“မေမေဘီလူးမ”
ဒီဇာတ်လမ်းလေးရဲ့အစက . . . ဒီလိုဗျ
ပဒကုသလဇာတ်တော်အရ
ယောက်ျားကလူသား . . . မိန်းမက ဘီလူးမပေါ့ဗျာ ။
ဖြစ်နိုင်ပါ့မလား ~ လူသားယောက်ျားနဲ့ ဘီလူးမ ပေါင်းသင်းဆက်ဆံကြတာ … ဟုတ်ပါ့၊
ဟုတ်ပါ့မလားလို့တော့ မတွေးထင်ကြနဲ့ဗျာ ။ ဒါဟာ ဘုရားဟောဇာတ်တော်လာအတိုင်းပဲ။
ဖြစ်နိုင်ပါ့မလား ~ လူသားယောက်ျားနဲ့ ဘီလူးမ ပေါင်းသင်းဆက်ဆံကြတာ … ဟုတ်ပါ့၊
ဟုတ်ပါ့မလားလို့တော့ မတွေးထင်ကြနဲ့ဗျာ ။ ဒါဟာ ဘုရားဟောဇာတ်တော်လာအတိုင်းပဲ။
နယ်မြေတစ်ခုကို အပိုင်စားရထားတဲ့ ထိုဘီလူးမက ~ သူ့နယ်မြေထဲ ၀င်လာသမျှ
သားကောင် (လူသား)မှန်သမျှကို ဖမ်းယူ၊သတ်ဖြတ်စားသုံးလာခဲ့လိုက်တာ . . .
တစ်နေ့ကျတော့ ဘီလူးမဟာ ဖမ်းယူ၊စားသုံးနေကျ လူသားတွေ ၊ လူသားတွေ များထဲမှာမှ
ထိုလူသားနဲ့ တွေ့စဉ်အခိုက် ~ မှင်သက်သွားရှာခဲ့တော့တယ် . . . ။
ဘီလူးမ မစားရက်၊မသတ်ရက်တော့ဘဲ တစိမ့်စိမ့်လေးနဲ့ကြည့်ကာ...ကြည့်ရင်း ကြည့်ရင်း
ကြွေသွားရှာတယ်ပေါ့ဗျာ . . . ။
အဲ့လူသားနဲ့တွေ့မှ ဘီလူးမလည်း ဘီလူးစိတ်ပျောက်ကာ ဒိန်းဒပ်ဒပ်နဲ့ရင်တွေခုန်ကာ
ချစ်စိတ်တွေဝင်သွားရှာတာပေါ့ဗျာ။ ချစ်စိတ်များ သိပ်ပြင်းပုံက ... ကိုယ့်အစာကိုကိုယ်မေ့၊
ကိုယ့်ဘ၀ကို ကိုယ်မေ့ ... နောက်ဆုံးဗျာ ထိုဘီလူးမနဲ့ထိုလူသားတို့ပေါင်းသင်းဆက်ဆံ၊
အကြင်လင်မယားပြုခဲ့ကြတယ်ဆိုပါတော့ . . . ။
အကြင်လင်မယားဖြစ်သွားကြပြီ၊ပေါင်းသင်းဆက်ဆံကြပြီ
ဆိုမှတော့ဗျာ...
သိပ်မကြာဘူး။ ကလေးလေးတစ်ယောက် ဖွားမြင်ခဲ့တယ်ဗျ။မွေးလာတဲ့ကလေးလေးက
အဖဘက်လိုက်လို့လူသားသွေးဖြစ်ကာ ၊ လူသားလေးအဖြစ် ဖွားမြင်လာရှာတာပေါ့ ။
ဟိုးအရင်ကတစ်ယောက်တည်း နေထိုင်ခဲ့တဲ့ ဘီလူးမရဲ့ဂူလေးထဲမှာ အခုတော့
ခင်ပွန်းဖြစ်သူ လူသား၊ ရင်သွေးလူသားလေးတို့နဲ့ဘီလူးမတို့ မိသားစုနေထိုင်ရာ
လှိုဏ်ဂူလေးထဲမှာ လူသားက နှစ်ယောက် ၊ဘီလူးမက တစ်ယောက်ပေါ့ဗျာ . . . ။

သူ
အစိုးရတဲ့ နယ်မြေထဲ ၀င်လာသမျှ လူသားမှန်သမျှ ၊ သတ္တ၀ါမှန်သမျှကို သတ်ဖြတ်
စားသုံးလို့လူသား အစားအစာ ၊ အသုံးအဆောင် ၊ အ၀တ်အထည်များကို
ဆိုရင်လည်း လင်ယောက်ျားနဲ့သားငယ်လေးအဖို့ ဖန်တီး ရှာဖွေပေးခဲ့ရတော့တာပေါ့ . . . ။
စားသုံးလို့လူသား အစားအစာ ၊ အသုံးအဆောင် ၊ အ၀တ်အထည်များကို
ဆိုရင်လည်း လင်ယောက်ျားနဲ့သားငယ်လေးအဖို့ ဖန်တီး ရှာဖွေပေးခဲ့ရတော့တာပေါ့ . . . ။
ဘီလူးမများ
ချစ်တတ်လိုက်ပုံ ~ လင်ယောက်ျားကိုလည်း ချစ်ခင်မြတ်နိုးတွယ်တာသလို
မိမိရင်သွေး သားငယ် လူသားလေးကိုလည်း ချစ်လှလွန်းလို့ ~ တစ်နေ့တစ်နေ့ သားအဖ
လူသားနှစ်ဦး ဘာမှမလုပ်စေ ၊ ဘာမှမကိုင်စေဘဲ ... ဂူတံခါးကြီးပိတ်လို့အစာရှာထွက်ကာ
ကျွေးမွေးလာခဲ့တာ…သားငယ်လူသားလေးလည်းအရွယ်ရောက်လာတာပေါ့ဗျာ . . . ။

အရွယ်ရောက်လာတဲ့
သားငယ်လူသားလေးက ~ လူသားဆိုတဲ့အတိုင်း ဥာဏ်နဲ့အသိ
ယှဉ်ကာကြည့်လို့ ~ မေမေ့ဘက်တစ်လှည့် ငေး ၊ ဖေဖေ့ဘက်တစ်လှည့်တွေးရင်း. . .
အမေးလေး ထုတ်လာတာက “ဖေဖေ… ဖေဖေ့မျက်နှာနဲ့ မေမေ့မျက်နှာက မတူပါလား” ဆိုတော့ . . .
ယှဉ်ကာကြည့်လို့ ~ မေမေ့ဘက်တစ်လှည့် ငေး ၊ ဖေဖေ့ဘက်တစ်လှည့်တွေးရင်း. . .
အမေးလေး ထုတ်လာတာက “ဖေဖေ… ဖေဖေ့မျက်နှာနဲ့ မေမေ့မျက်နှာက မတူပါလား” ဆိုတော့ . . .
သားငယ်ကို ပေါင်ဆွဲကုပ်လို့ “တိုးတိုးပြောပါသားရ … မင်းအမေမရှိရင် ၊ ငါပြောပြ မယ်ကွ”
ဆိုကာ ~ ဇနီးသည်ဘီလူးမ မကြားအောင် သားငယ်ကို တီးတိုးဖြေကြားပေးခဲ့ တယ်လေ . . . ။
ဘီလူးမ
အစာရှာထွက်တဲ့ တစ်နေ့သောအခါကျမှ . . .
“မတူဘူးဆို…ငါ့သားရယ် ~ အဖေက လူသား။ မင်းအမေကလူသားစားတဲ့ဘီလူးမ။
ဒီတော့ အဖေတို့မျက်နှာတွေ ဘယ်လိုလုပ် တူမလဲကွာ”လို့ ပြောလိုက်တဲ့ဖေဖေ လူသားရဲ့
စကားအဆုံး . . .
“ဒီလိုဆို ဖေဖေ…မေမေက သားတို့ကိုကော စားနိုင်လား ဟင်” ဖေဖေ
“စားနိုင်တာပေါ့သားရယ်…မင်းအမေ~ သူ့မှာ စားစရာ လူသားကုန်သွားရင် …
အဖေနဲ့ငါ့သားကိုလည်း သူစားပြစ်ချင်စားပြစ်မှာပေါ့။ စားပြစ်နိုင်တာပေါ့ကွာ”လို့ဆိုတော့
“အာ … ဖေဖေ ။ ဒီလိုဆို အသွေးအသား၊သဘောသဘာဝမတူညီတဲ့ မေမေနဲ့သားတို့
အတူတူနေနေလို့ ဘယ်ဖြစ်မလဲ”ဖေဖေရေ . . .
“အေးကွာ။
အဖေကလည်း မင်းအတွက်ပဲစိုးရိမ်တာ ။ မင်းအဖေငါလည်း တစ်သက်လုံး
ကြောက်လို့ မတွန်းလှန်/မလွန်ဆန်နိုင်ခဲ့တာ မင်းတစ်ယောက်မွေးတဲ့အထိပေါ့ သားရာ ။
ဒါပေမယ့် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ငါ့သားလေး မင်းကိုတော့
အစားမခံနိုင်ဘူး ။ အဖေသာ အစားခံရရင် ခံရပါစေ။ မင်းကတော့ လွတ်အောင်
ပြေးရမယ်နော် သား”လို့ပြောနေရှာတော့တယ်။

ဟောဗျာ
. . . ဖခင်မေတ္တာများ ဘယ်လောက်ကြီးမားလိုက်သလဲနော် . . .
ဘီလူးမနဲ့
စပ်မွေးတဲ့ သူ့သား ၊ လူသားသွေးလေးကို ဘီလူးမ အစားခံရမှာကြောက်လို့
စားချင်းစား ~ ငါ’သာအစားခံမယ်တဲ့ဗျာ . . . ။
စားချင်းစား ~ ငါ’သာအစားခံမယ်တဲ့ဗျာ . . . ။
တစ်နေ့ကျတော့ မေမေဘီလူးမအစာရှာထွက်တဲ့အခါ…သားအဖနှစ်ယောက်ကဂူထဲကနေ
လွတ်မြောက်ဖို့ကြံစည်ကြတယ်လေ။ သားဖြစ်သူ လူသားလေးက ခွန်အားတောင့်တောင့်နဲ့
ကျောက်ဂူဝမှာပိတ်ထားတဲ့ကျောက်ဖျာကြီးကိုတွန်းကြည့်၊တိုက်ကြည့်တာ ကျောက်ဖျာကြီး
ရွေ့သွားတယ်လေ။ဒီလိုနဲ့ဘီလူးမကလည်းသိပ်မကြာခင်လေးအစာရှာရာကနေပြန်ရောက်
လာတော့ကျောက်ဖျာကြီး ရွေ့နေတာကိုတွေ့တော့ ... စိတ်တွေဆိုး ၊ဒေါတွေပွကာ၊
သား ဖြစ်သူကို ခေါ်မေးပါတော့တယ်။
“သားသား…
လာဦး ~ ဒီကို ။ မေမေမရှိတုန်း ဒီဂူပေါက်ကို ဘယ်သူ လာဖွင့်လဲ။” မေမေ
ဘီလူးမရဲ့အမေး
ဘီလူးမရဲ့အမေး
“ဘယ်သူမှမဖွင့်ပါဘူး ~ မေမေ”လို့ သားငယ်ဖြစ်သူက အဖြေ . . .
“မလိမ်နဲ့ … သားသား ။ မှန်မှန်ပြော ။ မေမေ့ကို မလိမ်ရဘူးကွယ်” ဟုထပ်ကာမေးတော့မှ
“ဟုတ်ကဲ့ ~ မေမေ။ သား ကိုယ်ခန္ဓာတွေ တောင့်တင်းမှုဘယ်လောက်ရှိသလဲသိရအောင်။
တွန်းရင်း၊တိုက်ရင်းဖွင့်မိတာပါ…မေမေ”ဆိုတော့မှ
“နောက်မလုပ်ရဘူးနော် ။ ကြားလား သားသား ။ မေမေမကြိုက်ဘူး။”လို့ပြောကာ မေမေ
ဘီလူးမ ဆို၊ဆုံးမသွားရှာတာပေါ့ . . . ။
ဒီလိုနဲ့ ~ နောက်တစ်နေ့ မေမေဘီလူးမ အစာရှာထွက်ပြန်တော့ . . . ဖေဖေနဲ့တိုင်ပင်ကာ
“ဖေဖေသားတို့ပြေးကြမယ်။သားတို့ ဒီကနေ ပြေးကြမယ်။သား ဒီဂူပေါက်ဝကို ရအောင်
ဖွင့်နိုင်ပြီ”ဟုပြောကာ … ဖေဖေ့ကို လက်ဆွဲလို့ သားအဖနှစ်ယောက် ထွက်ပြေးခဲ့ကြတာ
အဖေလုပ်သူက လျှောက်နိုင်တဲ့အခါ တွဲလျှောက် ၊ မောပန်းလို့မလျှောက်နိုင်တော့တဲ့အခါ
ထမ်းပိုးလို့ … ဒီလိုနဲ့ သားအဖနှစ်ယောက် ပြေးနေလိုက်ကြတာပေါ့ . . . ။
ဘီလူးမ အစာရှာထွက်ပြီးလို့ ပြန်လည်းလာကော . . . ဂူပေါက်ကြီးလည်း ပွင့်လို့ ၊
သားအဖ နှစ်ယောက်လည်း ဂူထဲမှာမရှိတာလည်း မြင်ကော . . . သူရဲ့ ကမ္မစိတ်စွမ်းအားနဲ့
ကြည့်လိုက်တာ သားအဖနှစ်ယောက်ထွက်ပြေးဖို့ကြိုးစားနေကြတာကို မြင်ရပါရောဗျာ ။
ဒါပေမယ့် သူ့အပိုင်နယ်ထဲပဲရှိပြေးတာမို့ … ဘီလူးမ လိုက်သွားကာ ၊
သားအဖ နှစ်ယောက်ကို ပြန်ခေါ်လာခဲ့လိုက်ကာ …
“ကဲ
~ ဘယ်များသွားမလို့တုန်း ။ ဒီသားအဖ”လို့ မေမေဘီလူးမက ဆိုတော့ . . .
“မေမေ…
သားတို့နဲ့မေမေက တူမှမတူတာ ။ လူသားနဲ့ဘီလူး ဘယ်လို
အတူတကွ နေထိုင်လို့ရမလဲဗျာ”လို့ သားငယ်လူသားကလည်း ပြောကော
အတူတကွ နေထိုင်လို့ရမလဲဗျာ”လို့ သားငယ်လူသားကလည်း ပြောကော
“မလုပ်ပါနဲ့
သားရယ်။တစ်အိမ်လုံးမှာမှ…မင်းအဖေရယ်၊မင်းရယ်၊ငါရယ်…
သုံးယောက်ထဲ ရှိတာ။ မင်းတို့သားအဖနှစ်ယောက်က မေမေ့ကိုထားခဲ့ပြီးသွားမယ်ဆိုရင် …
မေမေ ဘယ်လိုလုပ်အသက်ရှင်နေနိုင်မှာလဲ။လာပါ..သားရယ်။ဘာလို့ကြောက်ရတာလဲ။
မေမေက ဘီလူးမဆိုပေမယ့် မေမေ့နှလုံးသွေးနဲ့ရင်းပြီးမွေးကာထားတဲ့ ငါ့သားလူသားလေးကို
မေမေ ဘာလို့စားရမှာလဲ။ဘာဖြစ်လို့ ကြောက်ရတာလဲ။လာစမ်းပါသားရယ်…”ဆိုပြီး
သားငယ် လူသားလေးကို တစ်ဖက်ကချော့ ၊ လင်ယောက်ျားကိုလည်း “တော်ကပါ...
မတားဘဲ ကလေးနဲ့အတူ အားပေးအားမြှောက် ၊ ပေါက်ကရတွေ လုပ်ရသလား”ဆိုကာ
ချော့ တစ်လှည့်၊ ဟောက်တစ်လှည့်နဲ့ သားအမိသုံးယောက် အိမ်ပြန်လာခဲ့ကြတယ် ဆိုပါတော့ဗျာ . . . ။

ဒီလိုနဲ့
~ သားငယ်လူသားလေးက သဘောအတော်ပေါက်လာခဲ့တယ်။
ထွက်ပြေးဖို့ ကြိုးစားကြံစည်လိုက်တိုင်း ၊ တစ်ကြိမ် မအောင်မြင် ၊ နှစ်ကြိမ်
မအောင်မြင်နဲ့ … ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူး ။ စနစ်တကျဖြစ်အောင်တော့
ကြံစည်ရဦးမှဆိုကာ… ဥာဏ်ရည်၊ဥာဏ်သွေးထက်ထက်နှင့် တွေးနေလိုက်တော့တယ် . . . ။

တစ်နေ့
မေမေဘီလူးမနဲ့သားငယ်လေးတို့ စကားပြောကြ၊ဆိုကြတဲ့အခါ . . .
“မေမေ ။ မေမေ့ …အစိုးရတဲ့ မေမေ့ပိုင်နက်တွေက ဘယ်ကနေ၊
ဘယ်အထိလဲဟင်”လို့ သားငယ်က မေးတော့ . . .
“မေမေ ။ မေမေ့ …အစိုးရတဲ့ မေမေ့ပိုင်နက်တွေက ဘယ်ကနေ၊
ဘယ်အထိလဲဟင်”လို့ သားငယ်က မေးတော့ . . .
မေမေဘီလူးမက
သဘောပေါက်တယ်။ “သား ။ မေမေပိုင်တဲ့ ပိုင်နက်တွေမေးပြီး ။
သား မေမေ့နယ်မြေထဲကနေ ထွက်ပြေးဦးမလို့သား”လို့လည်းပြောကော
သား မေမေ့နယ်မြေထဲကနေ ထွက်ပြေးဦးမလို့သား”လို့လည်းပြောကော
“မဟုတ်ပါဘူး…မေမေရယ်။အမွေခံရမယ့် သားဆိုတော့မေမေ့ပိုင်နက်သိထားဖို့လိုတာပေါ့။
ဒါကြောင့်မေးတာပါ မေမေရာ”ဆိုတော့မှ
မေမေဘီလူးမကလည်း သားငယ်လေးရဲ့အဖြေကိုသဘောကျရင်း
စိတ်ရင်းစိတ်ဓါတ်နဲ့ မေးတယ်အထင်နဲ့ပဲ…ဘယ်ကနေစလို့၊ဘယ်လောက်ထိအဆုံးဆိုတဲ့
သူပိုင်သမျှပိုင်နက်ကြီး တစ်ခုလုံးနဲ့ ဧရိယာအကျယ်အ၀န်းပမာဏကို အသေးစိပ်ပြောပြလိုက်တော့
တာပေါ့ . . . ။
တစ်နေ့ကျတော့
~ မေမေဘီလူးမလည်း အစာရှာထွက်ကော . . . “လာ…ဖေဖေ။
သားတို့ လစ်ကြမယ်။ မေမေ့ပိုင်နက်တွေကိုသားသိထားတယ်။ဒီဘက်လမ်းကနေသွားရင်
မေမေ့ ပိုင်နက်ထဲကနေ လွတ်မြောက်ဖို့ အနီးစပ်ဆုံးပဲ … ဒီလမ်းအတိုင်းသွားကြရင်
မေမေပိုင်တာ မြစ်ကမ်းစပ်လေးအထိပဲ။ဟိုဘက်ကမ်းဆိုရင် မေမေမပိုင်တော့ဘူး။
အဲတော့ သားတို့ ဒီလမ်းကနေပဲထွက်ပြေးကြမယ်။”ဟုဆိုကာဖေဖေ့ကိုထမ်းတစ်လှည့်၊
တွဲ တစ်လှည့်နဲ့ သားအဖနှစ်ယောက် ထွက်ပြေးခဲ့ကြတာ . . .

မြစ်ကမ်းစပ်လည်းရောက်ကော။ဝမ်းသာသွားရှာရောဗျာ။
“ဖေဖေရေ..သားတို့တော့လွတ်ပြီဗျ။”
အဲ့အချိန် ဘီလူးမကလည်း အစာရှာထွက်ပြီးပြန်အလာ ~ ဂူထဲမှာ သားအဖနှစ်ယောက်မရှိတဲ့အခါ . . .
“အော်…သူတို့တွေ ပြေးကြပြီ ။ အဲ့လို ပြေးကြပြီ ဆိုတာကို သူသိတော့ …
ဘီလူးမ နောက်ကနေလိုက်တယ်။သူက ပြေးကာလိုက်ပေမယ့် လူသား သားအဖ
နှစ်ယောက်မှာ သူ့ရဲ့နယ်နိမိတ်ကိုကျော်လွန်သွားကြလေပြီလေ . . . ။

သားအဖနှစ်ယောက်မှာလည်း မြစ်ကိုဖြတ်ကူးနေကြတာ . . .
အဖေအိုကြီးမလျှောက်နိုင်လို့ ~ သားငယ်က ကုန်းပိုးထမ်းကာမြစ်ကိုကူးဖြတ်ခဲ့ကြတာ …
သူတို့သားအဖနှစ်ယောက် မြစ်အလယ်ကိုရောက်တဲ့အချိန် … မေမေဘီလူးမကြီးကလည်း
အားကောင်းမောင်းသန်နဲ့ အနောက်ကနေ ပြေးလိုက်လာတာ . . . မြစ်ကမ်းစပ်ကို အရောက် ~
ဒါပေမယ့် သူ့မှာ မြစ်ထဲကိုဆင်းခွင့်မရှိတော့ဘူးလေ ။သူ့ပိုင်နက်က ကုန်သွားပြီကိုး . . . ။
နတ်မင်းကြီးလေးပါး ဘီလူးမကို အပိုင်စားပေးထားတာက ဒီနေရာ၊ဒီမျှသာပဲဆိုတော့ . . .
သူ့မှာ မြစ်ကမ်းကနေပြီးတော့အော်ကာ နေရှာတော့

“သားရေ
... မေမေ ဒီမှာရောက်နေပြီ။ ဘာဖြစ်လို့ သွားတာလဲ။
မေမေ့ဆီပြန်လာခဲ့ပါ သားရယ်။”မေမေဘီလူးမက မြစ်ကမ်းကအော်တော့ . . .
မေမေ့ဆီပြန်လာခဲ့ပါ သားရယ်။”မေမေဘီလူးမက မြစ်ကမ်းကအော်တော့ . . .
သွေးဆိုတဲ့အတိုင်း
~ မေမေ့အသံလည်းကြားကော မြစ်လယ်ရောက်နေတဲ့ သားက ဖေဖေ့ကို
ပုခုံးပေါ်က ထမ်းထားရက်နဲ့ နောက်ကျောကိုလှည့်ကာ ကမ်းစပ်ဘက်ဆီကို လှမ်းလို့ကြည့်တယ် . . . ။
ပုခုံးပေါ်က ထမ်းထားရက်နဲ့ နောက်ကျောကိုလှည့်ကာ ကမ်းစပ်ဘက်ဆီကို လှမ်းလို့ကြည့်တယ် . . . ။
သားအမိနှစ်ယောက်
အဲ့မှာ ~ မျက်ဝန်းချင်းလည်းဆုံကော …
မေမေဘီလူးမက သားဖြစ်သူကို ပြောတယ် . . . ။
မေမေဘီလူးမက သားဖြစ်သူကို ပြောတယ် . . . ။
“သားရယ်၊မေမေရယ်၊မင်းအဖေရယ်
... သုံးယောက်ထဲရှိတဲ့ ဒီမိသားစုကမ္ဘာလေးကို ငါ့သားလေးက
ဘာဖြစ်လို့ ပြိုကွဲဖျက်စီးချင်ရတာလဲ။ဘာကြောင့် ရှင်ကွဲ ခွဲပြီး အပြီးအပိုင် စွန့်ခွာသွားဖို့
တွေးရလေသလဲ။ပြန်လာပါ သားရယ် . . . ဒီလောကကြီးထဲမှာ လောက လူသားတွေ မင်းတို့အပေါ်မှာ
ဘယ်လောက်ကောင်းတယ်။ချစ်တယ်လို့ပဲပြောပြော။ မေမေ့ နှလုံးသားထဲကလာတဲ့ မေတ္တာဓါတ်ကိုတော့
ဘယ်သူမှငါ့သားအပေါ်မမှီပါဘူး။ငါ့သားရယ်…
ဒါ့ကြောင့် မေမေ့ဆီပြန်လာပါနော် သားလေး”ဆိုပြီး မေမေဘီလူးမကလည်း လှမ်းကာအော်ခေါ်တယ် ...။

သားဖြစ်သူကလည်း
“မေမေ့ရဲ့ မွေးကျေးဇူးတွေကိုလည်း ဘီလူးမကြီး ဆိုပင်၊ ဆိုငြား သော်လည်း
သားအလုံးစုံအသိအမှတ်ပြုနိုင်ခဲ့ပါတယ်။မေမေ့ရဲ့ကျွေးခဲ့တဲ့ကျွေးကျေးဇူးများ ကလည်း သားရဲ့
အသွေးအသားထဲမှာ အမြဲတမ်းကို ရှိလို့နေပါတယ်။ မေမေ… မေမေ့ မွေးကျေးဇူး၊ကျွေးကျေးဇူး
တွေကို သားအသိအမှတ်ပြုတန်ဖိုးထားပါသော်လည်း ~ လူသားနှင့်ဘီလူး ၊ ဘီလူးနှင့်လူသား
ဘ၀မှာ ဘယ်လိုမှ အကြာကြီးနေလို့မရတဲ့ အတွက်ကြောင့် မေမေ နောက်ကြောင်းကိုပြန်
ကိုယ့်ဂူမှာပဲ ဆက်လက်လို့နေထိုင်ပါတော့။
သားတို့ကို သွားခွင့်ပေးပါ။ သားမလိုက်နိုင်ပါဘူး…မေမေ။ မေမေပြန်လိုက်ပါတော့နော်”
လို့ ပြောပင်ငြားလည်း . . .

“သားရယ်။ပြန်လိုက်ခဲ့ပါ။
ဟောဒီ့ကမ္ဘာလောကကြီးထဲမှာ မေမေ့ကိုတစ်ယောက်တည်း
ထားပြီး ငါ့သားလေးထွက်ခွာသွားတော့မယ်ဆိုရင် မေမေအသက်ရှင်ပြီး ကျန်ခဲ့မယ်လို့ ။
သားလေး ထင်သလားကွယ် ။ မေမေ့ရင်ထဲမှာ ကိုးလလွယ်၊ဆယ်လဖွား မွေးခဲ့တဲ့
ဟောဒီ့ သားလေးကိုမေမေ့ရင်ထဲကမေတ္တာစစ်တွေနဲ့ပဲ…မေမေကလည်းလူသားလိုပဲချစ်လို့နေတာ
ပါကွယ်။ဘီလူးမကြီးလို့ဆိုပင်၊ဆိုငြားသော်လည်း မေမေ့သားလေးအတွက်တော့ မေမေကတော့
အမေပါပဲကွယ်။မေမေ့မေတ္တာရေတွေကို အေးမြခြင်းအဖြစ်နဲ့ ငါ့သားလေးက
တန်ဖိုးထားကာ ပြန်လှည့်လို့လာခဲ့ပေးပါ”ဆိုကာ မေတ္တာတွေတောင်းခံနေပေမယ့်လည်း …

လူသားသားငယ်လေးကလည်း
မြစ်တစ်ဘက်ကမ်းမှာရှိတဲ့ မေမေဘီလူးမကြီးကို လက်အုပ်မိုးလို့
ရှိခိုးကာ ကန်တော့လို့နေပါပြီ ။ “မေမေ…မေမေ့အပေါ်သား ကာယကံ၊၀စီကံ၊မနောကံတို့ဖြင့် ပြစ်မှား
စော်ကားမိခဲ့သည်များရှိပါက ဒီနေရာကနေ ရှိခိုးလို့ ကန်တော့ တောင်းပန်လိုက်ပါတယ်။
မေမေပြုခဲ့တဲ့ ကျေးဇူးတရားတွေနဲ့ မေမေပေးခဲ့တဲ့ မေတ္တာတရားတွေ သားနှလုံးသားထဲမှာ
အသိအမှတ်ပြုခံစားရင်းနဲ့ ဒီနေရာကနေပဲ သားကို ကန်တော့ခွင့်ပြုပါ။ မေမေ…
သားနဲ့ဖေဖေ့ကို သွားခွင့်ပေးလိုက် ပါတော့။ ”လို့ တောင်းဆိုနေပေမယ့်လည်း
မေမေဘီလူးမကြီးမှာတော့ . . .
“သားလေးရယ် ။ စဉ်းစားပါဦး … မေမေလေ မေမေ့နှလုံးသားထဲမှာ ပူလောင်စွာ
ခံစားနေရပါပြီ။ ဟောဒီ့ မြစ်ကမ်းပါးကရေတွေဘယ်လောက်အေးအေး။မေမေ့နှလုံးသားမှာ
ပူလောင်နေရပါပြီ။ မေမေ့နှလုံးသားကို အေးအောင် မလုပ်နိုင်တော့ပါဘူးကွယ်။
အချိန် မလွန်ခင် ငါ့သားလေး ပြန်လာပါ။ မေမေလိုက်လာလို့မရဘူး…ငါ့သား။”လို့
မေမေ ဘီလူးမကြီးလည်း ခေါ်တယ် . . . ။

လူသား သားငယ်ကလည်း ပြန်မလိုက် ။ ဘယ်လိုမှ တောင်းဆိုလို့မရတော့တဲ့အဆုံး
မေတ္တာတရားကြီးမားလှတဲ့ မေမေဘီလူးမကြီးခမျာ . . . “င့ါသားလေးက
ဘယ်လိုမှ ပြန်ခေါ်လို့မရတော့ဘူးဆိုရင်… မေမေကလည်း မေမေရဲ့နေရာကို ပိုင်နက်လွန်သွားတဲ့
အတွက် ဘယ်လိုမှ လိုက်ခေါ်လို့မရတော့ပါဘူးကွယ်။ ဒါပေမယ့်ကွယ် ~ ငါ့သားလေး
မေမေ့စကားကို ခဏလောက်တော့နားထောင်ပေးပါ။ (( မြစ်လယ်မှာရှိတဲ့သားငယ်နဲ့
ကမ်းစပ်ကဘီလူးမကြီးတို့မှာ အော်ဟစ်ကာပြောဆိုနေရရှာတာပေါ့ ။ အသားကုန်အော်
ဟစ်ကာပြောဆိုနေမှလည်း ကမ်းတစ်ဖက်မှ သားငယ် ~ ကြားရမယ် မို့လို့
မေမေ ဘီလူးမကြီးမှာ ရင်ကွဲမတတ်အော်နေရတော့တယ်။ )) သားရယ်ငါ့သားလေးဟာ
အမေဘီလူးမကြီးရဲ့ရင်ခွင်ထဲမှာပဲ ကြီးပြင်းလာတော့ လောကလူသားရဲ့အတတ်ပညာ
ဘာမှမရှိဘူး။ ဒါကြောင့် လောကလူသားတွေအလယ်ကိုရောက်ရင် မင်းတို့သားအဖ
မျက်နှာငယ်ရလိမ့်မယ်။ စားစရာ၊နေစရာ၊၀တ်စရာအဆင်မပြေဖြစ်လိမ့်မယ် . . . ။
အဲဒီတော့လေ . . . လောကအလယ်မှာ တင့်တင်စွာ ရပ်တည်နိုင်ဖို့ မေမေ မန္တန်လေး
တစ်ခု သင်ပေးမယ်ကွယ်။ အဲတော့..မေမေ့စကားလေးကို ခဏလောက်နားထောင်ပြီး
သားလေးလိုက်ဆိုပါ။ ဟောဒီ့ မန္တန်လေးက လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကတည်းက မေမေရထားတာ။
ဒီမန္တန်လေးကိုသာရရင်လေ … ငါ့သားလေး သူခိုးတွေကိုမိအောင်ဖမ်းပေးနိုင်တယ်။ ဒါကြောင့်
လူတွေအလယ်မှာ သူခိုးတွေမမိလို့များ ငါ့သားလေး ရွတ်ပြပေးလို့ မိအောင်ဖမ်းနိုင်ရင် ၊
ငါ့သားလေးကို ပညာတွေနဲ့တန်ဖိုးထား ၊ ပူဇော်ပသကြလိမ့်မယ်။ ဒါဆိုရင် ငါ့သားလေး
အဆင်ပြေလိမ့်မယ်ကွယ်။ဒီတော့…မေမေ့ဆီ ပြန်မလာရင်တောင် မေမေသင်ပေးတာလေးတော့
ငါ့သားလေးလိုက်ဆိုပါဦးကွယ်။”
မေမေ့မေတ္တာတရားများ ဘယ်လောက်များ ကြီးမားသလဲဆိုဗျာ . . .
သားကို မေမေ့ ရင်ထဲက အထွက်မခံနိုင်ဘူးဆိုပြီး မေမေဘီလူးမ ကြမ်းကြမ်းတမ်းတမ်းနဲ့
ရေထဲကိုဖြတ်ပြီး အသေခံလိုက်ရင်ရပါလျက်သူမလိုက်တော့ပါဘူးလေ။မေမေဘီလူးမကြီးရဲ့
နှလုံးသားထဲက မေတ္တာ ~ သူ့မှာ မလိုက်ရှာတော့ပါဘူး။ မေမေဘီလူးမခမျာ မြစ်ကမ်းစပ်
တစ်ဖက်ကနေ ပြီးတော့ မကြားတကြား လွင့်ပျံလာတဲ့ လူသား သားငယ်လေးရဲ့အသံကို
ရှိသမျှအသံတွေ အသားကုန်လွင့်ပြီးတော့ မန္တန်လေးကိုသင်ပေးနေတယ်။သားငယ်ကလည်း
ရေထဲကနေ မေမေဘီလူးမရဲ့အသံလေးကို မကြားတကြားနားစွင့်ပြီးတော့ နောက်ကနေ လိုက်လို့
ဆိုနေတယ်။ မန္တန်လေးကို မေမေဘီလူးမက ရှေ့ကနေတိုင်ပေးတယ်~ သားငယ်က
နောက်ကနေလိုက်လို့ဆိုပြန်တယ်။ အကြိမ်ကြိမ်တိုင်လို့ အကြိမ်ကြိမ်လိုက်ဆိုပါများတဲ့အခါ
သားငယ်လေးရဲ့အသိထဲမှာ မန္တန်လေးကို အလွတ်ရသည့်တိုင် ဖြစ်သွားတယ်။ ဂါထာမန္တန်လေးကို
အလွတ်ရသွားပြီးတဲ့အခါ ~ “မေမေ…မေမေလည်းပဲအော်ရတာ၊ အသံ တွေလည်း ၀င်လှပါပြီ။
သားလည်းပဲ မေမေသင်ပေးတာကိုလိုက်ဆိုရင်း တော်တော်လေးကို ရသွားပါပြီ။မေမေ…
ဒါကြောင့်မို့ သားတို့လည်း သွားပါရစေတော့။မေမေလည်း လာရာ လမ်းလှည့်လို့ ကိုယ့်နေရာလေး
ကိုယ်ပြန်ပါတော့~ မေမေ။ မေမေ့ကို ဟောဒီ့ နေရာလေးကနေ နောက်ဆုံးကန်တော့ရင်း
သားတို့ကို သွားခွင့်ပြုလိုက်ပါတော့ ~ မေမေ။”မေမေဘီလူးမကိုလည်း အဲ့လိုပြောနေဆိုနေရင်း
ဖေဖေ့ကိုပုခုံးပေါ်ထမ်းရွက်ရင်း မြစ်ကိုဖြတ်လျှောက်လို့ ရှေ့ဆက်ကာ ဖြတ်၊ဖြတ်၊ဖြတ်~ဖြတ်ကူး
သွားလိုက်တာ…သားအဖနှစ်ယောက်ရဲ့ကျောပြင်ကို မြစ်ကမ်းကနေကြည့်နေရှာတဲ့ မေမေဘီလူးမ
ခမျာ ရင်ထဲမှာပူလောင်စွာနဲ့ခံစားနေရတဲ့သောကဒဏ်ချက်တွေ ဘယ်လိုမှမခံမရပ်နိုင်တော့တဲ့ အခါ
ဒူးလေးညွှတ်ကျပြီး အဲဒီ့မြစ်ကမ်းစပ်လေးမှာတင် ရင်ကွဲနာကျလို့ သေပွဲဝင်ခဲ့ရ ရှာတယ်…ဗျာ . . . ။
*** အမေဆိုတဲ့ဘ၀မှာ လူသားမပြောနဲ့ဗျာ ။ လူသားကို အင်မတန်ကြိုက်တဲ့
ဘီလူးမ တစ်ယောက်တောင် သားဆိုတဲ့ သံယောဇဉ်နွယ်လာတဲ့အခါ သားဆိုတဲ့
စိတ်အသိနဲ့ အသက်ပေးလို့ သေသည်အထိ ရင်နင့်အောင် ခံစားကြရရှာတတ်ပါတယ်ဗျာ ။
* * * * * *
စာကြွင်း => ဒေါက်တာ အရှင်ကောဝိဒ ( မဇ္စျိမဂုဏ်ရည် ဆရာတော် ) ၏
( 22.03.2012 ) ကမာရွတ်မြို့နယ်၊ရှောက်ပင်ခြံတွင် ဟောကြားတော်မူသော
“ဓါတ်ခံ” တရားတော်အား နာကြားခံယူရင်း မှ ပြန်လည် ခံစားရေးဖွဲ့လိုက်သည် . . . ။
( 22.03.2012 ) ကမာရွတ်မြို့နယ်၊ရှောက်ပင်ခြံတွင် ဟောကြားတော်မူသော
“ဓါတ်ခံ” တရားတော်အား နာကြားခံယူရင်း မှ ပြန်လည် ခံစားရေးဖွဲ့လိုက်သည် . . . ။
၂၀၁၂ ခုနှစ်၊မေလ(၁၃)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့မိခင်များနေ့အားအသိအမှတ်ပြုညွှတ်တားရင်း
မာတာမိခင် ကျေးဇူးရှင်များ ၊ ပုခက်လွှဲသော လက်ပိုင်ရှင်များ ၊ နို့တိုက်သားသည်မိခင်များ ၊
ကမ္ဘာကြီး~ကမ္ဘာကြီးထဲက အမေဆိုတဲ့ ဣတ္ထိလိင်များအားလုံး ~ အားလုံး . . . သက်ရှည်ကျန်းမာ၊
ဘေးရန်ကွာလို့ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ . . . ။
မိုးစွတ်နေ
09.05.2012
~ ~
~ ~ ~
~ ~ ~