Save
The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ဆောင်းပါး
“စံပြုထိုက်သူများ”
အများအကျိုးအတွက်
ကိုယ်ကျိုးမဖက်ဘဲ လိုလားစွာဆောင်ရွက်သူများကို စံပြုထိုက်သူများဟု
ခေါ်ဆိုရပါမည်။ စံပြုထိုက်သူများသည် လူမှုဒုက္ခ ရောက်နေကြသူများအား စာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက် ထောက်ပံ့သူများ ဖြစ်ကြပါသည်။ အာဇာနည်များ မဟုတ်ကြပါ။
ခေါ်ဆိုရပါမည်။ စံပြုထိုက်သူများသည် လူမှုဒုက္ခ ရောက်နေကြသူများအား စာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက် ထောက်ပံ့သူများ ဖြစ်ကြပါသည်။ အာဇာနည်များ မဟုတ်ကြပါ။
အာဇာနည်များသည်
အမျိုးဘာသာ သာသနာနှင့်နိုင်ငံနှင့်လူမျိုးတို့၏ အကျိုးကို လိုလားစွာ
ဆောင်ရွက်ခြင်း ၊ လိုအပ်ပါက အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကယ်တင်ပေးကြသူများကို အာဇာနည်ဟုခေါ်ဆိုပါသည်။
ဆောင်ရွက်ခြင်း ၊ လိုအပ်ပါက အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကယ်တင်ပေးကြသူများကို အာဇာနည်ဟုခေါ်ဆိုပါသည်။
ဖွားချစ်မူလတန်းကျောင်းသူဘ၀တွင်
သင်ယူခဲ့သော သင်ခန်းစာတစ်ပုဒ်ကို အမှတ်ရမိပါသည်။ ယင်းစာပုဒ်တွင် . . .
“ပညာထူးချွန်သူ
လွန်စွာ
ရိုးသားသူ
အကျင့်စာရိတ္တကောင်းမွန်သူ
အများအကျိုးငှာ
ကိုယ်ကျိုးစွန့်သူ
ထိုသူများကို
လေးစားပါ” … ဟူ၍ ဖြစ်ပါသည်။
ဤစာပုဒ်သည်
စံပြုထိုက်သူများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဤသည်မှာ လူကောင်းလူတော်အဖြစ် ရည်ညွှန်းခြင်းလည်း
ဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်၍ ရိုးသားသူသည် လူကောင်းဖြစ်ပြီး ပညာထူးချွန်၍ အများအကျိုးကို
ကိုယ်ကျိုးမဖက်ဆောင်ရွက်ခြင်းသည် လူတော်ဖြစ်ပါသည်။
လူအများစုသည် လူကောင်း ဖြစ်သော်လည်း
လူတော်ဖြစ်ရန် ခဲယဉ်းပါသည်။ အချို့မှာ လူတော်ဖြစ်သော်လည်း လူကောင်းများ မဟုတ် သည်ကို
သတိထားလေ့လာလျှင် တွေ့မြင်နိုင်ပါသည်။ သို့သော် စံပြုထိုက်သူများသည် လူတော် လူကောင်းများ
ဖြစ်ကြပါသည်။
ယနေ့ခေတ်
လူငယ်အများစုသည် ခေတ်နောက်ကျမနေရရန်အတွက် ခေတ်ရေစီးကြောင်းအတိုင်း ခေတ်မီ စတိုင်ကျစွာနေရင်း
ခေတ်ရေစီးကြောင်းပေါ်တွင်မျောပါရင်း ခေတ်လွန်ကာ ဆယ်ယူ၍ မရနိုင်အောင်ပင် မျောပါ နေကြသည်ကို
ဝမ်းနည်းစွာ တွေ့မြင်နေကြရပါသည်။
သို့သော် တိုးတက်နေသော ယနေ့ခေတ်တွင် ခေတ်နှင့် အမီလိုက်၍
ခေတ်၏လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်စွက်နေကြသော စံပြုထိုက်သူများလည်း
ရှိပါသည်။
ဤစံပြုထိုက်သူများသည်
ခေတ်နှင့်အမီလိုက်၍ ခေတ်၏လိုအပ်ချက်များကို လွန်စွာရှားပါးသော စိတ်ဓါတ်နှင့် လုပ်ဆောင်ချက်များဖြင့်
ခေတ်၏တစ်နေရာတွင် ပါဝင်လှုပ်ရှား၍ လူမှုဒုက္ခ ကြုံတွေ့နေကြသူများ၏အကျိုးကို ဆောင်ရွက်နေကြသော
အဖိုးတန်လူငယ်တစ်စု(သို့)
“Save The Aged” ဟူသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတ
အသင်းဝင် လူငယ်များပင် ဖြစ်ပါသည်။
“Save The Aged” ဟူသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတ
အသင်းဝင် လူငယ်များပင် ဖြစ်ပါသည်။
ဤလူငယ်များသည်
အကျိုးမရှိသော လုပ်ဆောင်ချက်များဖြင့် အချိန်ကို မကုန်လွန်စေဘဲ အချိန်ကို တန်ဖိုးရှိစွာ
အသုံးချနေကြသော လူကောင်းလူတော်များလည်း ဖြစ်ပါသည်။ ဤအဖွဲ့ဝင်လူငယ်များသည် သက်ကြီးရွယ်အို
များကို ကူညီစောင့်ရှောက်ထောက်ပံ့ရန်ဟူသော ရည်ရွယ်ချက်အပြင် လူမှုဒုက္ခကြုံတွေ့နေကြရသူများ
၊ သဘာဝဘေးဒဏ် ခံစားနေကြရသူများကိုလည်း ကူညီထောက်ပံ့လျက်ရှိပါသည်။
အသင်းဝင်လူငယ်များသည် ခေတ်မီ ပညာတတ်
လူငယ်များဖြစ်ကြပြီး တာဝန်အသီးသီးဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေသူများလည်း ဖြစ်ကြပါသည်။
အလုပ်နားရက်များတွင် မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များကို မိမိတို့အသင်းမှ ထောက်ပံ့စောင့်ရှောက်ထားသော
ရာသက်ပန်ကိုယ်စားမိဘ အဘိုး၊အဘွားများထံသို့ အရောက် သွားပြီး အဘိုး၊အဘွားတို့အတွက် လိုအပ်သော
ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြခြင်း ၊ အမိ၊အဖသဖွယ် ချစ်ခင်ရင်းနှီးစွာ နွေးထွေးယုယမှုပေးခြင်း
တို့ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေကြပါသည်။
ထို့အတူ သဘာဝဘေးဒဏ် ခံစားနေကြရသော
ဒုက္ခသည်များထံသို့လည်း အသင်းအလိုက် သွားရောက်ကြကာ ကူညီခြင်း ၊ ထောက်ပံ့ခြင်း ၊ လှူဒါန်းခြင်းများ
ပြုကြပါသည်။ ဤသို့သွားရာ၌
လမ်းခရီးအခက်အခဲ မည်မျှပင်
ကြမ်းပါစေ စေတနာလမ်းခင်းပြီး မေတ္တာ ၊ ကရုဏာ ၊ အကြင်နာ ခြေလှမ်းများဖြင့် အရောက်သွားကာ
မိမိတို့၏ ရည်မှန်းချက် အောင်မြင်အောင်
ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါသည်။ ချီးကျူးစရာ အလွန်ကောင်းလှ ပါသည်။
ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါသည်။ ချီးကျူးစရာ အလွန်ကောင်းလှ ပါသည်။
ထို့အပြင် မိဘမဲ့ကျောင်းများရှိ ဆင်းရဲချို့တဲ့သော
ကလေးများအတွက် လိုအပ်သော ဆန်၊ဆီ၊ဆား၊သကြား၊ အ၀တ်အထည် စသည်တို့အပြင် အဟာရဖြစ်စေသာ မုန့်များ
ကျောင်းနေအရွယ် ကလေးများ အတွက် လိုအပ်သော စာအုပ်များ စာရေးကိရိယာများ အသုံးအဆောင်ပစ္စည်းများ
၊ စောင်များ စသည်ဖြင့် လိုအပ်သည်များကို လှူဒါန်းခဲ့ကြပါသည်။ ရှေရားပါးသော အရပ်ဒေသများတွင်လည်း
အ၀ီစိတွင်းတူး၍ သောက်သုံးရေအတွက် လှူဒါန်းခြင်း ၊ ပညာအလင်းရရှိစေရန်အတွက် လှူဒါန်းမှုလိုအပ်သောဒေသများတွင်
စာကြည့်တိုက်များအတွက် စာအုပ် ၊ စာစောင် ၊ ဂျာနယ် စသည်များကိုလည်း လှူဒါန်းလျက်ရှိပါသည်။
အများအကျိုးအတွက် ပါဝင်ဆောင်ရွက်ခြင်းဖြင့်
ပျော်ရွှင်ကြည်နူးနေကြသူများလည်း ဖြစ်ကြပါသည်။ ခေတ်လူငယ်များအတွက် အတုယူဖွယ် စိတ်ဓါတ်နှင့်ဆောင်ရွက်ချက်များပင်
ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ လူငယ်အများစုတွင် ဤသို့သော
စိတ်ဓါတ်မျိုးနှင့်ဆောင်ရွက်လိုသော စေတနာများရှိကြရန် များစွာလိုအပ်ပါသည်။ လူမှုရေးကိစ္စများ
ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပြုရာ၌
ပျော်မွေ့နေလေ့ရှိသော ဤလူငယ်များ၏ စိတ်ဓါတ်ရေးရာများမှာလည်း နူးညံ့သိမ်မွေ့ခြင်းအပြည့်ရှိနေကြပါသည်။
စကားပြောဆိုရာ၌ နူးညံ့သိမ်မွေ့ခြင်း ၊ ကိုယ်အမူအရာ ယဉ်ကျေးခြင်းတို့ကို အခြေခံကာ ကံငါးပါးကို
အလိုလိုစောင့်ထိန်းပြီး သူများလည်း ဖြစ်ကြပါပြီ။
လူမှုဒုက္ခ ခံစားနေကြရသော ကြီးငယ်မရွေး
၊ မိတ်ဆွေရန်သူမရွေး ၊ အယုတ်အလတ်အမြတ်မရွေး အားလုံး တို့အား ကူညီစောင့်ရှောက်ထောက်ပံ့
အားပေးကြခြင်းသည် စိတ်ကြမ်း၊စရိုက်ကြမ်း ရိုင်းပျသော ခေတ်လွန် လူငယ်အချို့ထက်မှပင်
လေးစားထိုက်သူများ ၊ စံပြုထိုက်သူများပင် ဖြစ်ပါသည်။
ဤစံပြုထိုက်သူများကို . . .
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌
တည်စေမင်း . . . ။ ။
ဟူသော
ဆုံးမစာကဲ့သို့ ကောင်းမှုကုသိုလ်ပြုရာ၌ ခုံမင်မြတ်နိုးခြင်း ၊ အများအကျိုး အတွက် အောင်မြင်အောင်
ကြိုးပမ်းဆောင်ရွက်နေကြသော စံပြုထိုက်သည့် ဤ “Save The Aged” သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းဝင်
လူငယ်များအားလုံး၏ သဏ္ဍန်၌ ကောင်းမြတ် သော
ကောင်းမြတ်သောအကျိုးတရားများ
ရရှိ ၊ တည်ရှိ ၊ ရောက်ရှိပါစေသတည်းဟု ဆုမွန်ကောင်း တောင်းခြင်းဖြင့် . . . ။ ။
ဖွားချစ် @ အဖွားဒေါ်သန်းတင်
အစောင့်ရှောက်ခံ အမှတ်စဉ် - STA
023
အမှတ်( C-2/27 ) ၊ ဦးပြုံးချိုကားဝပ်ရှော့
၊ စက်မှုဇုန် ၊ ဦးဝိစာရလမ်း ၊ မြောက်ဒဂုံ။
No comments:
Post a Comment