" သူမနေထိုင်တဲ့မြို့(သို့ ) ကြယ်ရောင်ငတ်တဲ့ည "
11 February 2011 at 17:02
ကြယ်ကိုမမြင်ရတဲ့မြို့ 
အဲ့မြို့ မှာ သူမနေတယ်
သူမ နေရာအရပ် ... ကြယ်တွေမလင်းဘူး
မြို့ အလှနဲ့ သဘာဝကိုခံစားဖို့ 
လည်တံကလေး ခပ်မော့မော့နဲ့ 
မိုးပေါ်ကို မော့လို့ ကြည့်တယ် ...
ညဖြစ်တယ်
ညဥ့်နက်တယ်
ဒါပေမယ့် ... ကြယ်တွေမထွက်ကြဘူး ...
ဖွံ့ဖြိုးမှုနည်းပညာနဲ့ 
တိုးတက်တဲ့စက်မှုမြို့ မှာ
ဒါဟာ ... လစ်လပ်နေတဲ့
သဘာဝတရားရဲ့ ကွက်လပ်ပဲလို့ 
သူမ တွေ့ ရှိသွားတယ် ...
မနေ့ ညက ငါတို့ မြို့ မှာ
ကြယ်တွေ ကြွေကြတယ်
ကြယ်တွေစုံတဲ့ညအကြောင်းကို
နင့်ကိုငါပြောပြတော့
နင် သဘောကျမှာပေါ့ ...
နင်တို့ မြို့ မှာ
ဘာဖြစ်လို့ ကြယ်မလင်းတာလဲဟေ ... လို့ 
ငါခဏခဏမေးခဲ့တယ် ...
"ဖွံ့ ဖြိုးမှုစွမ်းအားတွေက
လွတ်လပ်တဲ့ သဘာဝတရားကို
ဖမ်းစားထားကြလို့ များ
ကြယ်တွေ ညမထွက် အားတာလား"
"မေတ္တာတရားငတ်တဲ့ အရပ်မှာ
ကြယ်တွေ ညဘက်မထွက်တာ
အဆန်းတော့ မဟုတ်ပါ " တဲ့
ငါ့'အမေးကို ပြုံးပြုံးလေးဖြေပေးတတ်တဲ့နင် ...
တကယ်ဆို နင်မြင်ချင်တဲ့ ကြယ်တွေ
အဲ့မြို့ မှ ခုထိမလင်းသေးဘူး
နင်တို့ မြို့  ... အဲ့မြို့ မှာ
ကြယ်တွေလင်းဖို့  ခွန်အားမရှိဘူး ...
သူမနေတဲ့အရပ်
ခါးသက်သက် ကော်ဖီတစ်ခွက်လိုပဲ
အဲ့ဒီ့ဘက်မှာ ...
ခုထိ ကြယ်မထွက်ရှာဘူး ... ။ ~ ။
♥MOESUTNAY♥
11.2.2010
( Fri : )
3:00 p.m.
No comments:
Post a Comment