Saturday, 2 November 2013

"ကွယ်ဝှက်ထားတဲ့ ဘာသာစကား"

"ကွယ်ဝှက်ထားတဲ့ ဘာသာစကား"

29 December 2010 at 17:12
စလုံးက လေကိုရှူပြီး
မနက်ဖြန်တွေဆက်နေတဲ့နင်နဲ့ 
ဂျိုးဖြူရေကို ချိုးလို့ 
လူဖြစ်လာရတဲ့ငါ
ငါတို့ နှစ်ယောက်
အွန်လိုင်းမှာတွေ့ ကြတဲ့အခါ …

hello ~ how are you ? အပြင်
အင်္ဂလိပ်လို သိပ်မတတ်တဲ့ငါနဲ့ 
မြန်မာ တိုင်ပင် (typing) မရိုက်တတ်တဲ့ နင်
ငါတို့ နှစ်ယောက် ချက်(chat )ဖို့ ရာတွင် …

ဒို့ နှစ်ယောက် ကြားမှာ
ဘာသာစကားတစ်ခုဆိုတာ
ပေါင်းကူးဖို့ ရာ လိုအပ်လာတော့

တံတိုင်းသဖွယ်ကာလို့ မိုးတဲ့
Language တွေကို ငါဖျက်ချိုးဖို့ 
တံတားလေးလေးတစ်ခု ငါတို့ ထိုးခဲ့တယ် …

ရင်ဘတ်ချင်းနီးကပ်ဖို့ 
Heart Language လေးအကူတောင်းလို့ 
အာရုံချင်းပေါင်းကာ Telepathy တွေကောင်းခဲ့ပါတယ်ဗျာ ... ။ ။

♥MOESUTNAY♥

29.12.2010
( Wed: )
5:30 p.m.

 Share

No comments: