"အိမ်အပြန်လမ်းရဲ့ အနမ်းလက်ဆောင်"
***************************
သတ္တလောကထဲက လောကလူသားတို့ ဟာ လူသားသဘာဝအတိုင်း အနု ၊ အရွ ၊ အလှ ၊ အပများကို ရှု့ မြင်ခံစားချင်ကြတာ သဘာဝမို့ မဆန်းလှပါဘူးလေ ။ ထို့ အတူကျွန်တော်သည်လည်း လောက လူသားတစ်ယောက်မို့ ထို့ နည်းတူပင် အနု ၊ အယဉ် ၊
အသွင် အပြင် များကို ရှု့ မြင်ခံစားချင်ပါသည် ။ သို့ ပေသော်ငြား ကျွန်တော်တို့  လောကလူသားတွေ နေ့ စဉ်မြင်တွေ့ နေရသော
အယဉ်အလှ ၊ အနုအရွတွေကြားမှ သူမတူ တစ်သွင်ခြားတဲ့ ( အရေပြားတစ်ထောက်စာ ~ အပေါ်ယံမျက်ကြည်လွှာဖြင့် တွေ့ မြင်ရသော အလှအပများအပြင် ) ခံစားမှုအလှအပများကို ကျွန်တော်တို့ သတိထားမိချင်မှထားမိ ပါလိမ့်မယ် ။ တစ်ခါတစ်လေမှာ အပေါ်ယံ မျက်စိ အသွင်ဖြင့် ရှု့ ချင် ၊ တင့်ချင်စဖွယ် သာမက အတွင်းအဇ္ဇတ စိတ်ဖြင့် ထိုးထွင်းကြည့်မြင်လျှင်ပင် လွန်စွာ တင့်တယ်လှပနေတတ်တာတွေ ရှိကြပါတယ် ။ ကျွန်တော်ပြောနေကျစကားအတိုင်း ကွန်ပြူတာ အခေါ်အဝေါ်နဲ့ ပြောရရင် Hardware ပိုင်းကော Software ပိုင်းကော
နှစ်ဝဲ လုံး လှနေတယ် ဆိုတာမျိုးပေါ့ဗျာ ။
အပေါ်ယံမျက်စိ အသွင်ဖြင့် ရှု့ မြင်ခံစားနိုင်တဲ့ Physical Beauty ကိုတော့Software ပိုင်းလို့  သဘော ထားကာ ၊ သာမာန်မျက်စိဖြင့်
ခံစားလို့ မရတဲ့ စိတ်နှလုံး အတွင်းသားထဲက Mental Beauty ကိုတော့ Hardware ပိုင်းလေးလို့  ကျွန်တော် တင်စားထားလိုက်ပါတယ် ။
ကျွန်တော်ရှာဖွေခဲ့သော အလှအပများ...
ဒီလိုအလှအပလေးတွေကို ကျွန်တော် ရှာဖွေ တွေ့ မြင်ခွင့်ရဖို့ အတွက် ကျွန်တော်ဟာ savetheaged ( S.T.A ) ရဲ့  member လေးတစ်ယောက် ဖြစ်ခွင့်ရလာခဲ့ပါတယ် ။ ကျွန်တော်ဟာ savetheaged ( S.T.A ) ရဲ့  member တစ်ယောက်ဖြစ်လာတဲ့နောက်ပိုင်း ကျွန်တော့်ရဲ့  ရုံးပိတ်ရက် ဆန်းဒေး တိုင်းဟာ ပိုလို့ အသက်ဝင် ၊ လေးနက် ၊ အဓိပ္ပာယ်ရှိကာ ၊ ကျက်သရေ ရှိလာပါတော့တယ် ။
ဒီနေရာမှာ … savetheaged ( S.T.A ) ရဲ့  member ဆိုတာလေးနဲ့ ပက်သက်ပြီး ကျွန်တော်နည်းနည်းလောက် ပြောပြချင်ပါတယ် ။
savetheaged ( S.T.A ) ဆိုတာက အင်တာနက်ပေါ်ကနေ လူငယ်တွေစုစည်းကာ တည်ထောင်ထားပြီး ပရဟိတ တွေကို လုပ်ကိုင်နေကြတဲ့ social network ဆိုဒ်လေး တစ်ခုဖြစ်ပါတယ် ။
savetheaged ( S.T.A ) ကို စတင်တည်ထောင်ခဲ့တဲ့ အဓိပ္ပာယ်ကတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးဆိုတဲ့
လူငယ်တွေပေါင်းစည်းထားတဲ့ ပရဟိတအသင်းအဖွဲ့  လေးဖြစ်ပါတယ် ။ ကျွန်တော်တို့ ဆိုဒ်လေးကနေ ရာသက်ပန် ထောက်ပံမှုကို ခံယူမယ့် ကိုယ်စားမိဘများအတွက် အလှူဒါနတွေတင်သာမက … ကာလ ဒါန ကုသိုလ်များ ၊ လိုအပ်မှုကို ဖြည့်စွမ်းပေးတဲ့ ခါတော်မီ ဒါနများပါ အပါအ၀င်ပေါ့ဗျာ ။ ကျွန်တော်တို့ အဖွဲ့  လေးမှာ ကိုယ်ပိုင်ရုံး ၊ ကိုယ်ပိုင်ဌာန မရှိသေးပေမယ့် … အွန်လိုင်းပေါ်ကနေ အချင်းချင်း ရင်းနှီးစွာ တွေ့ ခဲ့ကြ ဆုံခဲ့ကြရာကနေ လစဉ်လတိုင်း လတစ်လ၏ ပထမအပတ် တနင်္ဂနွေလေးများကို တွေ့ ဆုံပွဲ (meeting ) လေးများလုပ်လို့ နောက်ဆုံးအပတ် တနင်္ဂနွေ နေ့ လေးများကိုတော့ အလှူခရီးစဉ်လေးများ သက်မှတ် ရွေးချယ်ခဲ့ကာ … ငိုနေသူများထွေးပွေ့ လို့  ၊ လိုနေသူများ အားဖြည့်စို့  ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတ ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ကျွန်တော်တို့  savetheaged ရဲ့ ညီအစ်ကို မောင်နှမ များဟာ အတူတကွ လမ်းတွေ ကိုလျှောက်ခဲ့ကြပါတယ် ။
မင်္ဂလာရှိသော ဆန်းဒေး ( Sunday)မှာ …
ဒီနေ့ ဟာလည်း နောက်ဆုံးရက်သတ္တပတ်၏ ဆန်းဒေး ( Sunday ) မို့ ထုံးစံအတိုင်း savetheaged အဖွဲ့ ရဲ့  ကုသိုလ်ပြုရေးခရီးစဉ်ဟာ …
ရွှေသံလွင်ဘိုးဘွား ရိပ်သာ လို့ ပစ်မှတ်တည်ထားပါတယ် ။ ကျွန်တော်သည်လည်း
လိုက်ပါကုသိုလ်ယူခွင့်ရအောင်လို့  အဖွဲ့ ဝင်များ၏ စုရပ်ဖြစ်တဲ့ လမ်း(၄၀)ထိပ်က တိုကျိုဒိုးနပ်ရှေ့ ကို … အပြေးလေးအရောက်သွားပြီး ရွှေသံလွင်ဘိုးဘွားရိပ်သာကြီးကို ကျွန်တော်တို့ တွေ ခရီးဆက်ခဲ့ပါတယ် ။ ဒီလိုနဲ့ ရိပ်သာမုခ်ဝမှာ ကျွန်တော်တို့ ကို ခရီးဦးကြိုပြုနေတဲ့သူတွေ တော်တော့်ကိုများပါတယ် ။ ကျွန်တော်တို့ လို လူငယ်တွေကို အလေးအနက်ထားလို့ ထွက်လို့ မျှော် ကြိုဆိုပေးနေတာက သားသားတို့ ၊ မီးမီးတို့ မဟုတ်ဘူး၊
ကိုကိုတို့  ၊ မမတို့ လည်း မဟုတ်ဘူး ။ဘိုးဘိုးတို့  ၊ ဘွာဘွားတို့ တွေပါ … ။ ရိပ်သာပရ၀ဏ်ထဲ ရောက်ပြီဆိုတာနဲ့  ကျွန်တော်တို့ အသင်းသားတွေရဲ့  ခံယူချက်အတိုင်း မိဘများသဖွယ်မှတ်ယူလို့ ထားရမယ့် … အဘိုးတို့ ၊ အဘွားတို့ ရဲ့  ကမ်းလင့်နေတဲ့ ရင်ခွင်ထဲ automatic စီးဝင်သွားပါတော့တယ် ။
ရင်ဝယ်ငြိသောအပြုံးများ ...
savetheaged ညီအစ်ကို ၊ မောင်နှမ များဟာ ဘိုးဘွားများရဲ့ ရိပ်သာဆောင်ထဲရောက်ပြီ ဆိုတာနဲ့  … ကိုယ်ပိုင် နှလုံးသား ၊ ကိုယ်ပိုင် အသိတရားများနဲ့  အဘိုး ၊ အဘွား တစ်ယောက်စီကို တစ်ဦးစီကျနဲ့  ပြုစုကြတာ ၊ ယုယကြတာ ၊ ကြင်နာကြတာ တကယ်ကို ကြည်နူးစရာပါဗျာ ။ ကျွန်တော်တို့ ရဲ့ တစ်နေ့ တာကို ရွှေသံလွင်မှ အဘိုး ၊ အဘွားတွေကို ပေးအပ်လိုက်မယ်လို့  စိတ်ကူးနဲ့  ကြည်နူးထားပါတယ် ။ အဲဗတ်အိုင်းစတိုင်းက ပြောဖူးတာလေး တစ်ခုကို ကျွန်တော်သွားပြီးသတိရမိတယ် … "ကိုယ်ချင်းစာတရားဟာ အမြင့်မားဆုံးလူ့ တန်ဖိုးပါ" တဲ့ လေဗျာ ။
"ကျွန်တော်တို့ တွေဟာ ရောင်ဝါ ထင်လင်းတဲ့ ရှင်နေမင်းကြီးတွေ မဖြစ်ရင်တောင် …
မှောင်ရီနေတဲ့ တိတ်ဆိတ်ညတွေမှာ ရောင်စဉ်ကွန့် မြူးနေတဲ့ ပိုးစုန်းကြူး အလင်းရောင်လောက်လေးနဲ့ ပဲဖြစ်ဖြစ်ကျွန်တော်တို့ တတ်စွမ်းသမျှ ၊
လင်းနိုင်သမျှ အလင်းဓါတ်တွေဝေဌလို့  အမှောင်တွေဖယ်အလင်းပေးချင်ခဲ့တာပါလေ" လို့  ကျွန်တော့်စိတ်ထဲ ရေရွတ်မိလိုက်တယ် ။
ရိပ်သာအဆောင်ထဲကို လျှောက်လမ်းလို့ လာစဉ်မှာပဲ အပြုံးအလှပိုင်ရှင်တွေရဲ့အပြုံးတွေ …
အဘိုးတို့ ပြုံးပြတာ ၊ အဘွားတို့ ပြုံးပြတာတွေဟာ … မိုနာလီဇာတောင် ရှုံးသွားမှာ သေချာပါတယ်ဗျာ ။
ရွှေသံလွင်ရဲ့  နံနက်ခင်းဟာ … လုပမှုတွေဝေဖြာပြီး အကြင်နာတွေဖြန်းပက်လို့ ဂရုဏာတရား တွေက အုပ်မိုးလွှမ်းခြုံကာမေတ္တာတရားတွေကအပိုင်စီးသိမ်းပိုက်ထားလိုက်ပါတော့တယ်လေ။
ဝေဌသူနဲ့ ခံယူသူအကြား ကြည်နူးခြင်းများ ပွားများလို့  အတော့်ကို မင်္ဂလာရှိနေတဲ့ နေ့ သစ် တစ်ခုပဲပေါ့ဗျာ။
ကျွန်တော်တို့ ပေးတဲ့ မေတ္တာဓါတ်တွေကို အဘိုးတို့  ၊ အဘွားတို့ က ခံယူတယ်။ အဘိုးတို့  ၊ အဘွားတို့ ပေးတဲ့ အပြုံးပန်းတွေကို ကျွန်တော်တို့ က ပန်ဆင်တယ် ။ ဒီလိုပဲပေါ့ … မေတ္တာဆိုတာ အလျား၊အနံ မသိပေမယ့် ၊ အသွား၊အပြန်ရှိတယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ် ။
ရင်ကိုထိသောစကားလုံးများ...
ဘိုးဘွားများကို ကိုယ်စီကိုယ်စီ ပြုစုကြရာ...
ကျွန်တော်လည်း အသက်(၇၁)တစ်ချိန်ကပုသိမ်မြို့ အလှမယ်ဆိုတဲ့ အမေ ဒေါ်ခင်လေးကို ဂရုစိုက်ခွင့်လေးရခဲ့တယ် ။ ခြေသည်း ၊ လက်သည်း ညှပ်ပေးခြင်း ၊ ဆေးလူး နှိပ်နယ်ပေးခြင်း များနဲ့  ဟိုဟိုဒီဒီ စကားလေးတွေ ပြောကြတာ … အချိန်တိုလေးအတွင်းမှာ အမေနဲ့  ကျွန်တော်ဟာ ဆွေမျိုးရင်းချာများ ပမာဖြစ်သွားကြတယ် ။ ကျွန်တော့် ဘ၀အကြောင်းများကို ပြောရင်း … အမေ့ဘ၀အကြောင်းများကို ပြန်လည်ပြောပြရင်းနဲ့  အမေ့ပါးပြင်မှာ မျက်ရည်စတွေ ၊ ပုလဲခသလို စီးဆင်းလို့ ကျလာပါတော့တယ် ။ ဟုတ်ပါတယ်လေ … အမေက တစ်ချိန်က ကုန်သည်မျိုးရိုးကနေ ဆင်းသက်လာတဲ့ ရွှေပေါ်မြတင်အပျိုစင်လေး ပုသိမ်မြို့ ရဲ့အလှမယ် ဖြစ်ခဲ့တော့လည်း ပြန်တွေးရင် ၀မ်းနည်းမိမှာပေါ့လေ …။ "ကျွန်တော်နားလည်ပါတယ် အမေ ။ ကျွန်တော် အမေ့ရင်ဘတ်ကို ၀င်ဖတ်ကြည့်ပါတယ် ။" လို့  စိတ်ထဲကနေ တီးတိုးလေး ပြောမိနေခဲ့တယ် ။ အဲ့လိုနဲ့ ငိုသံလေးနဲ့ အမေပြောလာတဲ့စကား
"အခုတော့လည်း ဒီမှာ … ဒီလို ခိုကိုးရာမဲ့ဘ၀နဲ့ 
ဒုက္ခတွေပေါ့ သားရယ်" တဲ့ ။ ကျွန်တော်လည်းပြန်ပြောလိုက်မိတယ်…"အမေ ခုဏက
အမေကျွန်တော့်ကို ချစ်တယ်လို့ ပြောတယ်နော် ။ ကျွန်တော့်ကို ချစ်ရင်
ကျွန်တော်တစ်ခုတည်း တောင်းဆိုပါရစေ။" အမေ စကားဆိုတာလေ … ပြောလို့ လွယ်လို့ ပြောပေမယ့် ၊ စကားနောက် တရားပါတတ်လို့  ခက်ပါပေတယ် အမေရယ် ။
"နောက်ကို ဒုက္ခဆိုတာကို ဘယ်တော့မှ မသုံးဘဲ "သုခ" လို့ ပဲ
ပြောင်းပြောပေးပါနော် … အမေ ။ ဖြစ်လားဟင် " ဆိုပြီး အမေ့ကို ကျွန်တော်
လှမ်းလို့ ကြည့်တော့ … ခေါင်းလေးကို ငြိမ့်လို့ ပြတဲ့ အမေ့ကို ကျွန်တော်
နှစ်ခြိုက်စွာ ပြုံးလိုက်မိတယ် ။ "အမေ…အမေ ဒီကိုရောက်တော့
ဘာတွေရတုန်းဟင်"လို့  ထပ်ခါ ကျွန်တော်မေးတော့ … "သုခတွေရတာပေါ့
သားရယ်…သုခ တွေရတာပေါ့" လို့ ပြောကာ မျက်ရည်တွေ သုတ်ချပစ်လိုက်တဲ့
အမေ့အပြုံးဟာ အဲ့အချိန်က ကမ္ဘာမှာ အလှဆုံး ဖြစ်ခဲ့လိမ့်မှာပါ ။
အမေပြုံးလိုက်တဲ့ အလှတရားကို ကျွန်တော်ကိုယ်တိုင် စာပန်းချီ ခြယ်စွမ်းမရှိသလို ၊ ဦးငွေကိုင်လည်း မမှီနိုင်လို့  ၊ ပီကာဆိုလည်း လက်မှိုင်ချရမှာ သေချာပါတယ်ဗျာ ။
တစ်ဦးမေတ္တာ တစ်ဦးမှာ ...
ဒီလိုနဲ့  အမေတို့ တွေလည်း နေ့ လည်စာစားပြီးလို့  အမေ့ကို ကျွန်တော်တွဲလို့  အဆောင်ထဲ ပြန်ခေါ်လာတော့ … အမေ့ကုတင်လေးရောက်တာနဲ့ ပဲ … ငါ့သားလည်းဗိုက်ဆာနေရောပေါ့ ဆိုပြီး … သိမ်းထားတဲ့ အမေ့မုန့် တွေ ၊ ကော်ဖီတွေကိုထုတ်လို့  ကျွန်တော့်ကိုအတင်း ကျွေးပါရောဗျာ ။ မစားရင်တော့ မရဘူးနော် … စိတ်ဆိုးမှာနော် … ဘာနော်နဲ့ ဆိုတဲ့ ကလေးလေးတစ်ယောက်လို ဂျီကျပြလို့  ၊ မိခင်တစ်ယောက်လို ဂရုစိုက်ပြနေတဲ့ အမေ့ အမူအရာလေးကြားမှာ ကျွန်တော်က သိတတ်နားလည်စွာ လိုက်လျော ပေးလိုက် ရပါတော့တယ်။ အမေဖျော်တိုက်တဲ့ ကော်ဖီနဲ့ မုန့် တွေကို စားနေတဲ့ ကျွန်တော့်ကို
အားရပါးရကြီး ပြုံးပြီးကြည့်နေတဲ့အမေ့ခင်မျာ အတော့်ကို သဘောတွေကျနေရှာတာပါ ။
နှုတ်ဆက်တော့ ငိုချင်တယ်...
ဒီလိုနဲ့ နာရီလက်တံလေးတွေရဲ့  ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားမှု့ လေးအောက်မှာ … နေကလေးစောင်းလို့  ညနေ၀င်ခါနီးတော့ … ပြန်ကြရအောင်ဆိုတဲ့ အချက်ပေးမှုလေးတွေ ကြားမှာ အမေ့အနားကနေ ကျွန်တော် ထွက်ခွာသွားရပါတော့မယ် ။
”သွားတော့မယ်နော် … အမေ ။”
ကျွန်တော် ကန်တော့ခဲ့ပါရစေ ဆိုပြီး … ဘောင်းဘီအိတ်ကပ်ထဲက ၀တ္ထုငွေလေးကို
ထုတ်လို့  အမေ့ကို ကျွန်တော် ရိုကျိုးစွာ ရှိခိုးကန်တော့ခဲ့ပါတယ် ။
ကန်တော့အပြီး မတ်တတ်ရပ်လိုက်တဲ့ ကျွန်တော့်ကို မျှော်လင့်တဲ့
မျက်လုံးတွေနဲ့  ၊ ပူဆာတတ်တဲ့ ကလေးလေးတစ်ယောက်ပမာ … အမေ့ကိုဖုန်းဆက်ပါ ။
ဖုန်းဆက်ပါနော်လို့  … တတွတ်တွတ် မှာနေတော့ပါတယ် ။
"ထိန်းထားတဲ့ ကျွန်တော့်မျက်ဝန်းက မျက်ရည်စတွေ …
ထွက်မကျစေလိုဘူးအမေ … ကျွန်တော်မငိုချင်ဘူး ။
ကျွန်တော်ငိုရင် အမေတို့ က ကျွန်တော့်ထက်ပိုပြီး ခံစားရမှာ ကျွန်တော်သိတယ်…"လို့ 
ကျွန်တော် စိတ်ကို ကျွန်တော်တင်းကာ မာန်ပြင်းပြင်းနဲ့  ဆက်မှာပေါ့
အမေရာလို့  ပြုံးတုံ့ လှည့်လေးပြောကာ
ကျွန်တော်ခေါင်းလေးငြိမ့်ပြီး အဆောင်ထဲကနေ ထွက်ဖို့ ဟန်အပြင်
ကျွန်တော့်ကို အမေသိုင်းဖက်လို့ ထားတယ်။
မျှော်လင့်ချက် သူ့ မျက်ဝန်းတွေရဲ့ 
အနက်နဲ့  ဘာသာစကားကို
ကျွန်တော့် နှလုံးသားက
နားလည်တယ် …
အားကိုးတဲ့ သူ့ လက်ဝါးအစုံက
ကျွန်တော့် နှလုံးသားကို
ကိုင်လှုပ်ခဲ့တယ် …
ကြည်နူးမှု ပီတိ အသွယ်သွယ်က
သူမ မျက်နှာပေါ်မှ
မျက်ရည်စတွေအဖြစ်နဲ့ 
ပြောင်းလဲ စီးဆင်းလာခဲ့တယ် … ။ ~ ။
သေချာပါတယ် ။ ကျွန်တော် နောက်တစ်ခေါက် ရောက်ဖြစ်ဦးမယ်ဆိုတာ …
စီးကျနေတဲ့ အမေ့မျက်ဝန်းက မျက်ရည်စတွေကို သုတ်ဖယ်လိုက်ပြီး
ကျွန်တော့်ပါးပြင်ပေါ်ကို အနမ်းတွေ ဆင်ယင်ပေးလိုက်တယ် ။ ကြည်နူး ၊
ပြုံးပျော် ၊ ၀မ်းသာ ၊ ပီတိ တွေနဲ့  ခံစားမှု အဖုံဖုံကို ခံစားလိုက်ရတဲ့
ကျွန်တော်…ခဏ မှင်သက်သွားမိစဉ်မှာ … "အမေ့ကိုလည်း ပြန်ပေးဦးလေ သားရဲ့  "
ဆိုလို့  … ကျွန်တော်လည်း အားပါးတရ တ၀ကြီး အနမ်းတွေ တလဟော
ပေးပစ်ခဲ့ပါရောဗျာ…။
ကျွန်တော့်ရဲ့ တစ်နေ့ တာ ဖြည့်ဆည်းပေးမှု ၊ ပေးဆပ်မှု ၊ ဂရုစိုက်မှု ၊
စောင့်ရှောက်မှု့ တွေရဲ့ ရလာဒ်ဟာ အမေပေးတဲ့ အနမ်းပွင့်လေးတွေလား …. ။
အမေ့ အပြုံးပန်းတစ်ပွင့်ဟာ လူတိုင်းအတွက် ဖြစ်နိုင်ပေမယ့်
အမေပန်ဆင်ပေးလိုက်တဲ့ အနမ်းပန်းတစ်ပွင့်ဟာ
ကျွန်တော့် နှလုံးသားမှာ ထာဝရအမှတ်ရနေစရာ ကျန်ရစ်ခဲ့တော့မှာပါ …
အဲ့ဒီအနမ်းလေးအတွက် ကျွန်တော့်နှလုံးသားက မြတ်နိုးစွာ ဦးညွှတ်ရင်း … ထာဝရ
သိမ်းဆည်းသွားလိုက်ပါတော့မယ် … အမေရယ် ။ ~ ။
*STA တစ်နှစ်ပြည့် စာမူ - အမှတ်တရ *
ချစ်ခြင်းများစွာဖြင့်
Moesut Nay
( ရင်တွင်းခံစားချက် )
21.1.2011 ( Fri : )
3:00 p.m

No comments:
Post a Comment