Sunday, 3 November 2013

" ချစ်ခြင်း၏စည်းတစ်ဖက်၌အချစ်ရှိသည်။ "

" ချစ်ခြင်း၏စည်းတစ်ဖက်၌အချစ်ရှိသည်။ "


27 September 2010 at 15:36

နင့်ရဲ့ အဝေးမှာ မနေတတ်တဲ့ငါနဲ့ 
ငါရဲ့ အနီးမှာ မရှိချင်တဲ့ နင့်ရဲ့ 
မျှော်လင့်ချက်မဲ့ ဆက်ဆံမှုတွေကြား
ဘာလိုလိုနဲ့ 
မနက်ဖြန်ဆိုတာ ~ ရှားသွားခဲ့ရပြီ ...

ခြားထားမှန်းသိရက်နဲ့ 
အဲဒီစည်းတစ်ဖက်ထဲကိုတိုး
နင့်ကို မြတ်နိုးတယ်လို့ 
ဆိုလိုက်တိုင်း ...
ရင်ဘတ်တစ်ခုလုံးအလွမ်းတွေမှိုင်းထ
ငါဟာ...သ၀န်တိုစိတ်တွေနဲ့ 
ရိုင်းပျလာတတ်ခဲ့ပြီ ...

တကယ်ဆို
နင်မဖတ်တတ်ခဲ့တဲ့
ငါ့ရင်ဘတ်ထဲက~ဗျည်းအက္ခရာဟာ
အတ္တဆန်ခြင်း ၊ သ၀န်တိုခြင်း
မနာလိုခြင်း ၊ သဘောထားသေးသိမ်ခြင်းတွေနဲ့ 
ခြယ်မှုန်းခဲ့ရတာတော့ ~ မဟုတ်ပါဘူးကွာ ...

အချစ်ရဲ့ အဓိပ္ပာယ်ကို
နားလည်တတ်ဖို့ ရာ
အခုမှ ... ငါဟာ
သင်ပုန်းကြီးဖတ်စာ ~ ဖတ်နေတုန်းပါ ...

တကယ်တော့ .... _______ ရေ
သံယောဇဉ်ကြိုးကို
မြတ်နိုးစွာနှောင်ဖွဲ့ တိုးလို့ 
တိတ်တခိုးချည်ငင်ခဲ့တာ
နင့်တစ်ယောက် ~ ပျော်ရွှင်စေဖို့ 
ဖြည့်ဆည်းပေးချင်ယုံသက်သက်ပါကွာ ....

♥MOESUTNAY♥
September 26 ,2010
( Sunday )
2:00 a.m

 

No comments: