"ဘောင်မ၀င်ခဲ့လေသော..."
25 September 2010 at 11:52
ဖြစ်ချင်တာတွေမဖြစ်ခဲ့လို့ 
ဖြစ်ခဲ့ပြီးတာတွေကို
နောင်တရနေမယ်ဆိုရင်တော့ ...
ကျွန်တော့်ယုံကြည်ချက်တွေကို
အက်ဆစ်တွေပက်လို့ 
အဆုံးမဲ့ပင်လယ်ထဲကိုဝဲပစ်လိုက်တော့မယ် ...
တဆတ်ဆတ်နာကျင်ခဲ့ရတဲ့အရသာကို
တနုံ့ နုံ့ ခံစားရင်း
ထာဝရမေ့ပျောက်သွားချင်ပြီဗျာ ...
ဆန္ဒ္ဒနဲ့ ဘ၀တစ်ထပ်တည်းမကျတဲ့အခါ
လုပ်သလိုတွေမဖြစ်လို့  ~
ဖြစ်သလိုတွေတော့မလုပ်ခဲ့ရပါဘူး ...
ခေလိုက်တဲ့ကံကြမ္မာရယ်ဆိုပြီး
ဇာတ်နာအောင် ဒရမ်မာ ချိုးလို့ 
ဆိုပြော၊ငိုပြောလေးတွေနဲ့ တော့
ဘ၀ဆိုတာကို ရိုးမယ်လည်းဖွဲ့ မနေတော့ပါဘူး ...
အရောင်တွေ စွန်းထင်းခဲ့တဲ့
မျှော်လင့်ချက်တွေ
နောက်ပြန်လှည့်လို့ မရတော့တဲ့
ကောက်ကြောင်းတွေ
ဒဏ်ရာမဲ့ည အိပ်မက်ရှည်တွေ
သက်ဆိုင်သူ လက်မခံခဲ့တဲ့
ရင်ခုန်သံတွေ
တစ်ဘက်သက်ပျိုးခဲ့တဲ့
ကြည်နူးခြင်းတွေ
.....................
.....................
.....................
ကန့် သတ်ချက်တစ်ခုရဲ့ နောက်ကွယ်မှာ
အဆုံးမဲ့ ပင်လယ်ထဲကို~၀ဲပစ်ခဲ့ပြီးနောက် ...
ဘာပဲဖြစ်ဖြစ်ပေါ့
ကျွန်တော်ဟာ
အပျံသင်စ ~ ငှက်တစ်ကောင်ပါပဲ ...
♥MOESUTNAY♥
September 23 ,2010
( Thursday )
12:00 p.m.
ဖြစ်ခဲ့ပြီးတာတွေကို
နောင်တရနေမယ်ဆိုရင်တော့ ...
ကျွန်တော့်ယုံကြည်ချက်တွေကို
အက်ဆစ်တွေပက်လို့ 
အဆုံးမဲ့ပင်လယ်ထဲကိုဝဲပစ်လိုက်တော့မယ် ...
တဆတ်ဆတ်နာကျင်ခဲ့ရတဲ့အရသာကို
တနုံ့ နုံ့ ခံစားရင်း
ထာဝရမေ့ပျောက်သွားချင်ပြီဗျာ ...
ဆန္ဒ္ဒနဲ့ ဘ၀တစ်ထပ်တည်းမကျတဲ့အခါ
လုပ်သလိုတွေမဖြစ်လို့  ~
ဖြစ်သလိုတွေတော့မလုပ်ခဲ့ရပါဘူး ...
ခေလိုက်တဲ့ကံကြမ္မာရယ်ဆိုပြီး
ဇာတ်နာအောင် ဒရမ်မာ ချိုးလို့ 
ဆိုပြော၊ငိုပြောလေးတွေနဲ့ တော့
ဘ၀ဆိုတာကို ရိုးမယ်လည်းဖွဲ့ မနေတော့ပါဘူး ...
အရောင်တွေ စွန်းထင်းခဲ့တဲ့
မျှော်လင့်ချက်တွေ
နောက်ပြန်လှည့်လို့ မရတော့တဲ့
ကောက်ကြောင်းတွေ
ဒဏ်ရာမဲ့ည အိပ်မက်ရှည်တွေ
သက်ဆိုင်သူ လက်မခံခဲ့တဲ့
ရင်ခုန်သံတွေ
တစ်ဘက်သက်ပျိုးခဲ့တဲ့
ကြည်နူးခြင်းတွေ
.....................
.....................
.....................
ကန့် သတ်ချက်တစ်ခုရဲ့ နောက်ကွယ်မှာ
အဆုံးမဲ့ ပင်လယ်ထဲကို~၀ဲပစ်ခဲ့ပြီးနောက် ...
ဘာပဲဖြစ်ဖြစ်ပေါ့
ကျွန်တော်ဟာ
အပျံသင်စ ~ ငှက်တစ်ကောင်ပါပဲ ...
♥MOESUTNAY♥
September 23 ,2010
( Thursday )
12:00 p.m.
No comments:
Post a Comment