Sunday, 3 November 2013

"ကောင်းသေးရဲ့ လား"


"ကောင်းသေးရဲ့ လား"

16 October 2010 at 23:44
ဟေ့လူ
ခင်ဗျားသာ စာနာတတ်ရင်လေ
ဦးနှောက်နဲ့ တွေးလို့ 
နှလုံးသားနဲ့ ရေးကာ ဖြစ်တည်လာတဲ့
ကျုပ်တို့ ရင်ဘတ်ထဲက ကဗျာတစ်ပုဒ်
ဘယ်လောက်တောင် အားထုတ်လိုက်ရသလဲဆိုတာ
ခင်ဗျား နားလည်ရောပေါ့ ~

ဒီမယ် ... ကိုယ့်လူ 
Mouse တစ်ချက်နဲ့  အရာရာကို ပွဲသိမ်းတဲ့ခေတ်မှာ
ကဗျာဆရာဖြစ်သူတွေရဲ့ အားထုတ်မှု့ က
ဘယ်မှာလာ ပြယုဂ်ဖြစ်တော့မှာလဲ ...

ဦးနှောက်မကူ ၊ ဥာဏ်မယူဘဲ Mouse လေးတစ်ချက် Drag ဆွဲလို့ 
Copy လေးPaste လိုက်တာ
သူ့ ကဗျာ ကိုယ့် Post ပြောင်း
သူ့ Forum ကိုယ့်  Blog ဂျောင်း
အော် .... တော်တော်မှ ကောင်းလိုက်တာနော် ~
တစ်ဖက်သား အတွေး
တစ်ဖက်သား အရေး
ငတက်ပြား လက်ငင်းလေးပြေးယူလိုက်တာလေ ~

ကျုပ်သာစီမံပိုင်ခွင့်ရရင်လေ ~
အချစ်ကြောင့်ထီးနန်းကိုစွန့် ဝံတဲ့
အင်္ဂလန်က အက်ဒွက်ရယ်
ဝိုင်တစ်ခွက်လောက်ကိုသာ တန်ခိုးထားတတ်တဲ့
အိုမာခရမ်နဲ့  ...
ရဲရဲကြီး Ctrl+C / Ctrl+V ကို တန်းတန်းစွဲသိပ်ကြိုက်လှတဲ့
ခင်ဗျားတို့ တစ်သိုက်ကိုတော့ ~
ဂင်းနစ်ထဲထည့်လိုက်မိမှာ အမှန်ပဲ ...

♥MOESUTNAY♥
May 19 , 2010



 Share

No comments: