Monday, 15 June 2009

International Mother's Day is Second Sunday in May .


International Mother's Day is
Second Sunday in May .
သူငယ်ချင်းတို့ ရေ =>ဒီလထဲမှာ ကမ္ဘာမေမေများနေ့ ရှိတယ်နော် /သူငယ်ချင်းတို့ လဲမမေ့ကြ နဲ့ ဦးနော် ... ရေခြားမြေခြား တိုင်းတစ်ပါးကိုရောက်နေတယ် ဆိုရင်လည်း ... အဲ့ဒီနေ့ လေးမှာ ကိုယ့်ကိုလူ့ ပြည်သက်ဆင်းဖို့ မွေးထုတ်ပေးခဲ့တဲ့ မေမေတွေကို ဖုန်းလေးတစ်call / message လေးတစ်ကြောင်းလောက်နဲ့ တော့လှမ်းပြီး သတိတရ အရိုအသေပြုသင့်ပါတယ် ... အတူတူမေမေနဲ့ နေထိုင်
နေရတာဆိုရင်တော့
ကိုယ့်မုန့်ဖိုးလေးနဲ့ ပဲဖြစ်ဖြစ်၊ရှိစုမဲ့စုလေးပဲဖြစ်ဖြစ် ကိုယ့်မေမေကို ကိုယ်တတ်နိုင်သလောက် လက်ဆောင်လေးဝယ်ပြီးကန်တော့လိုက်ပါ ... မေမေတွေရင်ထဲမှာ အတိုင်းမသိတဲ့ ပီတိဖြစ်သွားပါလိမ့်မယ် ...


*ချစ်တဲ့ မေမေ*

မင်းလူ့ ပြည်ကိုသက်ဆင်းဖို့ အရေး
မရဏသေတွင်းဘေးကနေ

ခြေတစ်ဖက်ဆင်းပေးခဲ့တာ
ဘယ်သူလဲ ...
မင်းအငိုတိတ်ဖို့ အရေး

ညသန်းခေါင်ယံမှာ
အိပ်ပျက်ကာ
တေးချော့မြူပေးခဲ့တာ
ဘယ်သူလဲ ...
မင်းလောကဓံမုန်တိုင်းနာကျင်တို
င်းမှာ
အလင်းတစ်စနဲ့  လမ်းပြပေးခဲ့တာ
ဘယ်သူလဲ ...

မင်းကောင်းကင်မှာ

ကြယ်တစ်စင်းထွန်းလင်းဖို့အရေး
မျှော်လင့်ပေးခဲ့တာ

ဘယ်သူလဲ ...

ဒီလိုမျိုး....အတွေးစတွေနဲ့ ဘဝ

ကျောက်စက်ရည်ထက်အေးမြတဲ့ 

မေမေရဲ့ မေတ္တာတရားကို

သား*သတိတရနဲ့ ရေးချလိုက်ပြီဗျာ ....။ ။


မိုးစွတ် (မေမေ့သွေး)

Share

1 comment:

Anonymous said...

နင်ကလေ အဲဒါလေးတွေချစ်ဖို့ကောင်းတာ..
နင်ရေးထားတဲ့ကဗျာလေးတွေကြိုက်တယ်အရမ်း
အရမ်းတော်တယ် ငါ့သူငယ်ချင်းလေး...
ငါ့သူငယ်ချင်းလေးကိုငါအမြဲအားပေးနေတယ်နော်
ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလေ...
အမြဲစိတ်ချမ်းသာပါစေနော်....ချီးပေ အစုတ်ပလုတ်လေး..ဆေးလိပ်ဂျိုးလေး...ကြားလား