Sunday, 3 November 2013

"ကောင်မလေး(သို့ ) ချစ်ရသူ"

"ကောင်မလေး(သို့ ) ချစ်ရသူ"

29 September 2010 at 20:42

ကောင်မလေးရေ...
ကမ္ဘာကြီးက တဖြေးဖြေးပူနွေးလာကာ
အိုဇုန်းလွှာကြီးလည်း ပေါက်ထွက်လာပြီတဲ့ 

တစ်ချို့ နိုင်ငံတွေမှာ စစ်မက်တွေဖြစ်ပွားကာ
တစ်ချို့ အရပ်တွေမှာက ရေရှားကုန်ကြပြီ
တစ်ချို့ လူတွေက 2012 ကိုကြောက်လို့ suicide လုပ်ကုန်ကာ
တစ်ချို့ တော့ အပူလှိုင်းဒဏ်သင့်ကုန်ကြပြီ ....

ကမ္ဘာကြီးအရေးက ...
ငါတို့ နဲ့ မဆိုင်ဘူးလို့  မပြောချင်ပေမယ့်လည်းကွာ
တွေဝေကာ မစဉ်းစားပါနဲ့ လား ကောင်မလေးရယ်...

ကမ္ဘာမပြိုခင်လေး
ခရမ်းလွန်တွေမထိခင်လေး
စစ်ဘေးထဲ မပါခင်လေး
ရေဘေးဒုက္ခမသင့်ခင်လေး
2012 နဲ့ မကြုံခင်လေး
အပူဒဏ်တွေမခံရခင်လေး

မနက်ဖြန်ဆိုတာ မသေချာတာမို့ 
ကာလလေးတွေ တိုလွန်းလို့ ပါဟာ
မင်းငါ့ကိုယ် မြန်မြန်ချစ်လိုက်ပါတော့ကွာ .... ။ ။

♥MOESUTNAY♥
 May 21, 2010
(  Friday )
2:22 PM


 

No comments: