အဲ့ဒီညနေခင်းမှာ
ကျွန်တော့်ကိုယ် ကျွန်တော်
ဒါဟာ အိပ်မက်ဖြစ်ပါစေနော်လို့ 
တီးတိုး ဆုတောင်းခဲ့တယ် . . .
ကိုယ့်လက်ထိပ် ကိုယ်ပြန်စိပ်တယ်
သိပ်ချစ်ရတဲ့ ညီမလေးရေ
ဖန်သားပြင်ထဲက activity လေး
ဘယ်သူသိမလဲ ဆွေးရပြီ . .
တစ်ကိုယ်တော် အတ္တနဲ့ 
လူမသိတဲ့အပူတွေ
အခုတော့ ရင်ထဲမှာ ဗလောင်ဆူနေပြီ ညီမလေးရေ
နင်မပေးခဲ့တဲ့ မေတ္တာတရားဟာ
တကယ်ဆို ကန့် သတ်ချက်တွေနဲ့ လား . . .
တကယ် ဘုရားစူး !
အလိုရမ္မက်တွေ မဖောင်းပွခဲ့ပါဘူး
လိုအပ်ချက်တစ်ခုအနေနဲ့  တောင့်တခဲ့ဖူးတယ် . . .
ကျွန်တော့်နှလုံးခုန်သံတွေ စည်းချက်မမှန်ဘူး ညီမလေးရေ
ဒါဟာ ဘ၀ပေးကုသိုလ်ပဲနေလိမ့်မယ်
ကိုယ်မင်းကိုချစ်ခဲ့တယ်ကွယ် . . .
ကျွန်တော်အတွက်တော့
သံယောဇဉ်ဆိုတာ ချည်လို့ မတတ်တဲ့ကြိုး
ဖြေဖို့ ခက်တဲ့ကြိုး . . . ပါလား ? ? ?
ကမ္ဘာကြီးထဲက တစ်စုံတစ်ခု ကောင်က
ညီမလေးဖို့  ကမ္ဘာတစ်ခု ထောင်ချင်ခဲ့တာဗျ
ဒါတွေကို ဘယ်သူသိမှာတုန်း . . .
နမ်းခွင့်မရခဲ့တဲ့ ပန်းကလေးရေ
ချစ်ခဲ့တာထက် ပိုပါတယ်
မြတ်နိုးမိတယ် . . . ညီမလေးရယ် . . . ။ ~ ။
♥MOESUTNAY♥
11 .07.2011
11 : 30 P.M.
( Mon: )
www.moesutnay.blogspot.com
No comments:
Post a Comment