Monday, 15 June 2009
အသဲကွဲ မင်းသားကြီး
အသဲကွဲ မင်းသားကြီး
ဘယ်ဘ၀က
ဘယ်လိုဇာတ်ညွှန်းတွေ
ရေးခဲ့မိလို့များ
ဒီဘ၀မှာ
ကွဲခန်း၊ပြဲခန်းတွေချည်း
ရိုက်နေရပါလိမ့် ......
ရင်တစ်ခုလုံး
စုတ်ပြတ်သတ်လို့
တော်ပါတော့ ကြောက်ပါပြီ
အော်တာတောင်
ဇာတ်ဆရာ ( ဒါရိုက်တာ )က
မင်း ရိုက်နေတာ
ဇာတ်လမ်းတွဲကြီးတဲ့ ......
ရင်ထဲက မိုးရေတို့
မျက်ဝန်းမှ စီးဆင်းကုန်လို့
ပရိသတ်ရဲ့ လက်ခုပ်သံနဲ့
ရလာတဲ့ အော်စကာဆုတွေကလည်း
မနည်းတော့တဲ့ မင်းသားကြီးရယ်ပါ .....
..
အမည်မသိ
( သူငယ်ချင်းတစ်ယောက်ပို့ လိုက်သောကဗျာလေးပါ )
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment