"သောက်မြင်ကတ်လောက်အောင်~ချစ်ဖို့ ကောင်း"
2 October 2010 at 18:04

ခေါင်းငုံလို့ 
ငြိမ်နေတတ်တော့
ငပိန်းလို့ ဆို ...
ပြောရကျပ်
ဆိုရခက်တော့
ငဒူတဲ့ မှတ် ...
အားမလို၊အားမရ
ဖြစ်လေတော့
အောင်ကျူကျူ ဗျ ...
သည်းခံလို့ 
လိုက်လျောဖန်များ
ခပ်အအထင်ပြန်လေသလား ...
ပြုသမျှ
နုပြလေတော့
ငအူ၊ငန တဲ့ ကွာ ...
ကျွန်တော်စွေကြည့်သည်
စောင်းကြည့်၊ငဲ့ ကြည့်
လှည့်အကြည့်မှာ
ဆုပ်မိသောလက်များ
ထိုးဖို့ ရွယ် ၊ ဟန်အပြင်
မခို့ တရို့ သူ့ အပြုံးများအကြား
ကျွန်တော့်နှလုံးသား ... ခွေညွှတ်သွားပြီ .... ။ ။
♥MOESUTNAY♥
August 26,2010
(Thursday)
4 : 30 p.m
No comments:
Post a Comment