ဇူလိုင်လရဲ့  မုတ်သုန်လေက
ငါ့ရင်ထဲက အလွမ်းတွေကို တစ်ဟုန်ထိုးမွှေတော့တာပဲ . . .
မိုးသည်းတွေကြားမှာ အငြိုးဖွဲ့ လေသလားတောင် မသိဘူး . . .
အာရုံအသိ တစ်ခုလုံး လွမ်းတဲ့စိတ်တွေ ပိတ်ဖုံးလို့  ပလူ ပလူ ထနေတယ် . . .
မကျွမ်းကျင်ပါဘူးလို့  ၀န်ခံထားကာမှ
အချစ်ဆိုတဲ့ ဘာသာဗေဒကို ကျမ်းစာပြုဖို့ ရာ
ငါအဦးဆုံး ရှာဖွေမိတာ မင်းရင်ခွင် အလယ်ဗဟိုကိုလေ . . . သူငယ်ချင်းရေ
ခပ်ပါးပါးလိမ်းကျံထားတဲ့ နင့်ပါးပြင်ပေါ်က သနပ်ခါးရနံ့ လေးတွေ
မွှေးနေမလား ။ ဖွေးနေမလား . . . ငါသိချင်စမ်းပဟာ
စိုးထိတ်မှုတွေနဲ့ တိုးတိုးလေး ရင်တွေခုန်ခဲ့တာ
ငါ့မျှော်လင့်ချက်တွေ
နင်ရှိတဲ့အရပ်မှာ အိပ်မက် မက်တတ်လာတယ် . . .
ရေကြည်ရာ ၊ မြက်နုရာ ဆိုပေမယ့်
ငါ့ရင်ခုန်သံတွေက နင့်ဆီမှာသာ
သန္ဓေတည်ခဲ့ရှာပေါ့ ~ သူငယ်ချင်းရယ် . . .
ငါ နင့်ကို ချစ်တယ် . . . သူငယ်ချင်း
နင်နဲ့ မတွေ့ တဲ့ ညနေခင်းတွေမှာ
ငါ့ရင်ထဲ မီးမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းသွားသလို
ရင်ထဲမှာ ပန်းတွေ မပွင့်ဘူး
အလွမ်းတွေနဲ့  လွင့်နေတယ် . . .
ရင်ထဲမှာ ချစ်စိတ်တွေ မှိုင်းကပ်
တစ်ဖက်သက်အတွေးတွေ လှိုင်းခတ်လို့ 
ငါ့မှာ ဥဒ္ဓိစ္စတွေနဲ့  ရိုင်းတတ်ခဲ့ရ . . . ။ ~ ။
♥MOESUTNAY♥
www.moesutnay.blogspot.com
9.7.2011 ( Sat: )
8 : 00 P.M
No comments:
Post a Comment