"မီးနဲ့ ဝေးစေ...ပိုးဖလံရေ"
27 September 2010 at 14:36
ဆုတောင်းများမှားခဲ့လား မှတ်ရတယ်
ဖြစ်ချင်တာနဲ့ ဖြစ်နေတာက
တေ့တေ့လေးရယ် လွဲနေလိုက်တာ ...
ကကြိုးကကြောင်နဲ့ အပေါက်အလမ်းမတည့်ခဲ့သမျှ
ကျွန်တော့်ကောက်ကြောင်းတွေကို
တစ်ချက်လောက်တော့ ပြန်စီရဦးမယ်ဗျာ ...
သူလိုကိုယ်လိုနဲ့ နေလာလိုက်တာ
ဆန္ဒနဲ့ ဘ၀ကြားက ဖြစ်တည်နေခြင်းကို
ရှင်သန်နေထိုင်မှု့ လို့ ဆိုထားမိတယ် ...
လရေးနှစ်ချောင်းငင်(လူ)
လူကတော့(လူ)ပဲ
အသံထွက်ပုံချင်းတူပေမယ့်
အနက်တွေကွဲနေပြန်ပါရောလား ...
ဒီလိုနဲ့ ပဲ ...(၃၁)ဘုံအတွင်းမှာ
လူးလိမ့်ကာ ကျင်လည်နေရင်း
ကြိုးလျှောက်တာ ကြိမ်ရေများလာလို့ 
တစ်ခါတစ်ခါ တကယ်(ပမ်း)တယ်ဗျို့  ...
လူတစ်ချို့ သိပ်လုပ်တတ်ပ
အပေါ်ယံ သကာလောင်းလို့ 
ရင်ထဲမှာတော့ ဟောင်းလောင်း
မာယာတွေ ဗလပွနဲ့ 
အပြုံးတွေ စီသကြတာ ...
ကိုယ့်ရှိမှကိုယ့်ဟာ
သူ့ ရှိတော့ သူ့ ဟာ
ဘာမနာလိုစရာရှိလဲ
မုဒိတာ မပွားဘဲ
ဣဿာတွေများနေလိုက်တာ
ဒီဘ၀ကြီး ခဏရတာပါဗျ
နောက်တစ်ဘက်ကမ်းကို
အပူတွေနဲ့ မတက်လှမ်းချင်စမ်းပါနဲ့ ဗျာ ... ။ ။
♥MOESUTNAY♥
11thJuly2010
( Sundy )
2:00 p.m.

ဖြစ်ချင်တာနဲ့ ဖြစ်နေတာက
တေ့တေ့လေးရယ် လွဲနေလိုက်တာ ...
ကကြိုးကကြောင်နဲ့ အပေါက်အလမ်းမတည့်ခဲ့သမျှ
ကျွန်တော့်ကောက်ကြောင်းတွေကို
တစ်ချက်လောက်တော့ ပြန်စီရဦးမယ်ဗျာ ...
သူလိုကိုယ်လိုနဲ့ နေလာလိုက်တာ
ဆန္ဒနဲ့ ဘ၀ကြားက ဖြစ်တည်နေခြင်းကို
ရှင်သန်နေထိုင်မှု့ လို့ ဆိုထားမိတယ် ...
လရေးနှစ်ချောင်းငင်(လူ)
လူကတော့(လူ)ပဲ
အသံထွက်ပုံချင်းတူပေမယ့်
အနက်တွေကွဲနေပြန်ပါရောလား ...
ဒီလိုနဲ့ ပဲ ...(၃၁)ဘုံအတွင်းမှာ
လူးလိမ့်ကာ ကျင်လည်နေရင်း
ကြိုးလျှောက်တာ ကြိမ်ရေများလာလို့ 
တစ်ခါတစ်ခါ တကယ်(ပမ်း)တယ်ဗျို့  ...
လူတစ်ချို့ သိပ်လုပ်တတ်ပ
အပေါ်ယံ သကာလောင်းလို့ 
ရင်ထဲမှာတော့ ဟောင်းလောင်း
မာယာတွေ ဗလပွနဲ့ 
အပြုံးတွေ စီသကြတာ ...
ကိုယ့်ရှိမှကိုယ့်ဟာ
သူ့ ရှိတော့ သူ့ ဟာ
ဘာမနာလိုစရာရှိလဲ
မုဒိတာ မပွားဘဲ
ဣဿာတွေများနေလိုက်တာ
ဒီဘ၀ကြီး ခဏရတာပါဗျ
နောက်တစ်ဘက်ကမ်းကို
အပူတွေနဲ့ မတက်လှမ်းချင်စမ်းပါနဲ့ ဗျာ ... ။ ။
♥MOESUTNAY♥
11thJuly2010
( Sundy )
2:00 p.m.

1 comment:
လူချင်းတူပေမယ့် တန်ဖိုးချင်းမတူကြဘူးလေ…
Post a Comment