Wednesday, 17 December 2014
Tuesday, 16 December 2014
Wednesday, 12 November 2014
Wednesday, 18 June 2014
<<< ဟတ်ပီးဘတ်ဒေး အမေအောင်ဆန်းစုကြည် >>>
ဖုန်းလေးနဲ့ ကြိုးစားလုပ်ထားတဲ့
အမေစုမွေးနေ့အမှတ်တရလေးပါ . . . !
Happy 69th Birthday ဆိုတော့
ရှေ့နှစ်ရွေးကောက်ပွဲဝင်ရင်
အမေစုအသက်က ၇၀ဖြစ်နေပြီ
အသက်ရလာတာနဲ့အမျှ ကျန်းမာရေးကို
ပိုဂရုစိုက်ပေးပါအမေ …
<<< ဟတ်ပီးဘတ်ဒေး အမေအောင်ဆန်းစုကြည် >>>
အဖေ့ရင်ခွင်မှာ တီတီတာတာနေကောင်းဆဲနေ့ရက်တွေ
အချိန်မတန်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ် …
အဖေချစ်တဲ့တိုင်းပြည်
အမေချစ်တဲ့တိုင်းပြည်ကို စွန့်ခွာလို့
ပြည်ပမှာ ပညာရှာခဲ့ရတယ် …
နှလုံးသားနဲ့ခံစား ဦးနှောက်နဲ့စဉ်းစားကာ
မိုက်ကယ်ကိုရွေးချယ်ခဲ့တာ
(အဲ့ဒီအတွက်အမေမမှားဘူး အမေ) …
အဖေချစ်တဲ့တိုင်းပြည်ထဲ
အဖေ့ထက်မလျော့တဲ့စေတနာ
အမေချစ်တဲ့တိုင်းပြည်မှာ
အမေ့ထက်မလျော့တဲ့မေတ္တာတွေနဲ့
ချစ်တဲ့သူတွေကိုခွဲ ~ ချစ်ရသူတွေအတွက်
သန်း၆၀ရဲ့ အိပ်မက်တွေအတွက်
မိုက်ကယ်ရဲ့ဈာပနတောင်မတက်နိုင်ခဲ့တဲ့ အမေ …
နေ့ရက်တွေက ရှည်ကြာလေလေ
ကောက်ကျစ်သူတွေလည်း အာဏာမြဲဖို့ကြိုးစားနေတဲ့ကြား
အမေဟာ နေအိမ်အကျဉ်းသားလည်းဖြစ်ခဲ့ရတယ် …
အမေ့ရင်က သားနှစ်ယောက်မွေးတယ်
အမေ့ရင်မှ မမွေးတဲ့သားတွေလည်း
အမေ့နှလုံးခုန်သံတွေကို တန်ဖိုးထားပါတယ်
သန်း၆၀လူသားတွေအတွက် အမေ့နှလုံးခုန်သံလေးတွေ အရေးကြီးတယ် အမေ …
နှစ်တွေပြောင်းသွားပြီအမေ
ခေတ်တွေပြောင်းသွားပြီအမေ
စနစ်တွေတော့မပြောင်းသေးဘူးအမေ
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အာဏာရှင်စနစ်တွေကို မတွန်းလှန်နိုင်သေးသမျှ
လွတ်လပ်မှုဆိုတာ အတုယောင်မျှပါ အမေ
ကျွန်တော်တို့ဘဝတွေလေ
ကျွန်တော်တို့သန်း၆၀အိပ်မက်တွေ
အမှန်တကယ် လွတ်မြောက်ဖို့အတွက်
အားတင်းပေးထားပါဦး အမေ . . . ။ ။
မိုးစွတ်နေ
၁၉.၆.၂၀၁၄
(ကြာသပတေးနေ့)
နံနက် ၁၀း၀၀
အမေစုမွေးနေ့အမှတ်တရလေးပါ . . . !
Happy 69th Birthday ဆိုတော့
ရှေ့နှစ်ရွေးကောက်ပွဲဝင်ရင်
အမေစုအသက်က ၇၀ဖြစ်နေပြီ
အသက်ရလာတာနဲ့အမျှ ကျန်းမာရေးကို
ပိုဂရုစိုက်ပေးပါအမေ …
<<< ဟတ်ပီးဘတ်ဒေး အမေအောင်ဆန်းစုကြည် >>>
အဖေ့ရင်ခွင်မှာ တီတီတာတာနေကောင်းဆဲနေ့ရက်တေ
အချိန်မတန်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ် …
အဖေချစ်တဲ့တိုင်းပြည်
အမေချစ်တဲ့တိုင်းပြည်ကို စွန့်ခွာလို့
ပြည်ပမှာ ပညာရှာခဲ့ရတယ် …
နှလုံးသားနဲ့ခံစား ဦးနှောက်နဲ့စဉ်းစားကာ
မိုက်ကယ်ကိုရွေးချယ်ခဲ့တာ
(အဲ့ဒီအတွက်အမေမမှားဘူး အမေ) …
အဖေချစ်တဲ့တိုင်းပြည်ထဲ
အဖေ့ထက်မလျော့တဲ့စေတနာ
အမေချစ်တဲ့တိုင်းပြည်မှာ
အမေ့ထက်မလျော့တဲ့မေတ္တာတွေနဲ
ချစ်တဲ့သူတွေကိုခွဲ ~ ချစ်ရသူတွေအတွက်
သန်း၆၀ရဲ့ အိပ်မက်တွေအတွက်
မိုက်ကယ်ရဲ့ဈာပနတောင်မတက်န
နေ့ရက်တွေက ရှည်ကြာလေလေ
ကောက်ကျစ်သူတွေလည်း အာဏာမြဲဖို့ကြိုးစားနေတဲ့ကြ
အမေဟာ နေအိမ်အကျဉ်းသားလည်းဖြစ်ခဲ့
အမေ့ရင်က သားနှစ်ယောက်မွေးတယ်
အမေ့ရင်မှ မမွေးတဲ့သားတွေလည်း
အမေ့နှလုံးခုန်သံတွေကို တန်ဖိုးထားပါတယ်
သန်း၆၀လူသားတွေအတွက် အမေ့နှလုံးခုန်သံလေးတွေ အရေးကြီးတယ် အမေ …
နှစ်တွေပြောင်းသွားပြီအမေ
ခေတ်တွေပြောင်းသွားပြီအမေ
စနစ်တွေတော့မပြောင်းသေးဘူးအ
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အာဏာရှင်စနစ်တွေကို မတွန်းလှန်နိုင်သေးသမျှ
လွတ်လပ်မှုဆိုတာ အတုယောင်မျှပါ အမေ
ကျွန်တော်တို့ဘဝတွေလေ
ကျွန်တော်တို့သန်း၆၀အိပ်မက်
အမှန်တကယ် လွတ်မြောက်ဖို့အတွက်
အားတင်းပေးထားပါဦး အမေ . . . ။ ။
မိုးစွတ်နေ
၁၉.၆.၂၀၁၄
(ကြာသပတေးနေ့)
နံနက် ၁၀း၀၀
Tuesday, 20 May 2014
<<< မိသားစု >>>
မိသားစုဆိုတဲ့ စကားစုက
ကမ္ဘာတစ်ခုကို ဖြစ်တည်စေတယ် … ヅ
မိသားစုထဲမှာ
အိမ်သားအဖွဲ့ဝင်တွေရှိတယ် …
အိမ်ထောင်ဦးစီးအဖြစ် ဖေဖေပါတယ်
အိမ်ထောင်ရှင်မအဖြစ် မေမေပါတယ်
အဖွဲ့ဝင်အဖြစ်နဲ့ ကျွန်တော်တို့ညီအကိုမောင်နှမတွေရှိတယ် …
ဒီလိုနဲ့ ကျွန်တော်တို့နေထိုင်ရာ
ကျွန်တော်တို့ ဂေဟာဟာ
ကျွန်တော်တို့ ကမ္ဘာပါ …
တစ်ချို့မိသားစုတွေမှာ
အိမ်ထောင်ဦးစီး မရှိဘူး
အိမ်ထောင်ရှင်မ မရှိဘူး
အိမ်သားအဖွဲ့ဝင်တွေရှိတယ် …
ဒီလိုပဲ သူတို့နေထိုင်ရာ
သူတို့နေရာလေးဟာ
သူတို့ကမ္ဘာလေးပဲ …
စိန်တွေ၊ရွှေတွေ မလိုဘူး
ဂုဏ်တွေ၊ငွေတွေမလိုဘူး
အကြင်နာ ၊ မေတ္တာ
သံယောဇဉ်တွေဖြင့်သာ
ဖွဲ့စည်းတည်ဆောက်နိုင်တာ
မိသားစု ဆိုတဲ့အရာ …
မိသားစုဆိုတဲ့ စကားစုက
တွယ်တာမှုကို ကိုယ်စားပြုတယ်
ခိုင်မာမှုကို ကိုယ်စားပြုတယ်
ချစ်ခင်ကြင်နာမှုကို ကိုယ်စားပြုတယ်
ယုယ၊ညှာတာမှုကို ကိုယ်စားပြုတယ်
စေတနာအမှုကို ကိုယ်စားပြုတယ်
ကရုဏာ၊မေတ္တာအမှုကို ကိုယ်စားပြုတယ်
သွေးသားတော်စပ်မှုကို ကိုယ်စားပြုတယ်
အဲဒီစကားစုက
လူသားတိုင်းမှမဟုတ်
သက်ရှိ ရှင်သန်နေထိုင်သူ အားလုံးကို
အထူးပြုတယ် . . . ။ ။
••• ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်း မိသားစုတိုင်း အတူတကွ ပျော်ရွှင်ချမ်းမြေ့သာယာစွာ နေထိုင်နိုင်ကြပါစေ . . .
Happy International Family Day !!!
Subscribe to:
Posts (Atom)