လာပါ အချစ်ရယ်
ကိုယ့်ဖိနပ်လေး ကိုယ်စီး
ခရီးအရှည်ကြီး ဆက်သွားကြမယ် …
ငြိမ်းချမ်းခြင်းအရပ်ကို မျက်နှာမူ
သန့်စင်တဲ့လိပ်ပြာနဲ့ အသက်ရှူရှင်သန်မယ် …
လမ်းချင်းမတူတဲ့အခါ ရှောင်နေလိုက်မယ်
စခန်းချင်းမတူတဲ့အခါ ရှောင်နေလိုက်မယ်
ကိုယ်ဟာ သူရဲဘောကြောင်တဲ့သူတစ်ဦး
မူမတူသူတွေနဲ့ အငြင်းမပွားလိုဘူး …
အပြင်ဘက်ကမ္ဘာဆီ ခဏသွားဖို့
ပျော်ရွှင်ခြင်းရထားလေးကို ခုတ်မောင်းသွားမယ်
(အဲ့ အဝိုင်းအဝန်းက ညှော်စော်နံတယ်)
မနာလိုခြင်းကင်းမဲ့ဇုန်ဆီသို့ကွယ် …… ။ ။
မိုးစွတ်နေ
၂၉.၄.၂၀၁၆
ကိုယ့်ဖိနပ်လေး ကိုယ်စီး
ခရီးအရှည်ကြီး ဆက်သွားကြမယ် …
ငြိမ်းချမ်းခြင်းအရပ်ကို မျက်နှာမူ
သန့်စင်တဲ့လိပ်ပြာနဲ့ အသက်ရှူရှင်သန်မယ် …
လမ်းချင်းမတူတဲ့အခါ ရှောင်နေလိုက်မယ်
စခန်းချင်းမတူတဲ့အခါ ရှောင်နေလိုက်မယ်
ကိုယ်ဟာ သူရဲဘောကြောင်တဲ့သူတစ်ဦး
မူမတူသူတွေနဲ့ အငြင်းမပွားလိုဘူး …
အပြင်ဘက်ကမ္ဘာဆီ ခဏသွားဖို့
ပျော်ရွှင်ခြင်းရထားလေးကို ခုတ်မောင်းသွားမယ်
(အဲ့ အဝိုင်းအဝန်းက ညှော်စော်နံတယ်)
မနာလိုခြင်းကင်းမဲ့ဇုန်ဆီသို့ကွယ် …… ။ ။
မိုးစွတ်နေ
၂၉.၄.၂၀၁၆
No comments:
Post a Comment