"အချစ်သို့ ရှူံးနိမ့်ခြင်း"
27 September 2010 at 14:52
ဖြစ်နိုင်မယ်ဆိုရင်
ဘ၀မှာ... တစ်ကြိမ်၊တစ်ခါလောက်တော့
မိုက်မိုက်မဲမဲရူးသွပ်ခွင့်ကိုရလိုက်ချင်ပါသေး ...
မြင်နိုင်မယ်ဆိုရင်
ရင်ကိုခွဲလို့ အသဲကိုပြချင်တယှ်ု
ငါ့ဝဲဘတ်ရင်အုံထက်က
နင့်ကိုယ်ပွား ပုံရိပ်ယောင်လေးကိုလေ ...
ကြားနိုင်မယ်ဆိုရင်
မိုင်ကုန်ဟစ်လို့ အသေကျုံးအော်ချင်ပါသေး
ပဲ့တင်ထွက်မတတ် တရဆက်ရွတ်ဖတ်နေတဲ့
ငါ့နှုတ်ဖျားထက်က
နင့်နာမည်လှလှလေးအား ...
သို့ ပေမယ့်လည်း
ကောင်မလေးရယ်
ဘ၀ဆိုတဲ့စကားလုံးကို
နှုတ်ဖျားကထုတ်ဖတ်ကြည့်တိုင်း
ထိန်းချုပ်ခြင်းအသိအောက်မှာ
ဘယ်ဘတ်ရင်တစ်ခြမ်းက
အောင့်(အောင့်)တက်လာတယ် ...
တမ်းတသူ အကျွန်ုပ်ဘက်မှာ
မျှော်လင့်စောင့်စားနေယုံသက်သက်ထက်သာ
ဘာများပိုလို့  ကျွန်တော်တတ်သာမလဲဗျာ ...
သေချာတာတစ်ခုကတော့
လူတစ်ယောက်ကို စချစ်မိပြီဆိုကတည်းကိုက
အရာရာ အကုန်လုံး ...
autoရှုံးသွားတယ်ဆိုတာ
ဘယ်သူက နားလည်နိုင်မှာလဲဗျာ... ။ ။
♥MOESUTNAY♥
24thMay2010
2:30 a.m.

ဘ၀မှာ... တစ်ကြိမ်၊တစ်ခါလောက်တော့
မိုက်မိုက်မဲမဲရူးသွပ်ခွင့်ကိုရလိုက်ချင်ပါသေး ...
မြင်နိုင်မယ်ဆိုရင်
ရင်ကိုခွဲလို့ အသဲကိုပြချင်တယှ်ု
ငါ့ဝဲဘတ်ရင်အုံထက်က
နင့်ကိုယ်ပွား ပုံရိပ်ယောင်လေးကိုလေ ...
ကြားနိုင်မယ်ဆိုရင်
မိုင်ကုန်ဟစ်လို့ အသေကျုံးအော်ချင်ပါသေး
ပဲ့တင်ထွက်မတတ် တရဆက်ရွတ်ဖတ်နေတဲ့
ငါ့နှုတ်ဖျားထက်က
နင့်နာမည်လှလှလေးအား ...
သို့ ပေမယ့်လည်း
ကောင်မလေးရယ်
ဘ၀ဆိုတဲ့စကားလုံးကို
နှုတ်ဖျားကထုတ်ဖတ်ကြည့်တိုင်း
ထိန်းချုပ်ခြင်းအသိအောက်မှာ
ဘယ်ဘတ်ရင်တစ်ခြမ်းက
အောင့်(အောင့်)တက်လာတယ် ...
တမ်းတသူ အကျွန်ုပ်ဘက်မှာ
မျှော်လင့်စောင့်စားနေယုံသက်သက်ထက်သာ
ဘာများပိုလို့  ကျွန်တော်တတ်သာမလဲဗျာ ...
သေချာတာတစ်ခုကတော့
လူတစ်ယောက်ကို စချစ်မိပြီဆိုကတည်းကိုက
အရာရာ အကုန်လုံး ...
autoရှုံးသွားတယ်ဆိုတာ
ဘယ်သူက နားလည်နိုင်မှာလဲဗျာ... ။ ။
♥MOESUTNAY♥
24thMay2010
2:30 a.m.

No comments:
Post a Comment