Saturday, 2 November 2013
"အိမ်အပြန်လမ်းရဲ့ အနမ်းလက်ဆောင်"
"အိမ်အပြန်လမ်းရဲ့ အနမ်းလက်ဆောင်"
***************************
သတ္တလောကထဲက လောကလူသားတို့ ဟာ လူသားသဘာဝအတိုင်း အနု ၊ အရွ ၊ အလှ ၊ အပများကို ရှု့ မြင်ခံစားချင်ကြတာ သဘာဝမို့ မဆန်းလှပါဘူးလေ ။ ထို့ အတူကျွန်တော်သည်လည်း လောက လူသားတစ်ယောက်မို့ ထို့ နည်းတူပင် အနု ၊ အယဉ် ၊
အသွင် အပြင် များကို ရှု့ မြင်ခံစားချင်ပါသည် ။ သို့ ပေသော်ငြား ကျွန်တော်တို့  လောကလူသားတွေ နေ့ စဉ်မြင်တွေ့ နေရသော
အယဉ်အလှ ၊ အနုအရွတွေကြားမှ သူမတူ တစ်သွင်ခြားတဲ့ ( အရေပြားတစ်ထောက်စာ ~ အပေါ်ယံမျက်ကြည်လွှာဖြင့် တွေ့ မြင်ရသော အလှအပများအပြင် ) ခံစားမှုအလှအပများကို ကျွန်တော်တို့ သတိထားမိချင်မှထားမိ ပါလိမ့်မယ် ။ တစ်ခါတစ်လေမှာ အပေါ်ယံ မျက်စိ အသွင်ဖြင့် ရှု့ ချင် ၊ တင့်ချင်စဖွယ် သာမက အတွင်းအဇ္ဇတ စိတ်ဖြင့် ထိုးထွင်းကြည့်မြင်လျှင်ပင် လွန်စွာ တင့်တယ်လှပနေတတ်တာတွေ ရှိကြပါတယ် ။ ကျွန်တော်ပြောနေကျစကားအတိုင်း ကွန်ပြူတာ အခေါ်အဝေါ်နဲ့ ပြောရရင် Hardware ပိုင်းကော Software ပိုင်းကော
နှစ်ဝဲ လုံး လှနေတယ် ဆိုတာမျိုးပေါ့ဗျာ ။
အပေါ်ယံမျက်စိ အသွင်ဖြင့် ရှု့ မြင်ခံစားနိုင်တဲ့ Physical Beauty ကိုတော့Software ပိုင်းလို့  သဘော ထားကာ ၊ သာမာန်မျက်စိဖြင့်
ခံစားလို့ မရတဲ့ စိတ်နှလုံး အတွင်းသားထဲက Mental Beauty ကိုတော့ Hardware ပိုင်းလေးလို့  ကျွန်တော် တင်စားထားလိုက်ပါတယ် ။
ကျွန်တော်ရှာဖွေခဲ့သော အလှအပများ...
ဒီလိုအလှအပလေးတွေကို ကျွန်တော် ရှာဖွေ တွေ့ မြင်ခွင့်ရဖို့ အတွက် ကျွန်တော်ဟာ savetheaged ( S.T.A ) ရဲ့  member လေးတစ်ယောက် ဖြစ်ခွင့်ရလာခဲ့ပါတယ် ။ ကျွန်တော်ဟာ savetheaged ( S.T.A ) ရဲ့  member တစ်ယောက်ဖြစ်လာတဲ့နောက်ပိုင်း ကျွန်တော့်ရဲ့  ရုံးပိတ်ရက် ဆန်းဒေး တိုင်းဟာ ပိုလို့ အသက်ဝင် ၊ လေးနက် ၊ အဓိပ္ပာယ်ရှိကာ ၊ ကျက်သရေ ရှိလာပါတော့တယ် ။
ဒီနေရာမှာ … savetheaged ( S.T.A ) ရဲ့  member ဆိုတာလေးနဲ့ ပက်သက်ပြီး ကျွန်တော်နည်းနည်းလောက် ပြောပြချင်ပါတယ် ။
savetheaged ( S.T.A ) ဆိုတာက အင်တာနက်ပေါ်ကနေ လူငယ်တွေစုစည်းကာ တည်ထောင်ထားပြီး ပရဟိတ တွေကို လုပ်ကိုင်နေကြတဲ့ social network ဆိုဒ်လေး တစ်ခုဖြစ်ပါတယ် ။
savetheaged ( S.T.A ) ကို စတင်တည်ထောင်ခဲ့တဲ့ အဓိပ္ပာယ်ကတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးဆိုတဲ့
လူငယ်တွေပေါင်းစည်းထားတဲ့ ပရဟိတအသင်းအဖွဲ့  လေးဖြစ်ပါတယ် ။ ကျွန်တော်တို့ ဆိုဒ်လေးကနေ ရာသက်ပန် ထောက်ပံမှုကို ခံယူမယ့် ကိုယ်စားမိဘများအတွက် အလှူဒါနတွေတင်သာမက … ကာလ ဒါန ကုသိုလ်များ ၊ လိုအပ်မှုကို ဖြည့်စွမ်းပေးတဲ့ ခါတော်မီ ဒါနများပါ အပါအ၀င်ပေါ့ဗျာ ။ ကျွန်တော်တို့ အဖွဲ့  လေးမှာ ကိုယ်ပိုင်ရုံး ၊ ကိုယ်ပိုင်ဌာန မရှိသေးပေမယ့် … အွန်လိုင်းပေါ်ကနေ အချင်းချင်း ရင်းနှီးစွာ တွေ့ ခဲ့ကြ ဆုံခဲ့ကြရာကနေ လစဉ်လတိုင်း လတစ်လ၏ ပထမအပတ် တနင်္ဂနွေလေးများကို တွေ့ ဆုံပွဲ (meeting ) လေးများလုပ်လို့ နောက်ဆုံးအပတ် တနင်္ဂနွေ နေ့ လေးများကိုတော့ အလှူခရီးစဉ်လေးများ သက်မှတ် ရွေးချယ်ခဲ့ကာ … ငိုနေသူများထွေးပွေ့ လို့  ၊ လိုနေသူများ အားဖြည့်စို့  ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတ ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ကျွန်တော်တို့  savetheaged ရဲ့ ညီအစ်ကို မောင်နှမ များဟာ အတူတကွ လမ်းတွေ ကိုလျှောက်ခဲ့ကြပါတယ် ။
မင်္ဂလာရှိသော ဆန်းဒေး ( Sunday)မှာ …
ဒီနေ့ ဟာလည်း နောက်ဆုံးရက်သတ္တပတ်၏ ဆန်းဒေး ( Sunday ) မို့ ထုံးစံအတိုင်း savetheaged အဖွဲ့ ရဲ့  ကုသိုလ်ပြုရေးခရီးစဉ်ဟာ …
ရွှေသံလွင်ဘိုးဘွား ရိပ်သာ လို့ ပစ်မှတ်တည်ထားပါတယ် ။ ကျွန်တော်သည်လည်း
လိုက်ပါကုသိုလ်ယူခွင့်ရအောင်လို့  အဖွဲ့ ဝင်များ၏ စုရပ်ဖြစ်တဲ့ လမ်း(၄၀)ထိပ်က တိုကျိုဒိုးနပ်ရှေ့ ကို … အပြေးလေးအရောက်သွားပြီး ရွှေသံလွင်ဘိုးဘွားရိပ်သာကြီးကို ကျွန်တော်တို့ တွေ ခရီးဆက်ခဲ့ပါတယ် ။ ဒီလိုနဲ့ ရိပ်သာမုခ်ဝမှာ ကျွန်တော်တို့ ကို ခရီးဦးကြိုပြုနေတဲ့သူတွေ တော်တော့်ကိုများပါတယ် ။ ကျွန်တော်တို့ လို လူငယ်တွေကို အလေးအနက်ထားလို့ ထွက်လို့ မျှော် ကြိုဆိုပေးနေတာက သားသားတို့ ၊ မီးမီးတို့ မဟုတ်ဘူး၊
ကိုကိုတို့  ၊ မမတို့ လည်း မဟုတ်ဘူး ။ဘိုးဘိုးတို့  ၊ ဘွာဘွားတို့ တွေပါ … ။ ရိပ်သာပရ၀ဏ်ထဲ ရောက်ပြီဆိုတာနဲ့  ကျွန်တော်တို့ အသင်းသားတွေရဲ့  ခံယူချက်အတိုင်း မိဘများသဖွယ်မှတ်ယူလို့ ထားရမယ့် … အဘိုးတို့ ၊ အဘွားတို့ ရဲ့  ကမ်းလင့်နေတဲ့ ရင်ခွင်ထဲ automatic စီးဝင်သွားပါတော့တယ် ။
ရင်ဝယ်ငြိသောအပြုံးများ ...
savetheaged ညီအစ်ကို ၊ မောင်နှမ များဟာ ဘိုးဘွားများရဲ့ ရိပ်သာဆောင်ထဲရောက်ပြီ ဆိုတာနဲ့  … ကိုယ်ပိုင် နှလုံးသား ၊ ကိုယ်ပိုင် အသိတရားများနဲ့  အဘိုး ၊ အဘွား တစ်ယောက်စီကို တစ်ဦးစီကျနဲ့  ပြုစုကြတာ ၊ ယုယကြတာ ၊ ကြင်နာကြတာ တကယ်ကို ကြည်နူးစရာပါဗျာ ။ ကျွန်တော်တို့ ရဲ့ တစ်နေ့ တာကို ရွှေသံလွင်မှ အဘိုး ၊ အဘွားတွေကို ပေးအပ်လိုက်မယ်လို့  စိတ်ကူးနဲ့  ကြည်နူးထားပါတယ် ။ အဲဗတ်အိုင်းစတိုင်းက ပြောဖူးတာလေး တစ်ခုကို ကျွန်တော်သွားပြီးသတိရမိတယ် … "ကိုယ်ချင်းစာတရားဟာ အမြင့်မားဆုံးလူ့ တန်ဖိုးပါ" တဲ့ လေဗျာ ။
"ကျွန်တော်တို့ တွေဟာ ရောင်ဝါ ထင်လင်းတဲ့ ရှင်နေမင်းကြီးတွေ မဖြစ်ရင်တောင် …
မှောင်ရီနေတဲ့ တိတ်ဆိတ်ညတွေမှာ ရောင်စဉ်ကွန့် မြူးနေတဲ့ ပိုးစုန်းကြူး အလင်းရောင်လောက်လေးနဲ့ ပဲဖြစ်ဖြစ်ကျွန်တော်တို့ တတ်စွမ်းသမျှ ၊
လင်းနိုင်သမျှ အလင်းဓါတ်တွေဝေဌလို့  အမှောင်တွေဖယ်အလင်းပေးချင်ခဲ့တာပါလေ" လို့  ကျွန်တော့်စိတ်ထဲ ရေရွတ်မိလိုက်တယ် ။
ရိပ်သာအဆောင်ထဲကို လျှောက်လမ်းလို့ လာစဉ်မှာပဲ အပြုံးအလှပိုင်ရှင်တွေရဲ့အပြုံးတွေ …
အဘိုးတို့ ပြုံးပြတာ ၊ အဘွားတို့ ပြုံးပြတာတွေဟာ … မိုနာလီဇာတောင် ရှုံးသွားမှာ သေချာပါတယ်ဗျာ ။
ရွှေသံလွင်ရဲ့  နံနက်ခင်းဟာ … လုပမှုတွေဝေဖြာပြီး အကြင်နာတွေဖြန်းပက်လို့ ဂရုဏာတရား တွေက အုပ်မိုးလွှမ်းခြုံကာမေတ္တာတရားတွေကအပိုင်စီးသိမ်းပိုက်ထားလိုက်ပါတော့တယ်လေ။
ဝေဌသူနဲ့ ခံယူသူအကြား ကြည်နူးခြင်းများ ပွားများလို့  အတော့်ကို မင်္ဂလာရှိနေတဲ့ နေ့ သစ် တစ်ခုပဲပေါ့ဗျာ။
ကျွန်တော်တို့ ပေးတဲ့ မေတ္တာဓါတ်တွေကို အဘိုးတို့  ၊ အဘွားတို့ က ခံယူတယ်။ အဘိုးတို့  ၊ အဘွားတို့ ပေးတဲ့ အပြုံးပန်းတွေကို ကျွန်တော်တို့ က ပန်ဆင်တယ် ။ ဒီလိုပဲပေါ့ … မေတ္တာဆိုတာ အလျား၊အနံ မသိပေမယ့် ၊ အသွား၊အပြန်ရှိတယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ် ။
ရင်ကိုထိသောစကားလုံးများ...
ဘိုးဘွားများကို ကိုယ်စီကိုယ်စီ ပြုစုကြရာ...
ကျွန်တော်လည်း အသက်(၇၁)တစ်ချိန်ကပုသိမ်မြို့ အလှမယ်ဆိုတဲ့ အမေ ဒေါ်ခင်လေးကို ဂရုစိုက်ခွင့်လေးရခဲ့တယ် ။ ခြေသည်း ၊ လက်သည်း ညှပ်ပေးခြင်း ၊ ဆေးလူး နှိပ်နယ်ပေးခြင်း များနဲ့  ဟိုဟိုဒီဒီ စကားလေးတွေ ပြောကြတာ … အချိန်တိုလေးအတွင်းမှာ အမေနဲ့  ကျွန်တော်ဟာ ဆွေမျိုးရင်းချာများ ပမာဖြစ်သွားကြတယ် ။ ကျွန်တော့် ဘ၀အကြောင်းများကို ပြောရင်း … အမေ့ဘ၀အကြောင်းများကို ပြန်လည်ပြောပြရင်းနဲ့  အမေ့ပါးပြင်မှာ မျက်ရည်စတွေ ၊ ပုလဲခသလို စီးဆင်းလို့ ကျလာပါတော့တယ် ။ ဟုတ်ပါတယ်လေ … အမေက တစ်ချိန်က ကုန်သည်မျိုးရိုးကနေ ဆင်းသက်လာတဲ့ ရွှေပေါ်မြတင်အပျိုစင်လေး ပုသိမ်မြို့ ရဲ့အလှမယ် ဖြစ်ခဲ့တော့လည်း ပြန်တွေးရင် ၀မ်းနည်းမိမှာပေါ့လေ …။ "ကျွန်တော်နားလည်ပါတယ် အမေ ။ ကျွန်တော် အမေ့ရင်ဘတ်ကို ၀င်ဖတ်ကြည့်ပါတယ် ။" လို့  စိတ်ထဲကနေ တီးတိုးလေး ပြောမိနေခဲ့တယ် ။ အဲ့လိုနဲ့ ငိုသံလေးနဲ့ အမေပြောလာတဲ့စကား
"အခုတော့လည်း ဒီမှာ … ဒီလို ခိုကိုးရာမဲ့ဘ၀နဲ့ 
ဒုက္ခတွေပေါ့ သားရယ်" တဲ့ ။ ကျွန်တော်လည်းပြန်ပြောလိုက်မိတယ်…"အမေ ခုဏက
အမေကျွန်တော့်ကို ချစ်တယ်လို့ ပြောတယ်နော် ။ ကျွန်တော့်ကို ချစ်ရင်
ကျွန်တော်တစ်ခုတည်း တောင်းဆိုပါရစေ။" အမေ စကားဆိုတာလေ … ပြောလို့ လွယ်လို့ ပြောပေမယ့် ၊ စကားနောက် တရားပါတတ်လို့  ခက်ပါပေတယ် အမေရယ် ။
"နောက်ကို ဒုက္ခဆိုတာကို ဘယ်တော့မှ မသုံးဘဲ "သုခ" လို့ ပဲ
ပြောင်းပြောပေးပါနော် … အမေ ။ ဖြစ်လားဟင် " ဆိုပြီး အမေ့ကို ကျွန်တော်
လှမ်းလို့ ကြည့်တော့ … ခေါင်းလေးကို ငြိမ့်လို့ ပြတဲ့ အမေ့ကို ကျွန်တော်
နှစ်ခြိုက်စွာ ပြုံးလိုက်မိတယ် ။ "အမေ…အမေ ဒီကိုရောက်တော့
ဘာတွေရတုန်းဟင်"လို့  ထပ်ခါ ကျွန်တော်မေးတော့ … "သုခတွေရတာပေါ့
သားရယ်…သုခ တွေရတာပေါ့" လို့ ပြောကာ မျက်ရည်တွေ သုတ်ချပစ်လိုက်တဲ့
အမေ့အပြုံးဟာ အဲ့အချိန်က ကမ္ဘာမှာ အလှဆုံး ဖြစ်ခဲ့လိမ့်မှာပါ ။
အမေပြုံးလိုက်တဲ့ အလှတရားကို ကျွန်တော်ကိုယ်တိုင် စာပန်းချီ ခြယ်စွမ်းမရှိသလို ၊ ဦးငွေကိုင်လည်း မမှီနိုင်လို့  ၊ ပီကာဆိုလည်း လက်မှိုင်ချရမှာ သေချာပါတယ်ဗျာ ။
တစ်ဦးမေတ္တာ တစ်ဦးမှာ ...
ဒီလိုနဲ့  အမေတို့ တွေလည်း နေ့ လည်စာစားပြီးလို့  အမေ့ကို ကျွန်တော်တွဲလို့  အဆောင်ထဲ ပြန်ခေါ်လာတော့ … အမေ့ကုတင်လေးရောက်တာနဲ့ ပဲ … ငါ့သားလည်းဗိုက်ဆာနေရောပေါ့ ဆိုပြီး … သိမ်းထားတဲ့ အမေ့မုန့် တွေ ၊ ကော်ဖီတွေကိုထုတ်လို့  ကျွန်တော့်ကိုအတင်း ကျွေးပါရောဗျာ ။ မစားရင်တော့ မရဘူးနော် … စိတ်ဆိုးမှာနော် … ဘာနော်နဲ့ ဆိုတဲ့ ကလေးလေးတစ်ယောက်လို ဂျီကျပြလို့  ၊ မိခင်တစ်ယောက်လို ဂရုစိုက်ပြနေတဲ့ အမေ့ အမူအရာလေးကြားမှာ ကျွန်တော်က သိတတ်နားလည်စွာ လိုက်လျော ပေးလိုက် ရပါတော့တယ်။ အမေဖျော်တိုက်တဲ့ ကော်ဖီနဲ့ မုန့် တွေကို စားနေတဲ့ ကျွန်တော့်ကို
အားရပါးရကြီး ပြုံးပြီးကြည့်နေတဲ့အမေ့ခင်မျာ အတော့်ကို သဘောတွေကျနေရှာတာပါ ။
နှုတ်ဆက်တော့ ငိုချင်တယ်...
ဒီလိုနဲ့ နာရီလက်တံလေးတွေရဲ့  ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားမှု့ လေးအောက်မှာ … နေကလေးစောင်းလို့  ညနေ၀င်ခါနီးတော့ … ပြန်ကြရအောင်ဆိုတဲ့ အချက်ပေးမှုလေးတွေ ကြားမှာ အမေ့အနားကနေ ကျွန်တော် ထွက်ခွာသွားရပါတော့မယ် ။
”သွားတော့မယ်နော် … အမေ ။”
ကျွန်တော် ကန်တော့ခဲ့ပါရစေ ဆိုပြီး … ဘောင်းဘီအိတ်ကပ်ထဲက ၀တ္ထုငွေလေးကို
ထုတ်လို့  အမေ့ကို ကျွန်တော် ရိုကျိုးစွာ ရှိခိုးကန်တော့ခဲ့ပါတယ် ။
ကန်တော့အပြီး မတ်တတ်ရပ်လိုက်တဲ့ ကျွန်တော့်ကို မျှော်လင့်တဲ့
မျက်လုံးတွေနဲ့  ၊ ပူဆာတတ်တဲ့ ကလေးလေးတစ်ယောက်ပမာ … အမေ့ကိုဖုန်းဆက်ပါ ။
ဖုန်းဆက်ပါနော်လို့  … တတွတ်တွတ် မှာနေတော့ပါတယ် ။
"ထိန်းထားတဲ့ ကျွန်တော့်မျက်ဝန်းက မျက်ရည်စတွေ …
ထွက်မကျစေလိုဘူးအမေ … ကျွန်တော်မငိုချင်ဘူး ။
ကျွန်တော်ငိုရင် အမေတို့ က ကျွန်တော့်ထက်ပိုပြီး ခံစားရမှာ ကျွန်တော်သိတယ်…"လို့ 
ကျွန်တော် စိတ်ကို ကျွန်တော်တင်းကာ မာန်ပြင်းပြင်းနဲ့  ဆက်မှာပေါ့
အမေရာလို့  ပြုံးတုံ့ လှည့်လေးပြောကာ
ကျွန်တော်ခေါင်းလေးငြိမ့်ပြီး အဆောင်ထဲကနေ ထွက်ဖို့ ဟန်အပြင်
ကျွန်တော့်ကို အမေသိုင်းဖက်လို့ ထားတယ်။
မျှော်လင့်ချက် သူ့ မျက်ဝန်းတွေရဲ့ 
အနက်နဲ့  ဘာသာစကားကို
ကျွန်တော့် နှလုံးသားက
နားလည်တယ် …
အားကိုးတဲ့ သူ့ လက်ဝါးအစုံက
ကျွန်တော့် နှလုံးသားကို
ကိုင်လှုပ်ခဲ့တယ် …
ကြည်နူးမှု ပီတိ အသွယ်သွယ်က
သူမ မျက်နှာပေါ်မှ
မျက်ရည်စတွေအဖြစ်နဲ့ 
ပြောင်းလဲ စီးဆင်းလာခဲ့တယ် … ။ ~ ။
သေချာပါတယ် ။ ကျွန်တော် နောက်တစ်ခေါက် ရောက်ဖြစ်ဦးမယ်ဆိုတာ …
စီးကျနေတဲ့ အမေ့မျက်ဝန်းက မျက်ရည်စတွေကို သုတ်ဖယ်လိုက်ပြီး
ကျွန်တော့်ပါးပြင်ပေါ်ကို အနမ်းတွေ ဆင်ယင်ပေးလိုက်တယ် ။ ကြည်နူး ၊
ပြုံးပျော် ၊ ၀မ်းသာ ၊ ပီတိ တွေနဲ့  ခံစားမှု အဖုံဖုံကို ခံစားလိုက်ရတဲ့
ကျွန်တော်…ခဏ မှင်သက်သွားမိစဉ်မှာ … "အမေ့ကိုလည်း ပြန်ပေးဦးလေ သားရဲ့  "
ဆိုလို့  … ကျွန်တော်လည်း အားပါးတရ တ၀ကြီး အနမ်းတွေ တလဟော
ပေးပစ်ခဲ့ပါရောဗျာ…။
ကျွန်တော့်ရဲ့ တစ်နေ့ တာ ဖြည့်ဆည်းပေးမှု ၊ ပေးဆပ်မှု ၊ ဂရုစိုက်မှု ၊
စောင့်ရှောက်မှု့ တွေရဲ့ ရလာဒ်ဟာ အမေပေးတဲ့ အနမ်းပွင့်လေးတွေလား …. ။
အမေ့ အပြုံးပန်းတစ်ပွင့်ဟာ လူတိုင်းအတွက် ဖြစ်နိုင်ပေမယ့်
အမေပန်ဆင်ပေးလိုက်တဲ့ အနမ်းပန်းတစ်ပွင့်ဟာ
ကျွန်တော့် နှလုံးသားမှာ ထာဝရအမှတ်ရနေစရာ ကျန်ရစ်ခဲ့တော့မှာပါ …
အဲ့ဒီအနမ်းလေးအတွက် ကျွန်တော့်နှလုံးသားက မြတ်နိုးစွာ ဦးညွှတ်ရင်း … ထာဝရ
သိမ်းဆည်းသွားလိုက်ပါတော့မယ် … အမေရယ် ။ ~ ။
*STA တစ်နှစ်ပြည့် စာမူ - အမှတ်တရ *
ချစ်ခြင်းများစွာဖြင့်
Moesut Nay
( ရင်တွင်းခံစားချက် )
21.1.2011 ( Fri : )
3:00 p.m

သို့  … ကျွန်တော့်ရဲ့ သွေးသောက်ကောင်း
လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကပေါ့
ဒီအချိန် ဒီသကာလမှာ
အူဝဲဆိုတဲ့ ငိုသံလေးနဲ့ အတူ
ကမ္ဘာမြေကြီးပေါ်ကို
ကလေးလေးတစ်ယောက်
ခြေဆင်းလာခဲ့တယ် …
ထမ်းပိုးပေးခဲ့တဲ့ ကမ္ဘာမြေကြီးကိုပဲ
ဦးညွှတ်လိုက်ရမလား
မွေးဖွားပေးခဲ့တဲ့ ဖေနဲ့ မေကိုပဲ
ကျေးဇူးတင်ရမလား
ကျွန်တော့် အတွက် …
သွေးသောက်ကောင်းလေးတစ်ယောက်
ကမ္ဘာမြေပြင်ပေါ် ဖန်ဆင်းပေးထားလို့ လေ …
ကျွန်တော့်ထက် …
အသက် ၂ နှစ်စောလို့ 
လောကမြေကြီးပေါ်ကို ခြေနင်းခွင့်ရခဲ့တဲ့သူက
ကျွန်တော် မသိတဲ့ အကြောင်းအရာတစ်ချို့ ကို
ပိုလို့ သိ နေနိုင်ပါတယ်လေ …
နေနဲ့ လ လည်ပတ်နေလို့ 
ကမ္ဘာဆိုတာဖြစ်နေတာလား
အာဒံနဲ့ ဧ၀ ပေါင်းစပ်ခဲ့လို့ 
လူသားဆိုတာ ဖြစ်တည်လာသလား
ရေ ၊ မြေ ၊ လေ နဲ့ ဓါတ်ကြီးလေးပါး ပေါင်းစပ်ထားလို့ များ
ကျွန်တော်တို့ တွေ ရပ်တည်ခွင့်ရနေတာလား
သေချာတာကတော့
ကမ္ဘာမြေထမ်းပိုးထားလို့ 
ကျွန်တော်တို့ တွေ ကမ္ဘာမြေပေါ်ရောက်နေတာနဲ့ တူတယ် …
ဖေဖေငယ်ငယ်ကပြောဖူးတယ်
လူဘ၀ဆိုတာ
မီးရထားလေးတွေလိုပဲတဲ့
ဂျုံး ဂျုံး ဂျက် နဲ့ 
တရဆက် ထွက်လာခဲ့ကြတာ
ဟိုဘူတာဝင် ၊ဒီဘူတာထွက်နဲ့ 
မိုင်တိုင်လေးတွေကျော်ဖြတ်ခဲ့ရရင်း
နောက်ဆုံး စက်သတ်တော့လည်း
ရပ်သွားရတာပါပဲ တဲ့  ဗျာ …
ဂီယာမပါတဲ့ စက်ကလေး
မရပ်သေးသရွေ့ တော့
မနက်ဖြန်လေးတွေ
ဆက်ရန် ကျန်နေဦးမှာပါပဲလေ …
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ
တသားတည်းမမျှတတ်တဲ့ဒီလောကမှာ
ဖြစ်နေတာတွေကို ကျေနပ်လို့ 
ဖြစ်နိုင်တာတွေကို လက်ခံတတ်ပါစေ …
ဖြစ်၊ရှိ၊တည်၊ပျက် ဆိုတဲ့
ပညတ် ပရမတ်တွေကို နားလည်တတ်ပါစေ …
သွေးသောက်ရေ …
9125 ရက်ကျော်တောင် ဖြတ်သန်းခဲ့ရတဲ့ဒီကာလ
မှားတာလေးတွေလည်း ရှိခဲ့ပါ့မယ်
မှန်တာလေးတွေလည်း ပြုခဲ့ပါ့မယ်
အမှန် နဲ့ အမှားကို ဆန်းစစ်
လောကရဲ့  အနှစ်ကို ရှာတတ်ပါစေလေ ...
ပြဌာန်းချက်မပါတဲ့
ဘ၀သင်ပုန်းကြီးဖတ်စာမှာ
ကျွန်တော်တို့ မာတိကာလေးတွေလှနေဖို့ 
ပြီးခဲ့တာလေးတွေကို ဖတ်
မှားခဲ့တာလေးတွေကို ဖျက်
မှတ်သင့်တာလေးတွေကို မှတ်လို့ 
အောင်မြင်မှုလမ်းလေးတွေဖောက်ကာ
ဘ၀ခရီး ဆက်လျှောက် နိုင်ပါစေဗျာ … ။ ~ ။
HAPPY BIRTHDAY Khine Gyee !!!
♥MOESUTNAY♥
12.1.2011
( Wed: )
2:00 p.m.

Wednesday, 30 October 2013
Save The Aged (၂)နှစ်ပြည့် အမှတ်တရ ဆုရစာမူ “ ဂုဏ်ယူစွာ ဆင်မြန်းဝတ်ဆင်နေပါရစေ ”
" ဒီနေ့သောက်ရတဲ့ကော်ဖီက တော်တော်ကိုခါးတူးပြီး အရသာကိုမရှိတော့ဘူး ..... "
တစ်ယောက်တည်း
ခပ်လေးလေးပင်ပင်လျှောက်လာရင်းနဲ့ နေသွေးနီ တစ်ယောက်
စိတ်ထဲမှစိတ်ပျက်လက်ပျက် ညီးညူလိုက်ခြင်းပါ ။ ပြီးတော့ ... သူတွေးနေမိတာ
လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးက လက်ဖက်ရည်ဆိုင်ထဲက အဖြစ်ပျက် …
" အကိုတို့ ဘာမှာမလဲခင်ဗျာ "
" ကို့ကို နက်စ်ပလိန်းတစ်ခွက်ပေး .. ရူဘီတစ်ပွဲပါချပေး ... နင်ကော ဘာမှာမှာလဲ မိုးခက် "
" အမကို ပေါ့စိမ့်တစ်ခွက်ပေးမောင်လေး .. ပြီးတော့ ပေါက်စီတစ်ပွဲလောက်ချပေးနော် "
" ဟုတ်ကဲ့ခင်ဗျာ "
" ဟဲ့ ... နင်ကဘာလို့ပေါက်စီစားမှာလဲ ၊ စားမယ့်စား အီကြာကွေးစားပေါ့ဟ "
နေသွေးနီ ရယ်ကျဲကျဲနဲ့ပြောလိုက်သော စကားကြောင့် စားပွဲထိုးကောင်လေးက ပြုံးလို့ထွက်သွားပါသည် ။
အဲ့ဒီအချိန် မိုးခက်ဝေမှာ မျက်မှောင်ကုပ်၍ကြည့်လျှက် ...
" ဟဲ့ .. နေနေ "
" နင်ဟာလေ ..
စကားပြောရင် စည်းကမ်းကိုမရှိဘူး ။ ဘေးပတ်ဝန်းကျင်ကို မကြည့်ဘူး ..
ကိုယ်ပြောချင်တာပဲပြောနေတယ် ၊ ဘယ်လိုလူမှန်းကို မသိဘူး "
ပြောပြောဆိုဆိုနဲ့ မိုးခက် က နေနေ့ ကိုမျက်စောင်းထိုးပစ်လိုက်သည် ။
"ဟား ... ငါဘာပြောလို့လဲ ၊ နင်စားချင်မလားလို့ ပြောကြည့်တာ .. စေတနာနဲ့ဟာကို "
" တော် ! ကောင်စုတ် ... နင့်အထာတွေရိုးနေပြီ .. မညစ်ပတ်နဲ့တော့ "
ထိုအချိန်မှာ
စားပွဲထိုးလေးမှ ကော်ဖီနဲ့ရူဘီ(စီးကရက်)ကို နေသွေးနီ
တို့သူငယ်ချင်းနှစ်ယောက်ရှိရာ စားပွဲဝိုင်းလေးပေါ်သို့ ဦးစွာလာချ
ပေးသွားသည် ။ ဒီတော့မှ နေသွေးန်ီလည်း မိုးခက်ဝေနဲ့ ပြောလက်စစကားကို
လွှဲဖို့ကော်ဖီခွက်ဆီသို့ လက်ရောက် သွားသည်။ထို့နောက် ကော်ဖီထုတ်ကို
ဖောက်၍မွှေခါ မိုးခက်ဝေမှာထားသော လက်ဖက်ရည်နှင့် ပေါက်စီပန်းကန် သယ်လာပေးသော
စားပွဲထိုးလေးကိုမသိမသာ ပြုံးပြလိုက်ပြီး .. ရေနွေးကြမ်းခွက်ကို
ရေကျင်းပြီး ဓါတ်ဗူးထဲမှရေနွေးများ ထည့်ပေးနေသော မိုးခက်ဝေ၏
ရှုပ်ရှက်ခတ်စွာလုပ်ကိုင်နေပုံကို ကြည့်၍ မိမိကော်ဖီခွက်ကိုကိုင်ကာ
တစ်ငုံမျှမြိုချလိုက်သည် ။ ပြီးနောက် .........
" နင့်ပေါက်စီတွေ အေးကုန်မယ်နော် "
ပြောလိုက်တုန်းကတော့ အကောင်းပါ ၊ ပြောပြီးမှ နေသွေးနီ် ရယ်နေသည် ။
" နင်နော် .... ငါ့ကို ပြောပြန်ပြီလား ၊ ဘေးဝိုင်းက ကြားသွားမှာ နင်မတွေးဘူးလားဟင် "
" ဟ .. ငါကဘာကိုလိုက်တွေးရမှာလဲ ။ ငါပြောတာ စကားအကောင်းပဲ .. "
" ကိုယ်က အကောင်းလို့ခံယူထားပေမယ့်…အများအမြင်မှာ၊အကြားမှာ ဆိုးချင်ဆိုးနေတတ်တယ်ဟဲ့၊ ဘာကိုပဲပြောပြော၊ဘာကိုပဲလုပ်လုပ် ဘေးဘီကိုကြည့်လေ..ပတ်ဝန်းကျင်ကိုခေါင်းထဲထည့်ထားလေ "
"
နင့်ဘာသာပေါက်ကရလိုက်တွေးနေတာ ။ ငါ့ဆိုလိုရင်းကို ငါသိတယ်နော် ...
ငါပြောလိုက်တုန်းကတော့ အကောင်းပဲ ၊အေး ... နင်မကြိုက်မှန်းသိလို့
ရယ်ချင်လာတာ ၊ အဲ့ဒါကြောင့်ရယ်လိုက်တာ .. ရှင်းပြီလား .. "
နေနေ တစ်ယောက် ဒေါသကိုလီဗာနင်း၍ အရှိန်နှင့်ပြေးနေသောကားကဲ့သို့တစ်နာရီမိုင်၁၄၀နှုန်းဖြင့်..
"နေစမ်းပါဦး ငါကဘာကိုဂရုလိုက်စိုက်နေရမှာလဲ။နင်ပြောလိုက်ရင် ပတ်ဝန်းကျင်၊ပတ်ဝန်းကျင်နဲ့.."
" ကျွတ် ! "
နေသွေးနီ တစ်ယောက် စိတ်တိုနေသည့်ဟန်ဖြင့် ပါးစပ်မှ စုတ်တစ်ချက်သပ်၍ ဆက်ပြောသည် ။
" အဲ့ဒီပတ်ဝန်းကျင်က နင့်ကို ထမင်းလာကျွေးနေလား ၊ ငါ့ကို လာကျွေးလား "
ကိုယ်ပြောချင်ရာ
ပြောနိုင်သည် ၊ ပတ်ဝန်းကျင်ဆိုတာ ခေါင်းထဲထည့်ထားစရာမလိုဘူး ဆိုတဲ့
အမူအယာနဲ့နေသွေးနီ လေသံကိုမာ၍ ခပ်ကျယ်ကျယ်လေးပြောလိုက်ခြင်းပင်။မိုးခက်
တစ်ယောက်
ပေါက်စီ စားနေရင်း နေသွေးနီ ကို တစ်ချက်လှမ်းကြည့်ကာ .. ငါ အစားစားနေတယ် ၊ စကားပြိုင် မပြောတော့ဘူးဆိုတဲ့ အမူအယာဖြင့်ကြည့်လိုက်သည် ။
ပေါက်စီ စားနေရင်း နေသွေးနီ ကို တစ်ချက်လှမ်းကြည့်ကာ .. ငါ အစားစားနေတယ် ၊ စကားပြိုင် မပြောတော့ဘူးဆိုတဲ့ အမူအယာဖြင့်ကြည့်လိုက်သည် ။
ထိုအချိန် နေနေ့ အတွေးထဲဝင်လာသည်က မိုးခက် ၏အရှက်နဲ့သိက္ခာ…။ သူဆက်ပြောနေလျှင် မဖြစ်တော့ချေ၊မိန်းကလေးတစ်ယောက် အတွက်
လက်ဖက်ရည်ဆိုင်မှာ စကားကျယ်ကျယ်ပြောရုံဖြင့် လူ့နှာခေါင်းရှုံ့စရာဟု
သူကိုယ်တိုင်လက်ခံထားပါသည် ။ ပြီးတော့ သူနဲ့အခုလိုအချင်းပွားနေရတာက
၉တန်းကျောင်းသားဘ၀မှစ၍ ယခု ဘွဲ့ရလို့အလုပ်လုပ်ကြသည့်တိုင်
အတူတူလက်တွဲလာခဲ့တဲ့ ရင်ဘတ်ချင်း အနီးဆုံး ... နေနေ့ ကမ္ဘာမှာ မျက်နှာသာပေး ၊
အရေးထားလို့ အိမ်ကအိမ်သားတွေ ထက်တောင် ဖေးမဖော် ၊ကူညီဖော် ရတဲ့
သူငယ်ချင်းကောင်းကြီးလေ ....။
နေနေ
စီးကရက်ဗူးထဲမှရူဘီတစ်လိပ်ကို မီးညှိလို့အူထဲအသည်းထဲ၊အဆုတ်ထဲထိ မည်းထေး
သွားအောင်ရှိုက်ပစ်လိုက်သည် ..။ ထို့နောက် စီးကရက်မီးခိုးများ
ဖြည်းညှင်းစွာထွက်လာစေရန် ပါးစပ်ကို မပွင့်တပွင့်ဟထားပြီး ပါးစပ်အတွင်းမှ
ထွက်လာသော မီးခိုးများနှင့်အတူ သူ၏အာရုံကို လွှင့်တင်ပစ်လိုက်သည် ။
တစ်သီးတစ်ဘာသာ ~ လောကကြီးမှာ ...
စီးကရက်တစ်လိပ်ကုန်သွားပြီ။ နောက်တစ်လိပ်ကို ထပ်သောက်ရန်အလို့ငှာ စီးကရက်ဗူးအတွင်းမှ
နောက်ထပ်တစ်လိပ်ကိုထပ်အထုတ်! သူ့နံဘေးတွင် တစ်ယောက်ယောက် လာရက်နေသည်ကို သတိပြုမိလိုက်သည် ။ နေနေ သတိထားမိသလိုပဲ လက်ဖက်ရည်ကို ငုံ့သောက်နေတဲ့ မိုးခက် ပါခေါင်းကိုမော့၍ ... သူတို့နှစ်ဦးသား တစ်ပြိုင်နက်တည်း လားရာ သဏ္ဍန်တစ်ခုဆီသို့ ကြည့်လိုက်ကြသည် ။ သူတို့အကြည့်တွေ မဆုံးခင်ပဲ အနားမတ်တပ်ရပ်နေသောသူထံမှစကားသံထွက်လာသည် ။

" သား ... အမေ့ကို တစ်ခုလောက်ကူညီပါလားကွယ် "
အသက်အရွယ်အားဖြင့်
၆၀ကျော်ကျော်ရှိလောက်မည် ။ အရပ်ကောင်းကောင်း ၊ ပိန်ပိန်ပါးပါး
ခန္ဓာကိုယ်နှင့် အသားညိုညို အမျိုးသမီးကြီး တစ်ဦး သူ့ကိုပြုံး၍ပင်
စကားဆိုလာသောကြောင့် ဘာများလဲဆိုသည့် အမေးအဓိပ္ပါယ်မျိုးဖြင့်
မိမိအားစိုက်ကြည့်နေသော မိန်းမကြီးကို နေနေ မေးဆတ်၍ ကြည့်လိုက်သည် ။
"အမေ့ကို ဖုန်းတစ်ကောလောက် ပေးခေါ်ပါလား။မိတ္ထီလာက အမေ့သားကြီးဆီဖုန်းခေါ်မလို့ဖုန်းဆိုင်တွေလည်း မဖွင့်သေးလို့...အဲ့ဒါ…"
" ကျွန်တော့်ဖုန်းက ဘတ္တရီကုန်နေတယ်ဗျ ... စိတ်မရှိပါနဲ့ "
အမျိုးသမီးကြီး၏စကားကိုပင် ဆုံးအောင်နားမထောင်တော့ .. နေနေက ပညာသားပါပါလိမ်လည်၍
ပြောလိုက်သည် ။ ပြီးတော့ ပြုံးပြ၍ မျက်နှာကိုချက်ချင်းလွှဲပစ်လိုက်သည် ။ ပြီးတော့ ခွက်ထဲမှာ ကျန်နေသော
ကော်ဖီကို မော့သောက်လိုက်ပြီး၊ဓါတ်ဗူးအတွင်းမှရေနွေးများကို ငှဲ့ချလိုက်သည် ။
ပြောလိုက်သည် ။ ပြီးတော့ ပြုံးပြ၍ မျက်နှာကိုချက်ချင်းလွှဲပစ်လိုက်သည် ။ ပြီးတော့ ခွက်ထဲမှာ ကျန်နေသော
ကော်ဖီကို မော့သောက်လိုက်ပြီး၊ဓါတ်ဗူးအတွင်းမှရေနွေးများကို ငှဲ့ချလိုက်သည် ။
ခါတိုင်းဆို ကော်ဖီခွက်ထဲလက်ကျန် ကော်ဖီရည်များကိုဆေးကြောပြီးမှ
ရေနွေးငှဲ့လေ့ရှိတဲ့ နေနေ တစ်ယောက် .. ရောက်ယက်ခတ်စွာ
တရစပ်လုပ်ကိုင်နေပုံကို အံ့သြကြီးစွာကြည့်နေမိသူက မိုးခက်...။ နေနေ
နဲ့ငယ်ငယ်ကတည်းက ပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းပီပီ ... မျက်နှာလွှဲ ခဲပစ်
အဖြေပေးလိုက်သော်လည်း ထွက်မသွားသေးပဲအနားတွင်
တစ်ခုခုကိုစဉ်းစားအကြံအိုက်နေသော အမူအရာဖြင့် မတ်တပ်ရပ်လျှက်ရှိနေသော
အမျိုးသမီးကြီးကြောင့် စိတ်ညစ်နေသော နေနေ ၏ မျက်နှာကို မိုးခက်
ကောင်းကောင်းဘာသာပြန်နိုင် ပါသည် ။ မိုးခက် မှာ နေနေ ၏မျက်နှာကိုတစ်လှည့်
မိမိ၏မိခင်အရွယ်မက ၊ အဘွားအရွယ်လည်းမကျသေးသည့် အမျိုးသမီးကြီး၏ မျက်နှာကို
တမော့ ကြည့်ရင်း နေရခက်လာပြီ ။
" အကြီး..ဒီနားက လမ်းချိုးလေးမှာတော့ဖုန်းဆိုင်ရှိတယ်လေ။သူတို့ကမနက်စောစောဖွင့်တာ။သွားကြည့်လိုက်ပါလားရှင်"
ဟုမိုးခက်က လက်ညှိုးထိုးပြီး နေရာကိုညွှန်ပြနေသည်။
နောက်ထပ် တစ်လိပ်ထပ်ညှိ၍ဖွာလိုက်သောမီးခိုးငွေ့များနေနေ၏ ဦးခေါင်းထက်သို့ပျံတက် ကုန်၏ ။ထိုသို့ပျံတက်စေအောင်ပင် နေနေက အောက်နှုတ်ခမ်းကိုအပြင်ထုတ်၍အရှိန်နှင့်မှုတ်ထုတ်လိုက်ခြင်းကြောင့်ပင်။မီးခိုးငွေ့များ မိမိနားသို့ရောက်လာမှ နေရာဖယ်ပေးရမှန်းသတိဝင်လာသောအမျိုးသမီးကြီးမှာ မိုးခက်ပြောလိုက်သော စကားကိုလက်ခံသော ဟန်ဖြင့်ပြုံးပြပြီး ........
" သြော် .. ဟုတ်လား ။
ကျေးဇူးပါပဲ သမီးတို့ရယ် .. အမေ သွားကြည့်ကြည့်လိုက်မယ်နော် ၊ အမေလည်း
ခြေထောက်ပါညောင်းနေပြီ ၊ ဆိုင်တွေမဖွင့်သေးတော့လေ..သွားကြည့်လိုက်မယ်နော် "
အမျိုးသမီးကြီးက
ပြောပြောဆိုဆိုနှင့် ... မိုးခက် နှင့်မျက်လုံးချင်းအဆုံမှာပင် အေးချမ်း
တည်ငြိမ်သော အပြုံးနှင့်နှုတ်ဆက်၍ ထွက်သွား ပါတော့သည် ။ ထိုအချိန်မှာ နေနေက
မိုးခက်ကိုစကားဟလာပြီ ။
" အဲ့ဒီအဖွားကြီးကို နင်သိလား .. "
" ဟင့်အင်း ... မသိဘူးလေ "နင်ကော သိလို့လားဟူသည့်မျက်လုံးမျိုးဖြင့် နေနေ့ ကို မိုးခက် ကြည့်လိုက်သည် ။
" အေး .. အဲ့ဒါ ငါ့အမေနဲ့ခမည်းခမက်တော်တဲ့ ဘွားတော်နေတဲ့လမ်းထိပ်က ၊ အဲ့ဒီ အဖွားကြီးက ပြောင်းဖူးပြုတ်
ရောင်းတယ် "
ရောင်းတယ် "
" သြော် .. အဲ့ဒီလမ်းထိပ်မှာ သူ့အိမ်လား "
" အဲ့ဒါတော့
ငါမသိတော့ဘူး … နင်သိချင်ရင်လည်း လိုက်သာမေးတော့ ။
ငါတွေ့ဖူးတာကိုပြောပြနေတာ။ ငါ လိုက်ပြီးစပ်စုထားတာတော့ မဟုတ်ဘူး ။
အဲ့ဒီလမ်းထိပ်ရောက်တိုင်း သူ့ဈေးရောင်းသံကြီး ကြားကြားနေရလို့
မှတ်မိနေတာဟာ "
မှတ်မိနေတာဟာ "
နေနေ၏ စိတ်မရှည်သော အပြောကို နားထောင်ရင်း မိုးခက်တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်မိသည် ။ ပြီးနောက် ...
" ငါမေ့နေတာပဲ ... ဆေးသောက်ရဦးမယ် "
ပြောပြောဆိုဆိုနှင့် အိတ်ထဲမှဆေးထုတ်လေးကို ထုတ်ကာ ဟိုဟိုဒီဒီကြည့်ပြီး နေနေ ကြားစေရုံမျှ ခပ်တိုးတိုးလေး
ရေရွတ်လိုက်သည် ။
ရေရွတ်လိုက်သည် ။
" ရေသန့်ဗူး သွားဝယ်ဦးမယ် ၊ ခဏနေဦးနော် "နေနေ က အင်းဟူသော အမူအရာဖြင့် ခေါင်းကို
ညိတ်ပြလိုက်သည် ။
ညိတ်ပြလိုက်သည် ။
သို့သော်လည်း တစ်ခုခုကို စိတ်ပျက်နေသည့်ဟန်နှင့် အနားမှ ထထွက်သွားသော သူငယ်ချင်းကိုပင် ဂရုမစိုက်နိုင်တော့။
ခွက်ထဲမှ
ရေနွေးကိုမော့ချပစ်လိုက်သည် ။ ပြီးနောက် ဟိုဒီကြည့်ပြီး နေသွေးနီတစ်ယောက်
ဖုန်းထဲကနေ Beyonce ရဲ့ Halo သီချင်းလေး ကောက်ဖွင့်လိုက်သည် ။
တကယ်တော့ ဖုန်းကခေါ်လို့ရနေပါသည်။
မိမိဖုန်းမှာအရင်းနှီးဆုံးသူငယ်ချင်းများနှင့် အိမ်မှအမေနှင့် အကိုသာ
ကိုင်ခွင့်ရှိသောအလေ့အထ ရှိသည် ။
ပြီးတော့...တပါးသူဆိုပေမယ့်သေရေးရှင်ရေးဆိုလည်းတစ်မျိုး။ အခုကိစ္စက
ပြောင်းဖူးသည် အဖွားကြီးက အလကားရလိုရညား
လေပြေထိုးပြီးလာပြောနေခြင်းဟုမိမိယူဆသည် ။ ထိုသို့သော သူမျိုးတို့ကို
တကယ်လို့များပေးဆက်မိမည်ဆိုလျှင် ၁၅ မိနစ်လည်းဖြစ်ကောင်း ဖြစ်မည် ။
နာရီဝက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်သည် ။ ပြီးတော့ သူပြောပြောနေကြ စကား အတိုင်း "လူတွေက အလကားရရင် ရေတောင်အသေသောက်တယ် "ဆိုတာမျိုး ။အစရှိ နောင်နောင် ဆိုတဲ့အတိုင်း တစ်ခါပေး ဆက်လိုက်ရင် နောက်လည်း လာဦးမယ် ။ သူငြင်းလွှတ်လိုက်ရတာသူ့အကြောင်းပြချက်နှင့် သူ့အတွေးနှင့်သူမို့လို့ ကျေနပ်နေသော်လည်း ... သူငယ်ချင်းဖြစ်သူ မိုးခက် သူ့ကို ကြည့်သွားသော အကြည့်တွေကြောင့် စိတ်ထဲတော့ သိပ်မကျေမချမ်းချေ ။

မိုးခက်ဝေ တစ်ယောက်ရေသန့် ဗူးဝယ်ပြီး စတိုးဆိုင်မှ ပြန်အလာ . . . အလန့်တကြားနှင့်ပင်
“ဟဲ့ ... နေနေ နင်တို့လမ်းထဲမှာ မီးလောင်လို့တဲ့ဟ”
“ဟေ ... ဟုတ်လား” ဟုမေးရင်း . . . ပြောပြောဆိုဆိုနှင့် နေသွေးနီတစ်ယောက် လက်ဖက်ရည်ဖိုးတောင် မရှင်းနိုင်တော့ဘဲ ~
တစ်ချိုးတည်း ထပြေးတာ ... သူတို့နေအိမ်ရှိရာ သစ္စာ(၅)လမ်းထဲမှာ မီးခိုးတွေပလူပျံနေတာ ။
တစ်လမ်းလုံးလည်း မီးခိုးမှိုင်းတွေချည်း ။ မွှန်မွှန်ထူထူနဲ့ ပဲ နေနေ တစ်ယောက် လမ်းထဲက သူတို့ အိမ်လေးဆီသွားတော့ ...
“နေနေရေ မင်းတို့မိသားစုတော့ ကံကြီးပေလို့ပေါ့ကွာ ။ အိုးမဲ့အိမ်မဲ့နဲ့  စည်းစိမ်တွေမပြုတ်တယ်”လို့  ပြောနေတဲ့ ဘကြီးထွေးရဲ့ စကားကို ကြားတော့ “ဘာဖြစ်လို့လဲ…ဘကြီးထွေး။ဘကြီးထွေး စကားကြီးကဘယ်လိုကြီးတုန်းဗျ၊ ကျွန်တော်နားလည်အောင်လည်း ရှင်းပြပါဦးဗျာ”ဆိုတော့မှ …
“မီးက မင်းတို့ ခေါင်းရင်း ရေစက်အိမ်က စလောင်တာ ၊ မင်းတို့အိမ်လည်း ငြိမ်းမယ့် လူသာမရှိရင်
လောင်လို့ပြာကျနေပြီ ။ဟိုဘက် ရပ်ကွက်က ပြောင်းဖူးပြုတ်ရောင်းတဲ့ မရွှေမိနဲ့  သူ့ သားတွေ လမ်းလျှောက်ရင်း
တွေ့လို့ဆိုပြီးမင်းတို့အိမ်ထဲကပစ္စည်း၊ဥစ္စာတွေအကုန်လုံးကို တာလမ်းမပေါ် ထုပ်ရွေ့ ပြီး မီးဘေးလွတ်အောင် သယ်ထုပ်ပေးထားတာလေ ။ မင်းတို့အိမ်ကတော့ အုတ် တိုက်ခံ မို့လို့ မီးကူးမမြန်တာ ၊ အိမ်ထဲမှာလည်း မင်းမေမေတစ်ယောက်ထဲရှိနေတဲ့အချိန် သယ်ထုပ်ပေးမယ့် လူသာမရှိရင် အခုအချိန် မင်းတို့ စည်းစိမ်၊ ဥစ္စာတွေမီးထဲမှာ ပြာကျနေပြီ”ဟုဆိုတဲ့ ဘကြီးထွေးရဲ့  ပြောသံအဆုံး . . . .

နေသွေးနီ သူ့ အိမ် အိမ်လေးထဲ ပြေးဝင်သွားတော့မှ…ကျွန်တော့်ကို ပြေးပြီးဖက်ငိုသူ ကျွန်တော့်မေမေက…
မရွှေမိတို့ကျေးဇူးကြီးပေလို့ပေါ့ သားငယ်ရယ်။ မဟုတ်ရင်တော့လား၊ မေမေတို့အခုအချိန် ထမင်းထုပ် စားနေရပြီလို့ ဆိုကာ ။ မီးတွေကြားထဲမှာ ထိတ်လန့်ခဲ့သူမေမေက ကျွန်တော်ကို ငိုရင်း၊ဆိုရင်း ... ပြောနေ
လေတော့တယ် ။ ကျွန်တော်တို့ အိမ်လေး ရှေ့ မှာရပ်နေတဲ့ ဒေါ်ရွှေမိတို့သားအမိ ကို ကျွန်တော် ကျေးဇူးစကား
ပြောဖို့တောင် အလွန်တရာ အားနာမိနေတော့ပါတယ် ။ ခုဏလေး တင်ကပဲ ဖုန်းလေးတစ်call တောင်
ပေးမဆက်ဘဲ ငြင်းဆန်လိုက်တဲ့ ကျွန်တော် ... အခု ထိုသူတွေကို ကျွန်တော် ဘယ်မျက်နှာနဲ့ ကျေးဇူး တင်ပါရဲ့ လို့ ပြောရမလဲဗျာ ။“သူကောင်းမှ ကိုယ်ကောင်းမယ်”ဆိုတဲ့စကားကိုသာ ဒေါ်ရွှေမိတို့
လက်ကိုင်ထားခဲ့ရင်အခုအချိန်ကျွန်တော်တို့ ပစ္စည်းတွေ မီးထဲကနေ ဘယ်လို ပြန်ဆယ်ယူရမလဲလေ . . . ။

လက်ဖက်ရည်
ဖိုးရှင်းပြီး နောက်မှ ပြေးလိုက်လာတဲ့ မိုးခက်ဝေက ကျွန်တော့်မေမေကို ဖက်ထား
လိုက်ရင်း ၊ နေနေ “တစ်ဦးက မေတ္တာ ၊ တစ်ဦးမှာ စေတနာ”ဆိုတာကို
နင်ကြားဖူးလား ။ “ခုနက ဖုန်းဘတ္ထရီရှိနေရက်ကြီးနဲ့ 
နင်ဖုန်းမပေးဆက်ခဲ့ပေမယ့် ... သူတို့တွေ မေတ္တာ မပျက်ဘဲ စေတနာ
ထားခဲ့တယ်ဆိုတာ…နင်လက်တွေ့ 
ခံစားလိုက်ရပြီမဟုတ်လား
။ ငါတို့မြန်မာလူမျိုးတွေက ကူညီတတ်တယ် ၊ ရိုင်းပင်း တတ်တယ် ... ဆိုတာ
ရှေးကတည်းက အစဉ်အလာရှိရက်နဲ့  ဘာလို့ ငါတို့တွေ စေတနာတရားတွေ
ခေါင်းပါးရမှာလဲ ၊ မေတ္တာတရားတွေ ပုန်းလျှိုးကွယ်ဝှက်ထားရမှာလဲ.. နင်လည်း
ခေတ်ပညာတတ် လူငယ်တစ်ယောက်ပဲဟာ ငါတို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ကျောင်းသင်ခန်းစာ ထဲကလိုလေ “လဲနေသူ ထူပေးပါ” ဆိုတာလေးတော့
မှတ်ထားပေးပါ ၊ နေနေရာ လို့ ” ပြောကာ ~ ကျွန်တော့်ကို ကျောခိုင်းလို့ ထွက်ခွာ သွားသူ ~ မိုးခက်ဝေ ။
မှတ်ထားပေးပါ ၊ နေနေရာ လို့ ” ပြောကာ ~ ကျွန်တော့်ကို ကျောခိုင်းလို့ ထွက်ခွာ သွားသူ ~ မိုးခက်ဝေ ။
မိုးခက်ဟာ
ကျွန်တော့်ရဲ့အရင်းနှီးဆုံး တိုင်ပင်ဖော် ၊ အတွယ်တာရဆုံးသော
ငယ်ပေါင်းကြီးဖော်ပီပီ ကျွန်တော့်မျက်ဝန်းတွေထဲက ဘာသာစကား တိုင်းကို သူမက
ဖတ်သားတတ်တယ်လေ ။ အခုလည်း သူမြင်တာတွေကို သူပြောချသွားပြီး…သူ
လှည့်ထွက်သွားခဲ့ပြီ။ ကျွန်တော်ကတော့ အတွေးများနဲ့ ကျန်ခဲ့ပြီလေ ... ။
လှည့်ထွက်သွားတဲ့ မိုးခက်ရဲ့ ကျောကိုကြည့်လိုက် ၊ ကျွန်တော်တို့ အိမ်ရှေ့ က
လူစုလူဝေးထဲက ဒေါ်ရွှေမိတို့ သားအမိတွေကို ကြည့်လိုက်နဲ့  ... ကျွန်တော်
တစ်စုံ တစ်ယောက်ကို တစ်ခုခုပြောချင်နေပါသည် . . . ဒါက ရင်ထဲမှာ ဖြစ်နေတဲ့
လက်ရှိခံစားမှု စိတ်အခြေ အနေတွေလေ ။
စကားလုံးမဲ့တဲ့ ~ အတွေးအိမ် ...
ကျွန်တော်အတွေးတွေမဆုံးသေးခင်မှာပဲ
~အသက် ၃၀ ၀န်းကျင် လူရွယ်တစ်ယောက် ကျွန်တော့် အနားရောက်လာတယ် ။ ထိုသူက
ဒေါ်ရွှေမိ၏ သားလတ် ကိုကြီးဇော်…။ကိုကြီးဇော်ကိုတော့ ကျွန်တော်တို့တွေ
အတူတူဘောလုံးကန်ခဲ့ ဖူးလို့၊ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ် ။ ကိုကြီးဇော်က ကျွန်တော့် ပုခုံးပေါ် လက်ကလေး လာတင်ထားပြီး ကျွန်တော့်မျက်နှာကို တစ်ချက်
ကြည့်တယ် ။ ညီလေး ဘာမှ စိတ်မပူနဲ့ တော့နော် ။ တာလမ်းမပေါ် တင်ထားတဲ့
ပစ္စည်းတွေ အိမ်ထဲကို ပြန်ထည့်ပြီးရင် ... အေးဆေးပါကွ ။ ညီလေးတို့အိမ်က
မီးလောင်မှုစတာမှမဟုတ်တာ ။ အဲ့တော့ ပြဿနာတွေ ဘာတွေမတက်ပါဘူး ။
စိတ်အေးအေးထားနော် ၊ ညီလေး ဆိုပြီး ... ကျွန်တော့်ကို တောင်
အားပေးစကားတွေပြောလို့ လှည့်ထွက်သွားကာ ~ တာလမ်းမပေါ်က ကျွန်တော်တို့
ပစ္စည်းတွေကို အိမ်ထဲ သယ်မဖို့ဦးဆောင် ဦးရွက်လုပ်ကာ ... ကူညီပေးနေရှာ
ပါတော့တယ် ။
ရိုးသားစွာဝန်ခံရရင် ~ ကျွန်တော့်ကို အဲ့လိုတွေဆက်ဆံကြတော့ ကျွန်တော်မနေတတ်တော့ဘူး ။ ကျွန်တော်က မကောင်းတာတောင်... ကျွန်တော့်အပေါ် စေတနာမပျက်တဲ့ လူတွေကို မြင်နေ၊တွေ့နေရတော့ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသလို ခံစားရတယ်လေ ။ “ယောက်ျားကောင်းဆိုတာ မှားတာရှိရင် ၊
ချက်ချင်းအမှန်ပြင်လို့ ၊ အမှားကိုဝန်ခံရဲရတယ်” ဆိုတဲ့ ငယ်ငယ်ကတည်းက ဖေဖေဆုံးမနေကျ
စကားလေးတစ်ခွန်း ပြန်ပြီးကြားယောင်သွားပြီး…ကျွန်တော် လမ်းတစ်ဖက်ကူး၍ ဒေါ်ရွှေမိတို့အနားသွားကာ ~
ချက်ချင်းအမှန်ပြင်လို့ ၊ အမှားကိုဝန်ခံရဲရတယ်” ဆိုတဲ့ ငယ်ငယ်ကတည်းက ဖေဖေဆုံးမနေကျ
စကားလေးတစ်ခွန်း ပြန်ပြီးကြားယောင်သွားပြီး…ကျွန်တော် လမ်းတစ်ဖက်ကူး၍ ဒေါ်ရွှေမိတို့အနားသွားကာ ~
“ဒေါ်ကြီးရွှေမိ
... ကျွန်တော်မှားသွားတယ်ဗျာ။ ကျွန်တော်တကယ်တော့
စိတ်ကောင်းမရှိတာမဟုတ်ပါဘူးဗျာ ။ ငယ်ငယ်ကတည်းက သီးသီးသန့် သန့်နေခဲ့
မိတာ၊ကျွန်တော့်ရဲ့ ဘ၀င်မြင့်နေတဲ့စိတ်တွေ ၊ တစ်ကိုယ်ကောင်း
ဆန်တဲ့အကျင့်တွေကြောင့် . . . တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်းခြင်း ၊
ကူညီခြင်း ၊ စာနာခြင်း ဆိုတဲ့ မင်္ဂလာတရား
တွေကို ကျွန်တော်မေ့လျော့သွားတယ်ဗျာ ။ ကျွန်တော့်အတ္တတွေကြီးထွားနေတာတောင် စေတနာမပျက်ဘဲ ဆက်ဆံပြခဲ့တဲ့ ဒေါ်ကြီးရွှေမိတို့ရဲ့  အပြုအမူနဲ့ လုပ်ရပ်တွေဟာ ကျွန်တော့်ဘ၀ထဲမှာ လူကိုလူချင်း ကူညီခြင်းဆိုတာကို ပြသသွားတဲ့ သင်ခန်းစာပါပဲဗျာ ။ ကျွန်တော်မှားပါတယ်ဗျာ ... ကျွန်တော့်ဖုန်းက မနက်ကတည်းက ဘတ္တရီ အပြည့်ပါ ။ ကျွန်တော်က အားနည်းသူကို အားပေးမကူဘဲ လစ်လျူရှုခဲ့ပေမယ့် ... ဒေါ်ကြီးရွှေမိတို့ရဲ့  ကူညီတတ် ၊ ရိုင်းပင်းတတ်တဲ့ စိတ်ရင်းစေတနာ တွေကတော့ ကျွန်တော် ရင်တွင်းပိုင်း နက်နက် ထဲကကို အသိအမှတ်ပြု ဦးညွှတ်ပါရဲ့ ဗျာ” . . . ။

ဘယ်လိုမှကို စိတ်ထဲမထားခဲ့ပါဘူး ကလေးရယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး . . . ပြုံးရုံလေးပြုံးကာ လှည့်ထွက်သွားခဲ့ရှာတဲ့ … ဒေါ်ရွှေမိ ။
အဲ့ဒီညက ကျွန်တော် တော်တော်နဲ့ အိပ်လို့မရခဲ့ဘူး…။ အာရုဏ်မိုးသောက်ချိန်ထိတိုင်အောင် ကျွန်တော်ကောင်းကောင်းကြီးအိပ်မပျော် နိုင်ခဲ့ဘူး
။ မနက်က အဖြစ်အပျက်တွေအားလုံးကို တရိပ်ရိပ်တွေးပြီး . . . တစ်ခုခုကို
စဉ်းစားနေမိတော့တယ် ။ အမှန်အတိုင်းပြောရရင်… ကျွန်တော်က ငယ်ငယ်ထဲက သူများ
ကျောတာ မခံခဲ့ရဖူးသလို ၊
သူများအပေါ်မှာလည်းအကျောတင်ခဲ့ဖူးတာမဟုတ်ဘူး။ကျွန်တော့်အပေါ်
ဘယ်သူမှ သေးသေးတင်လို့ မရသလို၊ ကျွန်တော်လည်းဘယ်သူ့အပေါ်ကိုမှသေးသေးမတင်ခဲ့ဖူးပါဘူးလေ။
အခုကျွန်တော့်အတွေးတွေကို ပြန်ပြီးဆက်စပ်ကြည့်ရင် ~ အမူမဲ့အမှတ်မဲ့ ထားရှိခဲ့တဲ့ ကျွန်တော့်ရဲ့  အတ္တတွေကြောင့် ကျွန်တော့်ရဲ့  စိတ်သေန္ဓေထဲမှာ အကြွေးတစ်ခုခု ရှိသလို ခံစားခဲ့ရပြီ။ကျွန်တော် ဒေါ်ရွှေမိတို့လို အမှန်တကယ်လိုအပ်သူတွေအပေါ်မှာဘာလို့လိုနေချိန်လိုနေတာလေးကိုတောင်အကူအညီ မပေးနိုင်
ရတာလဲ။ ကျွန်တော့်နှလုံးသားတွေ အဲ့လောက် မမာကျောပါဘူး ။ ဘာဖြစ်လို့ ကျွန်တော် “help” ဆိုတဲ့ စကားလေးတစ်လုံးကို အသိအာရုံထဲမှာ မထည့်ထားနိုင်ခဲ့တာလဲ ။ ကျွန်တော် တင်ရှိနေပြီဖြစ်သော ထိုအကြွေးကို လိုနေသူတွေအဖို့ တစ်ခုခု ပြန်ပေးမည်ဟု ဆုံးဖြတ်ရင်း . . . ဘယ်လိုများ လုပ်သင့်ပါသလဲလေလို့ ~ အတွေးပေါင်း အထွေထွေနဲ့  အဲ့ဒီညကို ကုန်ဆုံးခဲ့စေတော့တယ်လေ ။

ကျွန်တော့် အာရုံကို လှုပ်ခတ်လာသော ပရဟိတရနံ့  ...
မိုးလင်းတော့မနက်စာစားမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ကိုသွားတော့ ဆိုင်လေးထဲမှာရောက်နှင့်နေတာက မိုးခက်ဝေနှင့်ကိုကြီးဇော်တို့တွေ..
“ဟော ~ နေနေတောင် လာပြီပဲ ... ဒီကိုလာ နေနေ ၊ ငါတို့တောင် နင့်အကြောင်းပြောနေကျတော့ နင်တော့ အသက်ရှည်ဦးမှာပဲ”လို့  မိုးခက်ကပြောတော့
“ဘာလို့လဲဟ ... ငါ့အကြောင်းက ဘာတွေများ ပြောစရာရှိလို့လဲ”
“ဒီလိုပါ
ညီလေးရာ…ညီမလေး မိုးခက်နဲ့  စကားပြောနေရင်း၊ ညီလေးတို့တွေ
တနင်္ဂနွေနေ့လေးတွေများအားကြသလားလို့ပါ..ညီလေးရ ” လို့ ပြောတဲ့ ကိုကြီးဇော်ရဲ
့စကားဆုံးတော့
“ကျွန်တော့်ရုံးပိတ်ရက်တွေကတော့
Sunday နဲ့  gazette holiday တွေလေ ... ဒါပေမယ့် ကျွန်တော်က
လောဘနည်းနည်းကြီးတော့ အားလပ်ချိန်တွေမှာလည်း computer service
လိုက်လုပ်ပေးသေးတာဗျ။အဲ့တော့ ကျွန်တော့်မှာ အားလပ်ရက်ကြီးရယ်တော့ သီးသီး
သန့် သန့်  မရှိဘူး ။ အလုပ်လုပ်စရာမရှိတဲ့နေ့ အားတာပဲ” ... လို့ ကျွန်တော်
ခပ်ပြုံးပြုံးလေးဖြေလိုက်တယ် ။
“လူငယ်ပီပီ ပိုက်ဆံရှာဖို့တွေးတတ်ပြီး ~ အလုပ်ကို ကြိုးစားတာတော့ လေးစားတယ် ညီလေးရာ”
“ဟုတ်ကဲ့ ...
ကျွန်တော် သိခွင့်ရှိမယ်ဆိုရင် ခုနက ကိုကြီးဇော်က ကျွန်တော်တို့ကို
တနင်္ဂနွေနေ့လေးတွေ အားကြသလားဆိုတော့ . . . ဘာများဖြစ်လို့လဲဗျာ”
“ဒီလို နေနေရ ၊ ကိုကြီးဇော်က ငါတို့ကို တနင်္ဂနွေနေ့လေးတွေ အားရင်၊ သူတို့လှုပ်ရှားနေကြတဲ့ ပရဟိတ အသင်းလေးဆီခေါ်သွားမလို့တဲ့”
ပြုံးရွှင်ကြည်သာနေတဲ့ မျက်နှာလေးနဲ့ . . . မိုးခက်က ကြားဖြတ်ဝင်ပြောတယ် ။
“ကိုကြီးဇော်တို့ရဲ
့ပရဟိတအသင်းလေးအကြောင်း ကျွန်တော့်ကို ပြောပြပါလား ။ ပရဟိတအသင်းဆိုတာ
ဘာသာရေးအသင်းလား ၊ လူမှုရေးအသင်းလား ၊ ဒါမှမဟုတ် နိုင်ငံရေးလှုပ်ရှားမှု
အသင်းတစ်ခုခုများလား ဗျာ ... ကျွန်တော် တကယ်မသိလို့ ကျွန်တော့်ကို
ပြောပြပါလားဗျာ” . . . .
“ညီလေး
သိချင်ရင် ကိုကြီးဇော်ပြောပြပါ့မယ် ။ ပရဟိတ ဆိုတာ ကိုယ်ကျိုးမဖက်ဘဲ
အများအကျိုးအတွက် စိတ်ထား၊နှလုံးသားတွေကို အသန့်စင်ဆုံး ၊
အစင်ကျယ်ဆုံးထားလို့ ပြုမှုဆောင်ရွက် လုပ်ကိုင်
ပေးနေကြတာတွေလေ . . . ဒီ့ထက် ပြောရရင် ညီလေးမှာ ရှိသလို တစ်ခြားသူမှာ မရှိတာတွေကို မျှဝေဖြည့်ဆည်းပေးတာ . . . ပရဟိတနယ်မြေထဲမှာ အဆီးအတားမရှိဘူး ။ သီးခြားမရှိဘူး ။ လူမျိုး၊ ဘာသာ ၊ အသွေးအရောင် မခွဲခြားဘဲ လိုနေသူတွေကို အားဖြည့်ကူညီကာ ၊ ငိုနေသူတွေကို ထွေးပွေ့နှစ်သိမ့်ပေးကြမှာလေ ... ဒါ့ထက်မကအောင် အကျယ်တ၀င့်ပြောရရင် အဲ့ဒီစကားလုံးလေး ၄ လုံးရဲ့အနက်ကို ဖွဲ့ လို့မကုန်ဘူး ။ ဒါပေမယ့် ဆိုလိုရင်းကတော့ ပေးဆပ်ခြင်းဆိုတာပဲလေ ” ညီလေးရေ ...

“ဟာဗျာ ... ခမ်းနား
မြင့်မြတ်လိုက်တာဗျ ။ စကားလုံးတွေ ကြားရုံနဲ့ တောင်ကြက်သီးမွှေးညင်း
ထတယ်။... ကျွန်တော် အနက်တွေ အဓိပ္ပာယ်တွေတော့ နားမလည်ပါဘူးဗျာ ။ ဒါပေမယ့်
အဲ့လိုတွေ လုပ်နေတယ်ဆိုတဲ့ လူတွေနဲ့ တွေ့ ချင်တယ်ဗျာ ... သူတို့က ဘယ်လို
လူမျိုးကြီးတွေလည်းဆိုတာ သိချင်တယ်ဗျ”
“ဒီနေ့တနင်္ဂနွေနေ့ ~ ညီလေး အလုပ်ရှိလားကွ”
“ကျွန်တော် service
လုပ်ဖို့ချိန်းထားတာ တစ်ခုတော့ရှိတယ် ။ ဒါပေမယ့် မသွားတော့ဘူး။အဲ့အိမ်က
အသိအိမ် ညမှ သွားလည်းဖြစ်တယ် ။ အဲ့တော့ ~ ကျွန်တော် အားတယ် ကိုကြီးဇော်
...”
ဒီလိုနဲ့ အပေးအယူတည့်သွားကြကာ ကိုကြီးဇော် ခေါ်ဆောင်ရာ Save The Aged သက်ကြီးရွယ်အို
စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတလူငယ်များအသင်းရဲ့ Meeting လေးကိုရောက်လာခဲ့တယ် ။ နွေးထွေးပျူငှာတဲ့ သူတို့ရဲ့မိသားစုစိတ်ဓါတ် ၊ ညီအကိုမောင်နှမ ဆက်ဆံရေးတွေကြား … ကျွန်တော်တို့လည်း လူသစ်ဆိုပေမယ့် ~ နည်းနည်းတောင် မကြောင်သွားပါဘူး ။ ကိုကြီးဇော်က အဲ့အသင်းမှာ တော်တော်
အရာရောက်နေတဲ့ လူကြီးတစ်ယောက် တာဝန်ခံလို့လည်းပြောတယ် ။ သူတို့အသင်းက အဖွဲ့ ဝင်
မောင်နှမတွေကလည်း ကျွန်တော်တို့နှစ်ယောက်အနားမှာ လာထိုင်လို့ အသင်းရဲ့ မူဝါဒတွေ၊လုပ်ဆောင်ချက်တွေ၊
လှုပ်ရှားမှုတွေ၊ SaveTheAged အသင်းလေးက လစဉ် လတစ်လ၏ ပထမဦးဆုံးအပတ်တနင်္ဂနွေ နေ့လေးမှာ … အသင်းရဲ့  Meeting ကို ပြုလုပ် ဆွေးနွေးကြပြီး ၊ တတိယအပတ်တနင်္ဂနွေ နေ့လေးတွေမှာတော့ လစဉ်အလှူပွဲတွေကို ကျင်းပပြုလုပ်လေ့ရှိတဲ့ အကြောင်းတွေ ၊ အသင်းရဲ့  title လေးအတိုင်း အမှန်တကယ်နွမ်းပါး ချို့တဲ့ သော သက်ကြီးရွယ်အို ဘိုးဘွားတွေကိုစောင့်ရှောက်ထောက်ပံ့ပေးထားတဲ့ အကြောင်းလေးတွေ ၊ အသင်းလေးထဲမှာ လက်ရှိ ရာသက်ပန်ကိုယ်စားမိဘ ( ၂၃ )ဦး မွေးစား စောင့်ရှောက်ထားနိုင်တဲ့အကြောင်းတွေ ... ထို ( ၂၃ ) ဦးထဲမှာမှ ( ၃ ) မှာ ဘ၀တစ်ပါး ပြောင်းရွေ့သွားခဲ့သလို ~ ၄င်းတို့တွေ မြေကျခဲ့သည်အထိလည်း အသင်းမှ ကိုယ်စားမိဘ တစ်ဦးသဖွယ် တာဝန်ယူဆောင်ရွက်ပေးခဲ့ တာလေးတွေ…အမှန်တကယ် ချို့ တဲ့ နွမ်းပါးသော နေရာများသို့သွားရောက်လှူဒါန်းသော လစဉ်အလှူတွေအပြင် ၊ ကာလဒါန အလှူများ ၊ နေ့ထူးရက်မြတ်အခါသမယပွဲတော်များ ၊ ဘာသာရေးပွဲတော်များ ၊ ထို့ထက်မက ... ရေတွင်း ၊ ရေကန်တွေလည်း လှူဒါန်းပေးခဲ့နိုင်ပြီး ဖြစ်တဲ့အကြောင်း ... စတဲ့..စတဲ့ သူတို့အသင်းလေးရဲ့  ဂုဏ်ယူဖွယ် လှုပ်ရှားဆောင်ရွက်
နိုင်ခဲ့မှု လေးတွေကို . . . ကျွန်တော်နှင့် မိုးခက်ဝေအား အားတက်သရော ရှင်းပြပေးနေပါတော့တယ် ။

ကျွန်တော်တို့ကို
အဲ့လို ရှင်းပြပြောပြပေးနေသော ကိုမင်းသန့်နှင့်မကြည်ဖြူတို့မှာ
အသက်အားဖြင့် ဆိုရလျှင် ကျွန်တော်တို့လောက်သာ ရှိပေဦးမည် ။ သက်တူ
ရွယ်တူချင်းဖြစ်ပါလျက် သူတို့လုပ်နေ သော အလုပ်တွေကို ကျွန်တော်တို့
ဘာကြောင့် မလုပ်ဖူးခဲ့တာလဲ ၊ ဘာကြောင့် မလုပ်နိုင်ခဲ့တာလဲ ၊ ကျွန်တော့်
ဦးနှောက်ကို ကျွန်တော်question
ရိုက်လို့၊ကျွန်တော့်ရင်ဘတ်နဲ့ကျွန်တော်ဖြေကြည့်သည် ။ ထိုအရာများကို ကျွန်တော်
မေ့လျော့နေခဲ့ဖူးသည်
။ ထိုထို လူငယ်များ လုပ်နေကြသော လုပ်ရပ်တွေကို ကျွန်တော် လုပ်ဖို့ရာ
မတွေးထား မိခဲ့ပါ ။ ကျွန်တော် နှင့်မဆိုင်သလို ကျွန်တော် နေခဲ့ဖူးသည် ။
ပထ၀ီမြေကြီးပေါ်က အခမဲ့လေထုတွေကို မိန့်မိန့်ကြီးရှူရှိုက်ရင်း ...
နှာသီးဝထဲမှာ ပရဟိတဆိုတဲ့ ရနံ့တွေကို .အာရုံခံနိုင်စွမ်း ချို့တဲ့နွမ်းပါး
ခဲ့တယ်လေ.. ။
အဲ့ဒီညနေ အိမ်ပြန်ရောက်ကတည်းက ကျွန်တော့်မှာ တွေးစရာတစ်ခုရသွားတယ် ။
ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော့် ဖေဖေ ပြောပြောပြခဲ့ဖူးတဲ့
စကားလေးတစ်ခွန်းကိုလည်း သွားပြီး အမှတ်ရမိတော့တယ် ။ “လူဘ၀ဆိုတာ…အိုးတွေကို ရေဖြည့်နေသလို ပဲကွ ၊ကိုယ့်အိုးကိုလည်း ကိုယ်ပြည့်
အောင်ဖြည့်ရတယ် ၊ တစ်ခြားအိုးတွေလည်းဖြည့်ပေးရတယ်” တဲ့ ။ ကျွန်တော်နဲ့  ယဉ်ပါး ခဲ့ဖူးသော ထို စကားလေးကို ဘာကြောင့်ကျွန်တော်အနက်မပြန်နိုင်ခဲ့တာလဲ။ နေသွေးနီဆိုသော ကျွန်တော်ဟာ အတွေးကို အတွေးအတိုင်းထားတတ် တာ မဟုတ်တော့ ... ဘာဆက်လုပ်ရမလဲလို့ မဆုံးဖြတ်ရသေးမချင်း ကျွန်တော်ဒီည အိပ်လို့ရမှာမဟုတ်ဘူးလေ . . . ။ နဂိုကတည်းက ကျွန်တော်ဟာ ညဥ့်နက်သန်းခေါင်ထိ စာဖတ်လေ့ဖတ်ထ ရှိတဲ့ အကျင့်မို့ ... အိပ်လို့မရတဲ့အတူတူ စာတွေထိုင်ဖတ်ပြစ်လိုက်သည် ။ စာပေထဲကရလာတဲ့အသိနဲ့ အတူ အတွေးတစ်ခုဝင်လာသည် ။ သူများတွေ တစ်နေ့ ထမင်းနှစ်နပ် ~ နှပ်မှန်အောင်စားဖို့ ကြိုးစားနေကြ ရတဲ့အချိန်မှာ ငါဘာကြောင့် ရုံးပိတ်ရက်တွေပါ လောဘတကြီး စီးပွားရှာနေရတာလဲ ။ ဒီအမေ ၊ ဒီအဖေကျွေးတဲ့ ထမင်းကို နေမပူ ၊ မိုးမရွာဘဲ သက်တောင့် သက်သာ စားနေရတာတောင် ဘာလို့များ ငါအလိုများ ဦးမလဲ ။ STAထဲက လူငယ်တွေ ကိုယ့်ထမင်း၊ကိုယ်စား ၊ ကိုယ့်စရိတ် ကိုယ်ခံပြီး ~ အများအပူကို မျှဝေယူနေကြတဲ့အချိန် ငါက ဘာလို့ ဇိမ်နဲ့ မြိန်မြိန်နေရဦးမလဲ . . . ဆိုတဲ့ အတွေးတွေရဲ့အဆုံး ~ ထိုအဖွဲ့ လေးထဲမှာ အသင်းဝင်ဖြစ်လို့ ~ တနင်္ဂနွေတွေကို အပိုင်စားပေးပြစ်ဖို့ စဉ်းစားလိုက်ပြီဗျာ ... ။

ဒီလိုနဲ့ 
သိပ်မကြာခင် ရက်ပိုင်းလေးထဲမှာပဲ STA site လေးကို နေ့စဉ် ၀င်ရောက်လေ့လာ
ဖတ်ရှူရင်း ၊ အပြင်မှာလည်း ကိုယ်တိုင် ကိုယ်ကျ လိုက်ပါဆောင်ရွက်ရင်းနဲ့ 
ကျွန်တော်ဟာ အဖွဲ့ သား တော်တော် များများနဲ့ ရင်းနှီးကျွမ်းဝင်
ခင်မင်လာခဲ့တယ် ။ လဆန်းရက် ၊ တနင်္ဂနွေ( Meeting )တွေသာမက ၊တတိယအပတ် (
အလှူပွဲရက်)တွေမှာလည်း ကျွန်တော်ဟာ မပျက်မကွက်ပါဝင်ဆင်နွှဲခဲ့တာပေါ့ဗျာ ။ ဒီ့နောက်ပိုင်း ကျွန်တော့်
ရင်ထဲမှာပေါ့သွားတယ်။စိတ်ထဲမှာ ဒေါ်ရွှေမိတို့အပေါ် ဆက်ဆံခဲ့တာတွေကို ချေပဖို့ ကြိုးစားရင်းကနေ ကျွန်တော့် နှလုံးအိမ်ထဲမှာ ပရဟိတဆိုတဲ့စိတ်ထား ၊ နှလုံးသား ကိန်းဝပ် သန္ဓေတည်လာခဲ့တော့တယ် ။ အဆုံးစွန်ပြောရရင် ... လမ်းသွားရင်တောင် လူကြီးသူမ ၊ အိုမင်းမစွမ်းတဲ့လူတွေကို လက်ကူတွဲလို့ ကားလမ်းကူးပေးတာ ၊
ဘတ်စ်ကားစီးရင်တောင် ရနေတဲ့နေရာလေး သူများထိုင်ဖို့ ဦးစားပေးတာ ၊ ဘယ်နေရာမှာမဆို after you ဆိုတဲ့စိတ်လေး ထားရှိတတ်လာတာ ... စတာ ၊ စတာလေးတွေက STAက ကျွန်တော့်ကို သင်ကြားပေးလိုက်တာ ။STAထဲက လူငယ်ထုဟာကျွန်တော့်နှလုံးသားကို ပုံစံပြောင်းပေးခဲ့တဲ့မြင်ဆရာ၊သင်ဆရာ၊ကြားဆရာ
တွေပေါ့ဗျာ ။ သူတို့သောက်တဲ့ မိုးခါးရေတွေ ကျွန်တော်လည်း လိုက်သောက်ခဲ့တယ်လေ။ သောက်လေ
သောက်လေ~ငတ်မပြေခဲ့ဘူးဗျာ။ကျွန်တော်ရဲ့ ငတ်မပြေမှုတွေနဲ့ အတူ STA အသိုက်အမြှုံလေးထဲမှာ မိသားစုဝင်တစ်ယောက်အဖြစ် ခြေစုံပစ် ၀င်ရောက်လိုက်တော့တယ်။ကျွန်တော့်ရဲ့  ရုံးပိတ်ရက် Sunday လေးတွေကို အပိုဝင်ငွေ ရှာမနေတော့ဘဲ ... STAရဲ့  ဘိုးဘွား စောင့်ရှောက်ရေးအစီအစဉ်လေးတွေမှာ ကိုယ်တိုင် ကိုယ်ကျဦးဆောင် ဦးရွက်ပြုလို့ ပေးဆပ် ဆောင်ရွက် နေခဲ့မိပါရဲ့ ဗျာ ... ။ဒါ့အပြင် Save The Aged ရဲ့ လစဉ် အလှူပွဲလေးတွေမှာလည်း ရှပ်အကျီ င်္အဖြူနဲ့  ပုဆိုးအညိုရောင်လေးတွေဝတ်လို့ ပြုံးပျော်ရွှင်မြူးစွာ လုပ်ဆောင်နေကြတဲ့ လူငယ်စုရဲ့  ဟန်ပန်ဟာ ရိုးသားမှုရဲ့ ပြယုဂ်လား ၊ စင်ကြယ်ခြင်းရဲ့ နိမိတ်ပုံလား ၊ ရှင်းသန့်မှုရဲ့ အရိုးခံလား ... ? ? ?
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့အားလုံး ၀တ်ဆင် ထားသည့် တူညီဝတ်စုံလေးများသည် ရဲဝံ့စွာ ဆောင်ရွက် ၊ စင်ကြယ်စွာပေးဆပ်နေကြသည့် ၊ မွန်မြတ်သည့် လူစုဖြစ်ကြောင်းကို သက်သေ တည်ပါလိမ့်မည် ။ ကျွန်တော်တို့အကျီ င်္များ ဖြူစင်ပါသည် ။ ထို့အတူ ကျွန်တော်တို့ နှလုံးသားများ ဖြူစင်ပါသည် ။ ကျွန်တော်တို့ အကျီ င်္များ သန့်စင်ပါသည် ။ ကျွန်တော်တို့ စိတ်ထားများ ကြည်လင်ကြပါသည် ။ တူညီစွာ ဆင်မြန်းထားကြတဲ့ ၀တ်စုံဆင်တူလေးတွေနောက်မှာ နှလုံးသားဖြူဖြူလေးတွေလည်း ပကတိ ရှင်းသန့်စွာတည်ရှိနေပါတော့တယ်။

နှလုံးသားထဲက တူညီဝတ်စုံ ...
သူတို့တွေ
အသွေးအရောင်တွေ မတူညီကြပါ ၊ အသားအရည်တွေမတူညီကြပါ ၊ အသက်အရွယ်တွေ
မတူညီကြပါ။သို့သော် သူတို့ နှလုံးသားများ တစ်သားတည်း ၊ သူတို့ Uniform
များတစ်ပြေးညီတည်း ၊ သူတို့ စိတ်ထားများ ထပ်တူထပ်မျှ တစ်သွေးတည်းပဲလေ ။
တူညီစွာ
ဆင်မြန်း ၀တ်ဆင်ထားကြတဲ့ STA Uniform လေးတွေက သူတို့ရဲ့  တူညီသော
စိတ်အရောင်တွေလား ၊ တူညီသော နှလုံးသားတွေ လား ၊ ကာလာမဲ့သော
အဖြူလေးတွေဆိုတာလား ၊ ပကာသနမပါတဲ့ ပကတိအရောင်တွေဆိုတာလား ၊ ... ? ? ?
ကျွန်တော် မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုပြရမည်နည်း ။ သို့ပေသိ ... သူတို့
အင်မတန်မှ ခန့်ညားတင့်တယ် ၊ လှပနေကြပါတယ် ။
ကျွန်တော်ဘ၀တစ်လျှောက်လုံးမှာ
ဝတ်ခဲ့ရတဲ့ Uniform တွေကတော့ ... တယ်လည်း အများသားဗျာ ။ ငယ်ငယ်က
ကျောင်းခေါင်းလောင်း ထိုးသံလေးအောက်မှာ အဖြူနဲ့ အစိမ်း။
ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တော့ ရှပ်အကျီ င်္ ၊
ဘတ်ကီဘောင်းဘီ(ဟိုအလုပ်ပြောင်း ၊ ဒီအလုပ် ပြောင်း နဲ့  Style တစ်မျိုးစီနဲ့ 
Uniform အမျိုးမျိုးကို မရိုးနိုင်အောင်လည်း ၀တ်ဆင်ခဲ့ဖူးပါတယ် )ဒီလိုနဲ့ 
STA ထဲရောက်ခဲ့ပြန်တော့ . . . အဖြူရောင် သစ်လွင် သန့်ပြန့်နေတဲ့ ရှပ်အကျီ
င်္ဖြူဖြူလေးနဲ့  ချည်ပုဆိုး ပိုးကွက်စိပ်လေးတွေ . . . လေ ။
တစ်ရွေ့ရွေ့စီးဆင်းရင်း ~ ကာလတွေ တာရှည်စွာ ဖြတ်သန်းခဲ့ရသမျှ
အချိုးအကွေ့တွေထဲမှာ နှစ်ခြိုက်စွာတန်ဖိုးထား ၀တ်ဆင်ခဲ့တဲ့ Uniform
လေးတွေနေရာမှာ ... ကျောင်း Uniform အဖြူနဲ့ အစိမ်းလေးပြီးရင်တော့… Save The Aged က လွှမ်းခြုံပေးခဲ့တဲ့ အသစ်လွင်ဆုံးနဲ့  အတင့်တယ်ဆုံးကျွန်တော်နှစ်သက်မြတ်နိုး ၊ တန်ဖိုးထားခဲ့ရသော ရှပ်အကျီ င်္
ဖြူဖြူလေးနှင့် ပိုးချည်ထည် ကွက်စိပ်ပုဆိုးလေးပင် ဖြစ်ပေလိမ့်မည် ... ။
ဖြူဖြူလေးနှင့် ပိုးချည်ထည် ကွက်စိပ်ပုဆိုးလေးပင် ဖြစ်ပေလိမ့်မည် ... ။
အရင်က AllStar
ဖိနပ်မှ သိပ် စီးချင်စမ်းတဲ့ကျွန်တော် . . . ကတ္တီပါဖိနပ်အပါးလေးနဲ့ လည်း
ပွဲလယ်တင့်တတ်ပါပြီ ။ Bossini မဟုတ်ရင်တောင် Polo လောက်မှ
ခါးစွပ်ချင်တဲ့ကျွန်တော် စတစ်ကော်လံဖြူဖြူလေး (၀ါ) အဖြူရောင်ရှပ်အကျီ င်္လေး လောက်နဲ့လည်း နေသားတကျ ဖြစ်နေခဲ့ပြီ . . . ။ GIO မဟုတ်ရင်တောင် 501
လောက်မှ ဘောင်းဘီထင်ခဲ့ဖူးတဲ့ ကျွန်တော် အခုတော့ ပုဆိုးကွက်စိပ်လေးနဲ့လည်း အနေတော်ပါပဲ...။ “ I’m proud to be Save The Aged member ” ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် ချီးမြှောက် လိုက်တယ်ဗျာ ။
အဖြူရောင်ရှပ်အကျီ င်္သန့်သန့်လေးကို ၀တ်ဆင်ထားတဲ့ ကျွန်တော် ~ ဦးခေါင်းကိုမော့ ၊ လည်ကိုကျော့ကာ၊
ကော်လံလေးကော့်နေအောင် ထောင်ရင်းပေါ့ ... လူငယ်တစ်ယောက်ရဲ့  မာတိကာမှာမနက်ဖြန်တွေတိုင်း လှပနေဖို့ ကျွန်တော်က အဲ့ဒီ Save The Aged ဆိုတဲ့ အသင်းလေး ဆီမှာ စရံသတ်ထားမိလိုက်ပြီ ။ ကျွန်တော်ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းလိုလေ ... “ပြီးခဲ့တဲ့ မှတ်တိုင်တွေထက် ဖြတ်သန်းရမယ့် လမ်းတွေမှာ
အတ္ထုပတ္တိတွေ လှနေဖို့ရာ ပိုအရေးကြီးတယ်”တဲ့ ။ အတိတ်မှာ ဘာတွေပဲ ရှိခဲ့ ရှိခဲ့ မနက်ဖြန်တွေ ဆက်ရန်
သေချာနေတာမို့ အနာဂတ်အာရုဏ်ဦးမှာ အပြာရောင်လဲ့တဲ့ ကောင်းကင်တွေနဲ့  ဆုံတွေ့နိုင်ဖို့ရာ ကျွန်တော်
တော့ ထိုရပ်ဝန်းလေးထဲ ၀င်ခဲ့ပြီဗျ ။ မေတ္တာတရားတွေအရံသင့်နဲ့  ပန်းချီဆွဲဖို့ ကျင့်နေကြတဲ့ သူတို့ရဲ့ ကြားမှာ ကျွန်တော်လည်း ဆေးရောင်လှလှခြယ်ပါရစေဗျာ…။

မိုးစွတ်နေ
http://savetheaged.ning.com/profiles/blogs/4762429:BlogPost:134505
“အဲဒီ့အရပ်မှာ ကြယ်တွေလင်းစေသား”
“အဲဒီ့အရပ်မှာ ကြယ်တွေလင်းစေသား”
ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ကောင်းကင်ပေါ်က ကြယ်လေးတွေကို စိတ်ဝင်တစား ငေးမော ကြည့်ခဲ့ဖူးတယ်။
အိပ်မပျော်တဲ့ညတွေပဲဖြစ်ဖြစ် ၊ အိပ်ပျော်တဲ့ညတွေပဲဖြစ်ဖြစ် ... ထက်ကောင်းကင် အာကာပြင်ကိုမျှော်ကြည့်မိတိုင်း ဟိုးခပ်ဝေးဝေးက ကြယ်လေးတွေကိုမြင်မိတယ်။
သူတို့တွေကိုမြင်တိုင်း စိတ်ထဲမှာ တစ်စုံတစ်ရာကို တွေးဖြစ်ခဲ့တယ်။ ကြယ်တွေ ဘာကြောင့် လင်းတာလဲ။ ဘာကြောင့် မိုးပေါ်မှာပဲ နေတာလဲ။
ကလေးဘ၀က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ Twinkle Twinkle Little Stars ကဗျာလေးကို တစ်ခါပြန်လည် ရွတ်ဆိုလိုက်တယ်။
“မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေ . . . မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေ” ကျွန်တော် စဉ်းစားတယ်...ကြယ်တွေ ဘာကြောင့် ဖြစ်တာလဲ။
နောက်ပြီးတော့ ကျွန်တော်လည်း ကြယ်လေး တစ်လုံးဖြစ်ချင်တယ်။ ဘယ်လိုပုံနှယ် ဖြစ်ခွင့်ရမလဲ။
ကြယ်လေးတွေက သစ္စာရှိကြတယ်။ ကြယ်လေးတွေက ရဲရင့်ကြတယ်။ သူတို့ရဲ့ ပိုင်ဆိုင်သမျှအားတွေနဲ့ သူတို့ရဲ့ အမိကောင်းကင်ကြီးကို ပေးဆပ်ကာ အလင်းဓါတ်တွေပေးကြတယ်။
ကြယ်လေးတွေက ကောင်းကင်ထဲမှာ နေကြတယ်။ ကြယ်လေးတွေက ကောင်းကင်ထက်က ကြွေကျတယ်။ အဲ့လိုကြယ်လေးတွေ ဘယ်မှာရှိလဲ။
ကောင်းကင်ထဲမှာပဲ တွေ့နိုင်တော့မှာလား။ ကောင်းကင်ထဲမှာပဲ ကြယ်လေးတွေရှိကြတာလား။
* * * * * *
ကြယ်ပန်းလေးတွေ ပျိုးခဲ့သလိုပဲ .... ရိုးရိုးလေးနဲ့ တိုးလို့ မက်ခဲ့တဲ့ သူတို့ရဲ့ အိပ်မက်လေးတွေက STA တဲ့ဗျာ။ သူတို့အားလုံးက ကောင်းကင်ထက်က ကြယ်တွေလိုပဲ။
မှိတ်တုတ် မှိတ်တုတ် လင်းတာမျိုးမဟုတ်ဘဲ .... ဗြောင်ဗြောင်တင်းတင်း ထွန်းလင်းခဲ့တယ်။ သူတို့ အားလုံးမှာလည်း ကောင်းကင်ပြင်ရှိတယ်။
သူတို့ အားလုံးမှာလည်း အမိရင်ခွင်ရှိတယ်။ အဲဒီ့အရာ သူတို့အားလုံးချစ်တဲ့နေရာ ၊ သူတို့အားလုံးခင်တွယ်တဲ့နေရာ ၊ သူတို့အားလုံးရဲ့ကောင်းကင်ပြင်
STA ဆိုတာ Save The Aged ( သက်ကြီးရွယ်အိုစောင့်ရှောက်ရေးန
သူတို့ကောင်းကင်ကြီးဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တယ်။ သူတို့ကောင်းကင်ကြီးဟာ သူတို့ရဲ့ မျှော်လင့်ချက်ဖြစ်တယ်။
သူတို့ကောင်းကင်ကြီး လှပအောင်လည်း သူတို့တွေ ကြိုးစားကြတယ်။ သူတို့ ကောင်းကင်အတွက်တော့ သူတို့ဟာ အဖြည့်စွက်ခံ ကြယ်ပွင့်လေးတွေ ဖြစ်ပါစေ...ကျေနပ်နေကြသူတွေ ပါလေ။
သူတို့ရဲ့ အလင်းဓါတ်လေးတွေကြောင့် သူတို့တွေရဲ့ ကောင်းကင်ပြင်ကြီးကလည်း ဖွေးဖွေးဖြူလို့ ထွန်းလင်း နေတယ်။ အဲဒီ့ကောင်းကင်ကြီးကြောင့် အဲဒီ့ကြယ်လေးတွေထွန်းလင်းသလို ၊
အဲဒီ့ကြယ်လေးတွေကြောင့် အဲဒီ့ကောင်းကင်ကြီး လှပနေတာပေါ့။
ပြောရရင်... ငွေကြယ်ပွင့် သူရဲကောင်းလေးတွေဟာ သူတို့ရဲ့ STAကောင်းကင်ပြင်ကြီးကို ပေးဆပ်၊ကာကွယ် စောင့်ရှောက်နေကြတယ်။
အဲဒီ့ကောင်းကင်ထဲမှာ သူတို့ချစ်တဲ့ ကိုယ်စားမိဘတွေရှိတယ်။ အဲဒီ့ကောင်းကင်ထဲမှာ နွမ်းပါးချို့တဲ့သူတွေရဲ့ သောကအပူတွေရှိတယ်။
အဲဒီ့ကောင်းကင်ထဲမှာ (STAဘိုးဘွားရိပ်သာဖြစ်မြောက်ဖိ
အဲဒီ့ကောင်းကင်ထဲမှာ ဗြဟ္မာစိုရ်နှလုံးသားနဲ့ကိုယ်ချ
တစ်ချို့ကြယ်လေးတွေက ညအခါမှ တွေ့မြင်ရတယ်
တစ်ချို့ကြယ်လေးတွေက လသာမှ တွေ့မြင်ရတယ်
တစ်ချို့ကြယ်လေးတွေက ခဏတာသာ တွေ့မြင်ရတယ်
( ပြီးရင် မြေပြင်ပေါ်သက်ဆင်းလို့ ကြွေကျသွားကြတယ် )
ဒါပေမယ့် Save The Aged ထဲက ကြယ်လေးတွေက ဘယ်သောအခါမှ
မမှေးမှိန်သွားအောင် တောက်ပ ၀င်းထင် ထွန်းလင်းနေကြတယ် . . .
ဆိုပါစို့ . . . STA ဟာ ကောင်းကင်ပြင်တစ်ခုဆိုရင် အဲ့ဒီအရပ်မှာ တန်ဂိုကြယ်တွေ ၊ ဓူဝံကြယ်တွေထက် ... ကိုယ်ပိုင် အဆင်း ၊ ကိုယ်ပိုင်အချင်း ၊ ကိုယ်ပိုင်အလင်းနဲ့ ထွန်းလင်းမယ့်
ကြယ်ကလေးတွေ အများကြီး
( အများကြီး ) ရှိဖို့လိုပါလိမ့်မယ်။ ကောင်းကင်ယံမှာ တစ်ပွင့်တည်း လင်းတဲ့ ကြယ်က ထွန်းလင်း တောက်ပတယ် ဆိုရင်တောင် အစီအရီလင်းတဲ့ ကြယ်တွေကြောင့်သာ အာကာပြင်ကြီးလှနေမှာပါ။
ကောင်းကင်ပြင်လှပဖို့ဆိုတာ ကြယ်တွေ များများ လင်းဖို့ လိုအပ်တယ်... ဒါ့ကြောင့် အဲ့ဒီ အရပ်မှာ ကြယ်တွေ(များများ) လင်းပါစေသား . . . ။
STA ( ၃ ) နှစ်ပြည့် အမှတ်တရ
မိုးစွတ်နေ
22.12.2012 ( Sat: )
10 : 59 A.M.
မှတ်ချက် ။ ။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေး ပရဟိတလူငယ်များအသင်း၏ ၃ နှစ်ပြည့်အမှတ်တရ ဂုဏ်ပြုရင်း . . .
www.savetheaged.ning.com
Saturday, 2 February 2013
"အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။"
အလုပ်ထဲတွင် အဆင်ပြေစွာ နေတတ်နေဖို့ နေနည်း ( ၅ ) ချက်
၁။ သင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။
လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက်
အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။
အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။
၂။ သာမာန် အလုပ်ဖြစ်သော်ငြား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီး
ကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း များ
လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ မရယ်မိပါစေနှင့်။
၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့) သူဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။
၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်
တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက “အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။
ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။
၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ) ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။
(ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)
ဒီလိုကြီးတော့ မနေနဲ့ ဗျာ … ဟီးဟီး
:))
ကျွန်တော့်များ စောင်းရေးထားသလား မှတ်ရတယ် ။ @ _ @
Fm = > forward message
"လက်ဆောင်မွန်မှ …"
ဆရာ မြတ်ငြိမ်း ဘာသာပြန်ရေးသားသော …
ဒေါက်တာ စပင်ဆာဂျွန်ဆင်၏ လက်ဆောင်မွန်မှ …
နှစ်သက်မိသော note တစ်ချို့  ~
~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ဆောင်မွန် ဘာလဲဆိုတာ
သင် သိထားပြီးသားပါ ။
အဲဒါကို ဘယ်မှာရှာရမလဲဆိုတာ
သင် သိထားပြီးသားပါ ။
နောက်ပြီး လက်ဆောင်မွန်က
သင် ပျော်ရွှင်အောင်နဲ့  အောင်မြင်အောင်
ဘယ်လိုစွမ်းဆောင်ပေးနိုင်တယ်ဆိုတာ
သင် သိထားပြီးသားပါ ။
သင် ငယ်စဉ်တောင်ကျေး ကလေးအရွယ်တုန်းက
ဒီအကြောင်း အသိဆုံးဖြစ်ခဲ့တယ် ။
တကယ်တော့ သင် မေ့လျော့နေတာပါ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လက်ဆောင်မွန် ဆိုတာ
အတိတ် မဟုတ်သလို
အနာဂတ်လည်း မဟုတ် ။
လက်ဆောင်မွန် ဆိုတာ
ပစ္စုပ္ပန်ပါ ။
လက်ဆောင်မွန် ဆိုတာ
ယခု လက်ရှိအချိန်ပါ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆင်းရဲဒုက္ခ အရောက်ဆုံး
အခြေအနေတွေမှာတောင်
လက်ရှိ ပစ္စက္ခကာလမှာ
အဆင်ပြေချောမွေ့ တဲ့အကြောင်း
အာရုံပြုထားရင်
သင် ပိုပြီး စိတ်ချမ်းမြေ့ လာလိမ့်မယ် ။
နောက်ပြီး မှားနေတာတွေကို
ပြန်ပြီး တည့်မတ်နိုင်အောင်
လိုအပ်နေတဲ့ အားမာန်တွေ
ယုံကြည်မှုတွေ ပေးလိမ့်မယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပစ္စုပ္ပန်မှာ တည်အောင်နေတယ်ဆိုတာ
အာရုံပျံ့ လွင်မှုတွေကို ဖယ်ထုတ်ပြီး
လောလောလတ်လတ် အရေးကြီးနေတာတွေကို
အာရုံစိုက်ခြင်းပဲ ဖြစ်တယ် ။
သင့် အာရုံဝင်စားမှုဟာ
သင့် အတွက် သင်ကိုယ်တိုင်ဖန်တီးပေးတဲ့
လက်ဆောင်မွန်ပဲ ဖြစ်ပေတယ် ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အတိတ် အတွေ့ အကြုံတွေကနေ
သင်ယူဆည်းပူးမှု မပြုခဲ့ဘူးဆိုရင်
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ 
ခက်ခဲ ပင်ပန်းပေလိမ့်မယ် ။
သင်ယူဆည်းပူးမှု ပြုလုပ်ပြီးတာနဲ့ 
အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့မယ်ဆိုရင်
ပစ္စုပ္ပန်ကို တိုးတက်ကောင်းမွန်အောင်
သင် စွမ်းဆောင်ရာရောက်တယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပစ္စုပ္ပန်ကာလမှာ
သင် စိတ်ဆင်းရဲနေတဲ့အခါမျိုး
ဒါမှမဟုတ်
မအောင်မြင်ဘူးလို့ ခံစားနေရချိန်မျိုး
အဲဒီအချိန်ဟာ
အတိတ်ဖြစ်ရပ်တွေကနေ
သင်ခန်းစာထုတ်ယူရမယ့်
ဒါမှမဟုတ်
အနာဂတ်အတွက် စီမံကိန်းချရမယ့်
အချိန်ပဲ ဖြစ်တယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ
ပြန်ပြီး ဆန်းစစ်လေ့လာပါ ။
အဲဒီဖြစ်ရပ်တွေကနေ
အဖိုးတန်သင်ခန်းစာတစ်ခုခု ထုတ်ယူပါ ။
သင် ထုတ်ယူရရှိတဲ့ သင်ခန်းစာကို
ပစ္စုပ္ပန်ကာလ တိုးတက်ကောင်းမွန်ရေးအတွက်
အသုံးချပါ ။
သင် အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး ။
ဒါပေမယ့် အတိတ်ကနေ သင်ခန်းစာ
ထုတ်ယူလို့ ရတယ် ။
အနေအထား တူတာတွေပေါ်ပေါက်လာရင်
အကြောင်းကိစ္စတွေကို မတူ ခြားနားအောင် ဆောင်ရွက်
ပြီးတော့ ပိုပြီး ထွန်းပေါက်အောင်မြင်တဲ့
ပစ္စုပ္ပန်ကာလကို ပျော်ရွှင်ခံစားပါလေ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အနာဂတ်ကို
ဘယ်သူမှ ကြိုတင်ဟောကိန်းထုတ်လို့ မရသလို
ဘယ်သူမှ ထိန်းချုပ်လို့ မရဘူး ။
ဒီလိုဖြစ်ပေမယ့်လည်း
သင် တွေ့ လို ၊ မြင်လိုတာကို များများ စီမံကိန်းချလေ
ပစ္စုပ္ပန်မှာ
သင် စိုးရိမ်ကြောင့်ကြရမှု နည်းလေ
နောက်ပြီး အနာဂတ်ကို
ပိုပြီး သိနေ ၊ မြင်နေ လေပေါ့ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သာယာလှပတဲ့ အနာဂတ်ဘ၀ဟာ
ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးပုံရိပ် ဖော်ကြည့်ပါ ။
အဲဒီဘ၀မျိုး ဖြစ်ထွန်းလာအောင်
လက်တွေ့ ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ ။
သင့် စီမံကိန်းကို လောလောဆယ်ပဲ
အကောင်အထည်ဖော်ပါ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သင် ဘယ်ပုံ ဘယ်နည်း
တုံပြန် ဆောင်ရွက်သလဲဆိုတာ
သင့် ရည်မှန်းချက်ပေါ်မှာ တည်မှီနေတယ် ။
သင် စိတ်ချမ်းသာပြီး
ပိုမိုအောင်မြင် လိုလာပြီဆိုလျှင်
သင့် အနေနဲ့ မျက်မှောက်ကာလမှာ
ပျော်ဝင်နေထိုင်ရမယ့် အချိန်ရောက်နေပြီပေါ့ ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး
သာလွန်ကောင်းမွန်စေချင်လာပြီဆိုရင်
သင့်အနေနဲ့ မျက်မှောက်ကာလမှာ
ပျော်ဝင်နေထိုင်ရမယ့် အချိန်ရောက်နေပြီပေါ့ ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး
သာလွန်ကောင်းမွန်စေချင်လာပြီဆိုရင်
သင့် အနေနဲ့  အတိတ်ကနေ
သင်ခန်းစာထုတ်ယူရမယ့် အချိန်ဖြစ်နေပြီပေါ့ ။
အနာဂတ်ကို ပစ္စုပ္ပန်ထက်ပိုပြီး
ထွန်းလင်းတောက်ပြောင်စေချင်လာပြီဆိုရင်
သင့်အနေနဲ့  အနာဂတ်အတွက်
စီမံကိန်းချရမယ့် အချိန်သင့်နေပြီပေါ့ ။
သင်ဟာ ရည်ရွယ်ချက်ရှိရှိနေထိုင်ပြီး
လုပ်ကိုင်ဆောင်ရွက်တဲ့အခါ
နောက်ပြီး
မျက်မှောက်ကာလမှာ အရေးကြီးတာကို
တုံ့ ပြန်ဆောင်ရွက်တဲ့အခါ
ဦးစီး ဦးဆောင်ပြုရာမှာ
စီမံခန့် ခွဲရာမှာ
ကူညီထောက်ပံ့ရာမှာ
အဆွေခင်ပွန်းဖွဲ့ ရာမှာ
နောက်ပြီး
မေတ္တာထားရာမှာ
သင့်စွမ်းရည်တွေ ပိုမိုမြင့်မားလာတော့တယ် ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အောင်မြင်ခြင်းဆိုတာ
သင် ကိုယ်စွမ်း ကိုယ်စရှိသလောက်
ထွန်းပေါက်လာခြင်းဖြစ်တယ် ။
နောက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့
ရည်မှန်းချက်ပန်းတိုင်များဆီကို
ခရီးပေါက် အောင်မြင်ခြင်းဖြစ်တယ် ။
ငါတို့ အတွက်
အောင်မြင်မှု ဘာလဲဆိုတာကို
ငါတို့ တစ်ဦးချင်း တစ်ယောက်ချင်း
အဓိပ္ပာယ် ကိုယ်စီဖွင့်ကြတယ် ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သင်၏ ပစ္စုပ္ပန်ကာလများကို အသုံးချနည်း သုံးသွယ်
-----------------------------------------------------
သင် စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ ~~~
ပစ္စုပ္ပန်မှာ မွေ့ ပျော်နေထိုင်ပါ ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို
တုံ့ ပြန်ဆောင်ရွက်ပါ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ ~~~
အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ ။
အဲဒီ ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာထုတ်ယူပါ ။
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ။
အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ ~~~
အနာဂတ်အတွက် စီမံကိန်းချပါ ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ ။
အဲဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
The Gift that Makes You Happy and Successful at Work & in Life !
ကျွန်တော်ဖတ်မိသောအခါ ကောင်းလွန်းလို့ 
လက်အညောင်းခံ ရိုက် တင် ထားပါသည် ။
"ဒီနေ့မြန်မာ့အမေများနေ့"

ဒီနေ့အမေများနေ့တဲ့ ! ! !
(ဘဘဦးသုခသတ်မှတ်ပေးတဲ့မြန် မာ့အမေများနေ့)
Cyprus က အမတစ်ယောက်က လှမ်းပြီး remind လုပ်တယ်။
ပြီးတော့ သူကလည်း message လှမ်းပို့တယ်။
ရုံးပြန်ရင် မေမေ့အတွက် လက်ဆောင်တစ်ခုခုဝယ်သွားတဲ့ . . .
ကျွန်တော် အလုပ်တွေရှုပ်နေတယ် မေမေ
ဒါပေမယ့် ~ ဒီနေ့က ဘာဆိုတာ . . . အမှတ်တရရှိပါတယ်။
မြန်မာ့အမေများနေ့၊ မြန်မာ့အဖေများနေ့၊
ကမ္ဘာ့အမေများနေ့၊ ကမ္ဘာအဖေများနေ့၊
ကမ္ဘာ့မိဘများနေ့ ... အဲ့နေ့တွေဆို
ကျွန်တော်လုံးဝမမေ့ဘူး . . . မေမေ။
အမေများနေ့အမှတ်တရတဲ့ ... ဖေ့ဘွတ်ကြီးပေါ်မှာ
သူများတွေ ကဗျာတွေရေးကြတယ်။
ကျွန်တော်လည်းသူတို့တွေလို ရေးချင်တာပေါ့
ဒါပေမယ့် ... ကျွန်တော်မရေးဖြစ်ဘူး ~ မေမေ။
ကျွန်တော်ဟာ ဘုရားသခင်ဖန်ဆင်းပေးလို့လြူ ဖစ်လာတာမဟုတ်ဘူး။
မေမေမွေးပေးခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တာ . . .။
မေမေဟာ . . .
ကျွန်တော့်ရဲ့ငိုသံချိုချို ကို ဆည်းလည်းသံလို့ ထင်မှတ်ခဲ့သူ
ကျွန်တော့်ရဲ့သင်ရိုးညွှန်းတ မ်းကို ပထမဦးဆုံး ပြဌာန်းခဲ့သူ
ကျွန်တော့်မျက်ဝန်းအိမ် တံခါးဝမှ စိတ်တွင်းသို့ ဖောက်မြင်နိုင်ခဲ့သူ
ကျွန်တော့်ဘ၀အဘိဓါန်ကို စ/လယ်/ဆုံး ကြေညက်ခဲ့သူ
Happy Mother's Day ပါ ... မေမေ
သူများတွေလို မေမေ့ကို ချစ်တယ်/အရမ်းချစ်တယ်လို့
ပြောချင်ပါတယ် ~ ဒါပေမယ့် ပြောမထွက်ဘူး ... မေမေ
ပြောနေကျမဟုတ်တော့ ~ ပါးစပ်က မ၀ံ့ရဲဘူး
မဟုတ်တဲ့နေရာမှာ ရှက်နေတယ် . . . :(
မေမေ့ကို ရှိခိုးပြီးမှ ရုံးသွားခဲ့တာ
နေ့စဉ်တိုင်းမပျက်ခဲ့ဘူး...
ဒါပေမယ့် ~ မေမေ့ကိုချစ်တယ်လို့
တစ်ရက်မှ ပြောမထွက်ခဲ့ဘူး . . . ။
(ဘဘဦးသုခသတ်မှတ်ပေးတဲ့မြန်
Cyprus က အမတစ်ယောက်က လှမ်းပြီး remind လုပ်တယ်။
ပြီးတော့ သူကလည်း message လှမ်းပို့တယ်။
ရုံးပြန်ရင် မေမေ့အတွက် လက်ဆောင်တစ်ခုခုဝယ်သွားတဲ့ . . .
ကျွန်တော် အလုပ်တွေရှုပ်နေတယ် မေမေ
ဒါပေမယ့် ~ ဒီနေ့က ဘာဆိုတာ . . . အမှတ်တရရှိပါတယ်။
မြန်မာ့အမေများနေ့၊ မြန်မာ့အဖေများနေ့၊
ကမ္ဘာ့အမေများနေ့၊ ကမ္ဘာအဖေများနေ့၊
ကမ္ဘာ့မိဘများနေ့ ... အဲ့နေ့တွေဆို
ကျွန်တော်လုံးဝမမေ့ဘူး . . . မေမေ။
အမေများနေ့အမှတ်တရတဲ့ ... ဖေ့ဘွတ်ကြီးပေါ်မှာ
သူများတွေ ကဗျာတွေရေးကြတယ်။
ကျွန်တော်လည်းသူတို့တွေလို ရေးချင်တာပေါ့
ဒါပေမယ့် ... ကျွန်တော်မရေးဖြစ်ဘူး ~ မေမေ။
ကျွန်တော်ဟာ ဘုရားသခင်ဖန်ဆင်းပေးလို့လြူ
မေမေမွေးပေးခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တာ . . .။
မေမေဟာ . . .
ကျွန်တော့်ရဲ့ငိုသံချိုချို
ကျွန်တော့်ရဲ့သင်ရိုးညွှန်းတ
ကျွန်တော့်မျက်ဝန်းအိမ် တံခါးဝမှ စိတ်တွင်းသို့ ဖောက်မြင်နိုင်ခဲ့သူ
ကျွန်တော့်ဘ၀အဘိဓါန်ကို စ/လယ်/ဆုံး ကြေညက်ခဲ့သူ
Happy Mother's Day ပါ ... မေမေ
သူများတွေလို မေမေ့ကို ချစ်တယ်/အရမ်းချစ်တယ်လို့
ပြောချင်ပါတယ် ~ ဒါပေမယ့် ပြောမထွက်ဘူး ... မေမေ
ပြောနေကျမဟုတ်တော့ ~ ပါးစပ်က မ၀ံ့ရဲဘူး
မဟုတ်တဲ့နေရာမှာ ရှက်နေတယ် . . . :(
မေမေ့ကို ရှိခိုးပြီးမှ ရုံးသွားခဲ့တာ
နေ့စဉ်တိုင်းမပျက်ခဲ့ဘူး...
ဒါပေမယ့် ~ မေမေ့ကိုချစ်တယ်လို့
တစ်ရက်မှ ပြောမထွက်ခဲ့ဘူး . . . ။
" ရင်ဝယ်ငြိတဲ့ အင်အားကဗျာ "
" ထိပ်ဆုံးသို့ "
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန် ...
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့ ...
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး ...
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား ... ။ ~ ။
((ငွေတာရီ ))

" ချစ်တဲ့ မေမေ "
မင်း'...လူ့ ပြည်ကိုသက်ဆင်းဖို့ အရေး
မရဏသေတွင်းဘေးကနေ
ခြေတစ်ဖက်ဆင်းပေးခဲ့တာ
ဘယ်သူလဲ ...
မင်း'...အငိုတိတ်ဖို့ အရေး
ညသန်းခေါင်ယံမှာ အိပ်ပျက်ကာ
တေးချော့မြူပေးခဲ့တာ
ဘယ်သူလဲ ...
မင်း'...လောကဓံမုန်တိုင်းနာကျင်တိုင်းမှာ
အရှူံးကိုဖယ်ခွာလို့ 
အပြုံးနဲ့ ကြိုလင့်ပေးခဲ့တာ
ဘယ်သူလဲ ...
မင်း'...ကောင်းကင်မှာ
ကြယ်တစ်စင်းထွန်းလင်းဖို့အရေး
မျှော်လင့်ပေးခဲ့တာ
ဘယ်သူလဲ ...
ဒီလိုမျိုးအတွေးစတွေနဲ့ ဘဝ
ကျောက်စက်ရည်ထက်အေးမြတဲ့ 
မေမေရဲ့ မေတ္တာတရားကို
သား'...သတိတရနဲ့ ရေးချလိုက်ပြီဗျာ ... ။ ~ ။
11.5.2008 (ကမ္ဘာ့ မေမေများနေ့ အမှတ်တရ )
♥MOESUTNAY♥

---
International Mother's Day is Second Sunday in May !!!!
8.8.2011 မှာ ကျရောက်မည့် ကမ္ဘာ့ မေမေများနေ့ အမှတ်တရ
ကျွန်တော့် ဘလော့မှာ တင်ခဲ့ဖူးသော ပို့ စ်အဟောင်းလေးပါ ။
ကိုးလလွယ် ဆယ်လဖွားလို့  လူလားမြောက်အောင် မွေးဖွားသန့် စင်ပေးခဲ့သော
မွေးမေမေနဲ့ တကွ ပုခက်လွှဲသောလက်များ ၊ နို့ တိုက်မိခင်များ ၊ ကမ္ဘာမြေတစ်ခွင်မှ
"အမေ" ဟူသော ဣတ္ထိလိင် များ အားလုံး အားလုံးကို ဦးခိုက်ညွှတ်တွားရင်း
ပျော်ရွှင်ဖွယ်ရာ မေမေများနေ့ ဖြစ်ပါစေလို့  . . . ။
ဆန္ဒမွန်ပြုရင်း . . . ♥ ♥ ♥
♥မိုးစွတ်နေ♥
"ခဲမှန်ဖူးတဲ့ ရန်ကုန်သင်္ကြန်"
by Moesut Nay on Friday, 15 April 2011 at 01:40
================
ဟောဒီ့ ကျီးလန့် စာစားမြို့ လေးမှာ
ပွဲတော်တစ်ခုဟာ စည်ကားနေရှာပေါ့ . . .
ခဲထိဖူးတဲ့ စာသူငယ်တွေ
အထိတ်တလန့် နဲ့  စိတ်မသန့် ပေမယ့် . . .
ပျော်ကြတဲ့သူတွေလည်း ပျော်ကြရှာပါလေ
စွတ်စိုလတ်ဆတ်တဲ့ သင်္ကြန်ရနံ့ တွေက
လူငယ်တွေပေါ်ကို စီးကျကြတယ် . . .
ဟန်ကြွကြွမာန်လွှလွှ ဖူးကြပွင့်ကြမယ့်
ပိတောက်ပန်း
ဟောဟိုဘက်မှာ နေခြောက်လှမ်းနေတဲ့
ကလေးတွေ
သင်္ကြန်ရေဘယ်မခမ်း အိမ်မပြန်စတမ်းဆိုတဲ့
အိုဘယ့် "အလန်း" တွေပေါ့ . . .
ပုလင်းတွေမော့ အပျင်းပြေဆော့ကာ
အော့ . . . အတွင်းကြေရင်တော့
ဟော့ . . . အတိနဲ့ 
ရှော့ . . . ရှိမယ်နော်
ပျံသန်းမယ့် နွေဦးမှာ
ပိတောက်တွေမဖူးရင်လည်း နေပါစေ . . .
ဒီသင်္ကြန်ရေ အေးပါစေ . . .
သွေးနဲ့ ဆေးဖို့  ဝေးပါစေ . . . ။ ~ ။
♥MOESUTNAY♥
14.4.2011
( Thu: )
6 :30 p.m.
( သင်္ကြန်အကျနေ့  )
ဟောဒီ့ ကျီးလန့် စာစားမြို့ လေးမှာ
ပွဲတော်တစ်ခုဟာ စည်ကားနေရှာပေါ့ . . .
ခဲထိဖူးတဲ့ စာသူငယ်တွေ
အထိတ်တလန့် နဲ့  စိတ်မသန့် ပေမယ့် . . .
ပျော်ကြတဲ့သူတွေလည်း ပျော်ကြရှာပါလေ
စွတ်စိုလတ်ဆတ်တဲ့ သင်္ကြန်ရနံ့ တွေက
လူငယ်တွေပေါ်ကို စီးကျကြတယ် . . .
ဟန်ကြွကြွမာန်လွှလွှ ဖူးကြပွင့်ကြမယ့်
ပိတောက်ပန်း
ဟောဟိုဘက်မှာ နေခြောက်လှမ်းနေတဲ့
ကလေးတွေ
သင်္ကြန်ရေဘယ်မခမ်း အိမ်မပြန်စတမ်းဆိုတဲ့
အိုဘယ့် "အလန်း" တွေပေါ့ . . .
ပုလင်းတွေမော့ အပျင်းပြေဆော့ကာ
အော့ . . . အတွင်းကြေရင်တော့
ဟော့ . . . အတိနဲ့ 
ရှော့ . . . ရှိမယ်နော်
ပျံသန်းမယ့် နွေဦးမှာ
ပိတောက်တွေမဖူးရင်လည်း နေပါစေ . . .
ဒီသင်္ကြန်ရေ အေးပါစေ . . .
သွေးနဲ့ ဆေးဖို့  ဝေးပါစေ . . . ။ ~ ။
♥MOESUTNAY♥
14.4.2011
( Thu: )
6 :30 p.m.
( သင်္ကြန်အကျနေ့  )
" စာအုပ်ထဲက ဒဿနတစ်ချို့ "
by Moesut Nay on Wednesday, 1 June 2011 at 00:21
“ကိုယ်တိုင်အိပ်မှ အိပ်ပျော်မှာ”
=================
♦ မနာလိုမဖြစ်နှင့်
လုပ်တဲ့သူက နေရာရမှာပဲ . . .
♦ တန်ဖိုးဆိုတာ ကြည့်တဲ့သူ ၊
သိတဲ့သူအပေါ်မှာပဲ မူတည်တယ် . . .
♦ အပြောကြီးတာမလုပ်ချင်တာကို
ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ . . .
♦ နှေးနေတာအရေးမကြီးဘူး
ရပ်မနေဖို့  အရေးကြီးတယ် . . .
♦ အသိတရားရှိရှိနဲ့  စာရိတ္တကောင်းအောင်
ကြိုးစားရင် လူရာဝင်တာပါပဲ . . .
♦ အပြစ်မရှာကြပါနှင့် အဖြေရှာကြပါ
အရေးမကြီးတာကို အပ်ကြောင်းမထပ်မိပါစေနှင့် . . .
♦ လိုသလောက် မရနိုင်ပေမဲ့
လုပ်သလောက်တော့ ရနိုင်ပါတယ် . . .
♦ အချိန်ဖြုန်းတာဟာ
ဥစ္စာဖြုန်းတာထက် နှမြောဖို့ ကောင်းတယ် . . .
အမေဘယ်လောက်သိပ်သိပ် ကိုယ်တိုင်အိပ်မှ အိပ်ပျော်မှာပါ . . . ။ ~ ။
p.s = > ဖတ်မိ ၊ မှတ်မိ ၊ စုထားမိသော . . . ဒဿန ၊ စာစုလေးတစ်ချို့ 

"ခေတ်တစ်ခေတ်ရဲ့ အိုလူငယ်"
by Moesut Nay on Thursday, 17 January 2013 at 22:05 ·

ကဗျာမရေးတတ်ရင်
မဖြစ်တော့တဲ့အခါ
ပရဟိတအလုပ်မလုပ်ရင်
မဖြစ်တော့တဲ့အခါ
နိုင်ငံရေးမသိရင်
မဖြစ်တော့တဲ့အခါ
သီချင်းမဆိုတတ်ရင်
မဖြစ်တော့တဲ့အခါ
ဂစ်တာမတီးတတ်ရင်
မဖြစ်တော့တဲ့အခါ
ဖက်ရှင်ဆိုတာနားမလည်ရင်
မဖြစ်တော့တဲ့အခါ
ကွန်ပျူတာမသုံးတတ်ရင်
မဖြစ်တော့တဲ့အခါ
လက်ကိုင်ဖုန်းမရှိရင်
မဖြစ်တော့တဲ့အခါ
ဘာသာစကားတစ်ခုခု မတတ်ရင်
မဖြစ်တော့တဲ့အခါ
.
.
.
ကျွန်တော်ဟာ (၂၁)ရာစုကို
ရောက်နေပြီဆိုတာ သိလိုက်ရတယ် . . . ။
@_@
မိုးစွတ်နေ
Moesut Nay
17.1.2013(Thurs)
9:00 P.M.
သင်လည်းပဲ ၂၁ ရာစု၏ ခေတ်လူငယ်တစ်ယောက်ဖြစ်ကြောင်း ဒီကဗျာထဲမှ အလုံးစုံမဟုတ်တောင် တစ်ပိုဒ်ပိုဒ်မှ သက်သေပြုနေပါလိမ့်မည် . . . ။ :)
စာကြွင်း ။ ။ “ပရဟိတအလုပ်မလုပ်ရင် . . . မဖြစ်တော့တဲ့အခါ” …. ဆိုသည်မှာ ~ ပရဟိတကို စိတ်အရင်းခံ အမှန်ဖြင့်
လုပ်နေသူများကို မဆိုလိုပါ။ ပေါ်ပင် ရေလိုက် ငါးလိုက် လုပ်တတ်ကြသူများ အတွက်သာ ရည်ညွှန်းပါသည်။
"လူ့ဘ၀ရဲ့ အကြီးမားဆုံး အသိတရား (၁၄) ချက် "
"လူ့ဘ၀ရဲ့ အကြီးမားဆုံး အသိတရား (၁၄) ချက် "
by Moesut Nay on Saturday, 21 May 2011 at 23:08 ·
"လူ့ဘ၀ရဲ့ အကြီးမားဆုံး အသိတရား (၁၄) ချက် "
၁။ လူ့ဘ၀၏ အကြီးမားဆုံး ရန်သူသည် မိမိကိုယ်တိုင်ဖြစ်သည်။
၂။ လူ့ဘ၀၏ အကြီးမားဆုံး ဆုံးရူံးခြင်းသည် မိမိ၏မာနကြောင့်ဖြစ်သည်။
၃။ လူ့ဘ၀၏ အကြီးမားဆုံး လက်ဆောင်မွန်သည် သည်းခံခွင့်လွှတ်တတ်သော စိတ်ဓါတ်ဖြစ်သည်။
၎။ လူ့ဘ၀၏ အကြီးမားဆုံး အသိမဲ့ခြင်းသည် မိမိကိုယ်ကို လိမ်လည်ခြင်းဖြစ်သည်။
၅။ လူ့ဘ၀၏ အကြီးမားဆုံး ၀မ်းနည်းရခြင်းသည် မိခင်မေတ္တာကို စွန့်လွှတ်ရခြင်းဖြစ်သည်။
၆။ လူ့ဘ၀၏ အကြီးမားဆုံး မှားယွင်းမှုလုပ်ရပ်သည် မိမိ၏စိတ်ဓါတ် ကျဆင်းခြင်းကြောင့်ဖြစ်သည်။
၇။ လူ့ဘ၀၏ အကြီးမားဆုံး သနားစရာကောင်းခြင်းသည် မိမိ၏စိတ်အားငယ်မှုဖြစ်သည်။
၈။ လူ့ဘ၀၏ အကြီးမားဆုံး ပြစ်မှုပြုခြင်းသည် မိမိ၏အနိုင်ကျင့်လိုမှုဖြစ်သည်။
၉။ လူ့ဘ၀၏ အကြီးမားဆုံး လေးစားခံရခြင်းသည် မိမိ၏ကြံ့ခိုင်သောစိတ်ဓါတ်ဖြစ်သည်။
၁၀။ လူ့ဘ၀၏ အကြီးမားဆုံး စီးပွါးပျက်ရခြင်းသည် မိမိ၏ကိုယ်ပိုင်အနာဂါတ် မျှော်လင့်ချက်ကင်းမဲ့ခြင်းကြောင့်ဖြစ်သည်။
၁၁။ လူ့ဘ၀၏ အကြီးမားဆုံး ချမ်းသာခြင်းသည် မိမိ၏ကျန်းမာရေးကောင်းမွန်ခြင်းဖြစ်သည်။
၁၂။ လူ့ဘ၀၏ အကြီးမားဆုံး အကြွေးသံသရာဖြစ်ခြင်းသည် မိမိအမှားကိုတောင်းပန်ပြုပြင်ရန် ၀န်လေးခြင်းဖြစ်သည်။
၁၃။ လူ့ဘ၀၏ အကြီးမားဆုံး ပီတိသည် မိမိ၏အလှူဒါနပြုခြင်းဖြစ်သည်။
၁၄။ လူ့ဘ၀၏ အကြီးမားဆုံး လိုအပ်ချက်သည် မိမိ၏အကြင်နာတရား မေတ္တာစိတ်ဓါတ်ဖြစ်သည်။
Source : froward mail

Subscribe to:
Posts (Atom)