအတွက် မဟန်ပေဘူးလေ ။ဒီတော့ ခုရေဗူးလေးနဲ့ က အခန့် သင့်လို့ နေပီ ။
အဖိုးကလည်း ကျေနပ်စွာပဲပြောတယ် ။" ကျေးဇူးကွာ . . . အခုတော့ ကိုယ့် ဟာကိုယ် ရေသောက်လို့ ရပြီ ။ ငါလည်း သူများ အားမကိုးချင်ဘူးကွ ။ သူများလုပ်ပေးမှ ဖြစ်တဲ့ဘ၀ကြီးမလိုချင်ဘူးကွာ"တဲ့ ။ ကျွန်တော် ကျေနပ်လို့  ပြုံးမိပါသည် :)
ဒီလိုနဲ့  အဘိုးနဲ့  ကျွန်တော်တို့  စကားတွေလည်း ဟိုဟို ဒီဒီ လျှောက်ပြောကြ ။ စကြ ၊ နောက်ကြရင်း
အဘိုးရေ ကျွန်တော်တို့  တစ်ကိုယ်ရည်သန့် ရှင်းရေးလုပ်လိုက်ကြရအောင်ဆိုပြီး ။ ဦးစွာ လက်သည်း ၊ ခြေသည်းတွေ
ညှပ်လှီးပေးပါတော့တယ် . . . ပြီးတော့ မုတ်ဆိတ်မွှေး + နှုတ်ခမ်းမွှေး ပြောင်စင်အောင် ရိတ်သေးတယ် ။
အဲ့မှာ အဘိုးပြောတဲ့ စကားက တော်တော့်ကို သဘောကျဖို့ ကောင်းတယ် ။ အာဟာ . . . " မင်း ရိတ်တာလည်း ရိတ်
အကုန် ပြောင်ရှင်းကုန်ပြီး လှသွားရင်တော့ ဒုက္ခပဲ . . . မင်းတို့ အသင်းက ကလေးတွေလာလို့ ဦးကြည်ဝင်းကို မမှတ်မိရင်
ဘယ်လိုလုပ်မလဲတဲ့ " . . . အော် . . . အဘိုးက ကိုယ်ကျန်းမာမှုအခြေအနေသာတိုး တက်ကောင်းမွန်လာတာ မဟုတ်ဘူး ။
စိတ်အခြေအနေလေးပါ ကောင်းမွန်လာတာလို့ ပြောလို့ ရတယ် . . . အခုလို အဘိုးတို့ က ပြုံးပျော် ရွှင်မြူးနေတော့ ကျွန်တော်တို့ 
လာရကျိုးနပ်တယ် ။ ပြုစုရကျိုးနပ်တယ် ။ စောင့်ရှောက်ရကျိုးနပ်တယ် ။ ဒါဟာ . . . ကျွန်တော်တို့ ရတဲ့ အမြတ်တွေပဲလေ ။
မုတ်ဆိတ်+နှုတ်ခမ်း ရိတ်သိမ်း သန့် စင်ပြီးတော့လည်း မပြီးသေးဘူး . . . ကျွန်တော် လက်စွမ်းပြချင်သေးတာနဲ့ 
အဘိုး ဆံပင်ညှပ်မလားလို့  မေးလိုက်တာ . . . အဘိုးကလည်း မလှချင်ရှာပါဘူး ။ နှစ်ခါ မဖြားယောင်းရဘူး ။ ညှပ်ရင်
ညှပ်ပေးလေ ဆိုလို့  အိမ်ရှေ့ အိမ်က ဘီးနဲ့ ကပ်ကြေးသွားဌားလို့  ( ကျွန်တော် ဆတ္တာသည် ဇာတ်ခင်းလိုက်ပါတော့တယ် ) ။
အလဲ့ . . . ဟိုက်ရှားဘား ... သိပ်တော့မလှချင်ရှာဘူးဗျ ။ ပြောရဆိုရ လွယ်ပဗျာ ။ အလိုက်သင့်လေး နေတတ် တဲ့ အဘိုး ။
အဘိုးရေ ဟိုဘက်လေး နည်းနည်းစောင်း ၊ ဒီဘက်လေး နည်းနည်းစောင်းနဲ့  ။ ကျွန်တော်ညှပ်လို့ လွယ် အနေအထားကျအောင်
အဘိုးက နေပြပေးခဲ့တယ်လေ ။ ခပ်တိုတို ရှင်းရှင်းပဲ . . . အာနိုး ၊ ဗန်ဒိမ်း ၊ ဒွေး ၊ ကျော်ဟိန်း K ( ဆံပင် ) ကို ညှပ်ပေးလိုက်ပါတယ်လေ။
အမှန်တော့ . . . ကျွန်တော်သည် ဆံပင်ညှပ်ဖို့ မပြောနဲ့  တစ်ပါးသူခေါင်းက ဆံပင်ဖြူတစ်ချောင်းကိုတောင် ဖြောင့်အောင်
နုတ်ပေးတတ်တဲ့လူမဟုတ်ပါ ။ ခုကျတော့လည်း သူ့ နည်းနဲ့ သူ့ ဟန် အစပ်အဟပ်ကို တည့်နေပါရောဗျာ . . . ဟီး
ဒီလိုနဲ့  အချိန်လေးလည်း နေမြင့်တော့ အဘိုးကို မုန့် လေးများနဲ့ ကန်တော့ရင်း ကျွန်တော်တို့ ကို ပြန်ခွင့်ပြုဦးလို့ ဆိုကာ . . .
အဘိုးအိမ်မှာ 1 နာရီကျော်ကျော်နေခဲ့ပြီး အဖွားဒေါ်စန်းမြင့်အိမ်ဘက်ကို ဆက်လက်ကူးဖြတ်တော့တာပါပဲ . . .။
အဲ့လိုနဲ့  အဖွားဒေါ်စန်းမြင့်အိမ်ဘက်ကို ဆက်လက် ကူးဖြတ်ခဲ့တာ . . .
အာ ~ ဆိုးပဗျာ ။ လမ်းမှာ မိုးရွာထားတော့ ဗွက်တွေကလည်း ထူပေါ ။ ဒီၾကားထဲ အဖြားအိမ္ဘက္ကို ကူးတဲ့
ဂုံးကျော်တံတားလေးက ကျိုးနေပါရောဗျာ ။( အဖွားအိမ်လေးဘက်က ဘယ်လိုဂုံးကျော်တံတားလေးကနေ
သွားရတယ်ဆိုတာရောက်ဖူးသူတိုင်းတော့ သိကြမှာပါ ) ခုတော့ ဆိုးရောပေါ့ဗျာ ။ ဟိုဘက်လမ်းက ဗွက်တော ၊ ဒီကုံးကျော်တံတားလေးကလှေခါးကျိုးး(( ဘယ်နှယ့် တက်ရမတုန်း ။ ဆိုးပ ... ကုသိုလ် ။ အဲ့တော့ မဖြစ်ချေဘူးဆိုပြီး ။
သူငယ်ချင်းကို ဒီဘက် ခြမ်းမှာ စောင့်ဆိုင်းစေလို့ ကျွန်တော် လှေခါးမရှိတဲ့ ကုံးတစ်ဘက်ကို ကျော်ခွလို့  တက်သွားပါတော့တယ် ။ တစ်ဘက်မှာလည်း ကျန်ခဲ့တဲ့သူက အရေးထဲ ခွေးတွေအ၀ိုင်းခံရလို့ ခွေးကြောက်နေသေးတယ် . . . ဒီလိုလေးတွေ ကျတော့လည်း ရယ်စရာ ၊ မောစရာ . . . ဟာသ စွန့် စားခန်းပမာပေါ့ဗျား)ကျွန်တော် အဖွားအိမ်ပေါ်တက်မယ်ကြံတော့ မှေးပြီး အိပ်ပျော်နေတဲ့
အဖွားကို အိမ်ရှေ့ အ၀လေးက မြင်လိုက်တာနဲ့  အသံမကြားအောင်မနှိုးဘဲ စောင့်နေဦးမှလို့ စဉ်းစားပေမယ့် ~ ဒေ၀ါသိကြားတွေ
မစလို့  အဖွားကို ဘယ်သူက နှိုးလိုက်လည်း မသိး) အဖွား ချက်ချင်း အတိ . . . အိပ်ယာက ထမိတော့တယ် ။ ကျွန်တော်လည်း တွေ့ ရော ၀မ်းသာအားရနဲ့  ။ ရောက်နေတာကြာပြီလား ဘာလို့ အမေ့ကို မနှိုးတာလည်း ဘာလည်း ၊ ညာလည်းနဲ့  ဟိုဟိုဒီဒီ စကားစမြည်ဖောင်ဖွဲ့ နေရင်း ၊ အဖွားရဲ့ ငိုက်မြည်းခြင်းကိုလည်း
ပါးနပ်စွာ နားလည်လို့  . . . ဂုံးတစ်ဘက်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းကိုလည်း အားနာလို့  . . . ကျွန်တော် သွားပါဦးမယ်လို့  အတွေးနဲ့  အဖွားရ . . . ဘာများ အမှာထည့်ချင်သေးလဲဆိုတော့ . . . အဖွား ကောင်းကောင်းအိပ်လို့ မရဘူးကွယ် ။ အဲ့ဒါ အမိုးလေးကိုတော့ ပလက်စတစ်လေးပဲဖြစ်ဖြစ် အမိုးလေးလုံအောင် လာမိုးပေးရင် ကောင်းမယ်ကွယ်လို့ ပြောတော့ . . . ပုတ်သင်ညို ဘာဝ ခေါင်းငြိမ့်ပြလို့  "ဟုတ်ကဲ့" ပါအဖွားရယ်လို့ ပြောရင်း . . . လိုအပ်တာလေးတွေ မှာခဲ့ရင်း ပေါ့
( လိုအပ်တာဆိုလို့  အထွေအထူးတော့ မဟုတ်ပါဘူး။
အဖွား မတည့်တာတွေမစားဖို့ ၊ ဆေးကို နေ့ စဉ် ပုံမှန်သောက်ဖို့ ၊ ဟိုဟိုဒီဒီ အဝေးကြီးတွေ လျှောက်မသွားဖို့ ၊ အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့  ... စတာလေးတွေကို ဆရာကြီးသဏ္ဍန် ဟန်ပန်ကြံလို့း) ပေါ့ ။
အဖွားအိမ်မှာတော့ ကျွန်တော်တို့  ကြာကြာမနေဖြစ်လိုက်ပါဘူး ။ အဘွားအိပ်နေတာဆိုတော့ အနှောက်အယှက် မဖြစ်စေလိုဘူးလေ ။
ဒါနဲ့ ပဲ ကျွန်တော်လည်း လိုအပ်တာလေးတွေပြောခဲ့ပြီး ။ အဖွားရေ သွားပါဦးမည်လို့  ခွင့်ပန်ရင်း . . . တာ့တာပြ နှုတ်ဆက်ရလို့ 
နောက်အပတ်များလည်း လာပါ့မယ်လို့  . . . ကတိပေးကာ စောင့်နေသူ့  သူတို့ လမ်းကို ကျွန်တော် ဘယ်သို့ လှမ်းရမည်လဲ . . .
( မှတ်ချက် ။ ။ ကျွန်တော့်၏ တစ်နေ့ တာ မဖြစ်စလောက်ဖြည့်ဆည်းပေးမှုလေး သည် STA က အစ်ကိုတော် ၊
အစ်မတော်များ၏ လုပ်ရပ်များနှင့်ယှဉ်ရင် ပါမွှားလေးပါ ။ သို့ သော်လည်း . . . ကျွန်တော် ပီတိ တွေကို မျှဝေ စားသုံးပေးစေလိုခြင်းသက်သက်ဖြင့်သာ )
ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာကြပါစေ ။ ချမ်းသာကြပါစေ ။
လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  …
မိုးစွတ်နေ
အမာခံ မန်ဘာ
Sunday ( 15.5.2011 )
11 : 30 p.m.
No comments:
Post a Comment