အမြင့်ပျံချင်လို့ 
လေဟုန်ဆန်ခဲ့တာ
အို . . . ဟိုး
မုန်တိုင်းမထန်ပါနဲ့ လား . . . ။ ~ ။
♥MOESUTNAY♥
www.moesutnay.blogspot.com
Jun 18 , 2011
( Sat: )
4 : 30 PM
အဲ့ဒီနေ့ က Facebook site error တက်လို့  ကျွန်တော့် နဂို FB အကောင့်လေး
ပျက်သွား ပါတယ် ။သံယောဇဉ်ကြီးမားတဲ့ဒီကောင် အဲ့နေ့ ချက်ချင်းပဲ ပြန်ဆယ်တာ
ဘယ်ပုံ ဘယ်နည်း နဲ့ မှ လုံးဝပြန်မရခဲ့ရှာဘူး ။ဆယ်လို့ မရတော့ FB ကိုမခွဲနိုင်တဲ့
အဆုံး free ရနေတဲ့ social siteလေးထဲမှာ နောက်ထပ်facebook accountလေး
တစ်ခု Sign Upလုပ်လိုက်တယ် ။ကျွန်တော်တို့ မြို့ က Connection နဲ့ ဆိုရင်တော့
8 မိနစ်လောက် အချိန်ပေးရတာပေါ့ ။ ဒါနဲ့ ပဲ နောက်ထပ် FB accountလေးတစ်ခု
မြန်မကြာ ပြန်ရလိုက်တယ်ဗျာ ။ အော် … FB account အသစ်လေးပြန်လုပ်ခဲ့ပေမယ့်
နည်းနည်းတော့ စိတ်မကောင်းဘူးဗျ ။ကျွန်တော့်ရဲ့  နဂို FB account ဟောင်းလေးထဲ
မှာက သူငယ်ချင်းတွေက ထောင်ကျော်ရှိနေပြီ ။ကဗျာတွေ။စာတွေ။ဖိုတိုအယ်လဘမ်
တွေ ။ မူဗွီကလစ်တွေ နဲ့  ၊ စည်ကားသိုက်မြိုက် နေတာ ။အပြင်ကမ္ဘာမှာမတွေ့ ဘူး ။
မမြင်ဘူးတဲ့ သူငယ်ချင်းတွေနဲ့ လည်း သံယောဇဉ် တွယ်လို့ ရင်းနှီးနေခဲ့ကြတာ ။
အခုတော့ ကုန်ပြီဗျာ ။အကုန် ကုန်ပြီ ။ အနိစ္စသဘောနဲ့  ကိစ္စချောသွားတာ ။
ရှောခနဲနဲ့  ဘာမှမရှိတော့ဘဲ ဗလာနတ္ထိ account တစ်ခု ပြန်ဖြစ်သွားပြန် ၏ ။
FB account အသစ်လေးနဲ့ ကျွန်တော်(24thSeptember2010)နေ့ မှာပဲ
ပြန်လည်စတင်သုံးစွဲခဲ့တဲ့နေ့  ။အသစ်လေး ပြန်ဖြစ်သွားတော့ ကျွန်တော်ကပြန်ပြီး
မှတ်မိသလောက် သူငယ်ချင်းတွေကိုလိုက် Add ရတယ် ။တစ်ချို့ ကျတော့လည်း
သနားလို့  ပြန်လာ Add ပေးကြပါရဲ့  ။
ဒါနဲ့ ပဲ အသစ်စက်စက် ကျွန်တော့် FB account လေးထဲမှာ အသိုင်းနဲ့ အ၀ိုင်းနဲ့ တော့
ပြန်ဖြစ် လာပြန်ပေါ့ ။ဒီလိုနဲ့  ~ တစ်ပြားမှ ပေးစရာမလိုဘဲ FB ရဲ့ ကျေးဇူးတော်နဲ့ Free Page
လေးတစ်ခု Create လုပ်ခဲ့ပြန်တယ် ။အဲ့ဒီ Page လေးမှာပဲ သီးသီးသန့် သန့်  ကဗျာတွေ ၊ စာတွေသွားသွားရေးခဲ့တယ် ။ အဲ့အချက်ကလည်းFB အပေါ် သံယောဇဉ်တွယ်ခဲ့မိတဲ့ ကျွန်တော့်ရဲ့ စွဲလန်းစိတ်ထဲမှာပါနေတယ် ။သူများတွေတော့ မသိဘူးဗျ ။
ကျွန်တော်ကတော့ တစ်နေ့  ၊ တစ်နေ့  ရုံးရောက်လို့  PC ဖွင့်လိုက်လို့  Online ပေါ်
တက်ပြီဆိုတာနဲ့  Browser ထဲမှာ www.facebook.com ဆိုသော URL မပါရင် တစ်ခုခု
ဟာနေတဲ့ သဘော !!!
နေ့ တိုင်း သူနဲ့ ကျွန်တော် အကျွမ်းတ၀င် ရင်းနှီးခင်မင်ခဲ့တယ် ။ သူ့ အထဲမှာ ကျွန်တော်
စိတ်ဝင်စားတဲ့ဗဟုသုတတွေရှိတယ် ။ ကျွန်တော်လိုချင်တဲ့ နည်းပညာတွေရှိတယ် ။
ကျွန်တော် လေးစားတဲ့ စာရေးဆရာတွေရှိတယ် ။ကျွန်တော်သဘောကျတဲ့ ဂိမ်းဆန်းဆန်း
လေးတွေ ရှိတယ် ။ FB မှာ ဆော့လို့ ရတဲ့ Farm Ville ဂိမ်းကိုတစ်ချို့ က
Second Life လို့ တောင်ပြောကြတယ်။ ကျွန်တော်လည်းတော်တော်စွဲသွားခဲ့ဖူးတယ် ။
FB accountအသစ်မှာတော့အဲ့ဂိမ်းလေး ကိုလည်း လုံးဝမဆော့ဖြစ်တော့ပါဘူး ။
နောက်ပြီး FB မှာ ကျွန်တော် နှစ်သက်တဲ့ကဗျာဆရာတွေရှိတယ် ။
ကျွန်တော် ခင်မင်တဲ့ ရင်ဘတ်တူတွေရှိတယ် ။ ကျွန်တော်ချစ်ရတဲ့
ညီအစ်ကို၊မောင်နှမတွေရှိတယ် ။ တစ်ပါးသူတွေ FB အပေါ် ဘယ်လို
သဘောထားလဲတော့ မသိ ။ ကျွန်တော်ကတော့သူ့ အပေါ် Open Type နဲ့ သာ
ပေါင်းသင်းမိခဲ့တယ် ။ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ပဲ ကျွန်တော့်
စိတ်ခံစားမှုတွေကို FB မှာ အခြေအနေပြပုဒ်တွေအသွင်နဲ့  Status တွေ တင်တင်ခဲ့တယ် ။
တစ်ပါးသူ ရေးတဲ့ စာသား ၊ ခံစားချက် အခြေအနေတွေကိုလည်း စိတ်ထဲရှိတဲ့အတိုင်း လှစ်ဟကာ ထုတ်ဖော်ပြခဲ့တယ် ။ ကျွန်တော့်ကို ပြန်ပေးတဲ့ Comment လေးတွေဆိုရင်လည်း တလေးတစားနဲ့  တန်ဖိုးထားတတ်ခဲ့တယ် ။ ( ဘာကြောင့်များရယ်ဆိုတော့ . . .Comment ပဲ ရေးရေး ၊Like ပဲ ပေးပေး ။ လူတစ်ယောက်ရဲ့ အလေးထားမှုအပေါ် တစ်ခြားလူက တန်ဖိုးထားတတ်ရ
မယ်လေ ။ ) ကျွန်တော်တို့ မြို့ မှာဆိုရင်လေ ...
Comment လေးတစ်ခု တက်ဖို့  အနည်းလေး 3မိနစ်လောက် အချိန်ပေးရတယ် ။
ဒါ့ကြောင့်ကျွန်တော်က တန်ဖိုးထားတယ် ။
(( ခြွင်းချက် - အဲ့Commentဟာမည်သူတစ်ဦးတစ်ယောက်ကိုမျှနစ်နာစေလိုခြင်း အလျဉ်းမရှိရဘူးပေါ့ ။ ))
စိတ်ထဲမှာရှိတဲ့အတိုင်း ဘွင်းဘွင်းနဲ့ ရှင်းရှင်းကို ချကာ ရေးလိုက်ရင် ။ မှားတာရှိတော့ ကျွန်တော့်ကို ဝေဖန်ကြတယ် ။ အမှန်ကို ပြင်ပေးလို့ ဆုံးမတတ်ကြတယ် ။ အဲ့သူတွေရဲ့  စေတနာကိုလည်း ကျွန်တော်က လေးစားလျက်ပဲ ။ ဒီလိုပဲ ~ကျွန်တော် သိပ်ခင်မင်ချင်တဲ့ လူတွေဆိုရင်လည်း
Add Friend လေးလုပ်ဖို့  လက်မနှေးခဲ့ ဘူး။ ကျွန်တော့်ကို အလေးထားတဲ့သူတွေရဲ့ Tag တွေကို တလေးတစားနဲ့ ကျွန်တော်သွားသွား ဖတ်ရှုတတ်တယ် ။ တစ်ချို့ ကTag မပေးလည်း ကျွန်တော်က
နှစ်သက်ရင် မပြတ်ရေး တတ်တာက comment !!! အဲ ~ ကျွန်တော်က
စိတ်မပါရင် Like click လုပ်ဖို့ တောင် ၀န်လေးတဲ့ကောင် ။ တစ်ချို့ ကတော့ ခပ်ကြောင်ကြောင်လို့ 
ထင်မယ် ။ ကျွန်တော်က နားဝင် စွဲတဲ့ သံစဉ်တစ်ချို့ ကို Statusအဖြစ် တင်တင်တတ်လို့  ။း)
တစ်ချို့ သူတွေက ကျွန်တော့်ကို တကူးတကနဲ့ ခင်မင်ချင်ကြလို့ ပဲ Add သလား ။FB မှာ Friend ပေါ
ချင်လို့ ပဲ Add သလား ။ ဘာကြောင့်ပင် လာလို့ Add ၊ ကျွန်တော်ကတော့ Hello လုပ်တတ်တယ် ။
FB Eventလေးတွေကို အစဉ်အဆက် ကြည့်ရှုမပြတ် ၊ Birthday Friend တွေကို Wish သွားသွား လုပ်တတ်တယ် ။ မျက်နှာမမြင် ၊ အသံမကြားပေမယ့် ခံစားချက်တွေတူသွားတဲ့အခါမှာ ရောင်းရင်းဘော်ဒါ ဖြစ်သွားပြန်တယ်ဗျာ ။ကျွန်တော်က FB ကို
အရုပ်ဆိုး အကျည်းတန်ပြီး တစ်ပါးသူကို ထိခိုက်နစ်နာစေမယ့် အပြုသဘောဆောင် လုပ်ရပ်မျိုးတစ်ခါမှ မလုပ်ခဲ့ဖူးဘူး ။အဲလို လုပ်တတ်တဲ့ သူတွေကိုလည်း ကျွန်တော့်အနီးအနားမှာ မထား ထားဘူး ။
ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပဲ Remove Friend လုပ်ပြစ်လို့  အဝေးထုတ်ထား
လိုက်တယ် ။ @_@ကျွန်တော် နှစ်သက်တဲ့ ကဗျာရှင်တစ်ချို့ ဆီလည်း မကြာမခဏ သွားသွား
လည်တတ်တယ် ။ သူတို့ ရေးတဲ့ ၊ ကဗျာတွေစာတွေနဲ့  . . . သူတို့ နဲ့ ကျွန်တော် မိတ်ဆွေဖွဲ့ ခဲ့တယ် ။
အခုတော့ . . .ကျွန်တော့် FB လေးလည်း တော်တော်တော့ အသက်ပြန်ဝင်လာပြီ ။
ကျွန်တော့်မှာ သူငယ်ချင်းတွေရှိတယ် ။ ကျွန်တော့်မှာ မောင်နှမတွေရှိတယ် ။
ကျွန်တော့်မှာ ဖတ်စရာစာတွေရှိတယ် ။
ကျွန်တော့်မှာ နားဆင်စရာတေးသံသာတွေ ရှိတယ် ။ကျွန်တော့်မှာ
မိတ်ကောင်း၊ဆွေကောင်းတွေရှိတယ် ။FB ရယ် ကျေးဇူးပါပဲဗျာ . . . ။ ခင်ဗျားကြောင့်
ရေမြေခြားက ကျွန်တော်တို့ တွေလည်း ခင်မင်သွားကြတယ် ။
တစ်မြေတည်းနေ ၊ တစ်ရေတည်းသောက်တွေကလည်း သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်ကို ရောက်သွားကြတယ် ။ ကမ္ဘာရပ်ဝန်းတစ်နေရာဆီကနေ တစ်ခြားရပ်ဝန်းတစ်နေရာဆီကို ခံစားချက်တွေ ဝေဌနိုင်ခဲ့ပြီ ။
ဒါတွေဟာ . . .
ကျွန်တော်နှင့်FBကြားထဲက
သံယောဇဉ်ကြိုးတွေများလား !!!
ဒီလိုနဲ့  တစ်နေ့  ၊ တစ်နေ့ ( 75%) ခေါ်ချိန်ပြည့်ဖို့  အွန်လိုင်းဝင်တိုင်း FB တက်ဖြစ်ခဲ့တယ်ဗျာ ။
မိုးလင်း ၊ မိုးချုပ်သူ့ အထဲမှာကျွန်တော် တကုပ်ကုပ်နဲ့ ပျော်မွေ့ ခဲ့တာ သူကတော့ သိရှာပါ့မလားဗျာ ။ :)
ကျွန်တော့်အတွက်တော့အင်တာနက်စွဲလမ်းမှုရောဂါဆိုတာ Facebook အပေါ် စွဲလမ်းတဲ့
စိတ်ကြောင့် ဖြစ်လာရသလားဗျာ . . . ။
♥MOESUTNAY♥
Friday, July 1, 2011 at 9:19pm
အင်တာနက်ဆိုင်သို့ 
ကျွန်တော်ဝင်လို့  စက်သုံးကြည့်တော့
Connection တွေ တက်တစ်ချက်/ပြတ်တစ်ချက်နဲ့ 
တစ်ခါတစ်ခါ ကျေနပ်ရသလိုနဲ့ 
တစ်ခါတစ်ခါ စိတ်ပျက်ရပါပြန်ရော . . .
ဒီလိုနဲ့ ပဲ . . .
အခြေအနေမကောင်းလို့ 
နောက်တစ်ဆိုင်ပြောင်းကာ
Friend Cyber ကောင်းမလားလို့ 
စမ်းကြည့်ပါတယ်
Loading က ကြာတာရယ်
တစ်ခါတစ်ခါ Server Error တက်နဲ့ 
Network Connection is Fail တဲ့ကွာ . . .
နောက်ဆုံးတော့ စိတ်ကိုလျှော့
အိမ်ပြန်ဖို့ စဉ်းစားပြီး
လမ်းသင့်လို့ လှမ်းအ၀င်
ဆိုင်ထဲဝင်ထိုင်ရုံပဲရှိ
ရောင်ယမ်းလို့  လက်နှိပ်မိစဉ်
Browser တွေချက်ချင်းကျ
Connection မှာ ဖလန်းဖလန်းထလို့ 
Parent Cafe's Connection
Never Fail တဲ့ဗျာ . . . ။ ~ ။
♥MOESUTNAY♥
ရေးထားတာကြာပြီဖြစ်တဲ့ . . . ကျွန်တော့်ဘလော့ထဲက ကဗျာအဟောင်းလေးပါပဲ ။
မနက်ဖြန်မှာ ကျရောက်မယ့် ကမ္ဘာမိဘများနေ့ အတွက် အမှတ်တရလေးပေါ့ဗျာ . . .
ကမ္ဘာတစ်ခွင်က မာတာမိခင်နဲ့ ပီတာဖခင်များ ကျန်းမာ ၊ ချမ်းသာ ကြပါစေသား . . .
လမင်းနဲ့ ကမ္ဘာတစ်ခြမ်းအကြောင်းကို ကဗျာတွေရေးဖွဲ့ တတ်တဲ့သူ . . .
လေအေးခန်းထဲက ကိုကာကိုလာတစ်ဗူးထက်
ထိုင်ခုံအပုလေးနဲ့  ပေါ့စိမ့်တစ်ခွက်ကို ပိုလို့ နှစ်သက်တတ်တဲ့သူ . . .
နှုတ်ခမ်းနီ မိတ်ကပ်တွေထက်
ဂျင်းပန်နဲ့ တီရှပ်ကို ပိုလို့ စွဲမက်တယ်လို့  တစ်ချိန်ကပြောဖူးတဲ့သူ . . .
သူ့ ကိုယ်သူ ချစ်တာထက် အဖေကြီးကို ပိုပါတယ်လို့ ပြောတတ်တဲ့သူ . . .
နိုင်ငံရေးကိုကောင်းကောင်းမသိပေမယ့် သူနေတဲ့နိုင်ငံလေးကို
ကောင်းစားစေချင်တဲ့ ချာတိတ် . . .
ဟိတ်ကြီးဟန်ကြီးမနေတတ်ပေမယ့်
စိတ်ကြီးမာန်ကြီးနဲ့  အလိုမကျရင် အော်ကာချတတ်တဲ့သူ . . .
ငွေစက္ကူ ထူ ပါးပါးတွေကို လူကစားတဲ့ပွဲထဲ ဆွဲမထည့်ချင်တဲ့သူ
ပျင်းသက်သက် ပင်လယ်ပြင်နဲ့  အလင်းအက်အက်ကြယ်တွေအလယ်မှာ
အနာဂတ် စနက်တံကို ပြောင်းဝမှာ အသင့်ပြင်ထားတဲ့သူ . . .
အဲဒီ့သူ . . . ဒီကနေ့ 
သူ့ ရဲ့  မိုင်တိုင် ၂၂ . . . ပဲ
ဇူလိုင်မှာ ရွာတဲ့ မိုးတွေ
သူတစ်ယောက်ဖို့  အေးပါစေလေ . . . ။ ~ ။
☺ ☻ ( ချစ်ညီမလေး . . . ထာဝရ ပျော်ရွှင်ပါစေ ) ☺ ☻
♥MOESUTNAY♥
22 July 2011
( Fri: )
11 : 30 p.m.
တစ်ဖက်နဲ့ တစ်ဖက်
ထိုးနှက်ခြင်းတွေနဲ့ 
ဆင်ကျင်းခဲ့တယ် . . .
မင်းကဘာ ၊ ငါကဘာနဲ့ 
အာဏာ ၀ါပါတွေပြနေမယ့်အစား
မင်းစိတ်ထား ၊ ငါ့စိတ်ထား
ဘယ်ပုံ ၊ ဘယ်ငြား ဆိုတာ
သိသာအောင်လုပ်ပြဖို့ 
သရုပ် ၊ သဏ္ဍန်ကို ထုတ်ချလိုက်စို့  . . . ။ ~ ။
♥MOESUTNAY♥
www.moesutnay.blogspot.com
14.6.2011( Tue: )
11 : 30 P.M
ကမ္ဘာမြေကြီးက
သူ့ တစ်ယောက်စာ ထမ်းပိုးပေးခဲ့ပြန်ရှာ . . .
မိသားစုကမ္ဘာလေးမှာ
သူ အုပ်မိုးပေးတဲ့
မေတ္တာတရားရိပ်နဲ့ 
အလုံခြုံဆုံး အိပ်နိုင်ခဲ့တယ် . . .
လမင်းကြီးအနားမှာ
တာယာကြယ်တွေခစားမှတင့်တယ်တာ
ကျွန်တော်တို့ ဘ၀မှာ
ဖေဖေဆိုတဲ့ အရာတစ်ခုနဲ့ 
အရာရာပြည့်မောက် လုံလောက်ခဲ့တယ် . . .
သူ ရုန်းရတဲ့ဘ၀ထက်
ကျွန်တော်တို့ လူလုံးလှဖို့ အတွက်
ဦးစားပေးခဲ့သူ . . .
အဲဒီ . . . သူ
သူဟာ . . .
လွန်ခဲ့တဲ့ 53 နှစ်က အူဝဲ
ကျွန်တော်ချစ်တဲ့ ကျွန်တော့်ဖေဖေပဲ . . . ။ ~ ။
*25.6.2011 မှာ ကျရောက်တဲ့ ကျွန်တော့်ဖေဖေရဲ့  မွေးနေ့ အမှတ်တရလေးပါ ။*
♥MOESUTNAY♥
www.moesutnay.blogspot.com
Jun 25 , 2011
( Fri: )
3 : 00 P.M
သူငယ်ချင်းရေ . . .
မတူညီတဲ့ ရေပြင်ညီမျဉ်းနှစ်ခုကို
ငါက အဲ့အရပ်မှာ ပေါင်းဆုံစေချင်ခဲ့တယ်လေ . . .
အချစ်ဆိုတာ မစားကောင်းတဲ့
ပန်းသီးတစ်လုံးဖြစ်ခဲ့ရင်
ငါနင့်ကို ရိုးရိုးလေးပဲ
ချစ်ခဲ့တာလို့  ၀န်ခံခဲ့တော့မယ် . . .
ငါချစ်တာ နင့်ကို ပြောရင်
နင်မရယ်ပါနဲ့ တော့ဟာ
ဒါဟာ . . . ငါသိပ်မကျွမ်းကျင်တဲ့ဘာသာရပ်ပါ
တစ်ခါတစ်ခါ error တက်တာ
ငါ့အဖို့  နားလည်ပေးပါ . . .
မှောင်နေတဲ့ ငါ့ညတွေထဲမှာ
နင်ဆိုတဲ့ လရိပ်လေးမပါရင်
ညအဆိပ်လေးတွေတက်လို့ 
ငါ့အိပ်ရေးပျက်ပေါင်းတွေလည်း များခဲ့ပြီလေ . . .
တစ်ညလုံးပူခဲ့ရတယ်ဆိုတာလည်း
စလုံးသူရယ် ~ သိပါတော့လားကွယ် . . . ။ ~ ။
♥MOESUTNAY♥
3 : 30 a.m
Friday , July 01 , 2011
မှတ်ချက် = > မကောင်းဘူးကွာလို့  ဝေဖန်ကြမည်ကို သိပါသှ် ။ သို့ သော် တင်ပါသည် ။
ဘယ်ရယ်မဟုတ်ပါ ။ အိပ်မရလို့  လွမ်းရုံသက်သက်ဖြင့် ရေးထားမိတာလေး . . .။
မကောင်းဘူးလို့  ပိုးဆိုးပက်စက် မှတ်ချက်ပေးနိုင်ပါ၏ ။
but , ( တစ်ယောက်သောသူ ~ ကျွန်တော်လွမ်းတာ သိရင်ကျေနပ်ပြီ ။)) :D
ဇူလိုင်လရဲ့  မုတ်သုန်လေက
ငါ့ရင်ထဲက အလွမ်းတွေကို တစ်ဟုန်ထိုးမွှေတော့တာပဲ . . .
မိုးသည်းတွေကြားမှာ အငြိုးဖွဲ့ လေသလားတောင် မသိဘူး . . .
အာရုံအသိ တစ်ခုလုံး လွမ်းတဲ့စိတ်တွေ ပိတ်ဖုံးလို့  ပလူ ပလူ ထနေတယ် . . .
မကျွမ်းကျင်ပါဘူးလို့  ၀န်ခံထားကာမှ
အချစ်ဆိုတဲ့ ဘာသာဗေဒကို ကျမ်းစာပြုဖို့ ရာ
ငါအဦးဆုံး ရှာဖွေမိတာ မင်းရင်ခွင် အလယ်ဗဟိုကိုလေ . . . သူငယ်ချင်းရေ
ခပ်ပါးပါးလိမ်းကျံထားတဲ့ နင့်ပါးပြင်ပေါ်က သနပ်ခါးရနံ့ လေးတွေ
မွှေးနေမလား ။ ဖွေးနေမလား . . . ငါသိချင်စမ်းပဟာ
စိုးထိတ်မှုတွေနဲ့ တိုးတိုးလေး ရင်တွေခုန်ခဲ့တာ
ငါ့မျှော်လင့်ချက်တွေ
နင်ရှိတဲ့အရပ်မှာ အိပ်မက် မက်တတ်လာတယ် . . .
ရေကြည်ရာ ၊ မြက်နုရာ ဆိုပေမယ့်
ငါ့ရင်ခုန်သံတွေက နင့်ဆီမှာသာ
သန္ဓေတည်ခဲ့ရှာပေါ့ ~ သူငယ်ချင်းရယ် . . .
ငါ နင့်ကို ချစ်တယ် . . . သူငယ်ချင်း
နင်နဲ့ မတွေ့ တဲ့ ညနေခင်းတွေမှာ
ငါ့ရင်ထဲ မီးမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းသွားသလို
ရင်ထဲမှာ ပန်းတွေ မပွင့်ဘူး
အလွမ်းတွေနဲ့  လွင့်နေတယ် . . .
ရင်ထဲမှာ ချစ်စိတ်တွေ မှိုင်းကပ်
တစ်ဖက်သက်အတွေးတွေ လှိုင်းခတ်လို့ 
ငါ့မှာ ဥဒ္ဓိစ္စတွေနဲ့  ရိုင်းတတ်ခဲ့ရ . . . ။ ~ ။
♥MOESUTNAY♥
www.moesutnay.blogspot.com
9.7.2011 ( Sat: )
8 : 00 P.M