“ဟေ့ကောင် … ထထ ! မင်းဆိုက်ကား အားတယ်မဟုတ်လားကွ”ဆိုပြီး ကိုယ်ကိုပုတ်ကာ လှုပ်နှိုးနေတဲ့ ကာလသားခေါင်း ကိုဖိုးထောင်ကြီးကြောင့် ဖိုးသုတစ်ယောက် နေ့ခင်းကြောင်တောင်ကြီး ဆိုက်ကားပေါ် စက်တော်ခေါ် နေရာမှ နိုးရတော့တယ်။ “နေ့ခင်းကြောင်တောင်ကြီးတောင် ဇက်ကျိုးနေပုံထောက်ရင် မင်းနှယ်တော်တော် ရေချိန်ကိုက်နေပြီနဲ့တူတယ်”လို့ ပြောတဲ့ ကိုဖိုးထောင်ကြီးကို “မသောက်ရသေး ပါဘူးဗျာ။ဒီမှာ ဆွဲမကောင်းလို့ ညစ်ညစ်နဲ့ အိပ်နေတာပါဗျ”လို့ ကိုဖိုးထောင်ကြီးကို ပြန်ပြောလိုက်တယ်။ “ဆွဲမကောင်းရင်လည်း ငါ့ကို ကားဂိတ်လိုက်ပို့ချည်ကွာ”ဆိုပြီ
တက်ထိုင်ဖို့ ဟန်ချီပါတော့တယ်။ ကိုဖိုးထောင်ကြီးတစ်ယောက်လည်း ဆိုက်ကားပေါ်တက်ထိုင်ရင်း လမ်းမှာ ဆွဲမကောင်းတဲ့အကြောင်းတွေ ဖိုးသုညတစ်ယောက် ညည်းညူမိလေတော့တယ်။
ကားဂိတ်ကို ရောက်တော့ကိုဖိုးထောင်ကြီးက သနားပြီး ဆိုက်ကားခအပြင် ထမင်းစားဖို့မုန့်ဖိုး
တစ်ထောင်ပေးခဲ့လေရဲ့။လက်ထဲ ငွေစလေးရောက်တာနဲ့ ဘုံဆိုင်ကို အပြေးလေးနှင်တော့တဲ့ ဖိုးသုည ...
ဒေါ်ဝိုင်းစိန်ရေ “ဇေတစ်လုံးနဲ့ လက်ဖက်သုပ် တစ်ပွဲချဗျာ” … “ဟဲ့ ဖိုးသု နင်နော် အကြွေးစာရင်းမှာတောင် သုံးထောင်ဖြစ်နေပြီ…နင့်အကြွေးေ တွများမယ်နော်။ နင်အကြွေး ထပ်သောက်ရင် ငါယောင်္ကျားက မပေးနဲ့တော့လို့ မှာထားတယ်ဟ” လို့လည်း ပြောကော “ဟာဗျာ…ဒီမှာကြည့် ဒီမှာ ထောင့်ငါးရာ
တွေ့လား…ဘယ်သူမှ ခင်ဗျားဆီက အကြွေးမသောက်ဘူး။ အရင်အကြွေးကို အရင်အကြွေးစာရင်း
အတိုင်းမှတ်ထား ။ အခု သောက်တာက လက်ငင်းရှင်းမှာဗျ” ခင်ဗျားဟာလေ … လွှတ်တော်က
အမတ်များလိုပဲ အကြောင်းအကျိုးမသိဘဲလွှတ်ဆော်ဖို့ပဲ …. ဟားဟား ဟား …. ရယ်ရယ်ပြောပြောနဲ့ ဖိုးသုတစ်ယောက်မှာသောက်ချင်တဲ့ အရက် စားပွဲသောက်လည်းရောက်ကော တရစပ်မော့တော့တာပါပဲ …
ဖိုးသုတစ်ယောက် ခေါင်းမထောင်နိုင်အောင်မူးပြီဆိုရင် ဒေါ်ဝိုင်းစိန်ဆိုင်ခုံနောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကြီးကိုကြည့်ပြီး … “အမေရေ…အမေကယ်တင်ပါဗျာ။ အမေကယ်မှ… သားတို့လို လူနုံလူမွှဲလေးတွေ ဘ၀လှရမှာ…ဘ၀မှာလေ အမေရယ် ခေါ်စရာဆိုလို့
အမေစုပဲရှိတယ်ဗျ… သားတို့အားလုံးရဲ့အမေ မြန်မာပြည်ရဲ့မိခင် ခွပ်ဒေါင်းတို့ရဲ့အရှင်ရေ”…ဆို ပြီး ဆိုပြော အော်ပြောပြီးလုပ်နေတဲ့ဖိုးသုကို “ဟေ့ကောင် ဖိုးသု မင်းမူးနေပြီ ပြန်တော့ ပြန်တော့ ….
ဆိုင်မှာသောက်နေတဲ့သူတွေ မင်းရဲ့ အာပြဲသံကြီးနဲ့ အနှောင့်အယှက်ဖြစ်တယ်…ပြန်တော့
ပြန်တော့ကွာ”ဆိုပြီး ဒေါ်ဝိုင်းစိန်ရဲ့ယောင်္ကျား ဦးလှဆွေက ပြောလေတော့တယ်။
ဒီလိုနဲ့ ရေချိန်ကိုက်ပြီး ဆိုက်ကားကို ဒယိမ်းဒယိုင်နင်းလာတဲ့ဖိုးသုတစ်ယောက် … လမ်းမှာ ဟိုလူတိုက်မိတော့မလို၊ ဒီလူတိုက်မိတော့မလိုနဲ့… “အာ…ဒီကောင်တော့ ငါတို့ကိုတိုက်မိတော့မှာပဲ…
မူး ရင်လည်းကိုယ့်အိမ်ကိုယ်အိပ် နေတာမဟုတ်ဘူး။”ဟု လမ်းသွားလမ်းလာ ရပ်ကွက်ထဲကလူတွေက
ပြောဆိုကြတာပေါ့ … ဖိုးသုမှာတော့ လူအများမေတ္တာခံယူပြီးအိမ်ပြန်ခဲ့ရှာပေါ… “အဲ့ကောင် ဖိုးသုညဟာ မိဘမဲ့လေးမို့ အများကကရုဏာသက်မလား မပြောနဲ့… ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်နေတဲ့ကောင်…
ရုပ်ကလေးက သနားကမားနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားကိုဖြစ်လို့” ဟုတ်ပ။ ကိုမြင့်ဇော်ရေ …
ဒီလိုကောင်မျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးသမီး မိသိဂီက ဘယ်ဘ၀ရေစက်ရယ်မှန်းမသိ…စေတနာ ဗလပွနဲ့ သဒ္ဒါတွေတယ်လွန်သဗျ”ဆိုပြီး ကိုကျော်ကြီးက ထောက်ခံနေလေတယ်။
ရပ်ကွက်ကလူတွေ ပြောရင်လည်း ပြောစရာပေလေ… ဖိုးသုကို သနားလို့ မုန့်ဖိုးပဲဖိုးများပေးရင် သူက ဘုံဆိုင်ကို တန်းလစ်တော့တာ။ အရက်ကြီးပုံမှန်သောက်သုံးကာ မှီဝဲလေတော့ ရုပ်သွင်က ရှိရင်းစွဲ
၂၂နှစ်ထက်ကို ပိုရင့်ရော်လို့နေတော့တယ်။ ဖိုးသုက အရက်သာသောက်တာ ငါးပါးသီလမှာ
လေးပါးအပြည့်လုံတယ်နော်…မဖောက် ဖျက်ဘူးလို့ သူခဏခဏ ပြောတတ်လေတယ်။ တကယ်လည်း ဟုတ်ပါပေတယ်။ ဖိုးသုတစ်ခါမှ သူများဥစ္စာ၊ သူများပစ္စည်း၊ သူများသားမယား၊ မဖောက်ပြား မလွန်ကျုးဘူး သလို …လိမ်ညာပြောတတ်ခြင်းလည်းမရှိဘူး။ ဒီကောင်းကွက်လေးတွေနဲ့ ရပ်ကွက်ထဲက စာနာသူတွေက မိဘမဲ့လေး ဖိုးသုကို ကရုဏာသက်ပေမယ့် အတန်းပညာလည်းမရှိ။ နိစ္စဓူဝ ကစော်သောက်နေတဲ့ ဖိုးသုကို … အရက်သမားဆိုပြီး ချဉ်သူတွေက ချဉ်ကြပေါ့…ဒီထဲမှာမှ ထူးထူးခြားခြား ဖိုးသုအပေါ် စာနာ နားလည်မှု ကြီးပြီး ကရုဏာသက်လွန်းတာက ဖိုးသုနေထိုင်ရာ တစ်လမ်းကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအော င်မင်း သမီး မိသိဂီ … သူလေးနဲ့ ဖိုးသုနဲ့က သက်တူရွယ်တူ … ငယ်ငယ်တုန်းက ကျောင်းနေဖက် အတန်းဖော် သူငယ်ချင်းဖြစ်ခဲ့ဖူး တယ်။ ဖိုးသုရဲ့မွေးစားအဖေကိုဖိုးတေ မသေခင်က ဖိုးသုကို လေးတန်းအထိ
ကျောင်းထားပေးခဲ့တော့… ဖိုးသုမှာ လေးတန်းအထိတော့ ပညာသင်ပြီး သေစာရှင်စာလောက်တော့ ဖတ်တတ်တာပေါ့။
ဖိုးသုအရက်အမူးလွန်တဲ့ တစ်ညက … ဖိုးသုတစ်ယောက် သူများဒကာခံတိုက်တဲ့အရက်တွေနင်း ကန်သောက်ပြီး ဆိုက်ကားနင်းအပြန် လမ်းဘေးမြောင်းပေါက်ထဲ ဆိုက်ကားထိုးစိုက်လေတော့တယ်… လူကလည်း ဗွက်တွေလူးပြီး…လမ်းပေါ်မှာတင် အိပ်ပျော်နေတော့တယ်။ အဲ့အချိန်မှာ ရပ်ကွက်ထဲ
ပြောင်းလာတာ မကြာသေးတဲ့ ဘိုးအေးမောင်နဲ့ တွေ့လေရော … မြောင်းထဲ ကျနေတဲ့ဆိုက်ကားကော… လမ်းပေါ်မှာအိပ်ပျော်ကာ အေးပြီးတောင့်နေတဲ့ ဖိုးသုကိုကော အတင်းချီမကာ အိမ်ကိုခေါ်လာခဲ့ရှာတယ်။
အမှန်က ဘိုးအေးမောင်လည်း ကင်းပတ်နေတဲ့အချိန်မို့သာ…မဟုတ် ရင် ဖိုးသုမြောင်းထဲပြုတ်ကျရင်တောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး။ဘိုးအေးမောင်တစ်ယောက် အိမ်ရောက်တော့ “မခင်ရေ ကောင်လေးက ဗွက်တွေလည်းပေလူးပြီး လူကလည်း အေးစက်နေတယ်…ငါအ၀တ်ထုတ်ထဲက တစ်စုံလောက်ယူခဲ့ချည်။
နောက်ပြီး ရေဇလားနဲ့ရေ၀တ်ဖတ်လေးလည်း ယူခဲ့ဦး”ဟုဆိုကာ ဘိုးအေးမောင်တစ်ယောက် ဖိုးသုကို
ပြုစုပေးနေတော့တယ်။ အ၀တ်အစားတွေလဲပေး။ ကိုယ်လက်သန့်စင်ပေးပြီးမှ ဖိုးသုကိုအသာ အိပ်စေဖို့ရာ ခေါင်းအုံးလေးခု၊စောင်လေးခြုံလုပ်ထားပေးလေတယ်။
နာရီဝက် တစ်နာရီခန့်ကြာပြီးတဲ့အခါ “အာ….ဘယ်သူတွေလဲဗျ။ ကျွန်တော်ဘယ်ကိုရောက်နေတာလဲဗျ”
ဆိုပြီး ဖိုးသုမျက်စိကို ပွတ်သတ်ကာ အနီးကလူတွေကိုသေသေချာချာမော့ကြည့်လေတော့တယ်။ “အဖိုးကင်းတဲဆီကိုအသွား ငါ့သားဆိုက်ကားမှောက်ပြီး လမ်းဘေးထိုးကျနေတာတွေ့လို့ အိမ်ခေါ်လာ တာပါ။”ဟု ဘိုးအေးမောင်ကဆိုတော့တယ်။ “ဒါနဲ့အဖိုးတို့လင်မယားကိုကော ငါ့သား သိရဲ့လားကွဲ့” လို့ပြောတော့  “သိပါတယ်ဗျာ…အဖိုးတို့လင်မယားက
ရပ်ကွက်ထဲကိုပြောင်းလာတာ နှစ်လလောက်ရှိပြီဟုတ်။ အဖိုးက ရပ်ကွက်ရုံးနားမှာ
ကင်းစောင့်တာလေ…ကျွန်တော်သိပါ တယ်ဗျာ”ဟု ဖိုးသုက ဆိုလေတော့တယ်။ “ငါ့သားက
ငယ်ငယ်လေးနဲ့ ဘာလို့အရက်တွေသောက်နေရတာလဲ… အရက်သောက်တာ
မကောင်းပါဘူးသားရယ်”လို့ ဖိုးသုကို ကရုဏာသက်စွာကြည့်ရင်း ပြောနေတဲ့
ဘိုးအေးမောင်ကို … “ကျွန်တော်ဟာ မိမရှိ၊ ဖမရှိ၊ မိဘမဲ့တစ်ယောက်ပါ
အဖိုးရယ်…ဘ၀မှာ အမေရယ်ခေါ်စရာလည်းမရှိ။ အဖေလို့ အားကိုးစရာလည်းမရှိခဲ့ဘူး။
ငယ်ငယ်ကတည်းက ကျွန်တော်ဟာမိဘမဲ့ဆိုတော့ သူများလက်ပေါ်မှာကြီးပြင်းခဲ့ ရတယ်။
ကျွန်တော့်ရဲ့ မွေးစားအဖေဦးဖိုးတေဆုံးတော့ ကျွန်တော့်အသက်က
၁၁နှစ်ပဲရှိသေးတယ်… အဖေဦးဖိုးတေမရှိတော့တဲ့နောက်ပိုင်း
ဥူးဝိစိတ္တကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးက
ကျွန်တော့်ကိုသနားလို့ခေါ်ထားတယ် ။ ဘုန်းဘုန်းကြီး ပျံလွန်တော်မမူစဉ်အထိက
ဘုန်းကြီးကျောင်းဝေယျာဝစ္စတွေလု ပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းသားဘ၀နဲ့
ဆွမ်းကျန်ကွမ်းကျန်လေးလေးတွေစား ခဲ့ရတာပေါ့။ ဘုန်းဘုန်းကြီး
ပျံလွန်တော်မူပြီး နောက်တက်တဲ့ ဘုန်းဘုန်းရဲ့ တပည့်ဒကာ သားမြေးတွေ
နေရာယူတော့ ကျွန်တော်နေတဲ့၊စားတဲ့ ဘုံနေရာ ပျောက်ခဲ့ရတာပေါ့။ အဲဒီမှာပဲ
ကျွန်တော့်ကို သနားလို့ဆိုပြီး ၁၅နှစ် ၁၆နှစ်အရွယ်လေးမှာ ဈေးထဲက
ငါးစိမ်းရောင်းတဲ့ ဒေါ်ကုလားမက သူ့အိမ်မှာ ၀ိုင်းလုပ်ဝိုင်းစားဆိုပြီး
ခေါ်ထားပြန်တယ်။ သိပ်မကြာပါဘူးဗျာ။ နှစ်နှစ်၊သုံးနှစ်လောက်ပဲရှိဦး မယ်…သူက
တစ်ဘက်ရပ်ကွက်က ဖဲသမားဦးအောင်မင်းနဲ့
ခိုးရာလည်းလိုက်သွားပါရော…ကျွန် တော်လည်း အရွယ်လေးရောက်နေတော့
ကိုယ့်ဝမ်းရေးကိုယ့်ဟာကို ဖြေရှင်းရတော့တာပေါ့။ နေဖို့ကိုတော့ ရပ်ကွက်ထဲက
သနားတဲ့လူတွေက ဓနိလေးပျဉ်လေးပေးပြီး၊ အနောက်ဘက်အ၀ိုင်းထဲမှာ
တဲလေးထိုးနေလိုက်တယ်။ စားဖို့ကိုတော့ သိင်္ဂီမ ကောင်းမှုကြောင့် သူ့ဦးလေးဆီက
ဆိုက်ကားလေး ယူနင်းရင်း အူမတောင့်အောင် လုပ်ရတော့တာပေါ့ဗျာ။ တစ်ခါတစ်ခါ
လောကကြီးကိုလည်း စိတ်နာတယ်။ ချိုမြိန်စရာမကောင်းတဲ့ နေ့ရက်တွေကိုလည်း
စိတ်နာတယ်။ စိတ်နာစရာတွေများလို့ လောကကြီးမှာ အရာရာကို
ထပ်မသိချင်တော့လောက်အောင် ကျွန်တော်အရက်ကို ကိုးကွယ်ခဲ့တယ်။
ဒါနဲ့ပဲကျွန်တော်ဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့အရက်သမားလုံး လုံးလျားလျားဖြစ်သွားခဲ့တယ်ပေါ့ ”
ဘိုးအေးမောင် ဖိုးသုကိုသနားမိသွားတယ်။ “သားက အဖိုးမြေးလေးအရွယ်သာသာလေးပါ။
ဒါပေမယ့် သားလေး လောကကြီးက ဖြစ်ချင်သလိုဖြစ်ခွင့်မရပေမယ့်… ဖြစ်နေတာတွေကို
မကျေနပ်လို့ အရှုံးပေးဖို့တော့မကြိုးစားနဲ့။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာကို
ကိုယ်ဖန်တီးတာပါ သားရယ်… အတိတ်ပစ္စုပ္ပန်အကြောင်းတရားတွေေ ကြာင့် ဒီဘ၀မှာ
ပြည့်စုံချမ်းသာမှုမရှိတောင်မှ နောင်ဘ၀တွေ ကောင်းဖို့
အခုဘ၀မှာဖြည့်ဆည်းလို့ရပါတယ်…ကံ ဆိုတာက အလုပ်၊
ကိုယ်လုပ်တဲ့အလုပ်တွေကောင်းရင် ကံကောင်းလာမှာပါ။
ဖြစ်ချင်တာတွေမဖြစ်တိုင်း လောကကြီးကိုတော့အပြစ်မမြင်ပါနဲ့ သားရယ်”လို့
ဘိုးအေးမောင်က ဆုံးမလေတော့တယ်။
“ကဲဗျာ ညဆယ့်တစ်နာရီတောင်ထိုးတော့မယ်… အဖိုးလည်းကင်းတဲသွားရဦးမှာ…ကျွ န်တော်လည်း
ကိုယ့်အိမ်ကိုယ်ပြန်တော့မယ်”ဟု ဆိုကာ ဖိုးသုတစ်ယောက်
ဆိုက်ကားလေးကိုထုတ်ကာ ထွက်လာခဲ့လိုက်တော့တယ်။ ဆိုက်ကားကို သိဂီမတို့
ဦးလေးအိမ်ဝင်အပ်လိုက်တယ် … ညဥ့်နက်ကြီးထိ ဆိုက်ကားယူထားလည်း
တော်ရုံတန်ရုံဘာမှမပြောတတ်သော မိသိဂီမ၏ဦးလေးကို ဖိုးသု ကျေးဇူးတင်မိတယ်။
ဆိုက်ကားအပ်ပြီးတဲ့အခါ ဖိုးသု သူ့တဲလေးဆီ သူပြန်လာလိုက်တယ်။ ဖျာလေးပေါ်မှာ
ကျောခင်းရင်း အိပ်မောမကျသေးခင်အထိ ဘိုးအေးမောင်တို့ ဇနီးမောင်နှံကို
မျက်စိထဲမြင်ယောင်နေပြန်တော့တယ် ။
နောက်နေ့မိုးလင်းတော့ ဘိုးအေးမောင်တို့အိမ်ရှေ့နားလေး မှာ ဖွားခင်တစ်ယောက်
အ၀တ်တွေလျှော်ဖွတ် လှန်းနေတာတွေကို ဖိုးသုဆိုက်ကားလေးနဲ့နင်းဖြတ် ရင်း
တွေ့တော့ … “ဖွားခင် ဈေးသွားပြီးပြီလားဗျ။ ကျွန်တော်
ဈေးလိုက်ပို့ပေးမယ်လေ”လို့လည်း ဖိုးသုပြောကော “မနက်အစောကတည်းက
သွားပြီးပါပြီ..သားရဲ့။အိမ်ထဲ ၀င်ပြီး ရေနွေးလေးဘာလေးသောက်ပါဦးလား”ဟု
ဖွားခင်ဆိုတော့မှ ဖိုးသုအိမ်ထဲရောက်လာတော့တယ်။ “ဟာ…အဖိုးက
ညဘက်လည်းကင်းစောင့်ထားတာ အိမ်ရောက်တာ မအိပ်ဘူးလားဗျ”ဟုလည်း ဖိုးသုပြောကော
“မင်းအဖွားကအ၀တ်တွေထလျှော်တော့ အဖိုးကလည်း နောက်ဖေးမှာ
ထမင်းဟင်းချက်နေတာပေါ့ကွာ”လို့ ဘိုးအေးမောင်ကဆိုတယ်။ “အသက်ကကြီးလာတော့
အိပ်ဖို့ထက် အခြားအရေးကြီးတာတွေကို သိနားလည်လာတယ်..သားရဲ့။
မပြည့်စုံတဲ့ဘ၀မှာ နားနားနေနေဇိမ်ယူဖို့ဆိုတာ တကယ်ကိုခက်လှပါတယ်ကွာ။
မင်းအဖွားက မနက်အစောကြီးအဖိုးပြန်မလာခင် ကော်ဖီဖျော် ၊
ပဲပြုတ်ထမင်းနယ်လုပ်ထားတယ်… အဖိုးပြန်လာရင်အဆင်သင့်စားလိုက် ရုံပဲ။
အဖိုးအိမ်ပြန်ရောက်မှ သူကဈေးသွားတာ။ သူဈေးသွားတုန်းအဖိုးက
ထမင်းဟင်းချက်ပြုတ်ပေးထားလိုက် တာပေါ့ကွာ”ဆိုပြီး
ဘိုးအေးမောင်တို့ဇနီးမောင်နှံရဲ့ 
နံနက်ခင်းဖြစ်စဉ်လေးတွေကိုပြော ပလေတော့တယ်။ “အဖိုးနဲ့အဖွားမှာ
သားသမီးမရှိဘူးလားဗျ။ အဖိုးကအသက်ကြီးပြီပဲဟာ
ဘာလို့ညစောင့်လုပ်နေသေးတာလဲဗျာ” လို့ ဖိုးသုကပြောတော့
“အဖိုးတို့ကသားသမီးမထွန်းကားဘူး ဒီရပ်ကွက်ကို ပြောင်းမလာခင်က
မင်္ဂလာဒုံဘက်က ဂိုထောင်တစ်ခုမှအစောင့်လုပ် ကြတယ်လေ။ ဒီမှာတော့
အဖိုးမှညစောင့်မလုပ်ရင် တို့လင်မယား ဘာနဲ့သွားစားမလဲကွ”လို့ပြောရင်း
ဘိုးအေးမောင် ပြုံးလေတယ်။ “ကဲ..အဖိုးရေ အချိန်လေးရှိခိုက်
လုံ့လစိုက်လိုက်ဦးမယ်”လို့ဆို ကာ ရေနွေးခွက်လေး ကြမ်းပေါ်ချလို့
ဆိုက်ကားနင်းထွက်သွားလေတော့တယ်။
နေ့ခင်းထမင်းစားချိန်လည်းရောက်ေ ကာ … “ဖွားခင်ရေ အဖွား…ကျွန်တော်ဒီမှာ
အဖွားတို့ အချိုတည်းရအောင် ဖီးကြမ်းတစ်ဖီးနဲ့ လက်ဖက်ရည်လေးဝယ်လာတယ်”လို့
ဖိုးသု အိမ်ရှေ့ကနေ အော်ပြောလေတော့တယ်။ “ဟေ…ငါ့သားက ဒုက္ခရှာလို့ကွာ။
လာလာ…သားကိုအဖိုးတစ်ခုပြောရဦး မယ်ကွ။ အုပ်ချုပ်ရေးမှူးသမီးလေး သိင်္ဂီက
အစောက အဖိုးတို့ဆီလာသွားတယ်။ သူတို့လုပ်အားပေးလုပ်နေတဲ့
နေ၀င်ဆည်းဆာဆိုတဲ့ ပရဟိတလူမှုကူညီရေးအသင်းလေးကနေ အဖိုးတို့ကို
အထောက်အပံ့ပေးမယ့် အကြောင်း လာပြောသွားတယ်..သားရေ”ဆိုပြီး
ဖိုးသုကိုပြောပြလေတော့တယ်။ “ကဲသား..အဖွားတို့ဆီမှာပဲ ထမင်းစားသွားချည်။
နေ့လည်စာမစားရသေးဘူးဟုတ်။ အဖွားထည့်ခဲ့လိုက်မယ်”ဟုဆိုကာ
နောက်ဖေးဘက်ဝင်သွားလေတယ်။ ဖိုးသုတစ်ယောက် ထမင်းစား နေရင်းကနေ
“သိင်္ဂီမတို့လုပ်နေတဲ့ နေ၀င်ဆည်းဆာ ပရဟိတလူမှုကူညီရေးအသင်းက ဘာလို့
အဖိုးတို့ကို ထောက်ပံ့မှာလဲ..အဖိုးရ။ ကျွန်တော်မရှင်းလို့နော်”လို့
မေးတော့ “သူပြောပြတာတော့..သားရယ်။
သားသမီးမရှိ။နွမ်းပါးချို့တဲ့မေ ပြလည်တဲ့ သက်ကြီးရွယ်အို တွေကို
သူတို့အသင်းက လစဉ်ထောက်ပံ့ငွေပေးလှူမယ်ဆိုလား ..အဲဒါ မင်းအဖွားကော၊
အဖိုးကော ရမယ်လို့ပြောသွားတယ်သားရ”လို့ ဘိုးအေးမောင် ပြောပြလေတော့တယ်။
ဖိုးသုခါတိုင်းလို ဘုံဆိုင်မသွားတော့တာကြာပြီ…တစ်ေ န့သော ညနေမှာ
လမ်းထိပ်လက်ဖက်ရည်ဆိုင်ကနေ သိင်္ဂီမပြန်အလာကို စောင့်နေလေတယ်။ “ဟေ့…
သိင်္ဂီမလာဦးဟ။ လက်ဖက်ရည်သောက်ဦး”ဆိုပြီး ဖိုးသုလှမ်းခေါ်တော့ “အမလေး။
ကြားသား မိုးကြိုး..ကိုယ်တော်က အရက်ဆိုင်မထိုင်ဘဲ ဘယ်လိုလုပ်
လက်ဖက်ရည်သောက်နေတာလဲ”လို့ သိင်္ဂီက ခနဲ့တော့တယ်။ နင်အပိုတွေမပြောနဲ့။
“ငါအရက်သောက်ရင်လည်း ငါကိစ္စ။ ငါအရက်မသောက်ရင်လည်း ငါ့ကိစ္စ။ ဘာလဲ နင်က
ငါ့ကို အရက်သောက်နေတာ မြင်ချင်လို့လား”လို့ ဖိုးသုက ပြန်၍ အငေါ်တူးတယ်။
သိင်္ဂီက “နင်ဟာလေ…တော်တော်ပဲ။ ငါ့နင့်အပေါ် ဘယ်လောက်စေတနာထားလဲ
နင်လည်းမသိတာမဟုတ်ဘူး”ဆိုပြီး မျက်စောင်းလေးထိုးလိုက်တော့တယ်။ “အေးပါဟာ။
ငါသိပါတယ်။ တစ်ရပ်ကွက်လုံးမှာ ငါ့အပေါ်ကောင်းတဲ့သူဆိုလို့ နင်ရယ်၊
ဘိုးအေးမောင်တို့လင်မယားရယ်ပဲရှိတာ။ ငါ့အပေါ်ကောင်းတဲ့သူတွေရဲ့ စေတနာကို
ငါနားလည်ပါတယ်”လို့ ဖိုးသုပြောလေတော့တယ်။ “ငါအရက်မသောက်ဖြစ်တာ ကြာပြီ
သိင်္ဂီ။ ဆိုက်ကားမှောက်ပြီးညကတည်းက ဆိုပါတော့။ အဲ
ဆိုက်ကားမှောက်တာကြောက်လို့တော့ မဟုတ်ဘူးနော်။ နင်သိပါတယ်။ ငါဆိုတဲ့ကောင်က
ဘာကိုမှ သိပ်ဂရုစိုက်တာမဟုတ်ဘူး။ ဒါပေမယ့် ငါ ရှက်လို့
မသောက်ဖြစ်တော့တာဟ”လို့ ဖိုးသု သိင်္ဂီကို ရင်ဖွင့်လေတော့တယ်။ “နင်က
ဘာကိုရှက်တာလဲ ဖိုးသုရဲ့။ နင့်ကို ဆိုက်ကားမှောက်တဲ့အကြောင်း
ဘယ်သူကပြောလို့လဲ။ ဘယ်သူတွေလှောင်လို့ရှက်တာလဲ”လို့  သိင်္ဂီကပြောတော့
“နင်ကလည်းဟ။ အရက်သမား မူးလို့မှောက်လဲတာဆန်းလား။ ဒါကိုလှောင်ရင်တော့
လှောင်တဲ့သူက အရူးပဲ။ ဒါ့အတွက်တော့ ငါမရှက်ပါဘူး။ ငါရှက်တာက အသက်
နှစ်ဆယ်ကျော်ကျော်ငါက ခြောက်ဆယ့်ရှစ်နှစ်ကျော်အဖိုးေ လာက်တောင်
လောကကြီးကို ရင်ဆိုင်ရဲဖို့သတ္တိတွေမရှိခဲ့တာ ။ အလိုမကျလို့အရာရာကို
အရှုံးပေးပြီး အရက်တွေကို နေ့ရောညပါသောက်နေခဲ့မိတာ။ ငါရှက်သွားမိတယ်ဟာ။
ငါလေ လောကကိုအရှုံးမပေးချင်ဘူး။ လောကကြီးကိုအနိုင်ပြန်ယူချင်တယ် ။
ငါမေ့ထားခဲ့တဲ့ ငါ့နေ့တွေ၊ ငါဥပေက္ခာပြုခဲ့တဲ့ ငါ့ညတွေကို
ငါပြန်ယူဖို့ကြိုးစားရမယ်။ ငါ့ဘ၀ကောင်းအောင်
ငါတည်ဆောက်ချင်တယ်ဟာ…ငါဖြစ်ချင် တာတွေကို ဖြစ်အောင်လုပ်ဖို့တော့
စဉ်းစားဆုံးဖြတ်ပြီးသား…ဒါ့ကြော င့်
ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းနင့် ကိုတိုင်ပင်ပြောပြတာသိင်္ဂီရ”လို့
ဖိုးသုပြောလေတော့တယ်။ “ငါ သိပ်ဝမ်းသာတာပဲ ဖိုးသုရယ်။ နင်တကယ်
အရက်မသောက်တော့ဘူးဆိုလို့ ငါအရမ်းဝမ်းသာတယ်။ နင့်ဆီက
ဒီလိုစကားတွေကြားရတာလည်း တကယ်ပါ ငါပျော်တယ်။ နင်တကယ်အရက်မသောက်ဘဲ
နေနိုင်သွားပြီပေါ့နော်”လို့ သိင်္ဂီကပြောတော့ “အစကတော့ ငါလည်း နေညိုရင်
လေပြိုတယ်ဟ…နောက်တော့လည်း ယောက်ျားပဲဆိုတဲ့ မာနနဲ့ ကြိုးစားထိန်းလိုက်တာ။
အခုတော့ လက်ဖက်ရည်ပဲသောက်တော့တယ် သိင်္ဂီရာ”ဆိုပြီး
ဖိုးသုပြုံးကာပြောလေတော့တယ်။ “ကဲ ဖိုးသု ငါတို့ပြန်ကြမယ်။ မနက်ကျရင်
ငါရုံးမသွားခင် နင်နဲ့အတူ မုန့်သွားစားမယ်။ နင့်အိမ်ကို
ငါခေါ်လိုက်မယ်နော်”လို့ပြောရင်း နှစ်ဦးသား လက်ဖက်ရည်ဆိုင်ကနေ
ထထွက်လာကြတယ်။
မိုးလင်းလို့ သိင်္ဂီနဲ့ဖိုးသု နှစ်ဦးသား
လက်ဖက်ရည်ဆိုင်ထိုင်မုန့်စားတဲ့ အခါ … “နင်တို့ရဲ့ နေ၀င်ဆည်းဆာ
အသင်းလေးအကြောင်း ငါ့ကိုပြောပြ သိင်္ဂီ”ဆိုပြီး ဖိုးသုက စကားဆိုတယ်။ “အေးဟ။
ငါတို့အသင်းလေးက လူမှုကူညီရေးပရဟိတအသင်းလေးလေ။ လူမှုပတ်ဝန်းကျင်က
လိုအပ်တဲ့အကူအညီတွေကိုပေးတယ်။ ကလေးသူငယ်တွေအရေး၊
သက်ကြီးဘိုးဘွားတွေရဲ့အရေးကို ကူညီဖြေရှင်းပေးတယ်။ နောက်ပြီး
အိုမင်းမစွမ်းတဲ့ ဘိုးဘွားတွေကို တစ်လကို ထောက်ပံ့ကြေး နှစ်သောင်းဆီနဲ့
လှူဒါန်းပေးအပ်ကြတယ်ဟ”ဆိုပြီး သိင်္ဂီက ရှင်းပြလေတယ်။ “ဒီတနင်္ဂနွေကျရင်
ငါတို့ရွှေပြည်သာထဲမှာပဲ (၄၆)ရပ်ကွက်ဘက်က အဖိုးနဲ့အဖွားဆီကို
သွားလှူဒါန်းဖို့ရှိတယ်။ နင်က စိတ်ဝင်စားတယ်မဟုတ်လား။
အဲ့နေ့လိုက်ခဲ့လေနော်”ဆိုပြီး သိင်္ဂီက ခေါ်လေတယ်။ “အေးပါ။အဲ့နေ့
ငါလိုက်ခဲ့မယ်။ နင်လည်း ရုံးတက်ရဦးမှာ။ သွားရင်သွားတော့။
အကိုရေ..လက်ဖက်ရည် ပုံမှန်နှစ်ခွက် ပါဆယ်နော်”ဆိုပြီး ဖိုးသု
ဆိုင်ထဲကိုလှမ်းအော်လိုက်တယ်။
ဘိုးအေးမောင်တို့ အိမ်လေးထဲကို ဖိုးသုဝင်သွားပြီး “အဖိုးနဲ့အဖွားအတွက်
ဒီမှာကျွန်တော်လက်ဖက်ရည်ဝယ်လာ တယ်။ ခွက်ထဲ ထည့်ထားလိုက်မယ်နော်”ဆိုပြီး
သောက်ဖို့ရာ ပြင်ဆင်ပေးလိုက်တယ်။ “ငါ့သားကြီးကို သိင်္ဂီလေးက
အတော့်ကိုခင်ရှာတယ်နော်။ မနက်က သားတို့နှစ်ယောက် အိမ်ရှေ့က
ဖြတ်သွားတာအဖိုးတွေ့လိုက်တယ်”လို့ ဘိုးအေးမောင်ကပြောတော့ “ဟုတ်တယ်။အဖိုး…
သူက ကျွန်တော့်အပေါ်အတော်ကောင်းရှာတဲ့ သူငယ်ချင်းပါ။
ဒီတစ်ရပ်ကွက်လုံးမှာလည်း သိင်္ဂီနဲ့အဖိုးတို့လင်မယားပဲ ကျွန်တော့်ရဲ့
တွယ်တာစရာပေါ့ဗျာ”လို့ပြောရင်း ဖိုးသုရယ်လေတော့တယ်။
“အဖိုးတို့အိမ်နောက်ဖေးကြမ်းတွေ ဆွေးနေပြီ။ ကျွန်တော်ပျဉ်ချပ်လေးတွေ
ဝယ်ပြီး အသစ် ပြန်ရိုက်ပေးခဲ့မယ်နော်။ အဖိုးကို
ကျွန်တော်ပြောရဦးမယ်။ဒီလာမယ့် တနင်္ဂနွေကျရင် သိင်္ဂီနဲ့ကျွန်တော်
သူတို့ပရဟိတအသင်းက သွားလှူမယ့် (၄၆)ရပ်ကွက်က အဖိုးနဲ့အဖွားဆီ သွားမှာဗျ။
ကျွန်တော်လည်း သိင်္ဂီတို့လို ပရဟိတအလုပ်လေးတွေ လုပ်ကြည့်ချင်လို့လေ။
တစ်သက်လုံးဆိုးပေလာပြီး ဖြစ်သလိုနေလာတဲ့ကောင်ဆိုတော့ ဘယ်လိုနေရမယ်။
ဘယ်လိုလုပ်ကိုင်ရမယ်။ ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေတော့မသိ ဘူးရယ်”လို့ ဖိုးသုက
သူ့အဖိုးကို ပြောပြလေတော့တယ်။ “ငါ့သားက ဘ၀ကိုဖြစ်သလို
နေလာခဲ့တာလေးကလွှဲရင် စာရိတ္တသတ္တိကောင်းတဲ့သူပါ။ အဲ့လိုလူမျိုးက ဘယ်တော့မှ
ဒုက္ခမရောက်ဖူးသား”လို့ အဖိုးက ပြောလိုက်တယ်။ “ကျွန်တော် တကယ်ပြောတာ
အဖိုးရ။ ဘ၀မှာလေ … ကျွန်တော့်ကို မေတ္တာပေးပြီး
နွေးနွေးထွေးထွေးဆက်ဆံတာမျိုးကိုမကြုံဖူးသလို။
ဆုံးမစကားတွေနဲ့စောင့်ရှောက်တာ မျိုးလည်းမခံစားဖူးဘူး။ တစ်သက်မှာ တစ်ခါမှ
မခေါ်ဖူးတဲ့ အဖေ၊အမေဆိုတဲ့ နာမ၀ိသေသနတွေကိုလည်း တစ်ခါတစ်ခါ ကျွန်တော်
ခေါ်ပိုင်ခွင့်ရချင်တယ်။ အဲ့လိုပဲ သူများမိဘတွေက သူတို့သားသမီးတွေကို
သားလို့ခေါ်တဲ့အခါမျိုးမှာလည်း ကျွန်တော့်ကို ခေါ်မယ့်ဂရုစိုက်မယ့်သူကို
ကျွန်တော်မျှော်လင့်မိတယ်။ အဲ့လို
ကျွန်တော်မရဘူးတဲ့မေတ္တာတွေ၊နွေး ထွေးမှု၊ဂရုစိုက်မှုတွေကို အဖိုးတို့ဆီက
ရခဲ့တယ်…အဲ့အတွက် သားတကယ်ကျေးဇူးတင်ပါတယ်။ လူဟာမျှော်လင့်မိရင်
မျှော်လင့်မိသလောက် ခံစားရတတ်တယ်ဆိုတာ…တကယ်အမှန်ပဲ အဖိုး။ အခုဆိုရင်
ကျွန်တော် မျှော်လင့်မိခဲ့တဲ့အရာတွေ တကယ်ကိုရနေပါပြီ။အရာရာ
လှပလာပြီလို့တော့ထင်တာပဲ။ လောကကြီးရဲ့အလှကို ခံစားဖို့ ခံစားနိုင်တဲ့
မျက်စိ၊စိတ်၊နှလုံးသားတို့သာလို တယ်ဆိုတာ..ကျွန်တော်ယုံသွားပြီ အဖိုးရေ”
လို့ပြောပြီး ဖိုးသုတစ်ယောက် နှစ်နှစ်ကာကာကြီး ပြုံးနေတော့တယ်။
တနင်္ဂနွေ မနက်စောစောက သိင်္ဂီကလာခေါ်လေတယ်။ “ဖိုးသုရေ … သွားကြမယ်ဟေ့”ဆိုပြီး
နှစ်ယောက်သား ထွက်လာခဲ့လိုက်တယ်။ “အခုသွားမယ့် အဖိုးနဲ့အဖွားက အဖိုးက
အသက်၆၅နှစ်။ အဖွားက အသက်၆၇နှစ်။ နှစ်ယောက်စလုံးက သားသမီးမရှိဘူး။ အဖိုးက
မုန့်ဖတ်ထုပ်ရောင်းတယ်။”လို့ သွားမယ့် ဘိုးဘွားနှစ်ဦးအကြောင်းလေးကို
သိင်္ဂီကပြောပြနေတယ်။ တကယ်တမ်း ရောက်သွားတော့လည်း သိင်္ဂီပြောပြတဲ့အတိုင်း
တဲစုတ်လေးထဲမှာ နွမ်းပါးတဲ့ ဘိုးဘွားစုံတွဲလေးကို ဖိုးသုတွေ့ရလေတယ်။
ဖိုးသုမှာ သနားလို့ဆိုပြီး အိပ်ကပ်ထဲက ငွေတစ်ထောင့်ငါးရာနဲ့
ဖီးကြမ်းလေးတစ်ဖီး ၀ယ်ကန်တော့ခဲ့လိုက်သေးတယ်။
“ငါပျော်တယ်။သိင်္ဂီ..ငါ့စိတ်ထဲ တစ်ခုခုကြီးဆို့နင့်နေသလိုပဲ။အဲ့ အရာက
ကြည်နူးမှုလားမသိဘူး။ ငါခေါင်းစဉ်မတပ်တပ်ဘူး။ ဒါပေမယ့် ငါတကယ်ဝမ်းသာတယ်။
ဒီလိုမျိုးကုသိုလ်ပီတရအောင် ပါရမီဖြည့်ပေးတဲ့နင့်ကို ငါကျေးဇူးတင်တယ်
သိင်္ဂီရာ။ နောက်ကို ငါတို့အမြဲဒီလိုသွားကြ။လှူကြမယ် နော်”လို့ပြောကာ
ပီတိတွေနဲ့ပျော်နေရှာတယ်။
နှစ်ဦးသား ပြန်လာရာလမ်းမှာ ရပ်ကွက်ထဲက ၁၃နှစ်အရွယ်
၀၀ပြည့်ပြည့်ပိုက်ဆံတောင်းတဲ့ကေ လး မောင်ပေါက်စီလေးကို ဖိုးသု တွေ့မိတယ်။
ကောင်းမှုကုသိုလ်ပြုပြီး ပီတိပွားနေတဲ့ ဖိုးသုက မောင်ပေါက်စီကို မုန့်ဖိုး
ငါးရာ လှမ်းပေးမယ်လုပ်လို့ “ဟေ့…ညီလေး ပေါက်စီ လာဦး ရော့ ဒီမှာ မင်းကို
မုန့်ဖိုးပေးမယ်”ဆိုလို့ မောင်ပေါက်စီက လမ်းပေါ်တက်လျှောက်နေရာက
ဖိုးသုတို့ဘက်ကို လမ်းဖြတ်အကူး ဒိုင်နာကားကြီးတစ်စီးဝင်လာလို့ ဖိုးသု
လှမ်းဆွဲတွန်းလိုက်တယ်။ ခဏတွင်းချင်းမှာ ဖိုးသုအရာရာကို မမြင်တော့ဘဲ …
ဖိုးသုဆိုတဲ့ အသံလေးလည်း လွင့်ပြယ်ခဲ့တယ်။ တစ်သက်လုံး
ဆိုးဆိုးပေပေနေလာတဲ့ နင့်ကို လူကောင်းကြီးအဖြစ် မြင်ရပြီဆိုမှ … နင်က
ငါ့ကိုထားသွားပြီ။ လောကကြီးကို လျစ်လျုရှုခဲ့တုန်းကတော့ လောကကြီးက
မငြူစူဘဲ လောကကြီးကို အကျိုးပြုမယ်ဆိုတော့မှ …. ဘာလို့ နင့်ကို
ခပ်မြန်မြန် နှင်သွားရတာလဲ “ဖိုးသု . . . . ဖိုးသု လို့ ငယ်သံပါအောင်
အာခေါင်တွေကွဲထွက် ငိုကြွေးနေရှာတဲ့ သိင်္ဂီရဲ့အသံတွေကိုတော့
ဖိုးသုမှာကြားနိုင်တော့မယ်မထင် ပါ . . . ။ ။
ဖိုးသုည
၃၁.၁၂.၂၀၁၄ (ဗုဒ္ဓဟူးနေ့)
ကားဂိတ်ကို ရောက်တော့ကိုဖိုးထောင်ကြီးက သနားပြီး ဆိုက်ကားခအပြင် ထမင်းစားဖို့မုန့်ဖိုး
တစ်ထောင်ပေးခဲ့လေရဲ့။လက်ထဲ ငွေစလေးရောက်တာနဲ့ ဘုံဆိုင်ကို အပြေးလေးနှင်တော့တဲ့ ဖိုးသုည ...
ဒေါ်ဝိုင်းစိန်ရေ “ဇေတစ်လုံးနဲ့ လက်ဖက်သုပ် တစ်ပွဲချဗျာ” … “ဟဲ့ ဖိုးသု နင်နော် အကြွေးစာရင်းမှာတောင် သုံးထောင်ဖြစ်နေပြီ…နင့်အကြွေးေ
တွေ့လား…ဘယ်သူမှ ခင်ဗျားဆီက အကြွေးမသောက်ဘူး။ အရင်အကြွေးကို အရင်အကြွေးစာရင်း
အတိုင်းမှတ်ထား
အမတ်များလိုပဲ အကြောင်းအကျိုးမသိဘဲလွှတ်ဆော်ဖို့ပဲ …. ဟားဟား ဟား …. ရယ်ရယ်ပြောပြောနဲ့ ဖိုးသုတစ်ယောက်မှာသောက်ချင်တဲ့ အရက် စားပွဲသောက်လည်းရောက်ကော တရစပ်မော့တော့တာပါပဲ …
ဖိုးသုတစ်ယောက် ခေါင်းမထောင်နိုင်အောင်မူးပြီဆိ
အမေစုပဲရှိတယ်ဗျ… သားတို့အားလုံးရဲ့အမေ မြန်မာပြည်ရဲ့မိခင် ခွပ်ဒေါင်းတို့ရဲ့အရှင်ရေ”…ဆို
ဆိုင်မှာသောက်နေတဲ့သူတွေ မင်းရဲ့ အာပြဲသံကြီးနဲ့ အနှောင့်အယှက်ဖြစ်တယ်…ပြန်တော့
ပြန်တော့ကွာ”ဆိုပြီး ဒေါ်ဝိုင်းစိန်ရဲ့ယောင်္ကျား ဦးလှဆွေက ပြောလေတော့တယ်။
ဒီလိုနဲ့ ရေချိန်ကိုက်ပြီး ဆိုက်ကားကို ဒယိမ်းဒယိုင်နင်းလာတဲ့ဖိုးသုတစ်ယောက် … လမ်းမှာ ဟိုလူတိုက်မိတော့မလို၊ ဒီလူတိုက်မိတော့မလိုနဲ့… “အာ…ဒီကောင်တော့ ငါတို့ကိုတိုက်မိတော့မှာပဲ…
မူး
ပြောဆိုကြတာပေါ့ … ဖိုးသုမှာတော့ လူအများမေတ္တာခံယူပြီးအိမ်ပြန်ခဲ့ရှာပေါ… “အဲ့ကောင် ဖိုးသုညဟာ မိဘမဲ့လေးမို့ အများကကရုဏာသက်မလား မပြောနဲ့… ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်နေတဲ့ကောင်…
ရုပ်ကလေးက သနားကမားနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားကိုဖြစ်လို့” ဟုတ်ပ။ ကိုမြင့်ဇော်ရေ …
ဒီလိုကောင်မျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးသမီး မိသိဂီက ဘယ်ဘ၀ရေစက်ရယ်မှန်းမသိ…စေတနာ
ရပ်ကွက်ကလူတွေ ပြောရင်လည်း ပြောစရာပေလေ… ဖိုးသုကို သနားလို့ မုန့်ဖိုးပဲဖိုးများပေးရင် သူက ဘုံဆိုင်ကို တန်းလစ်တော့တာ။ အရက်ကြီးပုံမှန်သောက်သုံးကာ မှီဝဲလေတော့ ရုပ်သွင်က ရှိရင်းစွဲ
၂၂နှစ်ထက်ကို ပိုရင့်ရော်လို့နေတော့တယ်။ ဖိုးသုက အရက်သာသောက်တာ ငါးပါးသီလမှာ
လေးပါးအပြည့်လုံတယ်နော်…မဖောက်
ကျောင်းထားပေးခဲ့တော့… ဖိုးသုမှာ လေးတန်းအထိတော့ ပညာသင်ပြီး သေစာရှင်စာလောက်တော့ ဖတ်တတ်တာပေါ့။
ဖိုးသုအရက်အမူးလွန်တဲ့ တစ်ညက … ဖိုးသုတစ်ယောက် သူများဒကာခံတိုက်တဲ့အရက်တွေနင်း
ပြောင်းလာတာ မကြာသေးတဲ့ ဘိုးအေးမောင်နဲ့ တွေ့လေရော … မြောင်းထဲ ကျနေတဲ့ဆိုက်ကားကော…
အမှန်က ဘိုးအေးမောင်လည်း ကင်းပတ်နေတဲ့အချိန်မို့သာ…မဟုတ်
နောက်ပြီး ရေဇလားနဲ့ရေ၀တ်ဖတ်လေးလည်း ယူခဲ့ဦး”ဟုဆိုကာ ဘိုးအေးမောင်တစ်ယောက် ဖိုးသုကို
ပြုစုပေးနေတော့တယ်။ အ၀တ်အစားတွေလဲပေး။ ကိုယ်လက်သန့်စင်ပေးပြီးမှ ဖိုးသုကိုအသာ အိပ်စေဖို့ရာ ခေါင်းအုံးလေးခု၊စောင်လေးခြုံလုပ်ထားပေးလေတယ်။
နာရီဝက် တစ်နာရီခန့်ကြာပြီးတဲ့အခါ “အာ….ဘယ်သူတွေလဲဗျ။ ကျွန်တော်ဘယ်ကိုရောက်နေတာလဲဗျ”
ဆိုပြီး ဖိုးသုမျက်စိကို ပွတ်သတ်ကာ အနီးကလူတွေကိုသေသေချာချာမော့ကြည့်လေတော့တယ်။ “အဖိုးကင်းတဲဆီကိုအသွား ငါ့သားဆိုက်ကားမှောက်ပြီး လမ်းဘေးထိုးကျနေတာတွေ့လို့ အိမ်ခေါ်လာ တာပါ။”ဟု ဘိုးအေးမောင်ကဆိုတော့တယ်။ “ဒါနဲ့အဖိုးတို့လင်မယားကိုကော ငါ့သား သိရဲ့လားကွဲ့” လို့ပြောတော
ရပ်ကွက်ထဲကိုပြောင်းလာတာ နှစ်လလောက်ရှိပြီဟုတ်။ အဖိုးက ရပ်ကွက်ရုံးနားမှာ
ကင်းစောင့်တာလေ…ကျွန်တော်သိပါ
ငယ်ငယ်လေးနဲ့ ဘာလို့အရက်တွေသောက်နေရတာလဲ… အရက်သောက်တာ
မကောင်းပါဘူးသားရယ်”လို့ ဖိုးသုကို ကရုဏာသက်စွာကြည့်ရင်း ပြောနေတဲ့
ဘိုးအေးမောင်ကို … “ကျွန်တော်ဟာ မိမရှိ၊ ဖမရှိ၊ မိဘမဲ့တစ်ယောက်ပါ
အဖိုးရယ်…ဘ၀မှာ အမေရယ်ခေါ်စရာလည်းမရှိ။ အဖေလို့ အားကိုးစရာလည်းမရှိခဲ့ဘူး။
ငယ်ငယ်ကတည်းက ကျွန်တော်ဟာမိဘမဲ့ဆိုတော့ သူများလက်ပေါ်မှာကြီးပြင်းခဲ့
ကျွန်တော့်ရဲ့ မွေးစားအဖေဦးဖိုးတေဆုံးတော့ ကျွန်တော့်အသက်က
၁၁နှစ်ပဲရှိသေးတယ်… အဖေဦးဖိုးတေမရှိတော့တဲ့နောက်ပိ
ဥူးဝိစိတ္တကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးက
ကျွန်တော့်ကိုသနားလို့ခေါ်ထားတယ်
ဘုန်းကြီးကျောင်းဝေယျာဝစ္စတွေလု
ဆွမ်းကျန်ကွမ်းကျန်လေးလေးတွေစား
ပျံလွန်တော်မူပြီး နောက်တက်တဲ့ ဘုန်းဘုန်းရဲ့ တပည့်ဒကာ သားမြေးတွေ
နေရာယူတော့ ကျွန်တော်နေတဲ့၊စားတဲ့ ဘုံနေရာ ပျောက်ခဲ့ရတာပေါ့။ အဲဒီမှာပဲ
ကျွန်တော့်ကို သနားလို့ဆိုပြီး ၁၅နှစ် ၁၆နှစ်အရွယ်လေးမှာ ဈေးထဲက
ငါးစိမ်းရောင်းတဲ့ ဒေါ်ကုလားမက သူ့အိမ်မှာ ၀ိုင်းလုပ်ဝိုင်းစားဆိုပြီး
ခေါ်ထားပြန်တယ်။ သိပ်မကြာပါဘူးဗျာ။ နှစ်နှစ်၊သုံးနှစ်လောက်ပဲရှိဦး
တစ်ဘက်ရပ်ကွက်က ဖဲသမားဦးအောင်မင်းနဲ့
ခိုးရာလည်းလိုက်သွားပါရော…ကျွန်
ကိုယ့်ဝမ်းရေးကိုယ့်ဟာကို ဖြေရှင်းရတော့တာပေါ့။ နေဖို့ကိုတော့ ရပ်ကွက်ထဲက
သနားတဲ့လူတွေက ဓနိလေးပျဉ်လေးပေးပြီး၊ အနောက်ဘက်အ၀ိုင်းထဲမှာ
တဲလေးထိုးနေလိုက်တယ်။ စားဖို့ကိုတော့ သိင်္ဂီမ ကောင်းမှုကြောင့် သူ့ဦးလေးဆီက
ဆိုက်ကားလေး ယူနင်းရင်း အူမတောင့်အောင် လုပ်ရတော့တာပေါ့ဗျာ။ တစ်ခါတစ်ခါ
လောကကြီးကိုလည်း စိတ်နာတယ်။ ချိုမြိန်စရာမကောင်းတဲ့ နေ့ရက်တွေကိုလည်း
စိတ်နာတယ်။ စိတ်နာစရာတွေများလို့ လောကကြီးမှာ အရာရာကို
ထပ်မသိချင်တော့လောက်အောင် ကျွန်တော်အရက်ကို ကိုးကွယ်ခဲ့တယ်။
ဒါနဲ့ပဲကျွန်တော်ဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့အရက်သမားလုံး
ဘိုးအေးမောင် ဖိုးသုကိုသနားမိသွားတယ်။ “သားက အဖိုးမြေးလေးအရွယ်သာသာလေးပါ။
ဒါပေမယ့် သားလေး လောကကြီးက ဖြစ်ချင်သလိုဖြစ်ခွင့်မရပေမယ့်…
မကျေနပ်လို့ အရှုံးပေးဖို့တော့မကြိုးစားနဲ့။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာကို
ကိုယ်ဖန်တီးတာပါ သားရယ်… အတိတ်ပစ္စုပ္ပန်အကြောင်းတရားတွေေ
ပြည့်စုံချမ်းသာမှုမရှိတောင်မှ နောင်ဘ၀တွေ ကောင်းဖို့
အခုဘ၀မှာဖြည့်ဆည်းလို့ရပါတယ်…ကံ
ကိုယ်လုပ်တဲ့အလုပ်တွေကောင်းရင် ကံကောင်းလာမှာပါ။
ဖြစ်ချင်တာတွေမဖြစ်တိုင်း လောကကြီးကိုတော့အပြစ်မမြင်ပါနဲ
ဘိုးအေးမောင်က ဆုံးမလေတော့တယ်။
“ကဲဗျာ ညဆယ့်တစ်နာရီတောင်ထိုးတော့မယ်…
ကိုယ့်အိမ်ကိုယ်ပြန်တော့မယ်”ဟု ဆိုကာ ဖိုးသုတစ်ယောက်
ဆိုက်ကားလေးကိုထုတ်ကာ ထွက်လာခဲ့လိုက်တော့တယ်။ ဆိုက်ကားကို သိဂီမတို့
ဦးလေးအိမ်ဝင်အပ်လိုက်တယ် … ညဥ့်နက်ကြီးထိ ဆိုက်ကားယူထားလည်း
တော်ရုံတန်ရုံဘာမှမပြောတတ်သော မိသိဂီမ၏ဦးလေးကို ဖိုးသု ကျေးဇူးတင်မိတယ်။
ဆိုက်ကားအပ်ပြီးတဲ့အခါ ဖိုးသု သူ့တဲလေးဆီ သူပြန်လာလိုက်တယ်။ ဖျာလေးပေါ်မှာ
ကျောခင်းရင်း အိပ်မောမကျသေးခင်အထိ ဘိုးအေးမောင်တို့ ဇနီးမောင်နှံကို
မျက်စိထဲမြင်ယောင်နေပြန်တော့တယ်
နောက်နေ့မိုးလင်းတော့ ဘိုးအေးမောင်တို့အိမ်ရှေ့နားလေး
အ၀တ်တွေလျှော်ဖွတ် လှန်းနေတာတွေကို ဖိုးသုဆိုက်ကားလေးနဲ့နင်းဖြတ်
တွေ့တော့ … “ဖွားခင် ဈေးသွားပြီးပြီလားဗျ။ ကျွန်တော်
ဈေးလိုက်ပို့ပေးမယ်လေ”လို့လည်း ဖိုးသုပြောကော “မနက်အစောကတည်းက
သွားပြီးပါပြီ..သားရဲ့။အိမ်ထဲ
ဖွားခင်ဆိုတော့မှ ဖိုးသုအိမ်ထဲရောက်လာတော့တယ်။ “ဟာ…အဖိုးက
ညဘက်လည်းကင်းစောင့်ထားတာ အိမ်ရောက်တာ မအိပ်ဘူးလားဗျ”ဟုလည်း ဖိုးသုပြောကော
“မင်းအဖွားကအ၀တ်တွေထလျှော်တော့ အဖိုးကလည်း နောက်ဖေးမှာ
ထမင်းဟင်းချက်နေတာပေါ့ကွာ”လို့ ဘိုးအေးမောင်ကဆိုတယ်။ “အသက်ကကြီးလာတော့
အိပ်ဖို့ထက် အခြားအရေးကြီးတာတွေကို သိနားလည်လာတယ်..သားရဲ့။
မပြည့်စုံတဲ့ဘ၀မှာ နားနားနေနေဇိမ်ယူဖို့ဆိုတာ တကယ်ကိုခက်လှပါတယ်ကွာ။
မင်းအဖွားက မနက်အစောကြီးအဖိုးပြန်မလာခင် ကော်ဖီဖျော် ၊
ပဲပြုတ်ထမင်းနယ်လုပ်ထားတယ်… အဖိုးပြန်လာရင်အဆင်သင့်စားလိုက်
အဖိုးအိမ်ပြန်ရောက်မှ သူကဈေးသွားတာ။ သူဈေးသွားတုန်းအဖိုးက
ထမင်းဟင်းချက်ပြုတ်ပေးထားလိုက်
ဘိုးအေးမောင်တို့ဇနီးမောင်နှံရဲ
နံနက်ခင်းဖြစ်စဉ်လေးတွေကိုပြော
သားသမီးမရှိဘူးလားဗျ။ အဖိုးကအသက်ကြီးပြီပဲဟာ
ဘာလို့ညစောင့်လုပ်နေသေးတာလဲဗျာ”
“အဖိုးတို့ကသားသမီးမထွန်းကားဘူး ဒီရပ်ကွက်ကို ပြောင်းမလာခင်က
မင်္ဂလာဒုံဘက်က ဂိုထောင်တစ်ခုမှအစောင့်လုပ်
အဖိုးမှညစောင့်မလုပ်ရင် တို့လင်မယား ဘာနဲ့သွားစားမလဲကွ”လို့ပြောရင်း
ဘိုးအေးမောင် ပြုံးလေတယ်။ “ကဲ..အဖိုးရေ အချိန်လေးရှိခိုက်
လုံ့လစိုက်လိုက်ဦးမယ်”လို့ဆို
ဆိုက်ကားနင်းထွက်သွားလေတော့တယ်။
နေ့ခင်းထမင်းစားချိန်လည်းရောက်ေ
အဖွားတို့ အချိုတည်းရအောင် ဖီးကြမ်းတစ်ဖီးနဲ့ လက်ဖက်ရည်လေးဝယ်လာတယ်”လို့
ဖိုးသု အိမ်ရှေ့ကနေ အော်ပြောလေတော့တယ်။ “ဟေ…ငါ့သားက ဒုက္ခရှာလို့ကွာ။
လာလာ…သားကိုအဖိုးတစ်ခုပြောရဦး
အစောက အဖိုးတို့ဆီလာသွားတယ်။ သူတို့လုပ်အားပေးလုပ်နေတဲ့
နေ၀င်ဆည်းဆာဆိုတဲ့ ပရဟိတလူမှုကူညီရေးအသင်းလေးကနေ အဖိုးတို့ကို
အထောက်အပံ့ပေးမယ့် အကြောင်း လာပြောသွားတယ်..သားရေ”ဆိုပြီး
ဖိုးသုကိုပြောပြလေတော့တယ်။ “ကဲသား..အဖွားတို့ဆီမှာပဲ ထမင်းစားသွားချည်။
နေ့လည်စာမစားရသေးဘူးဟုတ်။ အဖွားထည့်ခဲ့လိုက်မယ်”ဟုဆိုကာ
နောက်ဖေးဘက်ဝင်သွားလေတယ်။ ဖိုးသုတစ်ယောက် ထမင်းစား နေရင်းကနေ
“သိင်္ဂီမတို့လုပ်နေတဲ့ နေ၀င်ဆည်းဆာ ပရဟိတလူမှုကူညီရေးအသင်းက ဘာလို့
အဖိုးတို့ကို ထောက်ပံ့မှာလဲ..အဖိုးရ။ ကျွန်တော်မရှင်းလို့နော်”လို့
မေးတော့ “သူပြောပြတာတော့..သားရယ်။
သားသမီးမရှိ။နွမ်းပါးချို့တဲ့မေ
သူတို့အသင်းက လစဉ်ထောက်ပံ့ငွေပေးလှူမယ်ဆိုလား
အဖိုးကော ရမယ်လို့ပြောသွားတယ်သားရ”လို့ ဘိုးအေးမောင် ပြောပြလေတော့တယ်။
ဖိုးသုခါတိုင်းလို ဘုံဆိုင်မသွားတော့တာကြာပြီ…တစ်ေ
လမ်းထိပ်လက်ဖက်ရည်ဆိုင်ကနေ သိင်္ဂီမပြန်အလာကို စောင့်နေလေတယ်။ “ဟေ့…
သိင်္ဂီမလာဦးဟ။ လက်ဖက်ရည်သောက်ဦး”ဆိုပြီး ဖိုးသုလှမ်းခေါ်တော့ “အမလေး။
ကြားသား မိုးကြိုး..ကိုယ်တော်က အရက်ဆိုင်မထိုင်ဘဲ ဘယ်လိုလုပ်
လက်ဖက်ရည်သောက်နေတာလဲ”လို့ သိင်္ဂီက ခနဲ့တော့တယ်။ နင်အပိုတွေမပြောနဲ့။
“ငါအရက်သောက်ရင်လည်း ငါကိစ္စ။ ငါအရက်မသောက်ရင်လည်း ငါ့ကိစ္စ။ ဘာလဲ နင်က
ငါ့ကို အရက်သောက်နေတာ မြင်ချင်လို့လား”လို့ ဖိုးသုက ပြန်၍ အငေါ်တူးတယ်။
သိင်္ဂီက “နင်ဟာလေ…တော်တော်ပဲ။ ငါ့နင့်အပေါ် ဘယ်လောက်စေတနာထားလဲ
နင်လည်းမသိတာမဟုတ်ဘူး”ဆိုပြီး မျက်စောင်းလေးထိုးလိုက်တော့တယ်။ “အေးပါဟာ။
ငါသိပါတယ်။ တစ်ရပ်ကွက်လုံးမှာ ငါ့အပေါ်ကောင်းတဲ့သူဆိုလို့ နင်ရယ်၊
ဘိုးအေးမောင်တို့လင်မယားရယ်ပဲရှ
ငါနားလည်ပါတယ်”လို့ ဖိုးသုပြောလေတော့တယ်။ “ငါအရက်မသောက်ဖြစ်တာ ကြာပြီ
သိင်္ဂီ။ ဆိုက်ကားမှောက်ပြီးညကတည်းက ဆိုပါတော့။ အဲ
ဆိုက်ကားမှောက်တာကြောက်လို့တော့
ဘာကိုမှ သိပ်ဂရုစိုက်တာမဟုတ်ဘူး။ ဒါပေမယ့် ငါ ရှက်လို့
မသောက်ဖြစ်တော့တာဟ”လို့ ဖိုးသု သိင်္ဂီကို ရင်ဖွင့်လေတော့တယ်။ “နင်က
ဘာကိုရှက်တာလဲ ဖိုးသုရဲ့။ နင့်ကို ဆိုက်ကားမှောက်တဲ့အကြောင်း
ဘယ်သူကပြောလို့လဲ။ ဘယ်သူတွေလှောင်လို့ရှက်တာလဲ”လို
“နင်ကလည်းဟ။ အရက်သမား မူးလို့မှောက်လဲတာဆန်းလား။ ဒါကိုလှောင်ရင်တော့
လှောင်တဲ့သူက အရူးပဲ။ ဒါ့အတွက်တော့ ငါမရှက်ပါဘူး။ ငါရှက်တာက အသက်
နှစ်ဆယ်ကျော်ကျော်ငါက ခြောက်ဆယ့်ရှစ်နှစ်ကျော်အဖိုးေ
လောကကြီးကို ရင်ဆိုင်ရဲဖို့သတ္တိတွေမရှိခဲ့တာ
အရှုံးပေးပြီး အရက်တွေကို နေ့ရောညပါသောက်နေခဲ့မိတာ။ ငါရှက်သွားမိတယ်ဟာ။
ငါလေ လောကကိုအရှုံးမပေးချင်ဘူး။ လောကကြီးကိုအနိုင်ပြန်ယူချင်တယ်
ငါမေ့ထားခဲ့တဲ့ ငါ့နေ့တွေ၊ ငါဥပေက္ခာပြုခဲ့တဲ့ ငါ့ညတွေကို
ငါပြန်ယူဖို့ကြိုးစားရမယ်။ ငါ့ဘ၀ကောင်းအောင်
ငါတည်ဆောက်ချင်တယ်ဟာ…ငါဖြစ်ချင်
စဉ်းစားဆုံးဖြတ်ပြီးသား…ဒါ့ကြော
ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းနင်
ဖိုးသုပြောလေတော့တယ်။ “ငါ သိပ်ဝမ်းသာတာပဲ ဖိုးသုရယ်။ နင်တကယ်
အရက်မသောက်တော့ဘူးဆိုလို့ ငါအရမ်းဝမ်းသာတယ်။ နင့်ဆီက
ဒီလိုစကားတွေကြားရတာလည်း တကယ်ပါ ငါပျော်တယ်။ နင်တကယ်အရက်မသောက်ဘဲ
နေနိုင်သွားပြီပေါ့နော်”လို့ သိင်္ဂီကပြောတော့ “အစကတော့ ငါလည်း နေညိုရင်
လေပြိုတယ်ဟ…နောက်တော့လည်း ယောက်ျားပဲဆိုတဲ့ မာနနဲ့ ကြိုးစားထိန်းလိုက်တာ။
အခုတော့ လက်ဖက်ရည်ပဲသောက်တော့တယ် သိင်္ဂီရာ”ဆိုပြီး
ဖိုးသုပြုံးကာပြောလေတော့တယ်။ “ကဲ ဖိုးသု ငါတို့ပြန်ကြမယ်။ မနက်ကျရင်
ငါရုံးမသွားခင် နင်နဲ့အတူ မုန့်သွားစားမယ်။ နင့်အိမ်ကို
ငါခေါ်လိုက်မယ်နော်”လို့ပြောရင်း နှစ်ဦးသား လက်ဖက်ရည်ဆိုင်ကနေ
ထထွက်လာကြတယ်။
မိုးလင်းလို့ သိင်္ဂီနဲ့ဖိုးသု နှစ်ဦးသား
လက်ဖက်ရည်ဆိုင်ထိုင်မုန့်စားတဲ့
အသင်းလေးအကြောင်း ငါ့ကိုပြောပြ သိင်္ဂီ”ဆိုပြီး ဖိုးသုက စကားဆိုတယ်။ “အေးဟ။
ငါတို့အသင်းလေးက လူမှုကူညီရေးပရဟိတအသင်းလေးလေ။ လူမှုပတ်ဝန်းကျင်က
လိုအပ်တဲ့အကူအညီတွေကိုပေးတယ်။ ကလေးသူငယ်တွေအရေး၊
သက်ကြီးဘိုးဘွားတွေရဲ့အရေးကို ကူညီဖြေရှင်းပေးတယ်။ နောက်ပြီး
အိုမင်းမစွမ်းတဲ့ ဘိုးဘွားတွေကို တစ်လကို ထောက်ပံ့ကြေး နှစ်သောင်းဆီနဲ့
လှူဒါန်းပေးအပ်ကြတယ်ဟ”ဆိုပြီး သိင်္ဂီက ရှင်းပြလေတယ်။ “ဒီတနင်္ဂနွေကျရင်
ငါတို့ရွှေပြည်သာထဲမှာပဲ (၄၆)ရပ်ကွက်ဘက်က အဖိုးနဲ့အဖွားဆီကို
သွားလှူဒါန်းဖို့ရှိတယ်။ နင်က စိတ်ဝင်စားတယ်မဟုတ်လား။
အဲ့နေ့လိုက်ခဲ့လေနော်”ဆိုပြီး သိင်္ဂီက ခေါ်လေတယ်။ “အေးပါ။အဲ့နေ့
ငါလိုက်ခဲ့မယ်။ နင်လည်း ရုံးတက်ရဦးမှာ။ သွားရင်သွားတော့။
အကိုရေ..လက်ဖက်ရည် ပုံမှန်နှစ်ခွက် ပါဆယ်နော်”ဆိုပြီး ဖိုးသု
ဆိုင်ထဲကိုလှမ်းအော်လိုက်တယ်။
ဘိုးအေးမောင်တို့ အိမ်လေးထဲကို ဖိုးသုဝင်သွားပြီး “အဖိုးနဲ့အဖွားအတွက်
ဒီမှာကျွန်တော်လက်ဖက်ရည်ဝယ်လာ
သောက်ဖို့ရာ ပြင်ဆင်ပေးလိုက်တယ်။ “ငါ့သားကြီးကို သိင်္ဂီလေးက
အတော့်ကိုခင်ရှာတယ်နော်။ မနက်က သားတို့နှစ်ယောက် အိမ်ရှေ့က
ဖြတ်သွားတာအဖိုးတွေ့လိုက်တယ်”လိ
သူက ကျွန်တော့်အပေါ်အတော်ကောင်းရှာတဲ
ဒီတစ်ရပ်ကွက်လုံးမှာလည်း သိင်္ဂီနဲ့အဖိုးတို့လင်မယားပဲ ကျွန်တော့်ရဲ့
တွယ်တာစရာပေါ့ဗျာ”လို့ပြောရင်း ဖိုးသုရယ်လေတော့တယ်။
“အဖိုးတို့အိမ်နောက်ဖေးကြမ်းတွေ
ဝယ်ပြီး အသစ် ပြန်ရိုက်ပေးခဲ့မယ်နော်။ အဖိုးကို
ကျွန်တော်ပြောရဦးမယ်။ဒီလာမယ့် တနင်္ဂနွေကျရင် သိင်္ဂီနဲ့ကျွန်တော်
သူတို့ပရဟိတအသင်းက သွားလှူမယ့် (၄၆)ရပ်ကွက်က အဖိုးနဲ့အဖွားဆီ သွားမှာဗျ။
ကျွန်တော်လည်း သိင်္ဂီတို့လို ပရဟိတအလုပ်လေးတွေ လုပ်ကြည့်ချင်လို့လေ။
တစ်သက်လုံးဆိုးပေလာပြီး ဖြစ်သလိုနေလာတဲ့ကောင်ဆိုတော့ ဘယ်လိုနေရမယ်။
ဘယ်လိုလုပ်ကိုင်ရမယ်။ ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေတော့မသိ
သူ့အဖိုးကို ပြောပြလေတော့တယ်။ “ငါ့သားက ဘ၀ကိုဖြစ်သလို
နေလာခဲ့တာလေးကလွှဲရင် စာရိတ္တသတ္တိကောင်းတဲ့သူပါ။ အဲ့လိုလူမျိုးက ဘယ်တော့မှ
ဒုက္ခမရောက်ဖူးသား”လို့ အဖိုးက ပြောလိုက်တယ်။ “ကျွန်တော် တကယ်ပြောတာ
အဖိုးရ။ ဘ၀မှာလေ … ကျွန်တော့်ကို မေတ္တာပေးပြီး
နွေးနွေးထွေးထွေးဆက်ဆံတာမျိုးကိ
ဆုံးမစကားတွေနဲ့စောင့်ရှောက်တာ
မခေါ်ဖူးတဲ့ အဖေ၊အမေဆိုတဲ့ နာမ၀ိသေသနတွေကိုလည်း တစ်ခါတစ်ခါ ကျွန်တော်
ခေါ်ပိုင်ခွင့်ရချင်တယ်။ အဲ့လိုပဲ သူများမိဘတွေက သူတို့သားသမီးတွေကို
သားလို့ခေါ်တဲ့အခါမျိုးမှာလည်း ကျွန်တော့်ကို ခေါ်မယ့်ဂရုစိုက်မယ့်သူကို
ကျွန်တော်မျှော်လင့်မိတယ်။ အဲ့လို
ကျွန်တော်မရဘူးတဲ့မေတ္တာတွေ၊နွေး
ရခဲ့တယ်…အဲ့အတွက် သားတကယ်ကျေးဇူးတင်ပါတယ်။ လူဟာမျှော်လင့်မိရင်
မျှော်လင့်မိသလောက် ခံစားရတတ်တယ်ဆိုတာ…တကယ်အမှန်ပဲ အဖိုး။ အခုဆိုရင်
ကျွန်တော် မျှော်လင့်မိခဲ့တဲ့အရာတွေ တကယ်ကိုရနေပါပြီ။အရာရာ
လှပလာပြီလို့တော့ထင်တာပဲ။ လောကကြီးရဲ့အလှကို ခံစားဖို့ ခံစားနိုင်တဲ့
မျက်စိ၊စိတ်၊နှလုံးသားတို့သာလို
လို့ပြောပြီး ဖိုးသုတစ်ယောက် နှစ်နှစ်ကာကာကြီး ပြုံးနေတော့တယ်။
တနင်္ဂနွေ မနက်စောစောက သိင်္ဂီကလာခေါ်လေတယ်။ “ဖိုးသုရေ … သွားကြမယ်ဟေ့”ဆိုပြီး
နှစ်ယောက်သား ထွက်လာခဲ့လိုက်တယ်။ “အခုသွားမယ့် အဖိုးနဲ့အဖွားက အဖိုးက
အသက်၆၅နှစ်။ အဖွားက အသက်၆၇နှစ်။ နှစ်ယောက်စလုံးက သားသမီးမရှိဘူး။ အဖိုးက
မုန့်ဖတ်ထုပ်ရောင်းတယ်။”လို့ သွားမယ့် ဘိုးဘွားနှစ်ဦးအကြောင်းလေးကို
သိင်္ဂီကပြောပြနေတယ်။ တကယ်တမ်း ရောက်သွားတော့လည်း သိင်္ဂီပြောပြတဲ့အတိုင်း
တဲစုတ်လေးထဲမှာ နွမ်းပါးတဲ့ ဘိုးဘွားစုံတွဲလေးကို ဖိုးသုတွေ့ရလေတယ်။
ဖိုးသုမှာ သနားလို့ဆိုပြီး အိပ်ကပ်ထဲက ငွေတစ်ထောင့်ငါးရာနဲ့
ဖီးကြမ်းလေးတစ်ဖီး ၀ယ်ကန်တော့ခဲ့လိုက်သေးတယ်။
“ငါပျော်တယ်။သိင်္ဂီ..ငါ့စိတ်ထဲ တစ်ခုခုကြီးဆို့နင့်နေသလိုပဲ။အဲ
ကြည်နူးမှုလားမသိဘူး။ ငါခေါင်းစဉ်မတပ်တပ်ဘူး။ ဒါပေမယ့် ငါတကယ်ဝမ်းသာတယ်။
ဒီလိုမျိုးကုသိုလ်ပီတရအောင် ပါရမီဖြည့်ပေးတဲ့နင့်ကို ငါကျေးဇူးတင်တယ်
သိင်္ဂီရာ။ နောက်ကို ငါတို့အမြဲဒီလိုသွားကြ။လှူကြမယ်
ပီတိတွေနဲ့ပျော်နေရှာတယ်။
နှစ်ဦးသား ပြန်လာရာလမ်းမှာ ရပ်ကွက်ထဲက ၁၃နှစ်အရွယ်
၀၀ပြည့်ပြည့်ပိုက်ဆံတောင်းတဲ့ကေ
ကောင်းမှုကုသိုလ်ပြုပြီး ပီတိပွားနေတဲ့ ဖိုးသုက မောင်ပေါက်စီကို မုန့်ဖိုး
ငါးရာ လှမ်းပေးမယ်လုပ်လို့ “ဟေ့…ညီလေး ပေါက်စီ လာဦး ရော့ ဒီမှာ မင်းကို
မုန့်ဖိုးပေးမယ်”ဆိုလို့ မောင်ပေါက်စီက လမ်းပေါ်တက်လျှောက်နေရာက
ဖိုးသုတို့ဘက်ကို လမ်းဖြတ်အကူး ဒိုင်နာကားကြီးတစ်စီးဝင်လာလို့ ဖိုးသု
လှမ်းဆွဲတွန်းလိုက်တယ်။ ခဏတွင်းချင်းမှာ ဖိုးသုအရာရာကို မမြင်တော့ဘဲ …
ဖိုးသုဆိုတဲ့ အသံလေးလည်း လွင့်ပြယ်ခဲ့တယ်။ တစ်သက်လုံး
ဆိုးဆိုးပေပေနေလာတဲ့ နင့်ကို လူကောင်းကြီးအဖြစ် မြင်ရပြီဆိုမှ … နင်က
ငါ့ကိုထားသွားပြီ။ လောကကြီးကို လျစ်လျုရှုခဲ့တုန်းကတော့ လောကကြီးက
မငြူစူဘဲ လောကကြီးကို အကျိုးပြုမယ်ဆိုတော့မှ …. ဘာလို့ နင့်ကို
ခပ်မြန်မြန် နှင်သွားရတာလဲ “ဖိုးသု . . . . ဖိုးသု လို့ ငယ်သံပါအောင်
အာခေါင်တွေကွဲထွက် ငိုကြွေးနေရှာတဲ့ သိင်္ဂီရဲ့အသံတွေကိုတော့
ဖိုးသုမှာကြားနိုင်တော့မယ်မထင်
ဖိုးသုည
၃၁.၁၂.၂၀၁၄ (ဗုဒ္ဓဟူးနေ့)