Wednesday, 2 May 2012

သူတော်စင်တို့လျှောက်တဲ့လမ်း - ခင်မောင်တိုး






Share






သူတော်စင်တို့လျှောက်တဲ့လမ်း - ခင်မောင်တိုး
==========================

* .~*  ကိလေသာပယ်သတ်တဲ့ မဂ္ဂင်ရှစ်ပါး  ~  နိဗွာန်ကိုရောက်စေကြောင်းတရား
ကာယကံ ဝစီကံ မနောကံများ စင်ကြယ်အောင် ဆုံးမတဲ့တရား
မှန်ကန်သောစကားကို ပြောဆိုရာ
မှန်ကန်သောအမှုကို လုပ်ဆောင်ရာ
မှန်ကန်သော အသက်မွေးမှု ရွက်ဆောင်ရာ
သီလတရား သုံးပါးဖြစ်လာ  ~ ဒုက္ခတို့ချုပ်ရာ မြတ်နိဗွာန်လမ်း
မဂ္ဂင်ဖောင်စီးလို့တက်လှမ်း  ~  ဒုက္ခတို့ငြိမ်းရာ မြတ်နိဗွာန်လမ်း
သူတော်စင်တို့လျှောက်တဲ့လမ်း

ကိလေသာပယ်သတ်တဲ့ မဂ္ဂင်ရှစ်ပါး ~  သံသရာကလွတ်စေကြောင်းတရား
ကာယကံ ဝစီကံ မနောကံများ စင်ကြယ်အောင် ဆေးကြောမဲ့တရား
မှန်ကန်သောအားထုတ်မှုရှိစေရာ
မှန်ကန်သော အောက်မေ့ခြင်း နှလုံးမူရာ
မှန်ကန်သော တည်ကြည်မှုစူးစိုက်ရာ
သမာဓိတရား သုံးပါးဖြစ်လာ ~ ဒုက္ခတို့ချုပ်ရာ မြတ်နိဗွာန်လမ်း
မဂ္ဂင်ဖောင်စီးလို့တက်လှမ်း ~ ဒုက္ခတို့ငြိမ်းရာ မြတ်နိဗွာန်လမ်း
သူတော်စင်တို့လျှောက်တဲ့လမ်း
ကိလေသာပယ်သတ်တဲ့ မဂ္ဂင်ရှစ်ပါး ~ အရိယာတွေ ကျင့်ကြံသောတရား
ကာယကံ ၊ ဝစီကံ ၊ မနောကံများ စင်ကြယ်အောင် လမ်းပြတဲ့တရား
မှန်ကန်သောအယူမျိုး အမြဲယူပါ
မှန်ကန်သောအကြံမျိုး အမြဲကြံပါ
မှန်ကန်သောသီလနဲ့သမာဓိဖြည့်ကာ
ပညာတရားနှစ်ပါးနဲ့ကျင့်ပါ ~ ဒုက္ခတို့ချုပ်ရာ မြတ်နိဗွာန်လမ်း
မဂ္ဂင်ဖောင်စီးလို့တက်လှမ်း ~ ဒုက္ခတို့ငြိမ်းရာ မြတ်နိဗွာန်လမ်း
သူတော်စင်တို့လျှောက်တဲ့လမ်း . . .
.~*♥*

 

No comments: