One of my favorite poems … hope you like …
ဆရာကြီးတင်မိုး၏ "အလှကိုယ်စီ"ကဗျာ
ဖိုးလမင်းလည်း
သူ့အဆင်းနှင့်အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့်အစွယ်နှင့်
စပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့်ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့်နံ့သာနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့်လှိုင်းယက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့်လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့်
သူ့မှာကိုယ့်မှာ အလှသာတည့်
သဘာဝလျှင် အလှကိုယ်စီ
စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
ဝန်တိုမှုသာ မလှရာတည့်
သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဌာနအလျောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား . . .
No comments:
Post a Comment