Wednesday, 6 November 2013

“လရောင်မှိန်တဲ့ညတစ်ည”


Thursday, August 11, 2011 at 10:01pm ·

လရောင်မှိန်တဲ့ညတစ်ည

မျက်ဝန်းမှာ မိုးတွေရွာမှ
မျက်ရည်ကျတာတဲ့လား မကြည်ပြာ

အဲဒီ့ကောင်ရဲ့ ညမှာ
၁၂ရာသီလုံး အလွမ်းတွေ အုံ့ ဆိုင်းခဲ့တာ
မျှော်လင့်ချက်တွေတောင် အရောင် မှုန်မှိုင်းလာပြီ

ကာရံမညီပါဘူး မကြည်ပြာရယ်
ခင်ဗျားမသိတဲ့ ဘာသာစကား
ဟောဒီ ၀ဲဘတ်ရင်ခွင်ထဲမှာ
ခဏခဏ ထုတ်လွှင့်ကြေငြာနေတယ် . . .

နားနဲ့ သာနားထောင်ခဲ့ရင်တော့
ငါလိုကောင်ရဲ့ စကား
နင်ဘယ်တော့မှ ခံစားတတ်မှာမဟုတ်ဘူး . . .

ခင်ဗျား မျက်ဝန်းမှာ မိုးတွေရွာတော့
ကျွန်တော် ပျော်မယ်ထင်သလား မကြည်ပြာ . . . ~ ။ 


No comments: