Tuesday, 20 May 2014

<<< မိသားစု >>>






မိသားစုဆိုတဲ့ စကားစုက
ကမ္ဘာတစ်ခုကို ဖြစ်တည်စေတယ် … ヅ

မိသားစုထဲမှာ
အိမ်သားအဖွဲ့ဝင်တွေရှိတယ် …
အိမ်ထောင်ဦးစီးအဖြစ် ဖေဖေပါတယ်
အိမ်ထောင်ရှင်မအဖြစ် မေမေပါတယ်
အဖွဲ့ဝင်အဖြစ်နဲ့ ကျွန်တော်တို့ညီအကိုမောင်နှမတွေရှိတယ် …

ဒီလိုနဲ့ ကျွန်တော်တို့နေထိုင်ရာ
ကျွန်တော်တို့ ဂေဟာဟာ
ကျွန်တော်တို့ ကမ္ဘာပါ …

တစ်ချို့မိသားစုတွေမှာ
အိမ်ထောင်ဦးစီး မရှိဘူး
အိမ်ထောင်ရှင်မ မရှိဘူး
အိမ်သားအဖွဲ့ဝင်တွေရှိတယ် …

ဒီလိုပဲ သူတို့နေထိုင်ရာ
သူတို့နေရာလေးဟာ
သူတို့ကမ္ဘာလေးပဲ …

စိန်တွေ၊ရွှေတွေ မလိုဘူး
ဂုဏ်တွေ၊ငွေတွေမလိုဘူး
အကြင်နာ ၊ မေတ္တာ
သံယောဇဉ်တွေဖြင့်သာ
ဖွဲ့စည်းတည်ဆောက်နိုင်တာ
မိသားစု ဆိုတဲ့အရာ …

မိသားစုဆိုတဲ့ စကားစုက
တွယ်တာမှုကို ကိုယ်စားပြုတယ်
ခိုင်မာမှုကို ကိုယ်စားပြုတယ်
ချစ်ခင်ကြင်နာမှုကို ကိုယ်စားပြုတယ်
ယုယ၊ညှာတာမှုကို ကိုယ်စားပြုတယ်
စေတနာအမှုကို ကိုယ်စားပြုတယ်
ကရုဏာ၊မေတ္တာအမှုကို ကိုယ်စားပြုတယ်
သွေးသားတော်စပ်မှုကို ကိုယ်စားပြုတယ်

အဲဒီစကားစုက
လူသားတိုင်းမှမဟုတ်
သက်ရှိ ရှင်သန်နေထိုင်သူ အားလုံးကို
အထူးပြုတယ် . . . ။ ။

••• ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်း မိသားစုတိုင်း အတူတကွ ပျော်ရွှင်ချမ်းမြေ့သာယာစွာ နေထိုင်နိုင်ကြပါစေ . . .

Happy International Family Day !!!

No comments: